La Liga

၁ ယောက်လျော့နေတဲ့ ရီးရဲလ်ကို အချိန်ပိုသွင်းဂိုးနဲ့ ကယ်တင်ပြီး ချဲလ်ဆီးကို အာမခံချက် ပေးခဲ့တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြာသပတေးနေ့ညနေက အယ်လ်ချီကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ တစ်ယောက်လျော့နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီး နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဟာဇက်ရဲ့ သွင်းဂိုးကြောင့် ကိုပါဒယ်ရေး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေခဲ့ပြီးနောက်ပိုင်း အယ်လ်ချီအသင်းက တီတီ မိုရန်တီကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ မာယ်လို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် တစ်ယောက်လျော့နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကို အလွတ်တည်ကန်ဘောကနေ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝါရင့်နောက်ခံကစားသမား ဂွန်ဇာလို ဗာဒူရဲ့ အလွတ်တည်ကန်ဘော တိုက်ရိုက်ကန်သွင်းမှုဟာ လူတံတိုင်းကို ထိသွားခဲ့ပေမယ့် ဒုတိယအကြိမ် ကန်သွင်းမှုဟာ ဒါနီ ဆီဘယ်လော့စ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးကို ဆီဘယ်လော့စ်ရဲ့ ပင်နယ်တီဧရိယာထိပ်က ကန်သွင်းချက်ကို ပင်နယ်တီဧရိယာထဲမှာရှိနေတဲ့ အစ္စကိုက အသာအယာ လမ်းကြောင်း ပြောင်းပေးခဲ့တာဖြစ်ပြီး လူကျွံအနေအထားမှာ ရှိမနေခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချေပဂိုးဟာ ခွင့်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လူစားဝင်ကစားခဲ့တဲ့ အီဒင် ဟာဇက်ဟာ တန်ပြန်တိုက်စစ်ကနေတဆင့် ဒေးဗစ် အလာဘာရဲ့ ဘယ်တောင်ပံတကြော မျောထိုးပေးလိုက်တဲ့ ဘောလုံးကို လျှပ်စီးအလား လျင်မြန်တဲ့ ပြေးနှုန်းနဲ့ အယ်လ်ချီ ဂိုးသမားကိုပါ တစ်ဦးချင်း ကျော်ဖြတ်ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်အလွတ်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ စပိန်စူပါဖလားကို ကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အန်ဆယ်လော့တီရဲ့အသင်းအတွက် နောက်ထပ် ဆုဖလားတစ်လုံး ရရှိနိုင်ခြေရှိလာနေပြီ ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ပွဲအပြီးမှာ ပွဲစဉ်ဇယားရေးဆွဲထားမှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဆော်ဒီအာရေဗျကို သွားရောက်ပြီး စပိန်စူပါဖလားပြိုင်ပွဲကို ကစားခဲ့ရပြီး နားရက်နဲ့ ပြင်ဆင်ချိန် အလုံအလောက် မရရှိခဲ့တာကို မကျေမနပ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားက ကျွန်တော့်ကို ဘာပြောစေချင်နေတာလဲ။ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ပြက္ခဒိန်က ရှိနေတယ်။ အဲဒါကို ပြောင်းလဲရမှာ ကျိန်းသေပဲ။ အဲဒီ ပွဲချိန်ဇယားဆွဲတဲ့သူ အိပ်ရာက နိုးလာပြီး ပြက္ခဒိန်ကို ပိုပြီးမျှတအောင် လုပ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းကို စပိန်စူပါဖလားဆီမီးဖိုင်နယ်အဆင့်မှာ ၃-၂ နဲ့ အနိုင်ယူခဲ့ပြီးနောက် ၈ ရက်အတွင်း အချိန်ပိုအထိ ကစားခဲ့ရတဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ အယ်လ်ချီနဲ့ပွဲစဉ်မှာ ပထမအသင်းပုံမှန်ပွဲထွက်ခွင့်ရကစားသမားအများအပြားကို အနားပေးခဲ့ရတာဖြစ်ပါတယ်။ “ကျွန်တော်တို့ အယ်လ်ချီနဲ့ပွဲမှာ အနိုင်ရခဲ့တဲ့ပုံစံက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ကို အနိုင်ရတဲ့အတွက် ပျော်ရွှင်မှုအပေးနိုင်ဆုံးပွဲဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ အသင်းက စရိုက်လက္ခဏာအများအပြားနဲ့ အားကောင်းမှု အများအပြား ပြသခဲ့တာကြောင့်ပါ။ ခင်ဗျား ခက်ခဲမှုတွေနဲ့ပတ်သက်ပြီး ပြောနိုင်တယ်။ ဒါပေမယ့် ခင်ဗျား ဒီအသင်းရဲ့ စရိုက်လက္ခဏာကို အဓိကထားပြောရပါမယ်”

အန်ဆယ်လော့တီက အစ္စကိုနဲ့ နာကျင်အချိန်ပိုမှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အီဒင်ဟာဇက်တို့ကိုလည်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော် သူတို့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ သူတို့မှာ ပွဲကစားချိန် ဘယ်နှမိနစ်မှ မရခဲ့ပါဘူး။ ဒီနေ့ ကျွန်တော်တို့ သူတို့ကို လိုအပ်ခဲ့တယ်။ ဒီပွဲက အကြာကြီးကစားရမယ့်ပွဲစဉ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ပြီးတော့ သူတို့တွေ ကျွန်တော်တို့အတွက် နိုင်ပွဲရယူပေးခဲ့တယ်။ သူတို့ကို ကျွန်တော် အားကိုးလို့ရနိုင်မယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော့်မှာ အရာအားလုံး ရှိနေတဲ့ ကစားသမားအစုအဖွဲ့ ပိုင်ဆိုင်ထားပါတယ်။ သူတို့တွေက ဘယ်တော့မှ အရှုံးမပေးဘဲ ထူးခြားတဲ့ စရိုက်လက္ခဏာရှိတဲ့သူတွေပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းဟာ ၾကာသပေတးေန႔ညေနက အယ္လ္ခ်ီကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ ကိုပါဒယ္ေရးဖလားပြဲစဥ္မွာ တစ္ေယာက္ေလ်ာ့နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ဟာဇက္ရဲ့ သြင္းဂိုးေၾကာင့္ ကိုပါဒယ္ေရး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

မိနစ္ ၉၀ အထိ ဂိုးမရွိသေရက်ေနခဲ့ၿပီးေနာက္ပိုင္း အယ္လ္ခ်ီအသင္းက တီတီ မိုရန္တီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ မာယ္လို အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့အတြက္ တစ္ေယာက္ေလ်ာ့ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဘက္ကို အလြတ္တည္ကန္ေဘာကေန ဦးေဆာင္ဂိုး သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဝါရင့္ေနာက္ခံကစားသမား ဂြန္ဇာလို ဗာဒူရဲ့ အလြတ္တည္ကန္ေဘာ တိုက္ရိုက္ကန္သြင္းမႈဟာ လူတံတိုင္းကို ထိသြားခဲ့ေပမယ့္ ဒုတိယအႀကိမ္ ကန္သြင္းမႈဟာ ဒါနီ ဆီဘယ္ေလာ့စ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ေခ်ပဂိုးကို ဆီဘယ္ေလာ့စ္ရဲ့ ပင္နယ္တီဧရိယာထိပ္က ကန္သြင္းခ်က္ကို ပင္နယ္တီဧရိယာထဲမွာရွိေနတဲ့ အစၥကိုက အသာအယာ လမ္းေၾကာင္း ေျပာင္းေပးခဲ့တာျဖစ္ၿပီး လူကၽြံအေနအထားမွာ ရွိမေနခဲ့တဲ့အတြက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ေခ်ပဂိုးဟာ ခြင့္ျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။

လူစားဝင္ကစားခဲ့တဲ့ အီဒင္ ဟာဇက္ဟာ တန္ျပန္တိုက္စစ္ကေနတဆင့္ ေဒးဗစ္ အလာဘာရဲ့ ဘယ္ေတာင္ပံတေၾကာ ေမ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို လၽွပ္စီးအလား လ်င္ျမန္တဲ့ ေျပးႏႈန္းနဲ႔ အယ္လ္ခ်ီ ဂိုးသမားကိုပါ တစ္ဦးခ်င္း ေက်ာ္ျဖတ္ၿပီး ဂိုးသမားမရွိတဲ့ ဂိုးေပါက္အလြတ္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ စပိန္စူပါဖလားကို ကိုင္ေျမႇာက္ထားနိုင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အန္ဆယ္ေလာ့တီရဲ့အသင္းအတြက္ ေနာက္ထပ္ ဆုဖလားတစ္လုံး ရရွိနိုင္ေျခရွိလာေနၿပီ ျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီဟာ ပြဲအၿပီးမွာ ပြဲစဥ္ဇယားေရးဆြဲထားမႈကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ေဆာ္ဒီအာေရဗ်ကို သြားေရာက္ၿပီး စပိန္စူပါဖလားၿပိဳင္ပြဲကို ကစားခဲ့ရၿပီး နားရက္နဲ႔ ျပင္ဆင္ခ်ိန္ အလုံအေလာက္ မရရွိခဲ့တာကို မေက်မနပ္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားက ကၽြန္ေတာ့္ကို ဘာေျပာေစခ်င္ေနတာလဲ။ လုံးဝကို အဓိပၸာယ္မရွိတဲ့ ျပကၡဒိန္က ရွိေနတယ္။ အဲဒါကို ေျပာင္းလဲရမွာ က်ိန္းေသပဲ။ အဲဒီ ပြဲခ်ိန္ဇယားဆြဲတဲ့သူ အိပ္ရာက နိုးလာၿပီး ျပကၡဒိန္ကို ပိုၿပီးမၽွတေအာင္ လုပ္ဖို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္”လို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အဓိကၿပိဳင္ဘက္ ဘာစီလိုနာအသင္းကို စပိန္စူပါဖလားဆီမီးဖိုင္နယ္အဆင့္မွာ ၃-၂ နဲ႔ အနိုင္ယူခဲ့ၿပီးေနာက္ ၈ ရက္အတြင္း အခ်ိန္ပိုအထိ ကစားခဲ့ရတဲ့ ဒုတိယေျမာက္ပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းၿပ အန္ဆယ္ေလာ့တီဟာ အယ္လ္ခ်ီနဲ႔ပြဲစဥ္မွာ ပထမအသင္းပုံမွန္ပြဲထြက္ခြင့္ရကစားသမားအမ်ားအျပားကို အနားေပးခဲ့ရတာျဖစ္ပါတယ္။ “ကၽြန္ေတာ္တို႔ အယ္လ္ခ်ီနဲ႔ပြဲမွာ အနိုင္ရခဲ့တဲ့ပုံစံက ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုပါပဲ။ ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္မိပါတယ္။ ဒီရာသီမွာ ကၽြန္ေတာ္တို႔ကို အနိုင္ရတဲ့အတြက္ ေပ်ာ္ရႊင္မႈအေပးနိုင္ဆုံးပြဲျဖစ္ခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အသင္းက စရိုက္လကၡဏာအမ်ားအျပားနဲ႔ အားေကာင္းမႈ အမ်ားအျပား ျပသခဲ့တာေၾကာင့္ပါ။ ခင္ဗ်ား ခက္ခဲမႈေတြနဲ႔ပတ္သက္ၿပီး ေျပာနိုင္တယ္။ ဒါေပမယ့္ ခင္ဗ်ား ဒီအသင္းရဲ့ စရိုက္လကၡဏာကို အဓိကထားေျပာရပါမယ္”

အန္ဆယ္ေလာ့တီက အစၥကိုနဲ႔ နာက်င္အခ်ိန္ပိုမွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ဂိုးသြင္းယူနိုင္ခဲ့တဲ့ အီဒင္ဟာဇက္တို႔ကိုလည္း ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ “ကၽြန္ေတာ္ သူတို႔အတြက္ အရမ္းေပ်ာ္ရႊင္မိပါတယ္။ သူတို႔မွာ ပြဲကစားခ်ိန္ ဘယ္ႏွမိနစ္မွ မရခဲ့ပါဘူး။ ဒီေန႔ ကၽြန္ေတာ္တို႔ သူတို႔ကို လိုအပ္ခဲ့တယ္။ ဒီပြဲက အၾကာႀကီးကစားရမယ့္ပြဲစဥ္ဆိုတာ ကၽြန္ေတာ္တို႔ သိခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ေတြ ကၽြန္ေတာ္တို႔အတြက္ နိုင္ပြဲရယူေပးခဲ့တယ္။ သူတို႔ကို ကၽြန္ေတာ္ အားကိုးလို႔ရနိုင္မယ္ဆိုတာကို ကၽြန္ေတာ္ သိပါတယ္။ ကၽြန္ေတာ့္မွာ အရာအားလုံး ရွိေနတဲ့ ကစားသမားအစုအဖြဲ႕ ပိုင္ဆိုင္ထားပါတယ္။ သူတို႔ေတြက ဘယ္ေတာ့မွ အရႈံးမေပးဘဲ ထူးျခားတဲ့ စရိုက္လကၡဏာရွိတဲ့သူေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.