La Liga Premier League Transfer News

အာဆင်နယ်တို့ လူးဝစ် ဆွာရက်ဇ်နဲ့တူတဲ့ တိုက်စစ်မှူးကို အလျင်အမြန် ခေါ်ယူနိုင်မလား

အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ အိုင်ဒီယာသစ်တွေနဲ့ အသင်းကို တွန်းတင်နေသလောက် နောက်ကနေ ပံ့ပိုးမှုတွေ လုပ်နိုင်ဖို့ အသုံးမကျတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို ဆင့်အမြီး သွားမျှော်ပြီး ဘာမှ မဖြစ်တော့တဲ့အခါမှာ သူ့ရဲ့ မရှိမဲ့ရှိမဲ့ ဂုဏ်သိက္ခာအတွက် အစားထိုး ခေါ်ယူမှု လုပ်ဆောင်နိုင်မလား စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါတယ်။

ဒီလောက် လူလိုအပ်နေတဲ့ အသင်းအတွက် ဇန်နဝါရီ ပထမပတ်လောက်မှာကတည်းက လူမခေါ်နိုင်ခဲ့တဲ့ အကျိုးဆက်က အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတွေက ဆက်တိုက်ထွက်ခဲ့ရစေပြီး ပရီးမီးယားလိဂ်မှာလည်း အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းနဲ့ ဘာမှ မလုပ်နိုင်ခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကို ဂန်းနားတွေ တစ်ကျော့ပြန် ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

ဗလာဟိုဗစ်ချ်ကိုတော့ ဂျူဗင်တပ်စ်တို့က တောင်ပံသမား ဒေယန် ကူလူရှက်ဗ်စကီးကို အလိုက်ပေးပြီး တရားဝင်ကမ်းလှမ်းထားခဲ့အပြီးမှာ အာဆင်နယ်တို့ရဲ့ ပစ်မှတ်နှစ်ခုစလုံး မရနိုင်တဲ့ မြွေပါလည်းဆုံး သားလည်းဆုံးချိန်ကို ကြုံတွေ့ခဲ့ရချိန်မှာတော့ သူတို့အနေနဲ့ ဖရန့်ဖတ်မှာကတည်းက သဘောကျခဲ့ဖူးတဲ့ နောက်ထပ် ဆားဘီးယားတိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို ခေါ်ယူသွားဖို့ လုပ်ဆောင်လာခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ နှစ်ကလည်း ရီးရဲလ်မက်ဒရစ်ကနေ အငှားချခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်တုန်းကလိုပဲ ၆ လ ငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး နှစ်သင်းကြားမှာ ကောင်းမွန်နေတဲ့ ဆက်ဆံရေးကြောင့် လွယ်ကူနိုင်သလို ဥရောပ အဆက်အသွယ်နည်းပြီး အရည်အချင်း မပြည့်တဲ့ အီဒူးအနေနဲ့ သူ့ကို အပိုင်ချည်နိုင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာတော့ တစ်ခါက “လူးဝစ် ဆွာရက်ဇ်နဲ့တူပြီး နည်းစနစ် ပိုမိုကြွယ်တဲ့သူ”လို့ ချီးကျူးခံခဲ့ရဖူးတဲ့ တစ်ချိန်က ပေါင် ၅၈ သန်းတန် ယိုဗစ်ချ်ကို ခေါ်ယူဖို့အတွက် စိုးရိမ်စိတ်တွေ ရှိနေကြသလို ဒီရာသီ ၁၅ ပွဲမှာ ၄၃၂ မိနစ်သာ ကစားထားပြီး တစ်ဂိုးသွင်း၊ နှစ်ဂိုး ဖန်တီးနိုင်ခဲ့တဲ့ မှတ်တမ်းအရတော့ သံသယတွေ ဝင်နေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အတွက် ကောင်းကွက်တစ်ကွက်ကတော့ သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ရာသီဝက်က ယူရိုတစ်သန်းတည်းနဲ့ ဖရန့်ဖတ်ဆီကို အငှားချခဲ့သလိုမျိုး ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး အနည်းဆုံးတော့ ဂိုးဧရိယာအတွင်းမှာ ဘယ်လိုကစားရတယ်ဆိုတာကို နားလည်တဲ့သူ တစ်ဦးကို အလွယ်နဲ့ ရရှိနိုင်မှာလည်းဖြစ်ပါတယ်။

လက်ကျန် တိုက်စစ်မှူး ပစ်မှတ်သုံးခုဖြစ်တဲ့ အဲဗာတန်ရဲ့ ဒေါမနစ် ကဲလ်ဗတ်-လူဝင်အတွက် ပေါင်သန်း ၆၀ ဆိုတာကတော့ ရာသီဝက်ကြီးမှာ ခေါ်ယူဖို့ မလွယ်ကူပေမယ့် ဘော်ဒါကြီး လီလ်အသင်းက ဂျိုနသန် ဒေးဗစ်နဲ့ ရီးရဲလ်ဆိုစီဒက်က အသင်းဖော်ဟောင်း အော်ဒီဂွါဒ်နဲ့ ပူးပေါင်းချင်လို့ လာမယ် တကဲကဲလုပ်နေတဲ့ အလက်ဇန်းဒါး အီဆက်ခ်တို့ကိုတော့ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရမှာပါ။

ကွင်းလယ်ကလည်း နှစ်ပွဲကန် တစ်ပွဲပယ်လောက်ဖြစ်နေပြီး ခုချိန်ထိ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ ချာကာ၊ ဂါနာနဲ့ စိတ်လေလာတဲ့ ပါတေးနဲ့ ဘောလုံးပေးမယ်ကြံရင် ပုန်းနေတဲ့ ဆမ်ဘီ လိုကွန်ဂါတို့ကြောင့် လူသစ်အားဖြည့်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဝါရင် ဗိုင်နယ်လ်ဒွမ်ကို PSG ကနေ ခေါ်ယူဖို့ နီးစပ်နေသလို ယူရို ၇ သန်း (ပေါင် ၅ သန်းခန့်)နဲ့ ခေါ်ယူနိုင်တဲ့ မွန်ချန်ဂလာဘက်ချ်ရဲ့ ဒင်းနစ် ဇာကာရီးယားကိုတော့ ပေခေါက်နေပါတယ်။

လက်ရှိမှာတော့ အငှားတွေနဲ့ အသင်းကို အားလျော့စေခဲ့ပြီး ဇန်နဝါရီဈေးကွက်ထဲက ၂၄ ရက်ကို ဖြုန်းတီးပစ်ခဲ့ပြီးလို့ အဆဲခံနေရတဲ့ အီဒူးအနေနဲ့ နည်းပြ အာတီတာ စိတ်ဖြောင့်ဖြောင့်၊ အင်အားရှိရှိနဲ့ သူ့အသင်းကိုသူ အာရုံစိုက်နိုင်အောင် လုပ်ပေးနိုင်မလားတော့ စောင့်ကြည့်ရမှာဖြစ်ပြီး မလုပ်နိုင်ခဲ့ရင် ဥရောပ ကျဆုံးခန်းဖြစ်ရဖို့ နီးနေတဲ့ အာဆင်နယ်တို့အနေနဲ့ ဒီလနောက်ဆုံးပတ်ဟာ Do or Die ပဲ ဖောင်ဖျက်ရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အိုင္ဒီယာသစ္ေတြနဲ႔ အသင္းကို တြန္းတင္ေနသေလာက္ ေနာက္ကေန ပံ့ပိုးမႈေတြ လုပ္ႏိုင္ဖို႔ အသုံးမက်တဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကို ဆင့္အၿမီး သြားေမွ်ာ္ၿပီး ဘာမွ မျဖစ္ေတာ့တဲ့အခါမွာ သူ႔ရဲ႕ မရွိမဲ့ရွိမဲ့ ဂုဏ္သိကၡာအတြက္ အစားထိုး ေခၚယူမႈ လုပ္ေဆာင္ႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ပါတယ္။

ဒီေလာက္ လူလိုအပ္ေနတဲ့ အသင္းအတြက္ ဇန္နဝါရီ ပထမပတ္ေလာက္မွာကတည္းက လူမေခၚႏိုင္ခဲ့တဲ့ အက်ိဳးဆက္က အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားေတြက ဆက္တိုက္ထြက္ခဲ့ရေစၿပီး ပရီးမီးယားလိဂ္မွာလည္း အိမ္ကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၆ ရာခိုင္ႏႈန္းနဲ႔ ဘာမွ မလုပ္ႏိုင္ခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကို ဂန္းနားေတြ တစ္ေက်ာ့ျပန္ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။

ဗလာဟိုဗစ္ခ်္ကိုေတာ့ ဂ်ဴဗင္တပ္စ္တို႔က ေတာင္ပံသမား ေဒယန္ ကူလူရွက္ဗ္စကီးကို အလိုက္ေပးၿပီး တရားဝင္ကမ္းလွမ္းထားခဲ့အၿပီးမွာ အာဆင္နယ္တို႔ရဲ႕ ပစ္မွတ္ႏွစ္ခုစလုံး မရႏိုင္တဲ့ ေႁမြပါလည္းဆုံး သားလည္းဆုံးခ်ိန္ကို ႀကဳံေတြ႕ခဲ့ရခ်ိန္မွာေတာ့ သူတို႔အေနနဲ႔ ဖရန႔္ဖတ္မွာကတည္းက သေဘာက်ခဲ့ဖူးတဲ့ ေနာက္ထပ္ ဆားဘီးယားတိုက္စစ္မႉး လူကာ ယိုဗစ္ခ်္ကို ေခၚယူသြားဖို႔ လုပ္ေဆာင္လာခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ကလည္း ရီးရဲလ္မက္ဒရစ္ကေန အငွားခ်ခံခဲ့ရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္တုန္းကလိုပဲ ၆ လ ငွားနဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနၿပီး ႏွစ္သင္းၾကားမွာ ေကာင္းမြန္ေနတဲ့ ဆက္ဆံေရးေၾကာင့္ လြယ္ကူႏိုင္သလို ဥေရာပ အဆက္အသြယ္နည္းၿပီး အရည္အခ်င္း မျပည့္တဲ့ အီဒူးအေနနဲ႔ သူ႔ကို အပိုင္ခ်ည္ႏိုင္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြၾကားမွာေတာ့ တစ္ခါက “လူးဝစ္ ဆြာရက္ဇ္နဲ႔တူၿပီး နည္းစနစ္ ပိုမိုႂကြယ္တဲ့သူ”လို႔ ခ်ီးက်ဴးခံခဲ့ရဖူးတဲ့ တစ္ခ်ိန္က ေပါင္ ၅၈ သန္းတန္ ယိုဗစ္ခ်္ကို ေခၚယူဖို႔အတြက္ စိုးရိမ္စိတ္ေတြ ရွိေနၾကသလို ဒီရာသီ ၁၅ ပြဲမွာ ၄၃၂ မိနစ္သာ ကစားထားၿပီး တစ္ဂိုးသြင္း၊ ႏွစ္ဂိုး ဖန္တီးႏိုင္ခဲ့တဲ့ မွတ္တမ္းအရေတာ့ သံသယေတြ ဝင္ေနခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္အတြက္ ေကာင္းကြက္တစ္ကြက္ကေတာ့ သူ႔ကို ၿပီးခဲ့တဲ့ ၂၀၂၁ ရာသီဝက္က ယူ႐ိုတစ္သန္းတည္းနဲ႔ ဖရန႔္ဖတ္ဆီကို အငွားခ်ခဲ့သလိုမ်ိဳး ေဈးေပါေပါနဲ႔ ေခၚယူႏိုင္မွာျဖစ္ၿပီး အနည္းဆုံးေတာ့ ဂိုးဧရိယာအတြင္းမွာ ဘယ္လိုကစားရတယ္ဆိုတာကို နားလည္တဲ့သူ တစ္ဦးကို အလြယ္နဲ႔ ရရွိႏိုင္မွာလည္းျဖစ္ပါတယ္။

လက္က်န္ တိုက္စစ္မႉး ပစ္မွတ္သုံးခုျဖစ္တဲ့ အဲဗာတန္ရဲ႕ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္အတြက္ ေပါင္သန္း ၆၀ ဆိုတာကေတာ့ ရာသီဝက္ႀကီးမွာ ေခၚယူဖို႔ မလြယ္ကူေပမယ့္ ေဘာ္ဒါႀကီး လီလ္အသင္းက ဂ်ိဳနသန္ ေဒးဗစ္နဲ႔ ရီးရဲလ္ဆိုစီဒက္က အသင္းေဖာ္ေဟာင္း ေအာ္ဒီဂြါဒ္နဲ႔ ပူးေပါင္းခ်င္လို႔ လာမယ္ တကဲကဲလုပ္ေနတဲ့ အလက္ဇန္းဒါး အီဆက္ခ္တို႔ကိုေတာ့ ဘယ္လိုျဖစ္မလဲ ေစာင့္ၾကည့္ရမွာပါ။

ကြင္းလယ္ကလည္း ႏွစ္ပြဲကန္ တစ္ပြဲပယ္ေလာက္ျဖစ္ေနၿပီး ခုခ်ိန္ထိ ကိုဗစ္ကာကြယ္ေဆး မထိုးရေသးတဲ့ ခ်ာကာ၊ ဂါနာနဲ႔ စိတ္ေလလာတဲ့ ပါေတးနဲ႔ ေဘာလုံးေပးမယ္ႀကံရင္ ပုန္းေနတဲ့ ဆမ္ဘီ လိုကြန္ဂါတို႔ေၾကာင့္ လူသစ္အားျဖည့္ရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ဝါရင္ ဗိုင္နယ္လ္ဒြမ္ကို PSG ကေန ေခၚယူဖို႔ နီးစပ္ေနသလို ယူ႐ို ၇ သန္း (ေပါင္ ၅ သန္းခန႔္)နဲ႔ ေခၚယူႏိုင္တဲ့ မြန္ခ်န္ဂလာဘက္ခ်္ရဲ႕ ဒင္းနစ္ ဇာကာရီးယားကိုေတာ့ ေပေခါက္ေနပါတယ္။

လက္ရွိမွာေတာ့ အငွားေတြနဲ႔ အသင္းကို အားေလ်ာ့ေစခဲ့ၿပီး ဇန္နဝါရီေဈးကြက္ထဲက ၂၄ ရက္ကို ျဖဳန္းတီးပစ္ခဲ့ၿပီးလို႔ အဆဲခံေနရတဲ့ အီဒူးအေနနဲ႔ နည္းျပ အာတီတာ စိတ္ေျဖာင့္ေျဖာင့္၊ အင္အားရွိရွိနဲ႔ သူ႔အသင္းကိုသူ အာ႐ုံစိုက္ႏိုင္ေအာင္ လုပ္ေပးႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး မလုပ္ႏိုင္ခဲ့ရင္ ဥေရာပ က်ဆုံးခန္းျဖစ္ရဖို႔ နီးေနတဲ့ အာဆင္နယ္တို႔အေနနဲ႔ ဒီလေနာက္ဆုံးပတ္ဟာ Do or Die ပဲ ေဖာင္ဖ်က္ရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.