Analysis International Match Report

အိမ်လွမ်းလွန်းလို့ ပြန်သွားတဲ့ ဂါနာနဲ့ ကျန်နာမည်ကြီးတွေ ရှေ့ဆက်တဲ့ အာဖရိကဖလား

ကင်းမရွန်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကဖလား ၂၀၂၁ ပွဲစဉ်တွေထဲက အင်္ဂါနေ့ညရဲ့ ပြောစရာအဖြစ်ရဆုံး အချက်ကတော့ အုပ်စု(C)ရဲ့ နာမည်ကြီး ဂါနာအသင်းအနေနဲ့ နောက်ဆုံး ပွဲစဉ်တွေကို ကစားအပြီးမှာ သုံးပွဲကစား တစ်မှတ်သာရပြီး အုပ်စုအောက်ဆုံး စတုတ္ထနေရာကနေ ပြိုင်ပွဲက ထွက်ခဲ့ရပြီး အိမ်ပြန်စောခဲ့ရတာပဲဖြစ်ပါတယ်။

အာဖရိကရဲ့ ကြယ်နက်တွေ Black Stars လို့ လူသိများတဲ့ ဂါနာအသင်းကို အုပ်စုတွင်းမှာ မော်ရိုကိုနဲ့ ဂါဘွန်တို့ကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်အဖြစ် လူတွေက အထင်ကြီးထားခဲ့ပေမယ့် ပွဲစဉ် ၂ ပွဲအပြီးမှာ တစ်မှတ်သာ ရခဲ့လို့ အံ့အားသင့်ခဲ့ရပြီး နောက်ဆုံးပွဲမှာတော့ လူတိုင်းနိုင်ထားတဲ့ ကိုမိုရို့စ်အပေါ် သုံးမှတ်ယူပြီး အကောင်းဆုံး တတိယလောက်တော့ ရှာဖွေနိုင်လိမ့်မယ်လို့ တွက်ခဲ့ကြပေမယ့် အဆုံးစွန်အထိ ဆိုးရွားခဲ့ရတာဖြစ်ပါတယ်။

ကိုမိုရို့စ်နဲ့ တွေ့ဆုံနေတဲ့ ပွဲစဉ်ဟာ ဂါနာအသင်းအတွက်တော့ အရေးပါတဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့် နည်းပြ ဆားဘီးယားသား ရာဂျီဗက်ချ်အနေနဲ့ ပုံမှန် ခြေစွမ်းရအောင် မစွမ်းဆောင်နိုင်ခဲ့သလို အဆာမို ဂျန်တို့နောက်ပိုင်း တိုက်စစ်မှာ ထက်မြက်တဲ့ တိုက်စစ်မှူး ရှားပါးလာတဲ့ ပြဿနာကလည်း ဆိုးရွားစေပြီး ဒါကို ကူညီပေးမယ့် တောင်ပံသမားတွေလည်း မရှိချိန်မှာ ပွဲချိန် ၂၅ မိနစ်ကတည်းက အသင်းခေါင်းဆောင် အွန်ဒရေ အာယူး အထုတ်ခံလိုက်ရတာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ဒီလိုနဲ့ ပထမပိုင်းမှာ ကိုမိုရို့စ်တို့ရဲ့ ၄ မိနစ်မှာ တောင်ပံကစားသမား ဘင်နာဘူဟန် သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း တစ်ယောက်လျော့ ဂါနာအသင်းဘက်ကို ပွဲချိန် ၆၁ မိနစ်မှာ ဘင်နာဘူဟန်က ဖန်တီးပေးတာကို တိုက်စစ်မှူး မိုညီက သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဂါနာတို့ဘက်က လူစားဝင်လာတဲ့ တိုက်စစ်မှူး ဘိုအာကီက ကွင်းထဲရောက်ပြီး ၄ မိနစ်အကြာမှာ ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ အာဆင်နယ်ကွင်းလယ်လူ ပါတေးရဲ့ ဖန်တီးပေးပို့မှုကနေ နောက်ခံလူ ဂျီကူက ထပ်မံချေပနိုင်ခဲ့လို့ နှစ်ဂိုးစီသရေနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ဒုတိယဂိုးရှင် တိုက်စစ်မှူး မိုညီကပဲ ကိုမိုရို့စ်အတွက် အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့လို့ ပွဲအပြီးမှာ သုံးဂိုး-နှစ်ဂိုး အရှုံးနဲ့ ၁၀ ယောက်ကျန် Black Stars တွေ အိမ်ပြန်စောသွားခဲ့ကြရပြီး နိုင်ပွဲရခဲ့တဲ့ ကိုမိုရို့စ်ကတော့ မိုဇမ်ဘစ်နိုင်ငံ အရှေ့စူးစူး၊ မာဒါဂက်စ်ကာနိုင်ငံရဲ့ အနောက် မြောက်ဘက်က သူတို့ရဲ့ ကျွန်းနိုင်ငံငယ်လေးအတွက် အကောင်းဆုံး တတိယနဲ့ ဂုဏ်ယူနိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပါတယ်။

အုပ်စု(C)ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂါဘွန်နဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်မှာတော့ နှစ်ဂိုးစီ သရေကျခဲ့ပြီး ဂါဘွန်ဘက်က အာလေဗီနာက ပွဲချိန် ၂၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့တာကို မော်ရိုကိုတိုက်စစ်ကစားသမား ဘူဖယ်လ်က ပွဲချိန် ၇၄ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုးသွင်းခဲ့လို့ တစ်ဂိုးစီ သရေ ပြန်ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၈၁ မိနစ်မှာ မော်ရိုကိုနောက်ခံလူ အာဂွါဒ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဂါဘွန်တို့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၈၄ မိနစ်မှာတော့ PSG နာမည်ကြီးနောက်ခံလူ ဟာကီမီက ချေပနိုင်ခဲ့လို့ ပွဲအပြီးမှာ နှစ်ဂိုးစီ သရေကျခဲ့ပြီး နှစ်သင်းစလုံး ရှုံးပွဲမရှိခဲ့ဘဲ မော်ရိုကို နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စု ပထမ၊ ဂါဘွန်က တစ်ပွဲနိုင် နှစ်ပွဲသရေ၊ ရမှတ် ၅ မှတ်နဲ့ အုပ်စု ဒုတိယရရှိပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ခဲ့ကြပါတယ်။

အုပ်စု(B)ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာတော့ အုပ်စုအောက်ဆုံးမှာ နိုင်ပွဲမရသေးတဲ့ ဇင်ဘာဘွေအသင်းက ဂီနီအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မာလာဝီကို ဆီနီဂေါတို့အနေနဲ့ သူတို့ရဲ့ ဆာဒီယို မာနေး ဦးဆောင်တဲ့ နာမည်ကြီးတိုက်စစ်မှူးတွေနဲ့ ကွင်းလယ်ကစားသမားတွေကိုမှ အားမနာဘဲ ဂိုးမရှိသရေသာ ရယူနိုင်ခဲ့ပါတယ်။

ဇင်ဘာဘွေတို့ရဲ့ ငြိမ်းခါနီး ထတောက်တဲ့ မီးတောက်က အုပ်စုအောက်ဆုံးက တက်ဖို့ မဖြစ်နိုင်ခဲ့ချိန်မှာ ဆီနီဂေါတို့က အုပ်စု ပထမနေရာကို တစ်ပွဲနိုင် နှစ်ပွဲသရေ၊ ရမှတ် ၅ မှတ်နဲ့ ရယူသွားခဲ့ပြီး ဒုတိယနေရာကိုတော့ ဂီနီနဲ့ မာလာဝီတို့ ရမှတ် ၄ မှတ်၊ သွင်းဂိုး ပေးဂိုးတွေ တူညီနေကြပေမယ့် မာလာဝီအပေါ် နိုင်ပွဲရထားတဲ့ ဂီနီက Head to Head အရ အသာစီးရယူနိုင်ခဲ့ပြီး မာလာဝီတို့ တတိယဖြစ်သွားခဲ့ပါတယ်။

လက်ကျန် အုပ်စု D,E,F တို့ရဲ့ ပွဲစဉ်အနေအထားတွေအရတော့ နိုင်ဂျီးရီးယားနဲ့ အီဂျစ်တို့တွေ အနိုင်ကစားကြမယ့် အုပ်စု(D) ကနေ ဆူဒန်နဲ့ ဂီနီဘစ်ဆောတို့ သုံးပွဲမှာ နှစ်မှတ်အပြင် ပိုမရနိုင်လို့ အကောင်းဆုံးတတိယအသင်းအဖြစ် တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေနည်းနေပြီး အုပ်စု(E)ရဲ့ ဆီယာရာ လီယွန်၊ အီကွေတိုရီယယ် ဂီနီ၊ အယ်လ်ဂျီးရီးယားတို့ သုံးသင်းထဲက တစ်သင်းသင်းနဲ့ အုပ်စု(F)ရဲ့ မာလီ၊ ဂမ်ဘီယာ၊ တူနီးရှားတို့ထဲက တစ်သင်းစီ ရောက်ရှိလာနိုင်ပြီး အုပ်စု(C)ရဲ့ ကိုမိုရို့စ်တို့ကတော့ ပွဲကုန်ပြီး ၃ မှတ်သာ ပိုင်ဆိုင်ထားချိန်မှာ ရင်တမမနဲ့ စောင့်ဆိုင်းရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကင္းမ႐ြန္းႏိုင္ငံမွာ က်င္းပေနတဲ့ အာဖရိကဖလား ၂၀၂၁ ပြဲစဥ္ေတြထဲက အဂၤါေန႔ညရဲ႕ ေျပာစရာအျဖစ္ရဆုံး အခ်က္ကေတာ့ အုပ္စု(C)ရဲ႕ နာမည္ႀကီး ဂါနာအသင္းအေနနဲ႔ ေနာက္ဆုံး ပြဲစဥ္ေတြကို ကစားအၿပီးမွာ သုံးပြဲကစား တစ္မွတ္သာရၿပီး အုပ္စုေအာက္ဆုံး စတုတၳေနရာကေန ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီး အိမ္ျပန္ေစာခဲ့ရတာပဲျဖစ္ပါတယ္။

အာဖရိကရဲ႕ ၾကယ္နက္ေတြ Black Stars လို႔ လူသိမ်ားတဲ့ ဂါနာအသင္းကို အုပ္စုတြင္းမွာ ေမာ္႐ိုကိုနဲ႔ ဂါဘြန္တို႔ကို ေက်ာ္ျဖတ္ၿပီး အုပ္စုဗိုလ္အျဖစ္ လူေတြက အထင္ႀကီးထားခဲ့ေပမယ့္ ပြဲစဥ္ ၂ ပြဲအၿပီးမွာ တစ္မွတ္သာ ရခဲ့လို႔ အံ့အားသင့္ခဲ့ရၿပီး ေနာက္ဆုံးပြဲမွာေတာ့ လူတိုင္းႏိုင္ထားတဲ့ ကိုမို႐ို႕စ္အေပၚ သုံးမွတ္ယူၿပီး အေကာင္းဆုံး တတိယေလာက္ေတာ့ ရွာေဖြႏိုင္လိမ့္မယ္လို႔ တြက္ခဲ့ၾကေပမယ့္ အဆုံးစြန္အထိ ဆိုး႐ြားခဲ့ရတာျဖစ္ပါတယ္။

ကိုမို႐ို႕စ္နဲ႔ ေတြ႕ဆုံေနတဲ့ ပြဲစဥ္ဟာ ဂါနာအသင္းအတြက္ေတာ့ အေရးပါတဲ့ ပြဲစဥ္ျဖစ္ခဲ့ေပမယ့္ နည္းျပ ဆားဘီးယားသား ရာဂ်ီဗက္ခ်္အေနနဲ႔ ပုံမွန္ ေျခစြမ္းရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့သလို အဆာမို ဂ်န္တို႔ေနာက္ပိုင္း တိုက္စစ္မွာ ထက္ျမက္တဲ့ တိုက္စစ္မႉး ရွားပါးလာတဲ့ ျပႆနာကလည္း ဆိုး႐ြားေစၿပီး ဒါကို ကူညီေပးမယ့္ ေတာင္ပံသမားေတြလည္း မရွိခ်ိန္မွာ ပြဲခ်ိန္ ၂၅ မိနစ္ကတည္းက အသင္းေခါင္းေဆာင္ အြန္ဒေရ အာယူး အထုတ္ခံလိုက္ရတာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

ဒီလိုနဲ႔ ပထမပိုင္းမွာ ကိုမို႐ို႕စ္တို႔ရဲ႕ ၄ မိနစ္မွာ ေတာင္ပံကစားသမား ဘင္နာဘူဟန္ သြင္းယူခဲ့တဲ့ ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း တစ္ေယာက္ေလ်ာ့ ဂါနာအသင္းဘက္ကို ပြဲခ်ိန္ ၆၁ မိနစ္မွာ ဘင္နာဘူဟန္က ဖန္တီးေပးတာကို တိုက္စစ္မႉး မိုညီက သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဂါနာတို႔ဘက္က လူစားဝင္လာတဲ့ တိုက္စစ္မႉး ဘိုအာကီက ကြင္းထဲေရာက္ၿပီး ၄ မိနစ္အၾကာမွာ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အာဆင္နယ္ကြင္းလယ္လူ ပါေတးရဲ႕ ဖန္တီးေပးပို႔မႈကေန ေနာက္ခံလူ ဂ်ီကူက ထပ္မံေခ်ပႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရနဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၈၅ မိနစ္မွာ ဒုတိယဂိုးရွင္ တိုက္စစ္မႉး မိုညီကပဲ ကိုမို႐ို႕စ္အတြက္ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ သုံးဂိုး-ႏွစ္ဂိုး အရႈံးနဲ႔ ၁၀ ေယာက္က်န္ Black Stars ေတြ အိမ္ျပန္ေစာသြားခဲ့ၾကရၿပီး ႏိုင္ပြဲရခဲ့တဲ့ ကိုမို႐ို႕စ္ကေတာ့ မိုဇမ္ဘစ္ႏိုင္ငံ အေရွ႕စူးစူး၊ မာဒါဂက္စ္ကာႏိုင္ငံရဲ႕ အေနာက္ ေျမာက္ဘက္က သူတို႔ရဲ႕ ကြၽန္းႏိုင္ငံငယ္ေလးအတြက္ အေကာင္းဆုံး တတိယနဲ႔ ဂုဏ္ယူႏိုင္ဖို႔ အခြင့္အေရးရွိလာခဲ့ပါတယ္။

အုပ္စု(C)ရဲ႕ေနာက္ထပ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဂါဘြန္နဲ႔ ေမာ္႐ိုကိုတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ႏွစ္ဂိုးစီ သေရက်ခဲ့ၿပီး ဂါဘြန္ဘက္က အာေလဗီနာက ပြဲခ်ိန္ ၂၁ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူခဲ့တာကို ေမာ္႐ိုကိုတိုက္စစ္ကစားသမား ဘူဖယ္လ္က ပြဲခ်ိန္ ၇၄ မိနစ္မွာ ပင္နယ္တီကေန ေခ်ပဂိုးသြင္းခဲ့လို႔ တစ္ဂိုးစီ သေရ ျပန္ျဖစ္ေနခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၈၁ မိနစ္မွာ ေမာ္႐ိုကိုေနာက္ခံလူ အာဂြါဒ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမႈနဲ႔ ဂါဘြန္တို႔ ဦးေဆာင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ PSG နာမည္ႀကီးေနာက္ခံလူ ဟာကီမီက ေခ်ပႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ ႏွစ္ဂိုးစီ သေရက်ခဲ့ၿပီး ႏွစ္သင္းစလုံး ရႈံးပြဲမရွိခဲ့ဘဲ ေမာ္႐ိုကို ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ အုပ္စု ပထမ၊ ဂါဘြန္က တစ္ပြဲႏိုင္ ႏွစ္ပြဲသေရ၊ ရမွတ္ ၅ မွတ္နဲ႔ အုပ္စု ဒုတိယရရွိၿပီး ရႈံးထြက္ ၁၆ သင္းအဆင့္ကို တိုက္႐ိုက္တက္လွမ္းႏိုင္ခဲ့ၾကပါတယ္။

အုပ္စု(B)ရဲ႕ ေနာက္ဆုံးပြဲစဥ္ေတြမွာေတာ့ အုပ္စုေအာက္ဆုံးမွာ ႏိုင္ပြဲမရေသးတဲ့ ဇင္ဘာေဘြအသင္းက ဂီနီအသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး မာလာဝီကို ဆီနီေဂါတို႔အေနနဲ႔ သူတို႔ရဲ႕ ဆာဒီယို မာေနး ဦးေဆာင္တဲ့ နာမည္ႀကီးတိုက္စစ္မႉးေတြနဲ႔ ကြင္းလယ္ကစားသမားေတြကိုမွ အားမနာဘဲ ဂိုးမရွိသေရသာ ရယူႏိုင္ခဲ့ပါတယ္။

ဇင္ဘာေဘြတို႔ရဲ႕ ၿငိမ္းခါနီး ထေတာက္တဲ့ မီးေတာက္က အုပ္စုေအာက္ဆုံးက တက္ဖို႔ မျဖစ္ႏိုင္ခဲ့ခ်ိန္မွာ ဆီနီေဂါတို႔က အုပ္စု ပထမေနရာကို တစ္ပြဲႏိုင္ ႏွစ္ပြဲသေရ၊ ရမွတ္ ၅ မွတ္နဲ႔ ရယူသြားခဲ့ၿပီး ဒုတိယေနရာကိုေတာ့ ဂီနီနဲ႔ မာလာဝီတို႔ ရမွတ္ ၄ မွတ္၊ သြင္းဂိုး ေပးဂိုးေတြ တူညီေနၾကေပမယ့္ မာလာဝီအေပၚ ႏိုင္ပြဲရထားတဲ့ ဂီနီက Head to Head အရ အသာစီးရယူႏိုင္ခဲ့ၿပီး မာလာဝီတို႔ တတိယျဖစ္သြားခဲ့ပါတယ္။

လက္က်န္ အုပ္စု D,E,F တို႔ရဲ႕ ပြဲစဥ္အေနအထားေတြအရေတာ့ ႏိုင္ဂ်ီးရီးယားနဲ႔ အီဂ်စ္တို႔ေတြ အႏိုင္ကစားၾကမယ့္ အုပ္စု(D) ကေန ဆူဒန္နဲ႔ ဂီနီဘစ္ေဆာတို႔ သုံးပြဲမွာ ႏွစ္မွတ္အျပင္ ပိုမရႏိုင္လို႔ အေကာင္းဆုံးတတိယအသင္းအျဖစ္ တက္ေရာက္ႏိုင္ဖို႔ ျဖစ္ႏိုင္ေျခနည္းေနၿပီး အုပ္စု(E)ရဲ႕ ဆီယာရာ လီယြန္၊ အီေကြတိုရီယယ္ ဂီနီ၊ အယ္လ္ဂ်ီးရီးယားတို႔ သုံးသင္းထဲက တစ္သင္းသင္းနဲ႔ အုပ္စု(F)ရဲ႕ မာလီ၊ ဂမ္ဘီယာ၊ တူနီးရွားတို႔ထဲက တစ္သင္းစီ ေရာက္ရွိလာႏိုင္ၿပီး အုပ္စု(C)ရဲ႕ ကိုမို႐ို႕စ္တို႔ကေတာ့ ပြဲကုန္ၿပီး ၃ မွတ္သာ ပိုင္ဆိုင္ထားခ်ိန္မွာ ရင္တမမနဲ႔ ေစာင့္ဆိုင္းရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.