Match Report Premier League

အက်ႌသစ္၊ စပြန္ဆာသစ္နဲ႔ အဖြင့္မလွခဲ့ဘဲ အေရးႀကီးေနခ်ိန္မွာ ဝက္စ္ဟမ္းကို ရွဳံးတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပဳိင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လိုက္လံဖိအားေပးမွဳကို ခံေနခဲ့ရခ်ိန္မွာ လိုအပ္တဲ့ ႏုိင္ပြဲတစ္ပြဲကို ရယူႏုိင္ျခင္းမရွိဘဲ တန္းဆင္းဇုန္႐ုန္းအားနဲ႔ စိတ္ဓာတ္ေကာင္းကို ျပသခဲ့တဲ့ ဝက္စ္ဟမ္းအသင္းကို ကစားသမားေဟာင္း ဖရန္႔ လမ္းပတ္တစ္ေယာက္ ရွဳံးပြဲႀကဳံသြားခဲ့ရတာလည္းျဖစ္ပါတယ္။

ကြင္းလယ္ကစားပုံနဲ႔ အခင္းအက်င္းေတြမွာ အေျပာင္းအလဲေတြ မ်ားေနခဲ့ၿပီး တန္ျပန္တုိက္စစ္နဲ႔ ျမန္ဆန္တဲ့ တြဲလုံးေတြကိုပဲ အသင္းရဲ႕ Trade Mark လို တည္ေဆာက္ေနခဲ့တဲ့ လမ္းပတ္တုိ႔ ကြင္းလယ္မွာ စုဖြဲ႕ပိတ္ဆုိ႔ၿပီး ၄-၆-၀ ပုံစံကစားတဲ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒုကၡေတြ႕ခဲ့ရတာျဖစ္ၿပီး ဒီေန႔မွာ သူတုိ႔ရဲ႕ ကစားကြက္ပုံေဖာ္မွဳအပုိင္းက ပုံမွန္ေအာက္ကို ေရာက္ေနခဲ့ပါတယ္။

အမွတ္လိုေနၾကသူေတြခ်င္း တစ္ဖက္ကိုတစ္ဖက္ အျပန္အလွန္ ထိုးေဖာက္ေနခဲ့ၾကၿပီး ခ်ဲလ္ဆီးရဲ႕ ပူလီဆစ္ခ်္ရဲ႕ တန္ျပန္တုိက္စစ္ကေန ကန္သြင္းမွဳ ဘားေက်ာ္သြားခဲ့သလို ပြဲခ်ိန္ ၃၃ မိနစ္မွာ ဝက္စ္ဟမ္းကြင္းလယ္လူ ဆူးခ်က္ရဲ႕ သြင္းဂိုးမွာ အန္တုိနီယို လဲက်ေနတာက လူကၽြံေနခဲ့တယ္ဆုိၿပီး VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ဧည့္သည္ခ်ဲလ္ဆီးတုိ႔ အဖြင့္ဂိုးရခဲ့ၿပီး ေတာင္ပံကေန ဂိုးဧရိယာထဲကို ဆြဲဝင္ဖို႔ ႀကဳိးစားတဲ့ ပူလီဆစ္ခ်္ကို ဝက္စ္ဟမ္းေနာက္ခံလူ အစ္ဆာ ဒီေယာ့ပ္ တားဆီးရာက ပင္နယ္တီရရွိခဲ့ၿပီး ဒါကို ဘရာဇီးလ္ေတာင္ပံကစားသမား ဝီလီယန္က ဂိုးသမား ဖာဘီယန္စကီးကို လွည့္စားၿပီး ကန္သြင္းယူႏုိင္ခဲ့ပါတယ္။

ပထမပုိင္းကို ခ်ဲလ္ဆီးတုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေတာ့မယ္လုိ႔ ထင္ေနတုန္းမွာပဲ ဝက္စ္ဟမ္းတုိ႔ တင္ကစားလာခဲ့ၿပီး နာက်င္အခ်ိန္ပို သုံးမိနစ္မွာ ေထာင့္ကန္ေဘာကို ဝက္စ္ဟမ္းကြင္းလယ္လူ ဆူးခ်က္က ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ ကာကြယ္တဲ့ ခ်ဲလ္ဆီးကစားသမား ေအဘရာဟမ္နဲ႔ ဂိုးသမား ဟန္ခ်က္ပ်က္ေနခဲ့လုိ႔ ေခ်ပဂိုး ခြင့္ျပဳခဲ့ရၿပီး တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္း မိနစ္ ၅၀ မွာေတာ့ လွဲခ်ၿပီး ပင္နယ္တီေတာင္းတဲ့ အန္တိုနီယိုေၾကာင့္ ခ်ဲလ္ဆီးေနာက္တန္း အာ႐ုံတစ္ခ်က္လြတ္သြားခ်ိန္မွာ ဝက္စ္ဟမ္းညာေတာင္ပံကစားသမား ဂ်ားေရာ့ဒ္ ဘုိဝင္က ဆြဲေျပးၿပီး အနိမ့္ေဘာခ်ဳိးေပးတာကို လဲရာက ထလာတဲ့ အန္တိုနီယိုက ေနာက္တန္းေတြ သတိမထားမိခ်ိန္မွာ အနီးကပ္ ေျပးဝင္ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတုိ႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ဝက္စ္ဟမ္းဂိုးဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ဝီလီယန္ကပဲ ပါးပါးနပ္နပ္နဲ႔ လူတံတုိင္းေဘးကေန အေဝးတုိင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဖာဘီယန္စကီး မကာကြယ္ႏုိင္ခဲ့သလို႔ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ တစ္ခ်ိန္လုံး အေပါက္ႀကီးလိုျဖစ္ေနတဲ့ ခ်ဲလ္ဆီးဘယ္ျခမ္းကေန ဘိုဝင္အစား လူစားဝင္လာခဲ့တဲ့ ဝါရင့္ ယူကရိန္းေတာင္ပံကစားသမား ယာမိုလန္ကိုက တန္ျပန္တုိက္စစ္ကေန ေနာက္ခံလူ ႐ူဒီဂါကို ေက်ာ္ျဖတ္ၿပီး ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ကီပါ မကာကြယ္ႏုိင္ဘဲ ဝက္စ္ဟမ္းတုိ႔ တတိယအႏုိင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ႐ူဒီဂါရဲ႕ တြက္ခ်က္ပုံလိုအပ္မွဳကို စကိုင္းစပုိ႔စ္တင္ဆက္သူေတြက အျပစ္တင္သြားခဲ့ၿပီး ယာမိုလန္ကိုလို ဘယ္သန္ကစားသမားတစ္ေယာက္ကို တားဆီးရာမွာ သူသန္တဲ့ ဘယ္ေျခကို ဂ႐ုမစိုက္ဘဲ မပါးနပ္ခဲ့တဲ့ ေနာက္ခံလူေၾကာင့္ ခ်ဲလ္ဆီးတုိ႔ အထိနာခဲ့တာျဖစ္တယ္လုိ႔လည္း ေဝဖန္သြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးကြင္းလယ္နဲ႔ ေနာက္တန္းၾကားမွာ စုဖြဲ႕မွဳ မတည္ၿငိမ္သလို ကစားကြက္ကို ပါးပါးနပ္နပ္နဲ႔ ထိန္းေက်ာင္းေပးဖို႔ကို လုပ္ေပးႏုိင္မယ့္ ကစားသမားမ်ဳိးကို လမ္းပတ္က ထည့္သြင္းမထားခဲ့တာေၾကာင့္လည္း ဝက္စ္ဟမ္းတုိ႔ အခြင့္ေကာင္းယူႏုိင္ခဲ့ၿပီး ေဂ်ာ္ဂ်င္ညဳိကို အရန္ခုံ ထိုင္ခိုင္းေနတဲ့ ဆုံးျဖတ္ခ်က္နဲ႔ လူစားမသြင္းခဲ့တာကလည္း ပြဲရဲ႕ အေျဖကို မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ရွဳံးပြဲေၾကာင့္ တန္းဆင္းဇုန္ကေန ဝက္စ္ဟမ္းတုိ႔ ႐ုန္းထြက္ႏုိင္ခဲ့ၿပီျဖစ္သလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၿပဳိင္ဆုိင္မွဳမွာေတာ့ လက္စတာ၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏုိက္တက္၊ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္တုိ႔ ေလးသင္းအၿပဳိင္ ႏွစ္ေနရာ သို႔မဟုတ္ သုံးေနရာကို လုရေတာ့မွာ ျဖစ္ၿပီး လာမယ့္ပြဲစဥ္မွာ ပိုမိုျပင္းထန္တဲ့ ႐ုန္းအားေတြကိုေတာ့ ျမင္ေတြ႕ရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လိုက်လံဖိအားပေးမှုကို ခံနေခဲ့ရချိန်မှာ လိုအပ်တဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခြင်းမရှိဘဲ တန်းဆင်းဇုန်ရုန်းအားနဲ့ စိတ်ဓာတ်ကောင်းကို ပြသခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကို ကစားသမားဟောင်း ဖရန့် လမ်းပတ်တစ်ယောက် ရှုံးပွဲကြုံသွားခဲ့ရတာလည်းဖြစ်ပါတယ်။

ကွင်းလယ်ကစားပုံနဲ့ အခင်းအကျင်းတွေမှာ အပြောင်းအလဲတွေ များနေခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ မြန်ဆန်တဲ့ တွဲလုံးတွေကိုပဲ အသင်းရဲ့ Trade Mark လို တည်ဆောက်နေခဲ့တဲ့ လမ်းပတ်တို့ ကွင်းလယ်မှာ စုဖွဲ့ပိတ်ဆို့ပြီး ၄-၆-၀ ပုံစံကစားတဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒုက္ခတွေ့ခဲ့ရတာဖြစ်ပြီး ဒီနေ့မှာ သူတို့ရဲ့ ကစားကွက်ပုံဖော်မှုအပိုင်းက ပုံမှန်အောက်ကို ရောက်နေခဲ့ပါတယ်။

အမှတ်လိုနေကြသူတွေချင်း တစ်ဖက်ကိုတစ်ဖက် အပြန်အလှန် ထိုးဖောက်နေခဲ့ကြပြီး ချဲလ်ဆီးရဲ့ ပူလီဆစ်ချ်ရဲ့ တန်ပြန်တိုက်စစ်ကနေ ကန်သွင်းမှု ဘားကျော်သွားခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဆူးချက်ရဲ့ သွင်းဂိုးမှာ အန်တိုနီယို လဲကျနေတာက လူကျွံနေခဲ့တယ်ဆိုပြီး VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ ဧည့်သည်ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး တောင်ပံကနေ ဂိုးဧရိယာထဲကို ဆွဲဝင်ဖို့ ကြိုးစားတဲ့ ပူလီဆစ်ချ်ကို ဝက်စ်ဟမ်းနောက်ခံလူ အစ်ဆာ ဒီယော့ပ် တားဆီးရာက ပင်နယ်တီရရှိခဲ့ပြီး ဒါကို ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယန်က ဂိုးသမား ဖာဘီယန်စကီးကို လှည့်စားပြီး ကန်သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းကို ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်တော့မယ်လို့ ထင်နေတုန်းမှာပဲ ဝက်စ်ဟမ်းတို့ တင်ကစားလာခဲ့ပြီး နာကျင်အချိန်ပို သုံးမိနစ်မှာ ထောင့်ကန်ဘောကို ဝက်စ်ဟမ်းကွင်းလယ်လူ ဆူးချက်က မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ ကာကွယ်တဲ့ ချဲလ်ဆီးကစားသမား အေဘရာဟမ်နဲ့ ဂိုးသမား ဟန်ချက်ပျက်နေခဲ့လို့ ချေပဂိုး ခွင့်ပြုခဲ့ရပြီး တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၅၀ မှာတော့ လှဲချပြီး ပင်နယ်တီတောင်းတဲ့ အန်တိုနီယိုကြောင့် ချဲလ်ဆီးနောက်တန်း အာရုံတစ်ချက်လွတ်သွားချိန်မှာ ဝက်စ်ဟမ်းညာတောင်ပံကစားသမား ဂျားရော့ဒ် ဘိုဝင်က ဆွဲပြေးပြီး အနိမ့်ဘောချိုးပေးတာကို လဲရာက ထလာတဲ့ အန်တိုနီယိုက နောက်တန်းတွေ သတိမထားမိချိန်မှာ အနီးကပ် ပြေးဝင်ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုးပြန်ရခဲ့ပြီး ဝက်စ်ဟမ်းဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဝီလီယန်ကပဲ ပါးပါးနပ်နပ်နဲ့ လူတံတိုင်းဘေးကနေ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဖာဘီယန်စကီး မကာကွယ်နိုင်ခဲ့သလို့ နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ တစ်ချိန်လုံး အပေါက်ကြီးလိုဖြစ်နေတဲ့ ချဲလ်ဆီးဘယ်ခြမ်းကနေ ဘိုဝင်အစား လူစားဝင်လာခဲ့တဲ့ ဝါရင့် ယူကရိန်းတောင်ပံကစားသမား ယာမိုလန်ကိုက တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ ရူဒီဂါကို ကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ကီပါ မကာကွယ်နိုင်ဘဲ ဝက်စ်ဟမ်းတို့ တတိယအနိုင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ရူဒီဂါရဲ့ တွက်ချက်ပုံလိုအပ်မှုကို စကိုင်းစပို့စ်တင်ဆက်သူတွေက အပြစ်တင်သွားခဲ့ပြီး ယာမိုလန်ကိုလို ဘယ်သန်ကစားသမားတစ်ယောက်ကို တားဆီးရာမှာ သူသန်တဲ့ ဘယ်ခြေကို ဂရုမစိုက်ဘဲ မပါးနပ်ခဲ့တဲ့ နောက်ခံလူကြောင့် ချဲလ်ဆီးတို့ အထိနာခဲ့တာဖြစ်တယ်လို့လည်း ဝေဖန်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးကွင်းလယ်နဲ့ နောက်တန်းကြားမှာ စုဖွဲ့မှု မတည်ငြိမ်သလို ကစားကွက်ကို ပါးပါးနပ်နပ်နဲ့ ထိန်းကျောင်းပေးဖို့ကို လုပ်ပေးနိုင်မယ့် ကစားသမားမျိုးကို လမ်းပတ်က ထည့်သွင်းမထားခဲ့တာကြောင့်လည်း ဝက်စ်ဟမ်းတို့ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဂျော်ဂျင်ညိုကို အရန်ခုံ ထိုင်ခိုင်းနေတဲ့ ဆုံးဖြတ်ချက်နဲ့ လူစားမသွင်းခဲ့တာကလည်း ပွဲရဲ့ အဖြေကို မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ရှုံးပွဲကြောင့် တန်းဆင်းဇုန်ကနေ ဝက်စ်ဟမ်းတို့ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုမှာတော့ လက်စတာ၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တို့ လေးသင်းအပြိုင် နှစ်နေရာ သို့မဟုတ် သုံးနေရာကို လုရတော့မှာ ဖြစ်ပြီး လာမယ့်ပွဲစဉ်မှာ ပိုမိုပြင်းထန်တဲ့ ရုန်းအားတွေကိုတော့ မြင်တွေ့ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.