La Liga

ဗီလာနဲ့သတင်းထွက်နေတဲ့ ဆွာရက်ဇ်ရဲ့ဖျော်ဖြေမှုအပေးနိုင်ဆုံး အခိုက်အတန့် ၇ ခု

လူးဝစ္စ ဆွာရက်ဇ်ဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ အကြိမ်ပေါင်းများစွာ လူအားလုံးရဲ့ အာရုံစိုက်ခြင်းခံရအောင် လုပ်ဆောင်ခဲ့ပြီး တစ်ခါတရံ ကောင်းမွန်တဲ့အကြောင်းအရင်းတွေနဲ့ဖြစ်ပေမယ့် မကောင်းတဲ့ အကြောင်းအရင်းတွေက ပိုများခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ လက်ရှိမှာတော့ အက်စတန် ဗီလာအသင်းမှာ လီဗာပူးလ်အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့လာမှာက ပရီးမီးယားလိဂ်ပရိသတ်တွေအတွက်တော့ ဖျော်ဖြေမှုအချို့ ပြန်လည်မြင်တွေ့ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်တုန်းက ESPN က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ အားကစားလောကရဲ့ အကြီးမားဆုံးဗီလိန်အဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပြီး အားကစားလောကရဲ့ အကြီးမားဆုံး ဗီလိန် ၁၀ ဦးစာရင်းမှာ ရွိုင် ကီးန်၊ ဆာဂျီယို ရာမို့စ်၊ ဒီယေဂို ကော်စတာတို့လို ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ပရိသတ်တွေအတွက်တော့ ဆွာရက်ဇ်လောက် ဘယ်သူကမှ ဗီလိန်ပိုဖြစ်ခဲ့တယ်လို့ မခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ အငြင်းပွားစရာ ဖြစ်ရပ်တွေကို လုပ်ဆောင်ခဲ့သလို ဖျော်ဖြေမှုအပေးနိုင်ဆုံးကစားသမားတစ်ဦးဆိုတာလည်း ငြင်းလို့မရဘဲ ၎င်းရဲ့ ကစားသမားဘဝတလျှောက် ဘောလုံးပရိသတ်တွေအတွက် ဖျော်ဖြေမှု အပေးနိုင်ဆုံးအခိုက်အတန့် ၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဂါနာနဲ့ပွဲစဉ်က လက်ထိဘော

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဆိုပေမယ့် ဂါနာနိုင်ငံသားအများစုအတွက် တွေးမိတိုင်း နာကျင်နေရဆဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဂါနာသာ ဥရုဂွေးကို အဲဒီညမှာ အနိုင်ရခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းဖြစ်လာခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွာရက်ဇ်က ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ လက်ထိဘောကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးနဲ့ ဂါနာတို့ဟာ အချိန်ပိုအထိ ဆက်ကစားခဲ့ရပြီး မိနစ် ၁၂၀ မှာ ဂါနာအသင်းက အလွတ်တည်ကန်ဘောကနေ တဆင့် ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ရာမှာ ဆွာရက်ဇ်က ဂိုးစည်းပေါ်ကနေ ကာကွယ်နိုင်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဂါနာအသင်းရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို လက်နဲ့ ပုတ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ အနီကတ် ပြသခြင်းခံခဲ့ရပြီး ဂါနာအသင်းက ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့ပေမယ့်လည်း တိုင်ထိထွက်သွားခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူတဲ့အထိ ပွဲက ဆက်သွားခဲ့တာဖြစ်ပါတယ်။ ဂါနာအသင်းအတွက် ကံမကောင်းစွာနဲ့ပဲ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပြီး ဥရုဂွေးအသင်းက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

၂။ ချီလီနဲ့ပွဲစဉ်အတွင်း ထူးဆန်းတဲ့ တောင်းဆိုမှု

၂၀၁၉ ခုနှစ်က ချီလီကို အနိုင်ရရှိခဲ့တဲ့ ဥရုဂွေးရဲ့ ကိုပါအမေရိကနိုင်ပွဲအတွင်း ဆွာရက်ဇ်ဟာ ပင်နယ်တီဧရိယာအတွင်း သိသာထင်ရှားတဲ့ လက်ထိဘောအတွက် ပင်နယ်တီ တောင်းဆိုခဲ့ပါတယ်။ ပြဿနာတစ်ခုရှိတာကတော့ ကွင်းလယ်ဒိုင်ကို ချီလီကစားသမားက ဘောလုံးကို လက်နဲ့ထိခဲ့တယ်လို့ ဆွာရက်ဇ် စောဒကတက်ခဲ့တဲ့သူက ဂိုးသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။ လူးဝစ္စ ဆွာရက်ဇ်ဟာ ၎င်းရဲ့ ကြောင်တောင်တောင်နိုင်တဲ့ ပြစ်ဒဏ်ဘော တောင်းဆိုမှုကို ချက်ချင်း သတိထားမိသွားပြီး သူမဟုတ်သလိုပဲ လက်နှစ်ဖက် စိတ်ပျက်လက်ပျက်နဲ့ ရိုက်သလိုလုပ်ပြီး လျှောချသွားခဲ့တာဖြစ်ပါတယ်။

၃။ ကွင်းအတွင်း ကျူးကျော်လာသူကို ခြေထိုးခံခဲ့တဲ့အတွက် ပြိုင်ဘက်ကစားသမားကို အဝါကတ်ပြခံရအောင် ကြိုးပမ်းခဲ့မှု

ဂိုးသမား လက်နဲ့ဖမ်းတာကို လက်ထိဘောလို့ စွပ်စွဲခဲ့သလိုပဲ ဆွာရက်ဇ်ဟာ ဒိုင်လူကြီးကို နောက်ထပ် ထူးဆန်းတဲ့ တောင်းဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာသူက ပွဲကို ကြားဖြတ်နှောင့်ယှက်ခဲ့တာကြောင့် ချီလီကစားသမား ဂွန်ဇာလို ဂျာရာက တားဆီးတဲ့အနေနဲ့ ခြေထိုးခံခဲ့ပြီး ကွင်းထဲဝင်လာသူကို လဲကျအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်က ချက်ချင်းပဲ မဆီမဆိုင် ပြိုင်ဘက်ကစားသမားကို အဝါကတ်ပြား ပြသဖို့အတွက် ဒိုင်လူကြီးကို အပြေးအလွှား တောင်းဆိုခဲ့တာဖြစ်ပါတယ်။

၄။ မာဆေးဆိုဒ်ဒါဘီမှာ ဒိုင်ဗင်ထိုး အောင်ပွဲခံခဲ့မှု

လူးဝစ္စ ဆွာရက်ဇ်ဟာ မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ အဲဗာတန်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နည်းပြခုံတန်းရှိရာကို သွားရောက်ခဲ့ပြီး အဲဗာတန်နည်းပြ ဒေးဗစ် မွိုက်စ်ရှေ့မှာ ဒိုင်ဗစ်ထိုးပြီး မြက်ခင်းပေါ်ကို လဲကျပြခဲ့တာဖြစ်ပါတယ်။ ဒီလို ထူးဆန်းတဲ့အောင်ပွဲခံဟန်ရဲ့နောက်ကွယ်မှာ ခိုင်မာတဲ့အကြောင်းအရင်းရှိနေခဲ့ပြီး ပွဲမတိုင်ခင် အဲဗာတန်နည်းပြ ဒေးဗစ် မွိုက်စ်က ဆွာရက်ဇ်ကို ဒိုင်ဗင်သမားလို့ စွပ်စွဲခဲ့ပြီး လီဗာပူးလ်ကိုလည်း ဒိုင်ဗင်ထိုးပြီး ရလဒ်တွေကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့အသင်းလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆွာရက်ဇ်လည်း အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက်မှာ ဒေးဗစ် မွိုက်စ်ကို သူ့စကားနဲ့သူ ပြန်သရော်ဖို့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ထူးထူးဆန်းဆန်း အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။

၅။ ပြိုင်ဘက်တွေကို ကိုက်ခဲခြင်း(၃ ကြိမ်)

ပြိုင်ဘက်ကစားသမားတွေကို ကိုယ်ထိလက်ရောက် လုပ်တာဟာ ဖျော်ဖြေမှု သို့မဟုတ် အားပေးလက်ခုပ်တီးရမယ့် ဖြစ်စဉ်လို့ ဘယ်လိုနည်းနဲ့မှ မသတ်မှတ်သင့်ပေမယ့် ဆွာရက်ဇ်ရဲ့ အကျော်ကြားဆုံးဖြစ်စဉ်တွေထဲမှာ ၎င်းရဲ့ ပြိုင်ဘက်ကစားသမားတွေကို ကိုက်တတ်တဲ့အကြောင်းကို ထည့်မပြောလို့ မရပါဘူး။ မယုံနိုင်ဖွယ်ကောင်းအောင်ပဲ ဆွာရက်ဇ်ဟာ ပြိုင်ဘက်ကစားသမားတွေကို မတူညီတဲ့ အချိန်ကာလ ၃ ကြိမ်အထိ ကိုက်ခဲ့တာဖြစ်ပြီး ပထမဆုံးပွဲစဉ်ကတော့ ပီအက်စ်ဗွီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဥရုဂွေးတိုက်စစ်မှူးက အော့တ်မန်း ဘက်ကယ်နဲ့ စကားများခဲ့ပြီးနောက် ပုခုံးကို ကုန်းကိုက်ခဲ့တာဖြစ်ပါတယ်။

 

ဒုတိယဖြစ်စဉ်ကတော့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ပြီး အိုင်ဗာနိုဗစ်ရဲ့ လက်မောင်းကို ဆွဲပြီး အားရပါးရ ကိုက်ခဲ့တာဖြစ်ပါတယ်။ ဒီ ၂ ကြိမ်နဲ့တင် ဆွာရက်ဇ်ဟာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ မလုံလောက်သေးဘဲ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အီတလီနောက်ခံကစားသမား ခီလီနီရဲ့ ပုခုံးကို ထပ်မံကိုက်ခဲ့ပြီး ကံကောင်းစွာနဲ့ အနီကတ်ပြသခံရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပေမယ့် ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

၆။ ဖူလ်ဟမ်ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့တဲ့ ဆွာရက်ဇ်

ဆွာရက်ဇ်ဟာ လီဗာပူးလ်နဲ့ ဖူလ်ဟမ်တို့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်း ပရိသတ်တွေကို ရိုင်းပျတဲ့ လက်ဟန်အမူအရာ ပြုလုပ်ပြီး နောက်ထပ်တစ်ကြိမ် ပြဿနာရှာခဲ့ပါတယ်။ လူးဝစ္စ ဆွာရက်ဇ်ဟာ ဒိုင်ဗင်ထိုးတာ သိသာခဲ့တာကြောင့် ဖူလ်ဟမ်ပရိသတ်တွေက လူလိမ်လို့ ဆက်တိုက် အော်ဟစ်နေခဲ့တာဖြစ်ပြီး လီဗာပူးလ်ကလည်း နောက်ဆု့းမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ စိတ်မထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဆွာရက်ဇ်ဟာ ကွင်းအတွင်းကနေ ထွက်ခွာရာမှာ ဖူလ်ဟမ်ပရိသတ်တွေ ရှိရာဘက်ကို လှည့်ပြီး လယ်ခလယ် ထောင်ပြခဲ့တာဖြစ်ပြီး အဲဒီအပြုအမူကြာင့် အက်ဖ်အေရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၂ သောင်းတပ်ရိုက်ခြင်းခံခဲ့ရပါတယ်။

၇။ VAR မော်နီတာကို သွားကြည့်မိလို့ အဝါကတ်ပြား ပြသခံခဲ့ရခြင်း

ဒီဖြစ်စဉ်က ဆွာရက်ဇ်ရဲ့ တခြားအမူအကျင့်တွေထက်စာရင် တော်တော်လေး တော်သေးတယ်ဆိုပေမယ့်လည်း ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။ လိုကိုမိုးတစ် မော်စကိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဒိုင်လူကြီးဟာ ကွင်းဘေး မော်နီတာကို အသုံးပြုပြီး ပင်နယ်တီဖြစ်နိုင်ခြေရှိ၊ မရှိကို ပြန်လည်စစ်ဆေးနေချိန်မှာ ဆွာရက်ဇ်က နောက်ကနေ ဒိုင်လူကြီး ပုခုံးပေါ်က ကျော်ပြီး သွားချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းတုန်းက ဒိုင်လူကြီးဟာ ဆွာရက်ဇ်ကို မတွေ့ခဲ့ပေမယ့် စည်းကြပ်ဒိုင်က ပြေးလာပြီး တခြားနေရာသွားဖို့ ပြောခဲ့တဲ့အချိန်မှာ ကွင်းလယ်ဒိုင်က ဘာဖြစ်နေတယ်ဆိုတာကို သိသွားခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ VAR ကို ချောင်းကြည့်ခဲ့တဲ့အတွက် အဝါကတ်ပြား ပြသခံခဲ့ရပြီး လိုကိုမိုးတစ် မော်စကိုအသင်းကလည်း ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လူးဝစၥ ဆြာရက္ဇ္ဟာ ၎ရဲ့ ကစားသမားဘဝတစ္ေလၽွာက္လုံးမွာ အႀကိမ္ေပါင္းမ်ားစြာ လူအားလုံးရဲ့ အာ႐ုံစိုက္ျခင္းခံရေအာင္ လုပ္ေဆာင္ခဲ့ၿပီး တစ္ခါတရံ ေကာင္းမြန္တဲ့အေၾကာင္းအရင္းေတြနဲ႔ျဖစ္ေပမယ့္ မေကာင္းတဲ့ အေၾကာင္းအရင္းေတြက ပိုမ်ားခဲ့တာျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ လက္ရွိမွာေတာ့ အက္စတန္ ဗီလာအသင္းမွာ လီဗာပူးလ္အသင္းေဖာ္ေဟာင္း စတီဗင္ ဂ်ရတ္နဲ႔ ျပန္လည္ေပါင္းစည္းနိုင္ဖို႔ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ပါတယ္။ ဥ႐ုေဂြးလက္ေရြးစင္တိုက္စစ္မႉး အဂၤလန္ကို ျပန္လည္ေျပာင္းေရႊ႕လာမွာက ပရီးမီးယားလိဂ္ပရိသတ္ေတြအတြက္ေတာ့ ေဖ်ာ္ေျဖမႈအခ်ိဳ႕ ျပန္လည္ျမင္ေတြ႕ရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉးဟာ ၂၀၁၉ ခုႏွစ္တုန္းက ESPN က ေကာက္ယူခဲ့တဲ့ စစ္တမ္းမွာ အားကစားေလာကရဲ့ အႀကီးမားဆုံးဗီလိန္အျဖစ္ မဲေပးေရြးခ်ယ္ျခင္းခံခဲ့ရၿပီး အားကစားေလာကရဲ့ အႀကီးမားဆုံး ဗီလိန္ ၁၀ ဦးစာရင္းမွာ ရြိဳင္ ကီးန္၊ ဆာဂ်ီယို ရာမို႔စ္၊ ဒီေယဂို ေကာ္စတာတို႔လို ကစားသမားေတြ ပါဝင္ခဲ့ေပမယ့္ ပရိသတ္ေတြအတြက္ေတာ့ ဆြာရက္ဇ္ေလာက္ ဘယ္သူကမွ ဗီလိန္ပိုျဖစ္ခဲ့တယ္လို႔ မခံစားခဲ့ရတာ ျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ အျငင္းပြားစရာ ျဖစ္ရပ္ေတြကို လုပ္ေဆာင္ခဲ့သလို ေဖ်ာ္ေျဖမႈအေပးနိုင္ဆုံးကစားသမားတစ္ဦးဆိုတာလည္း ျငင္းလို႔မရဘဲ ၎ရဲ့ ကစားသမားဘဝတေလၽွာက္ ေဘာလုံးပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈ အေပးနိုင္ဆုံးအခိုက္အတန႔္ ၇ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ၂၀၁၀ ကမၻာ့ဖလားတုန္းက ဂါနာနဲ႔ပြဲစဥ္က လက္ထိေဘာ

လြန္ခဲ့တဲ့ ၁၀ ႏွစ္တုန္းက ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ဆိုေပမယ့္ ဂါနာနိုင္ငံသားအမ်ားစုအတြက္ ေတြးမိတိုင္း နာက်င္ေနရဆဲျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဂါနာသာ ဥ႐ုေဂြးကို အဲဒီညမွာ အနိုင္ရခဲ့မယ္ဆိုရင္ ကမၻာ့ဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္တဲ့ ပထမဆုံး အာဖရိကအသင္းျဖစ္လာခဲ့မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆြာရက္ဇ္က ပြဲကို အဆုံးအျဖတ္ျဖစ္ေစခဲ့တဲ့ လက္ထိေဘာကို ရည္ရြယ္ခ်က္ရွိရွိ က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

ဥ႐ုေဂြးနဲ႔ ဂါနာတို႔ဟာ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရၿပီး မိနစ္ ၁၂၀ မွာ ဂါနာအသင္းက အလြတ္တည္ကန္ေဘာကေန တဆင့္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဆြာရက္ဇ္က ဂိုးစည္းေပၚကေန ကာကြယ္နိုင္ခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ဂါနာအသင္းရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို လက္နဲ႔ ပုတ္ထုတ္ခဲ့တာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ အနီကတ္ ျပသျခင္းခံခဲ့ရၿပီး ဂါနာအသင္းက ပင္နယ္တီျပစ္ဒဏ္ေဘာ ကန္ခြင့္ရရွိခဲ့ေပမယ့္လည္း တိုင္ထိထြက္သြားခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ခံယူတဲ့အထိ ပြဲက ဆက္သြားခဲ့တာျဖစ္ပါတယ္။ ဂါနာအသင္းအတြက္ ကံမေကာင္းစြာနဲ႔ပဲ ပင္နယ္တီအဆုံးအျဖတ္မွာ ရႈံးနိမ့္ခဲ့ၿပီး ဥ႐ုေဂြးအသင္းက ကမၻာ့ဖလား ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။

၂။ ခ်ီလီနဲ႔ပြဲစဥ္အတြင္း ထူးဆန္းတဲ့ ေတာင္းဆိုမႈ

၂၀၁၉ ခုႏွစ္က ခ်ီလီကို အနိုင္ရရွိခဲ့တဲ့ ဥ႐ုေဂြးရဲ့ ကိုပါအေမရိကနိုင္ပြဲအတြင္း ဆြာရက္ဇ္ဟာ ပင္နယ္တီဧရိယာအတြင္း သိသာထင္ရွားတဲ့ လက္ထိေဘာအတြက္ ပင္နယ္တီ ေတာင္းဆိုခဲ့ပါတယ္။ ျပႆနာတစ္ခုရွိတာကေတာ့ ကြင္းလယ္ဒိုင္ကို ခ်ီလီကစားသမားက ေဘာလုံးကို လက္နဲ႔ထိခဲ့တယ္လို႔ ဆြာရက္ဇ္ ေစာဒကတက္ခဲ့တဲ့သူက ဂိုးသမားျဖစ္ေနခဲ့တာျဖစ္ပါတယ္။ လူးဝစၥ ဆြာရက္ဇ္ဟာ ၎ရဲ့ ေၾကာင္ေတာင္ေတာင္နိုင္တဲ့ ျပစ္ဒဏ္ေဘာ ေတာင္းဆိုမႈကို ခ်က္ခ်င္း သတိထားမိသြားၿပီး သူမဟုတ္သလိုပဲ လက္ႏွစ္ဖက္ စိတ္ပ်က္လက္ပ်က္နဲ႔ ရိုက္သလိုလုပ္ၿပီး ေလၽွာခ်သြားခဲ့တာျဖစ္ပါတယ္။

၃။ ကြင္းအတြင္း က်ဴးေက်ာ္လာသူကို ေျခထိုးခံခဲ့တဲ့အတြက္ ၿပိဳင္ဘက္ကစားသမားကို အဝါကတ္ျပခံရေအာင္ ႀကိဳးပမ္းခဲ့မႈ

ဂိုးသမား လက္နဲ႔ဖမ္းတာကို လက္ထိေဘာလို႔ စြပ္စြဲခဲ့သလိုပဲ ဆြာရက္ဇ္ဟာ ဒိုင္လူႀကီးကို ေနာက္ထပ္ ထူးဆန္းတဲ့ ေတာင္းဆိုမႈ ျပဳလုပ္ခဲ့ပါေသးတယ္။ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္လာသူက ပြဲကို ၾကားျဖတ္ေႏွာင့္ယွက္ခဲ့တာေၾကာင့္ ခ်ီလီကစားသမား ဂြန္ဇာလို ဂ်ာရာက တားဆီးတဲ့အေနနဲ႔ ေျခထိုးခံခဲ့ၿပီး ကြင္းထဲဝင္လာသူကို လဲက်ေအာင္ လုပ္ခဲ့တာျဖစ္ပါတယ္။ ဆြာရက္ဇ္က ခ်က္ခ်င္းပဲ မဆီမဆိုင္ ၿပိဳင္ဘက္ကစားသမားကို အဝါကတ္ျပား ျပသဖို႔အတြက္ ဒိုင္လူႀကီးကို အေျပးအလႊား ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

၄။ မာေဆးဆိုဒ္ဒါဘီမွာ ဒိုင္ဗင္ထိုး ေအာင္ပြဲခံခဲ့မႈ

လူးဝစၥ ဆြာရက္ဇ္ဟာ မာေဆးဆိုဒ္ ဒါဘီပြဲစဥ္မွာ အဲဗာတန္အသင္းဘက္ကို ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ နည္းျပခုံတန္းရွိရာကို သြားေရာက္ခဲ့ၿပီး အဲဗာတန္နည္းၿပ ေဒးဗစ္ မြိဳက္စ္ေရွ႕မွာ ဒိုင္ဗစ္ထိုးၿပီး ျမက္ခင္းေပၚကို လဲက်ျပခဲ့တာျဖစ္ပါတယ္။ ဒီလို ထူးဆန္းတဲ့ေအာင္ပြဲခံဟန္ရဲ့ေနာက္ကြယ္မွာ ခိုင္မာတဲ့အေၾကာင္းအရင္းရွိေနခဲ့ၿပီး ပြဲမတိုင္ခင္ အဲဗာတန္နည္းၿပ ေဒးဗစ္ မြိဳက္စ္က ဆြာရက္ဇ္ကို ဒိုင္ဗင္သမားလို႔ စြပ္စြဲခဲ့ၿပီး လီဗာပူးလ္ကိုလည္း ဒိုင္ဗင္ထိုးၿပီး ရလဒ္ေတြကို ေျပာင္းလဲဖို႔ ႀကိဳးပမ္းေနတဲ့အသင္းလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဆြာရက္ဇ္လည္း အဲဗာတန္နဲ႔ပြဲမွာ ဂိုးသြင္းယူၿပီးတဲ့ေနာက္မွာ ေဒးဗစ္ မြိဳက္စ္ကို သူ႔စကားနဲ႔သူ ျပန္သေရာ္ဖို႔ အခြင့္အေရးကို လက္လႊတ္မခံဘဲ ထူးထူးဆန္းဆန္း ေအာင္ပြဲခံျပခဲ့တာျဖစ္ပါတယ္။

၅။ ၿပိဳင္ဘက္ေတြကို ကိုက္ခဲျခင္း(၃ ႀကိမ္)

ၿပိဳင္ဘက္ကစားသမားေတြကို ကိုယ္ထိလက္ေရာက္ လုပ္တာဟာ ေဖ်ာ္ေျဖမႈ သို႔မဟုတ္ အားေပးလက္ခုပ္တီးရမယ့္ ျဖစ္စဥ္လို႔ ဘယ္လိုနည္းနဲ႔မွ မသတ္မွတ္သင့္ေပမယ့္ ဆြာရက္ဇ္ရဲ့ အေက်ာ္ၾကားဆုံးျဖစ္စဥ္ေတြထဲမွာ ၎ရဲ့ ၿပိဳင္ဘက္ကစားသမားေတြကို ကိုက္တတ္တဲ့အေၾကာင္းကို ထည့္မေျပာလို႔ မရပါဘူး။ မယုံနိုင္ဖြယ္ေကာင္းေအာင္ပဲ ဆြာရက္ဇ္ဟာ ၿပိဳင္ဘက္ကစားသမားေတြကို မတူညီတဲ့ အခ်ိန္ကာလ ၃ ႀကိမ္အထိ ကိုက္ခဲ့တာျဖစ္ၿပီး ပထမဆုံးပြဲစဥ္ကေတာ့ ပီအက္စ္ဗြီနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဥ႐ုေဂြးတိုက္စစ္မႉးက ေအာ့တ္မန္း ဘက္ကယ္နဲ႔ စကားမ်ားခဲ့ၿပီးေနာက္ ပုခုံးကို ကုန္းကိုက္ခဲ့တာျဖစ္ပါတယ္။

 

ဒုတိယျဖစ္စဥ္ကေတာ့ ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာျဖစ္ၿပီး အိုင္ဗာနိုဗစ္ရဲ့ လက္ေမာင္းကို ဆြဲၿပီး အားရပါးရ ကိုက္ခဲ့တာျဖစ္ပါတယ္။ ဒီ ၂ ႀကိမ္နဲ႔တင္ ဆြာရက္ဇ္ဟာ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာ မလုံေလာက္ေသးဘဲ ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲအတြင္း အီတလီေနာက္ခံကစားသမား ခီလီနီရဲ့ ပုခုံးကို ထပ္မံကိုက္ခဲ့ၿပီး ကံေကာင္းစြာနဲ႔ အနီကတ္ျပသခံရမယ့္အေရးကေန ေရွာင္လႊဲနိုင္ခဲ့ေပမယ့္ ျပန္လည္စစ္ေဆးမႈေတြ ျပဳလုပ္ၿပီးေနာက္မွာေတာ့ ကာလရွည္ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

၆။ ဖူလ္ဟမ္ပရိသတ္ေတြကို လက္ခလယ္ ေထာင္ျပခဲ့တဲ့ ဆြာရက္ဇ္

ဆြာရက္ဇ္ဟာ လီဗာပူးလ္နဲ႔ ဖူလ္ဟမ္တို႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ၿပိဳင္ဘက္အသင္း ပရိသတ္ေတြကို ရိုင္းပ်တဲ့ လက္ဟန္အမူအရာ ျပဳလုပ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ျပႆနာရွာခဲ့ပါတယ္။ လူးဝစၥ ဆြာရက္ဇ္ဟာ ဒိုင္ဗင္ထိုးတာ သိသာခဲ့တာေၾကာင့္ ဖူလ္ဟမ္ပရိသတ္ေတြက လူလိမ္လို႔ ဆက္တိုက္ ေအာ္ဟစ္ေနခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကလည္း ေနာက္ဆု႔းမွာ ၁-၀ နဲ႔ ရႈံးနိမ့္သြားခဲ့တာေၾကာင့္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ စိတ္မထိန္းနိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ဆြာရက္ဇ္ဟာ ကြင္းအတြင္းကေန ထြက္ခြာရာမွာ ဖူလ္ဟမ္ပရိသတ္ေတြ ရွိရာဘက္ကို လွည့္ၿပီး လယ္ခလယ္ ေထာင္ျပခဲ့တာျဖစ္ၿပီး အဲဒီအျပဳအမူၾကာင့္ အက္ဖ္ေအရဲ့ တစ္ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြ ေပါင္ ၂ ေသာင္းတပ္ရိုက္ျခင္းခံခဲ့ရပါတယ္။

၇။ VAR ေမာ္နီတာကို သြားၾကည့္မိလို႔ အဝါကတ္ျပား ျပသခံခဲ့ရျခင္း

ဒီျဖစ္စဥ္က ဆြာရက္ဇ္ရဲ့ တျခားအမူအက်င့္ေတြထက္စာရင္ ေတာ္ေတာ္ေလး ေတာ္ေသးတယ္ဆိုေပမယ့္လည္း ေဖ်ာ္ေျဖမႈေပးနိုင္ခဲ့တဲ့ အခိုက္အတန႔္လည္း ျဖစ္ခဲ့ပါတယ္။ လိုကိုမိုးတစ္ ေမာ္စကိုနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဒိုင္လူႀကီးဟာ ကြင္းေဘး ေမာ္နီတာကို အသုံးျပဳၿပီး ပင္နယ္တီျဖစ္နိုင္ေျခရွိ၊ မရွိကို ျပန္လည္စစ္ေဆးေနခ်ိန္မွာ ဆြာရက္ဇ္က ေနာက္ကေန ဒိုင္လူႀကီး ပုခုံးေပၚက ေက်ာ္ၿပီး သြားေခ်ာင္းၾကည့္ခဲ့တာျဖစ္ပါတယ္။ အစပိုင္းတုန္းက ဒိုင္လူႀကီးဟာ ဆြာရက္ဇ္ကို မေတြ႕ခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က ေျပးလာၿပီး တျခားေနရာသြားဖို႔ ေျပာခဲ့တဲ့အခ်ိန္မွာ ကြင္းလယ္ဒိုင္က ဘာျဖစ္ေနတယ္ဆိုတာကို သိသြားခဲ့တာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ VAR ကို ေခ်ာင္းၾကည့္ခဲ့တဲ့အတြက္ အဝါကတ္ျပား ျပသခံခဲ့ရၿပီး လိုကိုမိုးတစ္ ေမာ္စကိုအသင္းကလည္း ပင္နယ္တီ ျပစ္ဒဏ္ေဘာ သတ္မွတ္ေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.