International Match Report

နိုင်ဂျီးရီးယား ပြုတ်ပြီး ဘာကီနာဖာဆိုနဲ့ တူနီရှားတို့ ကွာတားတက်တဲ့ အာဖရိကဖလား

သောကြာ၊ စနေ နှစ်ရက်တာ ရပ်နားထားခဲ့တဲ့ အာဖရိကဖလား ၂၀၂၁ ရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို တနင်္ဂနွေနေ့ညက ပြန်လည်ကစားခဲ့ကြရာမှာတော့ အုပ်စုအဆင့်မှာ ခြေစွမ်းပြခဲ့တဲ့ နာမည်ကြီး နိုင်ဂျီးရီးယားတို့ ဂိုးတောင် မသွင်းယူနိုင်ခဲ့ဘဲ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

နိုင်ဂျီးရီးယားတို့အနေနဲ့ အုပ်စု(D)ရဲ့ ပထမအဖြစ် နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာကြောင့် ဦးစားပေးအနေနဲ့ မဲခွဲခံခဲ့ရရာမှာ အုပ်စု(F)ရဲ့ တတိယ တူနီးရှားတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့တွေအနေနဲ့ ဒီနေ့ပွဲကို အီဟန်နာချို၊ ချူကွယ်ဇီ၊ အဝိုနီယီ၊ အရီဘို၊ အန်ဒီဒီ၊ အီကောင်တို့လို အဓိက ကစားသမား အများစုကို ပွဲထုတ်လာခဲ့တာပါ။

တူနီးရှားတို့ကတော့ အုပ်စုတွင်းက မော်ရီတေးနီးယားနဲ့ တစ်ပွဲတည်းသော နိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အသင်းခေါင်းဆောင် ဝါဘီ ခါဇရီကို ကိုဗစ် ကူးစက်မှုကြောင့် ဒီနေ့မှာ အရန်ခုံမှာသာ ခေါ်လာနိုင်ခဲ့ပြီး နာမည်ကြီးကစားသမား နည်းပါးတဲ့ မြောက်အာဖရိကသားတွေအနေနဲ့ အောက်က ကစားဖို့သာ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နိုင်ဂျီးရီးယားတို့ ဖိကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပွဲချိန်တစ်ဝက်မှာ ဘဲဥမကွဲဘဲ သရေကျနေခဲ့အပြီးမှာ ဒုတိယပိုင်းအစ ပွဲချိန် ၄၆ မိနစ်မှာတော့ တူနီးရှားတိုက်စစ်မှူး အမ်ဆာကာနီက လူကြားထဲကနေ အမှတ်မထင် ကန်သွင်းခဲ့ရာမှာ ဂိုးသမား အိုကိုယီ အငိုက်မိပြီး မကာကွယ်နိုင်ခဲ့လို့ ကာသေ့လင်းယုန်တွေ ဦးဆောင်ခဲ့တာပါ။

နိုင်ဂျီးရီးယားတို့ ချေပနိုင်ဖို့အတွက် အီဟန်နာချိုနဲ့ အဝိုနီယီတို့နေရာမှာ အီဝိုဘီနဲ့ အိုလာယင်ကာတို့ကို ပွဲချိန် မိနစ် ၆၀ မှာ ထည့်သွင်းခဲ့ပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ သာမန် ဘောလုံးလုယူရာကနေ ပြိုင်ဘက် တူနီးရှားကစားသမားရဲ့ ခြေထောက်ကို တက်နင်းမိတဲ့ အီဝိုဘီကို ပြင်းထန်တဲ့ အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ပွဲက ကြည့်မကောင်းဘဲဖြစ်သွားခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆယ်ယောက်ကျန် နိုင်ဂျီးရီးယားတို့ ဖိကစားပေမယ့် အပိုင်အခွင့်အရေး မရှာဖွေနိုင်ခဲ့သလို တူနီးရှားတို့ ပိတ်ဆို့ ကစားသွားခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နာမည်ကြီး ဆူပါလင်းယုန်တွေ အိမ်ပြန်ခဲ့ရသလို ကာသေ့လင်းယုန်တွေကတော့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ကြတာပါ။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာကီနာ ဖာဆိုနဲ့ ဂါဘွန်တို့ရဲ့ ပွဲစဉ်မှာတော့ အက်စတန်ဗီလာတိုက်စစ်မှူး ဘာထရန် ထရာအိုရေးရဲ့ ပွဲချိန် ၁၈ မိနစ်မှာ ဘားထိအောင် ကန်ခဲ့တဲ့ ပင်နယ်တီကြောင့် ဘာကီနာဖာဆိုတို့ ဦးဆောင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးမှ နောက်ထပ် ၁၀ မိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေ သူကပဲ သွင်းယူပေးခဲ့လို့ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အသာရနေခဲ့ပါတယ်။

ဒုတိယပိုင်း ၆၇ မိနစ်မှာ ဂါဘွန်ကွင်းလယ်လူ အိုဘစ်ဆာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် ဆယ်ယောက်တည်းနဲ့ ကစားခဲ့ကြရပေမယ့် နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် အီကျူလီ မန်ဂါက ခေါင်းတိုက်သွင်းခဲ့ရာမှာ ဘာကီနာဖာဆိုကွင်းလယ်လူ အဒါမာ ဂွီရာနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ကြရပါတယ်။

အချိန်ပိုမှာလည်း တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ ဘာကီနာဖာဆိုဘက်က ကာဘိုရေး၊ အွပ်တာရာ၊ တက်ပ်ဆိုဘာ၊ ယာဂို၊ ဂွီရာ၊ ကိုနာတေနဲ့ အူဝေဒရာအိုဂိုတို့ ၇ ဦးဝင်ပြီး ဂါဘွန်ဘက်က ဘူယန်ဂါ၊ မေယေ၊ ဘူပင်ဇာ၊ ပိုကို၊ အီကျူလီ မန်ဂါ၊ အမီကာတို့ ၆ ဦးသာ ဝင်အောင် ကန်သွင်းနိုင်ခဲ့ကြလို့ ဘာကီနာဖာဆိုတို့ ကွာတားဖိုင်နယ်ဆီ တက်ရောက်သွားနိုင်ခဲ့ကြတာပါ။

ဒီနေ့ညမှာတော့ ဂီနီအသင်းနဲ့ ဂမ်ဘီယာအသင်းတို့ ပထမပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အိမ်ရှင် ကင်းမရွန်းတော့ နောက်ကျပွဲစဉ်ကို နည်းပြနဲ့ ဂိုးသမားတွေအားလုံး ကိုဗစ်ဖြစ်နေတာကြောင့် တခြားကစားသမားတစ်ဦးဦးကို အစားဝင်ဖမ်းခိုင်းရမယ့် ကိုမိုရို့စ်နဲ့ ကစားရမှာဖြစ်လို့ ဂိုးသွင်းဘုရင်ဆုအတွက် ဦးဆောင်နေတဲ့ တိုက်စစ်မှူး အဘူဘေကာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေသာၾကာ၊ စေန ႏွစ္ရက္တာ ရပ္နားထားခဲ့တဲ့ အာဖရိကဖလား ၂၀၂၁ ရဲ႕ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ေတြကို တနဂၤေႏြေန႔ညက ျပန္လည္ကစားခဲ့ၾကရာမွာေတာ့ အုပ္စုအဆင့္မွာ ေျခစြမ္းျပခဲ့တဲ့ နာမည္ႀကီး ႏိုင္ဂ်ီးရီးယားတို႔ ဂိုးေတာင္ မသြင္းယူႏိုင္ခဲ့ဘဲ ၁၆ သင္းအဆင့္ကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားတို႔အေနနဲ႔ အုပ္စု(D)ရဲ႕ ပထမအျဖစ္ ေနာက္တစ္ဆင့္ကို တက္ႏိုင္ခဲ့တာေၾကာင့္ ဦးစားေပးအေနနဲ႔ မဲခြဲခံခဲ့ရရာမွာ အုပ္စု(F)ရဲ႕ တတိယ တူနီးရွားတို႔နဲ႔ ရင္ဆိုင္ခဲ့ရၿပီး သူတို႔ေတြအေနနဲ႔ ဒီေန႔ပြဲကို အီဟန္နာခ်ိဳ၊ ခ်ဴကြယ္ဇီ၊ အဝိုနီယီ၊ အရီဘို၊ အန္ဒီဒီ၊ အီေကာင္တို႔လို အဓိက ကစားသမား အမ်ားစုကို ပြဲထုတ္လာခဲ့တာပါ။

တူနီးရွားတို႔ကေတာ့ အုပ္စုတြင္းက ေမာ္ရီေတးနီးယားနဲ႔ တစ္ပြဲတည္းေသာ ႏိုင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ အသင္းေခါင္းေဆာင္ ဝါဘီ ခါဇရီကို ကိုဗစ္ ကူးစက္မႈေၾကာင့္ ဒီေန႔မွာ အရန္ခုံမွာသာ ေခၚလာႏိုင္ခဲ့ၿပီး နာမည္ႀကီးကစားသမား နည္းပါးတဲ့ ေျမာက္အာဖရိကသားေတြအေနနဲ႔ ေအာက္က ကစားဖို႔သာ တတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏိုင္ဂ်ီးရီးယားတို႔ ဖိကစားခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္တစ္ဝက္မွာ ဘဲဥမကြဲဘဲ သေရက်ေနခဲ့အၿပီးမွာ ဒုတိယပိုင္းအစ ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ တူနီးရွားတိုက္စစ္မႉး အမ္ဆာကာနီက လူၾကားထဲကေန အမွတ္မထင္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား အိုကိုယီ အငိုက္မိၿပီး မကာကြယ္ႏိုင္ခဲ့လို႔ ကာေသ့လင္းယုန္ေတြ ဦးေဆာင္ခဲ့တာပါ။

ႏိုင္ဂ်ီးရီးယားတို႔ ေခ်ပႏိုင္ဖို႔အတြက္ အီဟန္နာခ်ိဳနဲ႔ အဝိုနီယီတို႔ေနရာမွာ အီဝိုဘီနဲ႔ အိုလာယင္ကာတို႔ကို ပြဲခ်ိန္ မိနစ္ ၆၀ မွာ ထည့္သြင္းခဲ့ေပမယ့္ ပြဲခ်ိန္ ၆၆ မိနစ္မွာ သာမန္ ေဘာလုံးလုယူရာကေန ၿပိဳင္ဘက္ တူနီးရွားကစားသမားရဲ႕ ေျခေထာက္ကို တက္နင္းမိတဲ့ အီဝိုဘီကို ျပင္းထန္တဲ့ အနီကတ္နဲ႔ အထုတ္ခံခဲ့ရလို႔ ပြဲက ၾကည့္မေကာင္းဘဲျဖစ္သြားခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဆယ္ေယာက္က်န္ ႏိုင္ဂ်ီးရီးယားတို႔ ဖိကစားေပမယ့္ အပိုင္အခြင့္အေရး မရွာေဖြႏိုင္ခဲ့သလို တူနီးရွားတို႔ ပိတ္ဆို႔ ကစားသြားခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး နာမည္ႀကီး ဆူပါလင္းယုန္ေတြ အိမ္ျပန္ခဲ့ရသလို ကာေသ့လင္းယုန္ေတြကေတာ့ ကြာတားဖိုင္နယ္ အဆင့္ကို တက္ေရာက္သြားခဲ့ၾကတာပါ။

ေနာက္ထပ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဘာကီနာ ဖာဆိုနဲ႔ ဂါဘြန္တို႔ရဲ႕ ပြဲစဥ္မွာေတာ့ အက္စတန္ဗီလာတိုက္စစ္မႉး ဘာထရန္ ထရာအိုေရးရဲ႕ ပြဲခ်ိန္ ၁၈ မိနစ္မွာ ဘားထိေအာင္ ကန္ခဲ့တဲ့ ပင္နယ္တီေၾကာင့္ ဘာကီနာဖာဆိုတို႔ ဦးေဆာင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ၿပီးမွ ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ တန္ျပန္တိုက္စစ္ကေန သူကပဲ သြင္းယူေပးခဲ့လို႔ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ အသာရေနခဲ့ပါတယ္။

ဒုတိယပိုင္း ၆၇ မိနစ္မွာ ဂါဘြန္ကြင္းလယ္လူ အိုဘစ္ဆာ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ ဆယ္ေယာက္တည္းနဲ႔ ကစားခဲ့ၾကရေပမယ့္ နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္ အီက်ဴလီ မန္ဂါက ေခါင္းတိုက္သြင္းခဲ့ရာမွာ ဘာကီနာဖာဆိုကြင္းလယ္လူ အဒါမာ ဂြီရာနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ အခ်ိန္ပို ဆက္ကစားခဲ့ၾကရပါတယ္။

အခ်ိန္ပိုမွာလည္း တစ္ဂိုးစီ သေရက်ေနခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ကန္သြင္းရာမွာ ဘာကီနာဖာဆိုဘက္က ကာဘိုေရး၊ အြပ္တာရာ၊ တက္ပ္ဆိုဘာ၊ ယာဂို၊ ဂြီရာ၊ ကိုနာေတနဲ႔ အူေဝဒရာအိုဂိုတို႔ ၇ ဦးဝင္ၿပီး ဂါဘြန္ဘက္က ဘူယန္ဂါ၊ ေမေယ၊ ဘူပင္ဇာ၊ ပိုကို၊ အီက်ဴလီ မန္ဂါ၊ အမီကာတို႔ ၆ ဦးသာ ဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ၾကလို႔ ဘာကီနာဖာဆိုတို႔ ကြာတားဖိုင္နယ္ဆီ တက္ေရာက္သြားႏိုင္ခဲ့ၾကတာပါ။

ဒီေန႔ညမွာေတာ့ ဂီနီအသင္းနဲ႔ ဂမ္ဘီယာအသင္းတို႔ ပထမပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး အိမ္ရွင္ ကင္းမ႐ြန္းေတာ့ ေနာက္က်ပြဲစဥ္ကို နည္းျပနဲ႔ ဂိုးသမားေတြအားလုံး ကိုဗစ္ျဖစ္ေနတာေၾကာင့္ တျခားကစားသမားတစ္ဦးဦးကို အစားဝင္ဖမ္းခိုင္းရမယ့္ ကိုမို႐ို႕စ္နဲ႔ ကစားရမွာျဖစ္လို႔ ဂိုးသြင္းဘုရင္ဆုအတြက္ ဦးေဆာင္ေနတဲ့ တိုက္စစ္မႉး အဘူေဘကာ ေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.