International Match Report

အာဖရိကဖလား အုပ်စု(D)ကနေ ၁၆ သင်းအဆင့် အတူတက်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားနဲ့ အီဂျစ်

အာဖရိကဖလားပွဲစဉ်တွေကိုတော့ ဗုဒ္ဓဟူးနေ့ညက ဆက်လက်ကျင်းပခဲ့ကြပြီး အုပ်စု(D) ပွဲစဉ် ၂ ပွဲကိုပဲ ယှဉ်ပြိုင်ကစားခဲ့ချိန်မှာ နာမည်ကြီး နိုင်ဂျီးရီးယားကတော့ အုပ်စုတွင်းပြိုင်ဘက် ဂီနီဘစ်ဆောနဲ့ ကစားခဲ့ကြရသလို ချူကွယ်ဇီ၊ အဝိုနီယီ၊ အရီဘိုတို့လို အဓိက ကစားသမားတချို့ကို အနားပေးခဲ့ပြီး နွာကာလီ၊ အီဝိုဘီတို့လို အရန်ခုံက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဂီနီဘစ်ဆောအသင်းကတော့ သူတို့ရဲ့ တစ်ဦးတည်းသော နာမည်ကြီးကစားသမား ပေါ်တူဂီယူ-၂၁ လက်ရွေးစင်ဟောင်း ပီလီကို အရန်ခုံမှာပဲ ထားခဲ့သလို အုပ်စုတက်ရေး မျှော်လင့်ချက်ကိုလည်း စွန့်ပစ်ထားပုံပေါ်ပြီး အကောင်းဆုံး တတိယပါ မသေချာတော့ချိန်မှာ လူစာရင်းကို အပြောင်းအလဲ လုပ်လာခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ကြတဲ့ ပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၅၆ မိနစ်မှာ နိုင်ဂျီးရီးယားတို့က စတင်ရှာဖွေနိုင်ခဲ့ပြီး ညာခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး အီဟန်နာချိုက ဘယ်ခြေနဲ့ပဲ ပြောင်းပြန်ချိုးပေးခဲ့ချိန်မှာ အဝေးတိုင်ဘက်ကို ပြေးဝင်လာတဲ့ တွဲဖက်တိုက်စစ်မှူး အူမာ ဆာဒစ်က ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို ဆူပါလင်းယုန်တွေက ထပ်မံသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ဘယ်ခြမ်းကနေ မိုးဆက်စ် ဆိုင်မွန်ရဲ့ ကန်သွင်းမှုက ဘားထိပြီး ကျလာတာမှာ အသင်းကပ္ပတိန် အီကောင်က အနီးကပ်ပိတ်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို လူကျွံမကျွံကိုတော့ VAR ကြည့်ပြီးမှ အတည်ပြုပေးခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ အဆုံးသတ်ခဲ့ကြပြီး နိုင်ဂျီးရီးယားတို့ ဒီပွဲအနိုင်ကြောင့် အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲ၊ ရမှတ် ၉ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ အုပ်စု(E,F)တွေက တတိယရမယ့် အသင်းတွေနဲ့ တွေ့ဆုံနိုင်တယ်လို့ ယေဘုယျ ခန့်မှန်းထားကြပါတယ်။

အုပ်စု(D)ရဲ့ လက်ကျန်ပွဲစဉ်တစ်ပွဲမှာတော့ နာမည်ကြီး အီဂျစ်က ဆာလားကို အမှူးထားပြီး ပွဲထွက်လာခဲ့ပေမယ့် ဂီနီဘစ်ဆောနဲ့ပွဲမှာ တစ်ဂိုးရခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးကတော့ နိုင်ငံအသင်းမှာ ခြေစွမ်းမကောင်းသလို ဒီနေ့ပွဲမှာလည်း အဖြစ်မရှိခဲ့တဲ့ မှတ်တမ်းထဲပဲ ဝင်ရောက်သွားခဲ့ပြီး ပြိုင်ဘက် ဆူဒန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ယူနိုင်ခဲ့တာပါ။

အီဂျစ်တို့အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၃၅ မိနစ်မှာ ရတဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ အက်ဘ်ဒဲလ်မိုနင်မ်က ခေါင်းတိုက် သွင်းယူသွားနိုင်ခဲ့ပြီး အုပ်စုတွင်းမှာ သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယအဖြစ် တက်ရောက်သွားနိုင်ခဲ့ကြချိန် နောက်ဆုံးနေ့အထိ တစ်မှတ်စီသာ ရခဲ့တဲ့ ဂီနီဘစ်ဆောနဲ့ ဆူဒန်တို့ကတော့ အုပ်စု တတိယတောင် မမျှော်နိုင်တော့ဘဲ အိမ်ပြန်သွားခဲ့ကြရတာဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ အုပ်စု(E)နဲ့ (F)က ပွဲစဉ်တွေကို ဆက်လက်ကစားကြရမှာဖြစ်ပြီး အုပ်စု(E)မှာ နာမည်ကြီး အိုင်ဗရီကို့စ်နဲ့ အုပ်စုက ပြုတ်လုဆဲဆဲ လက်ရှိချန်ပီယံ အယ်လ်ဂျီးရီးယားတို့ တွေ့ဆုံနေကြလို ကျန်တစ်ပွဲကိုတော့ ဆီယာရာလီယွန်နဲ့ အီကွေတိုရီယယ် ဂီနီတို့ ကစားကြမှာပါ။ အုပ်စု(F)မှာတော့ ဂမ်ဘီယာနဲ့ တူနီးရှား၊ မာလီနဲ့ အိမ်ပြန်စောခဲ့ပြီဖြစ်တဲ့ အုပ်စု အောက်ဆုံးက မော်ရီတေးနီးယားတို့ တွေ့ဆုံနေကြပါတယ်။

ဘာမှ မပြောနိုင်သေးတဲ့ အုပ်စု(E)ရဲ့ ပွဲစဉ်တွေက ကြည့်ကောင်းဖို့ ရှိနေပြီး မန်စီးတီးကြယ်ပွင့် မာရက်ဇ်တို့ရဲ့ အယ်လ်ဂျီးရီးယားတို့ နိုင်မှဖြစ်မယ့်ပွဲမှာ တရားသူကြီးဖြစ်နေတဲ့ အိုင်ဗရီကို့စ်တို့ ဘယ်လို အမိန့်ချမလဲ စောင့်ကြည့်ရမှာဖြစ်သလို နိုင်မှ အခြေအနေကောင်းမယ့် ဆီယာရာလီယွန်နဲ့ ရှုံးလို့မဖြစ်တဲ့ အီကွေတိုရီယယ်ဂီနီကလည်း ပွဲကောင်းဖို့ ရှိနေတာပါ။

အုပ်စု(F)မှာတော့ ၄ မှတ်စီ ရထားတဲ့ ဂမ်ဘီယာနဲ့ မာလီတို့ အနည်းဆုံး အုပ်စုတတိယနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့ ရှိနေသလို တူနီးရှားကလည်း သရေတစ်မှတ်ရရင် နောက်တစ်ဆင့်ကို အုပ်စုတတိယနဲ့ တက်နိုင်ဖို့ ရှိနေပြီဖြစ်လို့ ဒီအုပ်စုကတော့ ညနက်အထိ အိပ်ရေးပျက်ခံဖို့ မလိုဘဲ မနက်မှ Goal Score ကြည့်ရင်လည်း အဆင်ပြေပါကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဖရိကဖလားပြဲစဥ္ေတြကိုေတာ့ ဗုဒၶဟူးေန႔ညက ဆက္လက္က်င္းပခဲ့ၾကၿပီး အုပ္စု(D) ပြဲစဥ္ ၂ ပြဲကိုပဲ ယွဥ္ၿပိဳင္ကစားခဲ့ခ်ိန္မွာ နာမည္ႀကီး ႏိုင္ဂ်ီးရီးယားကေတာ့ အုပ္စုတြင္းၿပိဳင္ဘက္ ဂီနီဘစ္ေဆာနဲ႔ ကစားခဲ့ၾကရသလို ခ်ဴကြယ္ဇီ၊ အဝိုနီယီ၊ အရီဘိုတို႔လို အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးခဲ့ၿပီး ႏြာကာလီ၊ အီဝိုဘီတို႔လို အရန္ခုံက ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ဂီနီဘစ္ေဆာအသင္းကေတာ့ သူတို႔ရဲ႕ တစ္ဦးတည္းေသာ နာမည္ႀကီးကစားသမား ေပၚတူဂီယူ-၂၁ လက္ေ႐ြးစင္ေဟာင္း ပီလီကို အရန္ခုံမွာပဲ ထားခဲ့သလို အုပ္စုတက္ေရး ေမွ်ာ္လင့္ခ်က္ကိုလည္း စြန႔္ပစ္ထားပုံေပၚၿပီး အေကာင္းဆုံး တတိယပါ မေသခ်ာေတာ့ခ်ိန္မွာ လူစာရင္းကို အေျပာင္းအလဲ လုပ္လာခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ခဲ့ၾကတဲ့ ပြဲစဥ္အတြက္ အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၅၆ မိနစ္မွာ ႏိုင္ဂ်ီးရီးယားတို႔က စတင္ရွာေဖြႏိုင္ခဲ့ၿပီး ညာျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ ၾကယ္ပြင့္တိုက္စစ္မႉး အီဟန္နာခ်ိဳက ဘယ္ေျခနဲ႔ပဲ ေျပာင္းျပန္ခ်ိဳးေပးခဲ့ခ်ိန္မွာ အေဝးတိုင္ဘက္ကို ေျပးဝင္လာတဲ့ တြဲဖက္တိုက္စစ္မႉး အူမာ ဆာဒစ္က ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ဆူပါလင္းယုန္ေတြက ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ဘယ္ျခမ္းကေန မိုးဆက္စ္ ဆိုင္မြန္ရဲ႕ ကန္သြင္းမႈက ဘားထိၿပီး က်လာတာမွာ အသင္းကပၸတိန္ အီေကာင္က အနီးကပ္ပိတ္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္သလို လူကြၽံမကြၽံကိုေတာ့ VAR ၾကည့္ၿပီးမွ အတည္ျပဳေပးခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အဆုံးသတ္ခဲ့ၾကၿပီး ႏိုင္ဂ်ီးရီးယားတို႔ ဒီပြဲအႏိုင္ေၾကာင့္ အုပ္စုတြင္း ရာႏႈန္းျပည့္ႏိုင္ပြဲ၊ ရမွတ္ ၉ မွတ္နဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ရႈံးထြက္ ၁၆ သင္းအဆင့္မွာေတာ့ အုပ္စု(E,F)ေတြက တတိယရမယ့္ အသင္းေတြနဲ႔ ေတြ႕ဆုံႏိုင္တယ္လို႔ ေယဘုယ် ခန႔္မွန္းထားၾကပါတယ္။

အုပ္စု(D)ရဲ႕ လက္က်န္ပြဲစဥ္တစ္ပြဲမွာေတာ့ နာမည္ႀကီး အီဂ်စ္က ဆာလားကို အမႉးထားၿပီး ပြဲထြက္လာခဲ့ေပမယ့္ ဂီနီဘစ္ေဆာနဲ႔ပြဲမွာ တစ္ဂိုးရခဲ့တဲ့ လီဗာပူးလ္တိုက္စစ္မႉးကေတာ့ ႏိုင္ငံအသင္းမွာ ေျခစြမ္းမေကာင္းသလို ဒီေန႔ပြဲမွာလည္း အျဖစ္မရွိခဲ့တဲ့ မွတ္တမ္းထဲပဲ ဝင္ေရာက္သြားခဲ့ၿပီး ၿပိဳင္ဘက္ ဆူဒန္အသင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ယူႏိုင္ခဲ့တာပါ။

အီဂ်စ္တို႔အတြက္ တစ္လုံးတည္းေသာ ဂိုးကိုေတာ့ ပြဲခ်ိန္ ၃၅ မိနစ္မွာ ရတဲ့ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ အက္ဘ္ဒဲလ္မိုနင္မ္က ေခါင္းတိုက္ သြင္းယူသြားႏိုင္ခဲ့ၿပီး အုပ္စုတြင္းမွာ သုံးပြဲကစား၊ ႏွစ္ပြဲႏိုင္၊ တစ္ပြဲရႈံး၊ ရမွတ္ ၆ မွတ္နဲ႔ အုပ္စု ဒုတိယအျဖစ္ တက္ေရာက္သြားႏိုင္ခဲ့ၾကခ်ိန္ ေနာက္ဆုံးေန႔အထိ တစ္မွတ္စီသာ ရခဲ့တဲ့ ဂီနီဘစ္ေဆာနဲ႔ ဆူဒန္တို႔ကေတာ့ အုပ္စု တတိယေတာင္ မေမွ်ာ္ႏိုင္ေတာ့ဘဲ အိမ္ျပန္သြားခဲ့ၾကရတာျဖစ္ပါတယ္။

ဒီေန႔ညမွာေတာ့ အုပ္စု(E)နဲ႔ (F)က ပြဲစဥ္ေတြကို ဆက္လက္ကစားၾကရမွာျဖစ္ၿပီး အုပ္စု(E)မွာ နာမည္ႀကီး အိုင္ဗရီကို႔စ္နဲ႔ အုပ္စုက ျပဳတ္လုဆဲဆဲ လက္ရွိခ်န္ပီယံ အယ္လ္ဂ်ီးရီးယားတို႔ ေတြ႕ဆုံေနၾကလို က်န္တစ္ပြဲကိုေတာ့ ဆီယာရာလီယြန္နဲ႔ အီေကြတိုရီယယ္ ဂီနီတို႔ ကစားၾကမွာပါ။ အုပ္စု(F)မွာေတာ့ ဂမ္ဘီယာနဲ႔ တူနီးရွား၊ မာလီနဲ႔ အိမ္ျပန္ေစာခဲ့ၿပီျဖစ္တဲ့ အုပ္စု ေအာက္ဆုံးက ေမာ္ရီေတးနီးယားတို႔ ေတြ႕ဆုံေနၾကပါတယ္။

ဘာမွ မေျပာႏိုင္ေသးတဲ့ အုပ္စု(E)ရဲ႕ ပြဲစဥ္ေတြက ၾကည့္ေကာင္းဖို႔ ရွိေနၿပီး မန္စီးတီးၾကယ္ပြင့္ မာရက္ဇ္တို႔ရဲ႕ အယ္လ္ဂ်ီးရီးယားတို႔ ႏိုင္မွျဖစ္မယ့္ပြဲမွာ တရားသူႀကီးျဖစ္ေနတဲ့ အိုင္ဗရီကို႔စ္တို႔ ဘယ္လို အမိန႔္ခ်မလဲ ေစာင့္ၾကည့္ရမွာျဖစ္သလို ႏိုင္မွ အေျခအေနေကာင္းမယ့္ ဆီယာရာလီယြန္နဲ႔ ရႈံးလို႔မျဖစ္တဲ့ အီေကြတိုရီယယ္ဂီနီကလည္း ပြဲေကာင္းဖို႔ ရွိေနတာပါ။

အုပ္စု(F)မွာေတာ့ ၄ မွတ္စီ ရထားတဲ့ ဂမ္ဘီယာနဲ႔ မာလီတို႔ အနည္းဆုံး အုပ္စုတတိယနဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔ ရွိေနသလို တူနီးရွားကလည္း သေရတစ္မွတ္ရရင္ ေနာက္တစ္ဆင့္ကို အုပ္စုတတိယနဲ႔ တက္ႏိုင္ဖို႔ ရွိေနၿပီျဖစ္လို႔ ဒီအုပ္စုကေတာ့ ညနက္အထိ အိပ္ေရးပ်က္ခံဖို႔ မလိုဘဲ မနက္မွ Goal Score ၾကည့္ရင္လည္း အဆင္ေျပပါေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.