Analysis Premier League

Tactical Review: ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးမသွင်းတဲ့ CR7 က ဘယ်လိုအကြီးကြီး ဒုက္ခပေးခဲ့လဲ

ပေါ်တူဂီ GOAT တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ စနေနေ့ညက ဝက်စ်ဟမ်းယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အဖိုးတန် သုံးမှတ်အတွက် ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ မကြာခဏ အသင်းထက်ပိုပြီး ကိုယ့်ကိုကိုယ် ဦးစားပေးတယ်လို့ စွပ်စွဲခံခဲ့ရပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ အနိုင်ဂိုးသွင်းရှင် မဟုတ်ခဲ့ပေမယ့် အဖိုးတန် ၃ မှတ် ရရှိခဲ့လို့ ရော်နယ်လ်ဒိုဟာ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တာဖြစ်ပါတယ်။ “ဆက်လုပ်ကြစို့ သရဲနီတွေ”လို့ ပွဲအပြီးမှာ ရော်နယ်လ်ဒိုက လက် ၂ ဖက်မြှောက်ထားတဲ့ ၎င်းရဲ့ပုံနဲ့အတူ အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်ရောက်စေနိုင်မယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ခက်ခဲတဲ့ ရာသီကို ရင်ဆိုင်နေရတဲ့ အင်္ဂလန်တိုက်စစ်မှူးအတွက် ထူးခြားတဲ့အခိုက်အတန့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအတွက် တိုက်စစ်စတင်ချိန်မှာ အန်သိုနီ မာစီယယ်လ်လည်း ပါဝင်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ဒီဇင်ဘာလအစ နောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြ ရန်းနစ်ခ်ဟာ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ အနိုင်ဂိုးမှာ ပါဝင်ပတ်သက်မှုကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့မှာဖြစ်ပေမယ့် ဒီသွင်းဂိုးဟာ ရော်နယ်လ်ဒိုသာ မပါဝင်ခဲ့ရင် ရရှိဖို့ မဖြစ်နိုင်ကောင်း မဖြစ်နိုင်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ကွင်းလယ်ကနေ ဘောလုံးကို ရယူခဲ့ပြီး ပွဲစဉ်တလျှောက်လုံး ဝက်စ်ဟမ်းခံစစ်ကို ပြဿနာပေးနိုင်ခဲ့တဲ့နေရာကို ရယူခဲ့တာဖြစ်ပါတယ်။

အဲဒီအနေအထားမှာ နောက်ခံကစားသမားတွေဟာ ရော်နယ်လ်ဒိုဆီ လူကပ်ဖို့ ချဉ်းကပ်ခဲ့ကြပြီး ကွင်းထဲမှာရှိနေတဲ့ အခြား ယူနိုက်တက်တိုက်စစ်သမားတွေအတွက် နေရာလွတ်တွေ ရရှိစေခဲ့တာဖြစ်ပါတယ်။ အဲဒါကို ဝက်စ်ဟမ်းအသင်းရဲ့ Data Analyst တွေထဲက တစ်ဦးက ထောက်ပြခဲ့ပေမယ့် ဧည့်သည်အသင်းဟာ တားဆီးနိုင်ဖို့ အင်အားမရှိခဲ့ဘဲ MEN ရဲ့ ကလောင်ရှင် ဆမ်မြူရယ် လပ်ခ်ဟတ်စ်တ်က ဒုတိယပိုင်းမှာ လေ့လာဆန်းစစ်သူရဲ့ မှတ်ချက်ကို ကြားခဲ့ရတာဖြစ်ပါတယ်။

“ရော်နယ်လ်ဒို အဲဒီနေရာမှာ ရှိနေတာက ကျွန်တော်တို့ကို နောက်ထပ်တစ်ကြိမ် ဒုက္ခပေးနေတယ်”လို့ လေ့လာဆန်းစစ်သူက ပြောကြားခဲ့တာဖြစ်ပြီး လပ်ခ်ဟတ်စ်တ်က နောက်ထပ်တစ်ကြိမ် မန်ယူနိုက်တက်ရဲ့ သွင်းဂိုးကို အနှေးပြကွက်နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် “သူ အဲဒီနေရာမှာရှိနေပြီး ကစားသမား ၂ ဦးကို သူ့ဆီ ရောက်လာအောင် ဆွဲခေါ်ခဲ့တယ်။ ဘယ်တောင်ပံမှာ မာစီယယ်လ်နဲ့ ကာဗာနီတို့အတွက် နေရာလွတ် ရသွားစေခဲ့တယ်”လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တကယ်ပဲ ယူနိုက်တက်ရဲ့ နောက်ကျအနိုင်ဂိုးကို ပြန်ကြည့်မယ်ဆိုရင် မာစီယယ်လ်ဟာ လွတ်လွတ်လပ်လပ်နဲ့ ဘယ်ဘက်မှာ ဧရိယာထဲ ပြေးဝင်ဖို့ အသင့်ရှိနေတဲ့ ကာဗာနီဆီ ဘောလုံးမျှောထိုးပေးခဲ့တာကို မြင်တွေ့ရပြီး ဥရုဂွေးတိုက်စစ်မှူးက ညာတောင်ပံကနေ ပြေးဝင်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့လမ်းကြောင်းထဲ ဘောလုံးကို အတိအကျ ဖြတ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီအစောပိုင်းတုန်းက ရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်စွမ်း ကင်းမဲ့မှုက ယူနိုက်တက်အတွက် ကြီးမားတဲ့ စိုးရိမ်စရာလို့ ပြောခဲ့ကြတာကို သတိရဦးမယ်ထင်ပါတယ်။ အခုအချိန်မှာတော့ ဒါက အကျိုးမဲ့ ဝေဖန်မှုတွေသာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ နည်းလမ်းပေါင်းစုံနဲ့ ပွဲတွင်းမှာ အကျိုးပြုနေတာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ သိသိသာသာ ပိုမိုကောင်းမွန်လာနေပြီဖြစ်သလို လာမယ့်ပွဲတွေမှာ အဆင့် ၄ အတွင်းကို စိန်ခေါ်ဖို့ အစမ်းသပ်ခံနိုင်အောင် ထက်မြက်လာတော့မယ်လို့ သုံးသပ်ခန့်မှန်းနေကြောင်း ဖော်ပြလိုက်ရပါတယ်။။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီ GOAT တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ စေနေန႔ညက ဝက္စ္ဟမ္းယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေနာက္က်အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အဖိုးတန္ သုံးမွတ္အတြက္ ဝမ္းေျမာက္ဝမ္းသာ ေအာင္ပြဲခံခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ မၾကာခဏ အသင္းထက္ပိုၿပီး ကိုယ့္ကိုကိုယ္ ဦးစားေပးတယ္လို႔ စြပ္စြဲခံခဲ့ရေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ အႏိုင္ဂိုးသြင္းရွင္ မဟုတ္ခဲ့ေပမယ့္ အဖိုးတန္ ၃ မွတ္ ရရွိခဲ့လို႔ ေရာ္နယ္လ္ဒိုဟာ ဝမ္းေျမာက္ဝမ္းသာျဖစ္ခဲ့တာျဖစ္ပါတယ္။ “ဆက္လုပ္ၾကစို႔ သရဲနီေတြ”လို႔ ပြဲအၿပီးမွာ ေရာ္နယ္လ္ဒိုက လက္ ၂ ဖက္ေျမႇာက္ထားတဲ့ ၎ရဲ႕ပုံနဲ႔အတူ အင္စတာဂရမ္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္က မန္ခ်က္စတာယူႏိုက္တက္အသင္းကို ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို တက္ေရာက္ေစႏိုင္မယ့္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ခက္ခဲတဲ့ ရာသီကို ရင္ဆိုင္ေနရတဲ့ အဂၤလန္တိုက္စစ္မႉးအတြက္ ထူးျခားတဲ့အခိုက္အတန႔္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးအတြက္ တိုက္စစ္စတင္ခ်ိန္မွာ အန္သိုနီ မာစီယယ္လ္လည္း ပါဝင္ခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ဒီဇင္ဘာလအစ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပါဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ယာယီနည္းျပ ရန္းနစ္ခ္ဟာ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ အႏိုင္ဂိုးမွာ ပါဝင္ပတ္သက္မႈေၾကာင့္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနခဲ့မွာျဖစ္ေပမယ့္ ဒီသြင္းဂိုးဟာ ေရာ္နယ္လ္ဒိုသာ မပါဝင္ခဲ့ရင္ ရရွိဖို႔ မျဖစ္ႏိုင္ေကာင္း မျဖစ္ႏိုင္ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကြင္းလယ္ကေန ေဘာလုံးကို ရယူခဲ့ၿပီး ပြဲစဥ္တေလွ်ာက္လုံး ဝက္စ္ဟမ္းခံစစ္ကို ျပႆနာေပးႏိုင္ခဲ့တဲ့ေနရာကို ရယူခဲ့တာျဖစ္ပါတယ္။

အဲဒီအေနအထားမွာ ေနာက္ခံကစားသမားေတြဟာ ေရာ္နယ္လ္ဒိုဆီ လူကပ္ဖို႔ ခ်ဥ္းကပ္ခဲ့ၾကၿပီး ကြင္းထဲမွာရွိေနတဲ့ အျခား ယူႏိုက္တက္တိုက္စစ္သမားေတြအတြက္ ေနရာလြတ္ေတြ ရရွိေစခဲ့တာျဖစ္ပါတယ္။ အဲဒါကို ဝက္စ္ဟမ္းအသင္းရဲ႕ Data Analyst ေတြထဲက တစ္ဦးက ေထာက္ျပခဲ့ေပမယ့္ ဧည့္သည္အသင္းဟာ တားဆီးႏိုင္ဖို႔ အင္အားမရွိခဲ့ဘဲ MEN ရဲ႕ ကေလာင္ရွင္ ဆမ္ျမဴရယ္ လပ္ခ္ဟတ္စ္တ္က ဒုတိယပိုင္းမွာ ေလ့လာဆန္းစစ္သူရဲ႕ မွတ္ခ်က္ကို ၾကားခဲ့ရတာျဖစ္ပါတယ္။

“ေရာ္နယ္လ္ဒို အဲဒီေနရာမွာ ရွိေနတာက ကြၽန္ေတာ္တို႔ကို ေနာက္ထပ္တစ္ႀကိမ္ ဒုကၡေပးေနတယ္”လို႔ ေလ့လာဆန္းစစ္သူက ေျပာၾကားခဲ့တာျဖစ္ၿပီး လပ္ခ္ဟတ္စ္တ္က ေနာက္ထပ္တစ္ႀကိမ္ မန္ယူႏိုက္တက္ရဲ႕ သြင္းဂိုးကို အေႏွးျပကြက္နဲ႔ ျပန္လည္ၾကည့္ရႈခဲ့ၿပီးေနာက္ “သူ အဲဒီေနရာမွာရွိေနၿပီး ကစားသမား ၂ ဦးကို သူ႔ဆီ ေရာက္လာေအာင္ ဆြဲေခၚခဲ့တယ္။ ဘယ္ေတာင္ပံမွာ မာစီယယ္လ္နဲ႔ ကာဗာနီတို႔အတြက္ ေနရာလြတ္ ရသြားေစခဲ့တယ္”လို႔ တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

တကယ္ပဲ ယူႏိုက္တက္ရဲ႕ ေနာက္က်အႏိုင္ဂိုးကို ျပန္ၾကည့္မယ္ဆိုရင္ မာစီယယ္လ္ဟာ လြတ္လြတ္လပ္လပ္နဲ႔ ဘယ္ဘက္မွာ ဧရိယာထဲ ေျပးဝင္ဖို႔ အသင့္ရွိေနတဲ့ ကာဗာနီဆီ ေဘာလုံးေမွ်ာထိုးေပးခဲ့တာကို ျမင္ေတြ႕ရၿပီး ဥ႐ုေဂြးတိုက္စစ္မႉးက ညာေတာင္ပံကေန ေျပးဝင္လာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕လမ္းေၾကာင္းထဲ ေဘာလုံးကို အတိအက် ျဖတ္တင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီအေစာပိုင္းတုန္းက ေရာ္နယ္လ္ဒိုရဲ႕ ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးႏိုင္စြမ္း ကင္းမဲ့မႈက ယူႏိုက္တက္အတြက္ ႀကီးမားတဲ့ စိုးရိမ္စရာလို႔ ေျပာခဲ့ၾကတာကို သတိရဦးမယ္ထင္ပါတယ္။ အခုအခ်ိန္မွာေတာ့ ဒါက အက်ိဳးမဲ့ ေဝဖန္မႈေတြသာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ နည္းလမ္းေပါင္းစုံနဲ႔ ပြဲတြင္းမွာ အက်ိဳးျပဳေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ သိသိသာသာ ပိုမိုေကာင္းမြန္လာေနၿပီျဖစ္သလို လာမယ့္ပြဲေတြမွာ အဆင့္ ၄ အတြင္းကို စိန္ေခၚဖို႔ အစမ္းသပ္ခံႏိုင္ေအာင္ ထက္ျမက္လာေတာ့မယ္လို႔ သုံးသပ္ခန႔္မွန္းေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.