Bundesliga Premier League Transfer News

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဆန္ခ်ဳိအတြက္ အဆုံးအျဖတ္ကို ျပင္ဖို႔ နဗီးလ္တုိက္တြန္း

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ထိပ္တန္းတာဝန္ရွိသူေတြက ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေပါင္သန္း ၅၀ ထက္ ပုိေပးဖို႔ မျဖစ္ႏုိင္ဘူးလို႔ ေျပာၾကားခဲ့တဲ့အေပၚ အသင္းေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးလ္က မေထာက္ခံခဲ့ဘဲ ဒီဆုံးျဖတ္ခ်က္ကို ျပင္ဆင္ၿပီး သင့္ေတာ္တဲ့ ေဈးနဲ႔ ကမ္းလွမ္းဖို႔ တုိက္တြန္းလုိက္ပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံကစားသမားဟာ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးရဲ႕ လူငယ္အကယ္ဒမီထြက္ျဖစ္ၿပီး ေဒါ့မြန္အသင္းနဲ႔ ေျခစြမ္းျပႏုိင္ခဲ့လုိ႔ ပရီးမီးယားလိဂ္အသင္းေတြက သူ႕ရဲ႕ တစ္ေက်ာ့ျပန္ အဂၤလန္ေျမကို ေျခခ်မွဳအတြက္ စိတ္ဝင္စားေနခဲ့ၾကေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ေဈးႏွဳန္းအတြက္ အခက္အခဲရွိေနခဲ့ၾကတာပါ။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တာဝန္ရွိသူေတြကေတာ့ ေဒါ့မြန္ဘက္က ေပါင္သန္း ၁၀၀ ေက်ာ္ ေတာင္းဆိုမွဳကို မလုိက္ေလ်ာခဲ့ဘဲ သူတုိ႔ အေနနဲ႔ ခြင့္ျပဳႏုိင္တဲ့ ပမာဏက ေပါင္သန္း ၅၀ ပဲ ရွိတယ္လို႔ ဆုိခဲ့လို႔ ကစားသမားနဲ႔ အေျပာင္းအေရႊ႕ ေစာင့္ၾကည့္သူေတြအတြက္ မယုံႏုိင္ေအာင္ ျဖစ္ခဲ့ရခ်ိန္မွာ နဗီးလ္က ၾကားဝင္လာခဲ့တာပဲျဖစ္ပါတယ္။

“ကၽြန္ေတာ့္အျမင္ေတာ့ ေပါင္သန္း ၅၀ ဆုိတာထက္ သင့္ေတာ္တဲ့ ေဈးကို ေပးလုိက္သင့္ပါတယ္။ အိုလီနဲ႔ တာဝန္ရွိသူေတြအေနနဲ႔ သူ႕အတြက္ တျခားကစားသမားေတြကို ေရာင္းခ်ခ်င္ေနၾကတဲ့ အသင္းေတြနဲ႔ေတာ့ အတူတူ သေဘာမထားေစခ်င္ပါဘူး။ ေဒါ့မြန္ဆိုတဲ့အသင္းမ်ဳိးက ဒီလို ေဈးေပါေပါနဲ႔ အႏုိင္က်င့္လို႔ရတဲ့ အသင္းမ်ဳိးလို႔ေတာ့ ကၽြန္ေတာ္ မထင္ဘူးေလ”လို႔ နဗီးလ္က ေျပာၾကားလုိက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဆန္ခ်ဳိကို ေဈးႀကီးေပးၿပီး ေခၚယူဖို႔ထက္ ဘာမင္ဂမ္ကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဂမ္ကိုပဲ သူ႕ရဲ႕ တစ္ဝက္ျဖစ္တဲ့ ပမာဏနဲ႔ ေခၚယူႏိုင္ဖို႔ ျဖစ္ႏုိင္ေျခရွိေနတဲ့ ေပါင္သန္း ၅၀ ဆုိတဲ့ စကားကို ထည့္သြင္းေျပာၾကားခဲ့တာလည္းျဖစ္ႏုိင္ၿပီး ပရိသတ္ေတြ အတြက္ေတာ့ အသင္းရဲ႕ ဆုံးျဖတ္ခ်က္က စိတ္ပ်က္စရာလည္းျဖစ္ေနခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ပေါင်သန်း ၅၀ ထက် ပိုပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့တဲ့အပေါ် အသင်းနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က မထောက်ခံခဲ့ဘဲ ဒီဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး သင့်တော်တဲ့ ဈေးနဲ့ ကမ်းလှမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ လူငယ်အကယ်ဒမီထွက်ဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့လို့ ပရီးမီးယားလိဂ်အသင်းတွေက သူ့ရဲ့ တစ်ကျော့ပြန် အင်္ဂလန်မြေကို ခြေချမှုအတွက် စိတ်ဝင်စားနေခဲ့ကြပေမယ့် ကိုဗစ်-၁၉ ကြောင့် ဈေးနှုန်းအတွက် အခက်အခဲရှိနေခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကတော့ ဒေါ့မွန်ဘက်က ပေါင်သန်း ၁၀၀ ကျော် တောင်းဆိုမှုကို မလိုက်လျောခဲ့ဘဲ သူတို့အနေနဲ့ ခွင့်ပြုနိုင်တဲ့ ပမာဏက ပေါင်သန်း ၅၀ ပဲ ရှိတယ်လို့ ဆိုခဲ့လို့ ကစားသမားနဲ့ အပြောင်းအရွှေ့ စောင့်ကြည့်သူတွေအတွက် မယုံနိုင်အောင် ဖြစ်ခဲ့ရချိန်မှာ နဗီးလ်က ကြားဝင်လာခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်တော့်အမြင်တော့ ပေါင်သန်း ၅၀ ဆိုတာထက် သင့်တော်တဲ့ ဈေးကို ပေးလိုက်သင့်ပါတယ်။ အိုလီနဲ့ တာဝန်ရှိသူတွေအနေနဲ့ သူ့အတွက် တခြားကစားသမားတွေကို ရောင်းချချင်နေကြတဲ့ အသင်းတွေနဲ့တော့ အတူတူ သဘောမထားစေချင်ပါဘူး။ ဒေါ့မွန်ဆိုတဲ့အသင်းမျိုးက ဒီလို ဈေးပေါပေါနဲ့ အနိုင်ကျင့်လို့ရတဲ့ အသင်းမျိုးလို့တော့ ကျွန်တော် မထင်ဘူးလေ”လို့ နဗီးလ်က ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကို ဈေးကြီးပေးပြီး ခေါ်ယူဖို့ထက် ဘာမင်ဂမ်ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်ကိုပဲ သူ့ရဲ့ တစ်ဝက်ဖြစ်တဲ့ ပမာဏနဲ့ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေရှိနေတဲ့ ပေါင်သန်း ၅၀ ဆိုတဲ့ စကားကို ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်နိုင်ပြီး ပရိသတ်တွေ အတွက်တော့ အသင်းရဲ့ ဆုံးဖြတ်ချက်က စိတ်ပျက်စရာလည်းဖြစ်နေခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.