Premier League

ကာရာဘောင်းဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးကို သတိပေးလိုက်တဲ့ အာနိုးလ်

လီဗာပူးလ်ကြယ်ပွင့်နောက်ခံကစားသမား အလက်ဇန်းဒါး-အာနိုးလ်က ကာရာဘောင်းဖလား ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းဟာ ပရိသတ်တွေရှေ့မှာ ဆုဖလားကို ကိုင်မြှောက်ချင်နေတယ်လို့ ချဲလ်ဆီးအသင်းကို သတိပေးပြောကြားခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ကြာသပတေးနေ့ညနေက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဂျိုတာရဲ့ သွင်းဂိုးတွေနဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ ပထမအကျော့က အန်းဖီးမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် မာဆေးဆိုဒ်အသင်းဟာ လက်ရှိမှာတော့ လာမယ့်လ ဝင်ဘလေမှာ ယှဉ်ပြိုင်သွားမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ဟာ ယခုရာသီမှာ ၂ ကြိမ်အထိ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး ဖြစ်ပြီး နောက်ဆုံး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့သလို ၂ ပွဲစလုံးဟာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့်လည်း အလက်ဇန်းဒါး-အာနိုးလ်က အသင်းအနေနဲ့ ရလဒ်ကောင်းကို ယူဆောင်နိုင်လိမ့်မယ်ဆိုတာကို သိရှိနေတာ ဖြစ်ပါတယ်။

“ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ အချိန်ခဏလောက်ပဲ ကြာခဲ့ပြီး ကျွန်တော်တို့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာက ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်။ ထိပ်တန်းအသင်းနဲ့ ယှဉ်ပြိုင်ပြီး ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် မိနစ် ၉၀ ကျန်ရှိနေပါသေးတယ်”

ချဲလ်ဆီးအသင်းဟာ ယခုနောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းနေတာကြောင့် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲကနေ ခြေချော်သွားခဲ့ပြီဖြစ်ပေမယ့် လီဗာပူးလ်အသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို လိုက်လံဖိအားပေးနိုင်တဲ့ အခွင့်အရေး ကျန်ရှိနေဆဲဖြစ်ပြီး ကာရာဘောင်းဖလားကိုလည်း ၎င်းတို့ရဲ့ ပထမဆုံးဆုဖလားကိုင်မြှောက်နိုင်မယ့် အခွင့်အရေးအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။ အလက်ဇန်းဒါး-အာနိုးလ်ဟာ ဂျိုတာ သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက် ဆက်လက်ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနေခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က မကြာသေးမီက အကယ်ဒမီကြယ်ပွင့်တွေကို အခွင့်အရေးပေးခဲ့ပြီး အတောင့်တင်းဆုံးပွဲထွက် ၁၁ ဦးစာရင်းကို ရွေးချယ်ခဲ့ပေမယ့် လီဗာပူးလ်နောက်ခံကစားသမားက ၎င်းတို့ရဲ့နိုင်ပွဲအတွက် ကောင်းမွန်တဲ့တန်ဖိုးရှိခဲ့တယ်လို့ ခံစားနေခဲ့ရတာဖြစ်ပါတယ်။ “ဗိုလ်လုပွဲကို အများကြီး စောင့်မျှော်နေပါတယ်။ အဲဒီပွဲကို ကစားရဖို့က ကျွန်တော်တို့အတွက် ကောင်းမွန်ပြီး ကျွန်တော်တို့ မျှော်မှန်းထားတာလည်း အဲဒါပါပဲ။ ကျွန်တော်တို့ ဒီပြိုင်ပွဲတလျှောက်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသခဲ့တယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်တဲ့ကစားသမားတွေ ရှိခဲ့ပေမယ့် နိုင်ပွဲတွေရအောင် စွမ်းဆောင်နိုင်ခဲ့တယ်”

“ကျွန်တော်တို့ ဒီနေ့ညမှာလည်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး ကျွန်တော်တို့ ထိုက်တန်တဲ့ရလဒ် ရခဲ့တယ်။ ကျွန်တော်တို့ သူတို့ကို အခွင့်အရေးအများကြီး မပေးခဲ့ဘဲ သူတို့ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဂျိုတာရဲ့ ပထမဆုံးဂိုးက အရမ်းကောင်းလွန်းပြီး ဒုတိယဂိုးလည်း အဲဒီအတိုင်းပါပဲ။ သူက အသင်းမှာ လက်ရှိအချိန်အထိ အကောင်းဆုံးပုံစံမှာ ရှိနေတဲ့ ကမ္ဘာ့အဆင့် ကစားသမားပါ။ သူ့ဆီကနေ နောက်ထပ်ဂိုးတွေ ပိုပြီး ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲကိုလည်း အနိုင်ကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”

အလက်ဇန်းဒါး-အာနိုးလ်က ၎င်းရဲ့ ဂိုးဖန်တီးမှု ပမာဏကို ဆက်လက်ထိန်းသိမ်းသွားချင်တယ်ဆိုတဲ့အကြောင်းကိုလည်း ဝန်ခံ ပြောကြားခဲ့ပါသေးတယ်။ “ဟုတ်တာပေါ့။ ကိန်းဂဏန်းတွေက ကောင်းမွန်ပြီး ကျွန်တော့်ဘာသာ သတ်မှတ်ထားတဲ့ အဆင့်အတန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော် ဖန်တီးမှုတွေ ပြုလုပ်ပြီး အသင်းကို ထောက်ပံ့ပေးချင်တယ်။ ကျွန်တော် ဒီနေ့ နောက်ထပ် ၂ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး အဆုံးမှာရှိနေတဲ့ ဘယ်သူမဆို အဲဒါကို အဆုံးသတ်ဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္ေနာက္ခံကစားသမား အလက္ဇန္းဒါး-အာနိုးလ္က ကာရာေဘာင္းဖလား ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္နိုင္ခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းဟာ ပရိသတ္ေတြေရွ႕မွာ ဆုဖလားကို ကိုင္ေျမႇာက္ခ်င္ေနတယ္လို႔ ခ်ဲလ္ဆီးအသင္းကို သတိေပးေျပာၾကားခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ၾကာသပေတးေန႔ညေနက အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဂ်ိဳတာရဲ့ သြင္းဂိုးေတြနဲ႔ ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။ ၂ သင္းစလုံးဟာ ပထမအေက်ာ့က အန္းဖီးမွာ ဂိုးမရွိ သေရက်ခဲ့ေပမယ့္ မာေဆးဆိုဒ္အသင္းဟာ လက္ရွိမွာေတာ့ လာမယ့္လ ဝင္ဘေလမွာ ယွဥ္ၿပိဳင္သြားမယ့္ ကာရာေဘာင္းဖလား ဗိုလ္လုပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ ယခုရာသီမွာ ၂ ႀကိမ္အထိ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ၿပီး ျဖစ္ၿပီး ေနာက္ဆုံး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့သလို ၂ ပြဲစလုံးဟာ သေရရလဒ္သာ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလမွာ ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္လည္း အလက္ဇန္းဒါး-အာနိုးလ္က အသင္းအေနနဲ႔ ရလဒ္ေကာင္းကို ယူေဆာင္နိုင္လိမ့္မယ္ဆိုတာကို သိရွိေနတာ ျဖစ္ပါတယ္။

“ဆုဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔ အခ်ိန္ခဏေလာက္ပဲ ၾကာခဲ့ၿပီး ကၽြန္ေတာ္တို႔ ဗိုလ္လုပြဲတက္ေရာက္နိုင္ခဲ့တာက ကၽြန္ေတာ္တို႔အတြက္ ေကာင္းမြန္ပါတယ္။ ထိပ္တန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ၿပီး ဆုဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔အတြက္ မိနစ္ ၉၀ က်န္ရွိေနပါေသးတယ္”

ခ်ဲလ္ဆီးအသင္းဟာ ယခုေနာက္ပိုင္း ပြဲစဥ္ေတြမွာ ေျခစြမ္းက်ဆင္းေနတာေၾကာင့္ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲကေန ေျခေခ်ာ္သြားခဲ့ၿပီျဖစ္ေပမယ့္ လီဗာပူးလ္အသင္းကေတာ့ အမွတ္ေပးဇယားထိပ္ဆုံးက မန္စီးတီးကို လိုက္လံဖိအားေပးနိုင္တဲ့ အခြင့္အေရး က်န္ရွိေနဆဲျဖစ္ၿပီး ကာရာေဘာင္းဖလားကိုလည္း ၎တို႔ရဲ့ ပထမဆုံးဆုဖလားကိုင္ေျမႇာက္နိုင္မယ့္ အခြင့္အေရးအျဖစ္ ရႈျမင္ထားတာျဖစ္ပါတယ္။ အလက္ဇန္းဒါး-အာနိုးလ္ဟာ ဂ်ိဳတာ သြင္းယူခဲ့တဲ့ ၂ ဂိုးစလုံးကို ဖန္တီးေပးခဲ့တာျဖစ္ၿပီး လီဗာပူးလ္အတြက္ ဆက္လက္ၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသေနခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က မၾကာေသးမီက အကယ္ဒမီၾကယ္ပြင့္ေတြကို အခြင့္အေရးေပးခဲ့ၿပီး အေတာင့္တင္းဆုံးပြဲထြက္ ၁၁ ဦးစာရင္းကို ေရြးခ်ယ္ခဲ့ေပမယ့္ လီဗာပူးလ္ေနာက္ခံကစားသမားက ၎တို႔ရဲ့နိုင္ပြဲအတြက္ ေကာင္းမြန္တဲ့တန္ဖိုးရွိခဲ့တယ္လို႔ ခံစားေနခဲ့ရတာျဖစ္ပါတယ္။ “ဗိုလ္လုပြဲကို အမ်ားႀကီး ေစာင့္ေမၽွာ္ေနပါတယ္။ အဲဒီပြဲကို ကစားရဖို႔က ကၽြန္ေတာ္တို႔အတြက္ ေကာင္းမြန္ၿပီး ကၽြန္ေတာ္တို႔ ေမၽွာ္မွန္းထားတာလည္း အဲဒါပါပဲ။ ကၽြန္ေတာ္တို႔ ဒီၿပိဳင္ပြဲတေလၽွာက္မွာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသခဲ့တယ္။ ကၽြန္ေတာ္တို႔မွာ ငယ္ရြယ္တဲ့ကစားသမားေတြ ရွိခဲ့ေပမယ့္ နိုင္ပြဲေတြရေအာင္ စြမ္းေဆာင္နိုင္ခဲ့တယ္”

“ကၽြန္ေတာ္တို႔ ဒီေန႔ညမွာလည္း ေကာင္းေကာင္း စြမ္းေဆာင္နိုင္ခဲ့ၿပီး ကၽြန္ေတာ္တို႔ ထိုက္တန္တဲ့ရလဒ္ ရခဲ့တယ္။ ကၽြန္ေတာ္တို႔ သူတို႔ကို အခြင့္အေရးအမ်ားႀကီး မေပးခဲ့ဘဲ သူတို႔ကို ထိန္းခ်ဳပ္ထားနိုင္ခဲ့တယ္။ ဂ်ိဳတာရဲ့ ပထမဆုံးဂိုးက အရမ္းေကာင္းလြန္းၿပီး ဒုတိယဂိုးလည္း အဲဒီအတိုင္းပါပဲ။ သူက အသင္းမွာ လက္ရွိအခ်ိန္အထိ အေကာင္းဆုံးပုံစံမွာ ရွိေနတဲ့ ကမၻာ့အဆင့္ ကစားသမားပါ။ သူ႔ဆီကေန ေနာက္ထပ္ဂိုးေတြ ပိုၿပီး ရရွိလိမ့္မယ္လို႔ ေမၽွာ္လင့္မိပါတယ္။ ကၽြန္ေတာ္တို႔ ဗိုလ္လုပြဲကိုလည္း အနိုင္ကစားနိုင္မယ္လို႔ ေမၽွာ္လင့္မိပါတယ္”

အလက္ဇန္းဒါး-အာနိုးလ္က ၎ရဲ့ ဂိုးဖန္တီးမႈ ပမာဏကို ဆက္လက္ထိန္းသိမ္းသြားခ်င္တယ္ဆိုတဲ့အေၾကာင္းကိုလည္း ဝန္ခံ ေျပာၾကားခဲ့ပါေသးတယ္။ “ဟုတ္တာေပါ့။ ကိန္းဂဏန္းေတြက ေကာင္းမြန္ၿပီး ကၽြန္ေတာ့္ဘာသာ သတ္မွတ္ထားတဲ့ အဆင့္အတန္းတစ္ခုျဖစ္ပါတယ္။ ကၽြန္ေတာ္ ဖန္တီးမႈေတြ ျပဳလုပ္ၿပီး အသင္းကို ေထာက္ပံ့ေပးခ်င္တယ္။ ကၽြန္ေတာ္ ဒီေန႔ ေနာက္ထပ္ ၂ ႀကိမ္ ဖန္တီးမႈ ျပဳလုပ္နိုင္ခဲ့ၿပီး အဆုံးမွာရွိေနတဲ့ ဘယ္သူမဆို အဲဒါကို အဆုံးသတ္ဖို႔ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.