Premier League

တစ်လတာအကောင်းဆုံးနည်းပြဆုရလို့ လေကျယ်ပြီးမှ ဖာဂီစံချိန်သိလို့ စိတ်လေသွားခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်နဲ့ ထူးခြားတဲ့ကာလအတွင်း ရရှိခဲ့တဲ့ ဆုအရေအတွက်ကို သိရှိခဲ့ပြီးနောက် အံ့အားသင့်တုန်လှုပ်သွားခဲ့ရပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့လမှာ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲ ရရှိအောင် နည်းပြပေးနိုင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက ချဲလ်ဆီးအသင်းကို ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး နည်းပြ ဂွါဒီယိုလာဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အီတီဟတ်ကို ရောက်ရှိလာပြီးကတည်းက ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို လက်ရှိအချိန်အထိ ၁၁ ကြိမ်အထိ အနိုင်ရရှိထားခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ ဂွါဒီယိုလာထက် တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိထားခဲ့တဲ့သူဆိုလို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးတို့သာ ရှိတော့တာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်နည်းပြအဖြစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ၁၅ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပေမယ့် ဂွါဒီယိုလာဟာ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က တစ်လတာအကောင်းဆုံးနည်းပြဆုကို ဘယ်နှကြိမ်အထိ ရရှိထားခဲ့လဲဆိုတာကို သိသွားခဲ့ပြီးနောက် အံ့အားသင့်တုန်လှုပ်ခဲ့ပြီး ၎င်းအနေနဲ့ စကော့တလန်လူမျိုးနည်းပြကြီးရဲ့ စံချိန်ကို လိုက်မီဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

သတင်းထောက်က ဂွါဒီယိုလာကို “ခင်ဗျား အခုဆိုရင် ၁၁ ကြိမ်အထိ ရရှိခဲ့ပြီးပြီ။ ဝင်းဂါးနဲ့ ဖာဂူဆန်တို့ကပဲ ခင်ဗျားထက်ပိုပြီး ဆုရရှိထားခဲ့တယ်။ အဲဒီတော့ အဲဒါက ခင်ဗျားအတွက် ဂုဏ်ယူရမယ့်ကိစ္စဖြစ်မလား”လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက လှောင်ပြုံးနဲ့ “သတိထားပေတော့ ဆာ အဲလက်စ်နဲ့ အာစင်ရေ ကျွန်တော် လာပြီ”လို့ ပြန်တည်တုံ့ပြန်ခဲ့ရာမှာ သတင်းထောက်က “ဖာဂူဆန်က ၂၇ ကြိမ် ရရှိထားခဲ့တယ်။ ပက် အဲဒီတော့ သိပ်အများကြီးတော့…”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက “ဘယ်လောက်။ ဘုရားသခင်။ ကောင်းပြီ။ အဲဒါက သူနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော် သူ့စံချိန်နောက်ကို လိုက်တော့မှာမဟုတ်တာတော့ သေချာတယ်”လို့ စိတ်ပျက်သွားဟန်နဲ့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ မယုံနိုင်ဖွယ် အသင်းကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြဆိုတာ အငြင်းပွားစရာမရှိပေမယ့် စပိန်လူမျိုးနည်းပြက ၎င်းအနေနဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုစံချိန်ကို လိုက်မီဖို့ နောက်ထပ် ၁၆ ကြိမ် ဆုရရှိလိမ့်မယ်လို့တောင် ကိုယ့်ကိုကိုယ် မမျှော်မှန်းနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ရဲ့ တစ္လတာအေကာင္းဆုံးနည္းျပဆုကို ဆာအဲလက္စ္ ဖာဂူဆန္က မန္ခ်က္စတာယူနိုက္တက္နည္းျပအျဖစ္နဲ႔ ထူးျခားတဲ့ကာလအတြင္း ရရွိခဲ့တဲ့ ဆုအေရအတြက္ကို သိရွိခဲ့ၿပီးေနာက္ အံ့အားသင့္တုန္လႈပ္သြားခဲ့ရပါတယ္။

ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့လမွာ မန္ခ်က္စတာစီးတီးအသင္းကို ပရီးမီးယားလိဂ္ ၇ ပြဲဆက္ နိုင္ပြဲ ရရွိေအာင္ နည္းျပေပးနိုင္ခဲ့ၿပီးေနာက္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလအတြက္ တစ္လတာအေကာင္းဆုံးနည္းျပဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာက ခ်ဲလ္ဆီးအသင္းကို ၁၃ မွတ္အထိ ျဖတ္ထားနိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီး နည္းၿပ ဂြါဒီယိုလာဟာ ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလအတြက္ တစ္လတာအေကာင္းဆုံးနည္းျပဆုကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။

အသက္ ၅၀ အရြယ္ရွိၿပီျဖစ္တဲ့ ဂြါဒီယိုလာဟာ ၂၀၁၆ ခုႏွစ္ ဇူလိုင္လမွာ အီတီဟတ္ကို ေရာက္ရွိလာၿပီးကတည္းက ပရီးမီးယားလိဂ္ရဲ့ တစ္လတာအေကာင္းဆုံးကစားသမားဆုကို လက္ရွိအခ်ိန္အထိ ၁၁ ႀကိမ္အထိ အနိုင္ရရွိထားခဲ့ၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ ဂြါဒီယိုလာထက္ တစ္လတာအေကာင္းဆုံးနည္းျပဆုကို ရရွိထားခဲ့တဲ့သူဆိုလို႔ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးတို႔သာ ရွိေတာ့တာျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာ အာဆင္နယ္နည္းျပအျဖစ္နဲ႔ ပရီးမီးယားလိဂ္ရဲ့ တစ္လတာအေကာင္းဆုံးနည္းျပဆုကို ၁၅ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ေပမယ့္ ဂြါဒီယိုလာဟာ ယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္က တစ္လတာအေကာင္းဆုံးနည္းျပဆုကို ဘယ္ႏွႀကိမ္အထိ ရရွိထားခဲ့လဲဆိုတာကို သိသြားခဲ့ၿပီးေနာက္ အံ့အားသင့္တုန္လႈပ္ခဲ့ၿပီး ၎အေနနဲ႔ စေကာ့တလန္လူမ်ိဳးနည္းျပႀကီးရဲ့ စံခ်ိန္ကို လိုက္မီဖို႔ မျဖစ္နိုင္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

သတင္းေထာက္က ဂြါဒီယိုလာကို “ခင္ဗ်ား အခုဆိုရင္ ၁၁ ႀကိမ္အထိ ရရွိခဲ့ၿပီးၿပီ။ ဝင္းဂါးနဲ႔ ဖာဂူဆန္တို႔ကပဲ ခင္ဗ်ားထက္ပိုၿပီး ဆုရရွိထားခဲ့တယ္။ အဲဒီေတာ့ အဲဒါက ခင္ဗ်ားအတြက္ ဂုဏ္ယူရမယ့္ကိစၥျဖစ္မလား”လို႔ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက ေလွာင္ျပဳံးနဲ႔ “သတိထားေပေတာ့ ဆာ အဲလက္စ္နဲ႔ အာစင္ေရ ကၽြန္ေတာ္ လာၿပီ”လို႔ ျပန္တည္တုံ႔ျပန္ခဲ့ရာမွာ သတင္းေထာက္က “ဖာဂူဆန္က ၂၇ ႀကိမ္ ရရွိထားခဲ့တယ္။ ပက္ အဲဒီေတာ့ သိပ္အမ်ားႀကီးေတာ့…”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာက “ဘယ္ေလာက္။ ဘုရားသခင္။ ေကာင္းၿပီ။ အဲဒါက သူနဲ႔ပဲ သက္ဆိုင္ပါတယ္။ ကၽြန္ေတာ္ သူ႔စံခ်ိန္ေနာက္ကို လိုက္ေတာ့မွာမဟုတ္တာေတာ့ ေသခ်ာတယ္”လို႔ စိတ္ပ်က္သြားဟန္နဲ႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ မယုံနိုင္ဖြယ္ အသင္းကို ပိုင္ဆိုင္ထားတဲ့ ကမၻာေပၚက အေကာင္းဆုံးနည္းျပဆိုတာ အျငင္းပြားစရာမရွိေပမယ့္ စပိန္လူမ်ိဳးနည္းျပက ၎အေနနဲ႔ ဆာအဲလက္စ္ ဖာဂူဆန္ရဲ့ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးနည္းျပဆုစံခ်ိန္ကို လိုက္မီဖို႔ ေနာက္ထပ္ ၁၆ ႀကိမ္ ဆုရရွိလိမ့္မယ္လို႔ေတာင္ ကိုယ့္ကိုကိုယ္ မေမၽွာ္မွန္းနိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.