International Match Report

အယ်လ်ဂျီးရီးယား ပြုတ်ပြီး၊ အိုင်ဗရီကို့စ်၊ မာလီတို့ ၁၆ သင်းတက်ခဲ့တဲ့ အာဖရိကပွဲစဉ်များ

အာဖရိကဖလားရဲ့ အုပ်စုနောက်ဆုံး လက်ကျန်ပွဲစဉ် ၄ ပွဲကို မနေ့ညက ကစားခဲ့ကြရာမှာတော့ အုပ်စု(E)ကနေ လက်ရှိချန်ပီယံ အယ်လ်ဂျီးရီးယားတို့ ဆိုးရွားလွန်းတဲ့ ခြေစွမ်းတွေနဲ့ ထွက်ခွာခဲ့ကြရပြီး ရေပန်းစားနေတဲ့ အိုင်ဗရီကို့စ်ကတော့ အညှာအတာမရှိ အနိုင်ယူခဲ့သလို နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၂ မိနစ်မှာ အာဆင်နယ်တောင်ပံကစားသမား ပေပေက ညာခြမ်းကနေ ဂိုးဧရိယာထဲကို ဆွဲဝင်ပြီး အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ အေစီမီလန်ကွင်းလယ်လူ ကက်ဆီယေးက အယ်လ်ဂျီးရီးယားနောက်တန်းတွေကြားထဲက အနီးကပ်ပိတ်သွင်းပြီး ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ အိုင်ဗရီကို့စ်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဗီလာရီးရဲလ်နောက်ခံလူ အော်ရီယေးက ကန်တင်ပေးရာမှာ PSV ကွင်းလယ်လူ အီဘရာဟီမာ ဆန်ဂါရေးက လွတ်လွတ်ကျွတ်ကျွတ် အပိုင်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ဆင်ကြီးတွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာတော့ အနိုင်ရဖို့ စိတ်ချရစေမယ့် တတိယမြောက်ဂိုးကို အိုင်ဗရီကို့စ်တို့ သွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ အဲလားက အယ်လ်ဂျီးရီးယားခံစစ်ကြားကနေ ရယူပြီး ချပေးတာကို တောင်ပံသမား ပေပေက ညာခြမ်းကနေ စိတ်ကြိုက်အပေါက်ရှာပြီးမှ ကန်သွင်းခဲ့ရာမှာ ဂိုးသမား မကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ ဧရိယာထဲ ထိုးဖောက်ဖို့ ကြိုးစားတဲ့ ဘီလယ်လီကို အီဘရာဟီမာ ဆန်ဂါရေး ခြေချိတ်မိလို့ အိုင်ဗရီကို့စ်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒါကို အယ်လ်ဂျီးရီးယားကပ္ပတိန် မာရက်ဇ်က ကန်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် မျက်နှာပျက်ခဲ့ရသလို ပွဲချိန် ၇၃ ဘင်ဒက်ဘ်ကာက နှစ်သိမ့်ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် အိုင်ဗရီကို့စ်တို့ နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့သလို အီကွေတိုရီယယ်လ် ဂီနီကတော့ ဆီယာရာလီယွန်ကို ပါဘလို ဂါနက်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ အုပ်စု ဒုတိယရခဲ့ချိန်မှာ အယ်လ်ဂျီးရီးယားကတော့ ချန်ပီယံ ကာကွယ်ဖို့ နေနေသာသာ အုပ်စုကပဲ ပြုတ်သွားခဲ့ရတာဖြစ်ပါတယ်။

အုပ်စု(F) ပွဲစဉ်တွေမှာတော့ မာလီအသင်းက မော်ရီတေးနီးယားအသင်းကို ကွင်းလယ်လူ ဟိုက်ဒါရာရဲ့ ပထမပိုင်း ပွဲချိန် ၂ မိနစ်မှာ သွင်းယူတဲ့ ဂိုးနဲ့ စောစောစီးစီးမှာပဲ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ သုံးပွဲစလုံးမှာ ပင်နယ်တီပဲ ဒိုင်ခံသွင်းပြီး ဂိုးရနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး အီဘရာဟီမာ ကိုနေးက ဒီနေ့ပွဲရဲ့ ပွဲချိန် ၄၉ မိနစ်မှာလည်း ရိုးရာမပျက်သွင်းယူပြီး နိုင်ပွဲရှာဖွေသွားနိုင်ခဲ့ပါတယ်။

လက်ကျန်တစ်ပွဲမှာတော့ ဂမ်ဘီယာအသင်းက တူနီးရှားအသင်းကို နာကျင်အချိန်ပို ၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အာဘီလီ ဂျဲလိုးရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီအုပ်စုမှာတော့ ထိပ်ဆုံးနှစ်သင်းစလုံး နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ၇ မှတ်ချင်း တူညီနေကြချိန်မှာ တစ်ဂိုးပိုသွင်းခဲ့တဲ့ မာလီက အုပ်စု ပထမနဲ့ ဂမ်ဘီယာကတော့ ဒုတိယနေရာကို ရယူနိုင်ခဲ့ပြီး တူနီးရှားကတော့ ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၃ မှတ်နဲ့ အကောင်းဆုံးတတိယနေရာကို ရရှိခဲ့တာပါ။

အာဖရိကဖလားရဲ့ အုပ်စု ပွဲစဉ်တွေအားလုံး ကစားပြီးချိန်မှာတော့ အုပ်စု(A)က ကင်းမရွန်း၊ ဘာကီနာဖာဆိုနဲ့ ကိပ်ဗာဒီ။ အုပ်စု(B)က ဆီနီဂေါ၊ ဂီနီနဲ့ မာလာဝီ။ အုပ်စု(C)က မော်ရိုကို၊ ဂါဘွန်နဲ့ ကိုမိုရို့စ်။ အုပ်စု(D)က နိုင်ဂျီးရီးယားနဲ့ အီဂျစ်။ အုပ်စု(E)က အိုင်ဗရီကို့စ်နဲ့ အီကွေတိုရီယယ် ဂီနီ။ အုပ်စု(F)က မာလီ၊ ဂမ်ဘီယာနဲ့ တူနီးရှားတို့ စုစုပေါင်း ၁၆ သင်းက နောက်ထပ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ကြပါတယ်။

ပွဲစဉ်တွေ မဲခွဲရေးဆွဲမှုအရတော့ ဘာကီနာဖာဆိုနဲ့ ဂါဘွန်၊ နိုင်ဂျီးရီးယားနဲ့ တူနီးရှား၊ ဂီနီနဲ့ ဂမ်ဘီယာ၊ ကင်းမရွန်းနဲ့ ကိုမိုရို့စ်၊ ဆီနီဂေါနဲ့ ကိပ်ဗာဒီ၊ မော်ရိုကိုနဲ့ မာလာဝီ၊ အိုင်ဗရီကို့စ်နဲ့ အီဂျစ်၊ မာလီနဲ့ အီကွေတိုရီယယ် ဂီနီတို့ တွေ့ဆုံခဲ့ကြပြီး လာမယ့် ဇန်နဝါရီ ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ ဒီ ၈ တွဲထဲက ပထမဆုံး ပွဲစဉ် ၂ ပွဲကို စတင်ကစားကြမှာဖြစ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဖရိကဖလားရဲ႕ အုပ္စုေနာက္ဆုံး လက္က်န္ပြဲစဥ္ ၄ ပြဲကို မေန႔ညက ကစားခဲ့ၾကရာမွာေတာ့ အုပ္စု(E)ကေန လက္ရွိခ်န္ပီယံ အယ္လ္ဂ်ီးရီးယားတို႔ ဆိုး႐ြားလြန္းတဲ့ ေျခစြမ္းေတြနဲ႔ ထြက္ခြာခဲ့ၾကရၿပီး ေရပန္းစားေနတဲ့ အိုင္ဗရီကို႔စ္ကေတာ့ အညႇာအတာမရွိ အႏိုင္ယူခဲ့သလို ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

အိုင္ဗရီကို႔စ္အတြက္ အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၂၂ မိနစ္မွာ အာဆင္နယ္ေတာင္ပံကစားသမား ေပေပက ညာျခမ္းကေန ဂိုးဧရိယာထဲကို ဆြဲဝင္ၿပီး အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ေအစီမီလန္ကြင္းလယ္လူ ကက္ဆီေယးက အယ္လ္ဂ်ီးရီးယားေနာက္တန္းေတြၾကားထဲက အနီးကပ္ပိတ္သြင္းၿပီး ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အိုင္ဗရီကို႔စ္တို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၿပီး ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ဗီလာရီးရဲလ္ေနာက္ခံလူ ေအာ္ရီေယးက ကန္တင္ေပးရာမွာ PSV ကြင္းလယ္လူ အီဘရာဟီမာ ဆန္ဂါေရးက လြတ္လြတ္ကြၽတ္ကြၽတ္ အပိုင္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဆင္ႀကီးေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အႏိုင္ရဖို႔ စိတ္ခ်ရေစမယ့္ တတိယေျမာက္ဂိုးကို အိုင္ဗရီကို႔စ္တို႔ သြင္းယူႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန အဲလားက အယ္လ္ဂ်ီးရီးယားခံစစ္ၾကားကေန ရယူၿပီး ခ်ေပးတာကို ေတာင္ပံသမား ေပေပက ညာျခမ္းကေန စိတ္ႀကိဳက္အေပါက္ရွာၿပီးမွ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မကာကြယ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဧရိယာထဲ ထိုးေဖာက္ဖို႔ ႀကိဳးစားတဲ့ ဘီလယ္လီကို အီဘရာဟီမာ ဆန္ဂါေရး ေျခခ်ိတ္မိလို႔ အိုင္ဗရီကို႔စ္တို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒါကို အယ္လ္ဂ်ီးရီးယားကပၸတိန္ မာရက္ဇ္က ကန္ခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့တာေၾကာင့္ မ်က္ႏွာပ်က္ခဲ့ရသလို ပြဲခ်ိန္ ၇၃ ဘင္ဒက္ဘ္ကာက ႏွစ္သိမ့္ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ အိုင္ဗရီကို႔စ္တို႔ ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရနဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားခဲ့သလို အီေကြတိုရီယယ္လ္ ဂီနီကေတာ့ ဆီယာရာလီယြန္ကို ပါဘလို ဂါနက္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရၿပီး ႏွစ္ပြဲႏိုင္၊ တစ္ပြဲရႈံးနဲ႔ အုပ္စု ဒုတိယရခဲ့ခ်ိန္မွာ အယ္လ္ဂ်ီးရီးယားကေတာ့ ခ်န္ပီယံ ကာကြယ္ဖို႔ ေနေနသာသာ အုပ္စုကပဲ ျပဳတ္သြားခဲ့ရတာျဖစ္ပါတယ္။

အုပ္စု(F) ပြဲစဥ္ေတြမွာေတာ့ မာလီအသင္းက ေမာ္ရီေတးနီးယားအသင္းကို ကြင္းလယ္လူ ဟိုက္ဒါရာရဲ႕ ပထမပိုင္း ပြဲခ်ိန္ ၂ မိနစ္မွာ သြင္းယူတဲ့ ဂိုးနဲ႔ ေစာေစာစီးစီးမွာပဲ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ သုံးပြဲစလုံးမွာ ပင္နယ္တီပဲ ဒိုင္ခံသြင္းၿပီး ဂိုးရေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး အီဘရာဟီမာ ကိုေနးက ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ ၄၉ မိနစ္မွာလည္း ႐ိုးရာမပ်က္သြင္းယူၿပီး ႏိုင္ပြဲရွာေဖြသြားႏိုင္ခဲ့ပါတယ္။

လက္က်န္တစ္ပြဲမွာေတာ့ ဂမ္ဘီယာအသင္းက တူနီးရွားအသင္းကို နာက်င္အခ်ိန္ပို ၃ မိနစ္မွာ သြင္းယူခဲ့တဲ့ အာဘီလီ ဂ်ဲလိုးရဲ႕ သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒီအုပ္စုမွာေတာ့ ထိပ္ဆုံးႏွစ္သင္းစလုံး ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရနဲ႔ ၇ မွတ္ခ်င္း တူညီေနၾကခ်ိန္မွာ တစ္ဂိုးပိုသြင္းခဲ့တဲ့ မာလီက အုပ္စု ပထမနဲ႔ ဂမ္ဘီယာကေတာ့ ဒုတိယေနရာကို ရယူႏိုင္ခဲ့ၿပီး တူနီးရွားကေတာ့ ရႈံးနိမ့္ခဲ့ေပမယ့္ ရမွတ္ ၃ မွတ္နဲ႔ အေကာင္းဆုံးတတိယေနရာကို ရရွိခဲ့တာပါ။

အာဖရိကဖလားရဲ႕ အုပ္စု ပြဲစဥ္ေတြအားလုံး ကစားၿပီးခ်ိန္မွာေတာ့ အုပ္စု(A)က ကင္းမ႐ြန္း၊ ဘာကီနာဖာဆိုနဲ႔ ကိပ္ဗာဒီ။ အုပ္စု(B)က ဆီနီေဂါ၊ ဂီနီနဲ႔ မာလာဝီ။ အုပ္စု(C)က ေမာ္႐ိုကို၊ ဂါဘြန္နဲ႔ ကိုမို႐ို႕စ္။ အုပ္စု(D)က ႏိုင္ဂ်ီးရီးယားနဲ႔ အီဂ်စ္။ အုပ္စု(E)က အိုင္ဗရီကို႔စ္နဲ႔ အီေကြတိုရီယယ္ ဂီနီ။ အုပ္စု(F)က မာလီ၊ ဂမ္ဘီယာနဲ႔ တူနီးရွားတို႔ စုစုေပါင္း ၁၆ သင္းက ေနာက္ထပ္ ရႈံးထြက္အဆင့္ကို တက္ေရာက္သြားခဲ့ၾကပါတယ္။

ပြဲစဥ္ေတြ မဲခြဲေရးဆြဲမႈအရေတာ့ ဘာကီနာဖာဆိုနဲ႔ ဂါဘြန္၊ ႏိုင္ဂ်ီးရီးယားနဲ႔ တူနီးရွား၊ ဂီနီနဲ႔ ဂမ္ဘီယာ၊ ကင္းမ႐ြန္းနဲ႔ ကိုမို႐ို႕စ္၊ ဆီနီေဂါနဲ႔ ကိပ္ဗာဒီ၊ ေမာ္႐ိုကိုနဲ႔ မာလာဝီ၊ အိုင္ဗရီကို႔စ္နဲ႔ အီဂ်စ္၊ မာလီနဲ႔ အီေကြတိုရီယယ္ ဂီနီတို႔ ေတြ႕ဆုံခဲ့ၾကၿပီး လာမယ့္ ဇန္နဝါရီ ၂၃ ရက္၊ တနဂၤေႏြေန႔မွာ ဒီ ၈ တြဲထဲက ပထမဆုံး ပြဲစဥ္ ၂ ပြဲကို စတင္ကစားၾကမွာျဖစ္ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.