Premier League

ပိုက်ဆံမျက်နှာနဲ့ အာဆင်နယ်ကို စွန့်ခွာခဲ့တယ်လို့ ဖွင့်ဟဝန်ခံခဲ့တဲ့ အဲလက်စ် ဆောင်း

အလက်ဇန္ဒား ဆောင်းဟာ အသက် ၁၇ နှစ်အရွယ်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရာသီအနည်းငယ် အငှားကစားသမားအဖြစ် အချိန်ကုန်ဆုံးပြီးနောက် နည်းပြ အာစင်ဝင်းဂါးလက်အောက်မှာ ပထမအသင်း ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။

ကင်မရွန်းလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ရဲ့ အာဆင်နယ်အသင်းနဲ့ ၇ နှစ်ကြာ ကစားသမားဘဝဟာ ၂၀၁၂ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် တရားဝင် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဟာ ဘာစီလိုနာအသင်းမှာ တခါတလေမှသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး နူးကမ့်မှာ ရှိနေခဲ့တဲ့ ၂ ရာသီအတွင်း စုစုပေါင်း ၆၅ ပွဲသာ ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ကစားသမားအများစုဟာ ပုံမှန် ပွဲထွက်ခွင့် မရဘူးဆိုရင် စိတ်ပျက်ဒေါသထွက်ကြပေမယ့်လည်း ဆောင်းကတော့ အဲဒီလိုမဟုတ်ခဲ့ဘဲ ၎င်းအနေနဲ့ ဘောလုံးကစားရတာနဲ့ပတ်သက်ပြီး သောက်ဂရုမစိုက်တာကြောင့် ဘာဆာမှာ ပွဲနည်းနည်းပဲ ပါဝင်ကစားရတဲ့ ကစားသမားဖြစ်ခဲ့တာကိုလည်း ဂရုမစိုက်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အလက်ဇန္ဒား ဆောင်းရဲ့ ဘောလုံးကစားဖို့အတွက် စိတ်ခွန်အားဟာ ငွေကြးဖြစ်ပြီး အဲဒါကြောင့်ပဲ ကတ်တလန်ထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့ခဲ့တာ အသေအချာပဲ ဖြစ်ပါတယ်။

ဆောင်းက ၎င်းနဲ့ တစ်နိုင်ငံတည်းသား Toronto Raptors ဘတ်စ်ကတ်ဘောကြယ်ပွင့် ပါစကယ် ဆီယာကမ်နဲ့ စကားပြောဆိုရာမှာ ၎င်းရဲ့ အသုံးအဖြုန်းကြီးခဲ့မှုကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ “ကျွန်တော့်ကို ဘာစီလိုနာအသင်းက စာချုပ် ကမ်းလှမ်းလာတဲ့အချိန်မှာ ကျွန်တော် ဘယ်လောက်အထိ လစာရမယ်ဆိုတာကို မြင်တွေ့ခဲ့ပြီး ၂ ခါ မစဉ်းစားခဲ့ပါဘူး။ ကျွန်တော့် ဇနီးနဲ့ ကလေးတွေအနေနဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝပြီးဆုံးသွားတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်တဲ့ ဘဝမျိုးမှာ နေရသင့်တယ်လို့ ခံစားခဲ့ရပါတယ်”

“ကျွန်တော် ဘာဆာရဲ့ အားကစားဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပြီး သူက ကျွန်တော့်ကို ပွဲအများကြီးတော့ ကစားရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သောက်ဂရုမစိုက်ပါဘူး။ ကျွန်တော် အခု မီလျံနာဖြစ်လာလိမ့်မယ်ဆိုတာကို သိခဲ့ပြီးပြီပဲ။ အသက် ၂၀ ရောက်တာတောင် ဖယ်ရာရီမောင်းနေတဲ့လူတွေက ဒီအသက်အရွယ်မှာ ဘာမှ အောင်မြင်မှုမရှိသေးတာကြောင့် ငမွဲတွေလို့ ကျွန်တော် အမြဲတမ်း ပြောခဲ့တယ်။ ဒါပေမယ့် ဘန်တလေကားကို မောင်းတဲ့ အသက် ၅၀ အရွယ် လူတစ်ယောက်ကတော့က လေးစားမှုခံရမယ့် သူပဲ”

ဆောင်းက အာဆင်နယ်အသင်းမှာတုန်းက ၎င်းရဲ့ ပိုက်ဆံတွေအားလုံးကို သုံးဖြုန်းပစ်ခဲ့ပြီး ကြီးမားတဲ့ လစာ ရရှိနေခဲ့ပေမယ့်လည်း ပေါင် ၁ သိန်းလောက်တောင် မစုဆောင်းမိခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဘောလုံးသမား အများစုက သူတို့ သုံးစွဲနိုင်တဲ့ ငွေကြေးပမာဏထက် ကျော်လွန်ပြီး နေထိုင်ကြတယ်။ ကျွန်တော် အာဆင်နယ်မှာ ၈ နှစ်လောက် ရှိနေခဲ့ပေမယ့် နောက်ဆုံး ၄ နှစ်ကျမှ ကောင်းကောင်း စပြီး နေခဲ့ရတယ်။ အဲဒါက ကျွန်တော့် လစာအများကြီး တိုးသွားခဲ့တာကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်ကလည်း ဘယ်လောက်တောင် အသုံးအဖြုန်းကြီးတဲ့သူလည်းဆိုတာကိုလည်း ကျွန်တော် သိလာခဲ့ပါတယ်”

“ကျွန်တော် အာဆင်နယ်အသင်းကို ပထမဆုံးရောက်တော့ တစ်ပတ်ကို ပေါင် ၁၅၀၀၀ ရခဲ့တယ်။ ကျွန်တော်က လူငယ်ကစားသမားဆိုတော့ အရမ်းပျော်ရွှင်ခဲ့ပါတယ်။ ကျွန်တော် ကိုယ့်ထက် အသက်ကြီးတဲ့ လူကြီးတွေနဲ့ ပုခုံးဖက် ပေါင်းချင်လာခဲ့တယ်။ ကျွန်တော် စျေးဝယ်ထွက်ချင်တဲ့နေရာမှန်သမျှ စျေးဝယ်ထွက်ပြီး ရူးသွပ်ချင်စရာ ညဘက်ထွက်လည်တာတွေ လုပ်ခဲ့တယ်။ ကျွန်တော် လေ့ကျင့်ရေးကို သွားတော့ သီယာရီ အွန်နရီ(ဘုရင်ကြီး)က လုံးဝကို အလန်းစားကားကြီးနဲ့ ရောက်လာတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ငါလည်း ဒီကားအတိုင်းပဲ ဘယ်လောက်ကုန်ကုန် လိုချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော် ကားအရောင်းစင်တာကို သွားခဲ့ပြီး စာရွက်တွေမှာ လက်မှတ်ထိုးပြီး ကားကို ဘဏ်အရစ်ကျနဲ့ ဝယ်ဖို့ စီစဉ်ခဲ့တယ်”

“အဲဒီလိုနဲ့ပဲ ကျွန်တော့်မှာ ဘုရင်ကြီးလိုပဲ တူညီတဲ့ ကား ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ၂ လအတွင်း ကျွန်တော် အဲဒီကားကို ပြန်အပ်ခဲ့တယ်ဆိုတာကို ကျိန်ပြောရဲတယ်။ ကျွန်တော့်ပိုက်ဆံအားလုံးက အဲဒီကား ဆီဖိုးဖြစ်နေခဲ့တယ်။ ကျွန်တော် သူတို့ကို ငါ့ကို တိုယိုတာကားပဲ ပေးပါ။ ဒီကားက ငါ့အတွက် အရမ်း ငွေကုန်ကြေးကျများလွန်းတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် နောက်တစ်ခါ လေ့ကျင့်ရေးသွားတဲ့အခါကျတော့ သီယာရီက ကျွန်တော့်ကို မင်းကား ဘယ်ရောက်သွားတာလဲ သားလေးလို့ မေးပါတယ်။ ကျွန်တော်ကလည်း သူ့ကို အဲဒီကားက ကျွန်တော့်ထက်တောင် ပိုပြီး အဆင်မြင့်နေတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်မှာ ကစားခဲ့တဲ့တစ်ချိန်လုံး လူတွေက ကျွန်တော့်ကို မီလျံနာဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ပေါင် ၁ သိန်းလောက်တောင် မစုနိုင်ခဲ့ဘူး”လို့ ပြောကြားခဲ့ပါတယ်။

အလက်ဇန္ဒား ဆောင်းဟာ လက်ရှိမှာတော့ အရှေ့ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျဘူတီနိုင်ငံက Arta Solar 7 အသင်းနဲ့အတူ ဘောလုံးကစားနေဆဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အလက္ဇႏၵား ေဆာင္းဟာ အသက္ ၁၇ ႏွစ္အရြယ္မွာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ရာသီအနည္းငယ္ အငွားကစားသမားအျဖစ္ အခ်ိန္ကုန္ဆုံးၿပီးေနာက္ နည္းၿပ အာစင္ဝင္းဂါးလက္ေအာက္မွာ ပထမအသင္း ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားအျဖစ္ သက္ေသျပသနိုင္ခဲ့သူျဖစ္ပါတယ္။

ကင္မရြန္းလက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ရဲ့ အာဆင္နယ္အသင္းနဲ႔ ၇ ႏွစ္ၾကာ ကစားသမားဘဝဟာ ၂၀၁၂ ခုႏွစ္မွာ ဘာစီလိုနာအသင္းကို ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ တရားဝင္ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္ခံစစ္ကစားသမားဟာ ဘာစီလိုနာအသင္းမွာ တခါတေလမွသာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ႏူးကမ့္မွာ ရွိေနခဲ့တဲ့ ၂ ရာသီအတြင္း စုစုေပါင္း ၆၅ ပြဲသာ ပါဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ကစားသမားအမ်ားစုဟာ ပုံမွန္ ပြဲထြက္ခြင့္ မရဘူးဆိုရင္ စိတ္ပ်က္ေဒါသထြက္ၾကေပမယ့္လည္း ေဆာင္းကေတာ့ အဲဒီလိုမဟုတ္ခဲ့ဘဲ ၎အေနနဲ႔ ေဘာလုံးကစားရတာနဲ႔ပတ္သက္ၿပီး ေသာက္ဂ႐ုမစိုက္တာေၾကာင့္ ဘာဆာမွာ ပြဲနည္းနည္းပဲ ပါဝင္ကစားရတဲ့ ကစားသမားျဖစ္ခဲ့တာကိုလည္း ဂ႐ုမစိုက္ခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အလက္ဇႏၵား ေဆာင္းရဲ့ ေဘာလုံးကစားဖို႔အတြက္ စိတ္ခြန္အားဟာ ေငြၾကးျဖစ္ၿပီး အဲဒါေၾကာင့္ပဲ ကတ္တလန္ထိပ္သီးအသင္းႀကီးကို ေျပာင္းေရႊ႕ခဲ့တာ အေသအခ်ာပဲ ျဖစ္ပါတယ္။

ေဆာင္းက ၎နဲ႔ တစ္နိုင္ငံတည္းသား Toronto Raptors ဘတ္စ္ကတ္ေဘာၾကယ္ပြင့္ ပါစကယ္ ဆီယာကမ္နဲ႔ စကားေျပာဆိုရာမွာ ၎ရဲ့ အသုံးအျဖဳန္းႀကီးခဲ့မႈကို ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။ “ကၽြန္ေတာ့္ကို ဘာစီလိုနာအသင္းက စာခ်ဳပ္ ကမ္းလွမ္းလာတဲ့အခ်ိန္မွာ ကၽြန္ေတာ္ ဘယ္ေလာက္အထိ လစာရမယ္ဆိုတာကို ျမင္ေတြ႕ခဲ့ၿပီး ၂ ခါ မစဥ္းစားခဲ့ပါဘူး။ ကၽြန္ေတာ့္ ဇနီးနဲ႔ ကေလးေတြအေနနဲ႔ ကၽြန္ေတာ့္ရဲ့ ကစားသမားဘဝၿပီးဆုံးသြားတဲ့အခ်ိန္မွာ သက္ေတာင့္သက္သာျဖစ္တဲ့ ဘဝမ်ိဳးမွာ ေနရသင့္တယ္လို႔ ခံစားခဲ့ရပါတယ္”

“ကၽြန္ေတာ္ ဘာဆာရဲ့ အားကစားဒါရိုက္တာနဲ႔ ေတြ႕ဆုံခဲ့ၿပီး သူက ကၽြန္ေတာ့္ကို ပြဲအမ်ားႀကီးေတာ့ ကစားရမွာမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေသာက္ဂ႐ုမစိုက္ပါဘူး။ ကၽြန္ေတာ္ အခု မီလ်ံနာျဖစ္လာလိမ့္မယ္ဆိုတာကို သိခဲ့ၿပီးၿပီပဲ။ အသက္ ၂၀ ေရာက္တာေတာင္ ဖယ္ရာရီေမာင္းေနတဲ့လူေတြက ဒီအသက္အရြယ္မွာ ဘာမွ ေအာင္ျမင္မႈမရွိေသးတာေၾကာင့္ ငမြဲေတြလို႔ ကၽြန္ေတာ္ အျမဲတမ္း ေျပာခဲ့တယ္။ ဒါေပမယ့္ ဘန္တေလကားကို ေမာင္းတဲ့ အသက္ ၅၀ အရြယ္ လူတစ္ေယာက္ကေတာ့က ေလးစားမႈခံရမယ့္ သူပဲ”

ေဆာင္းက အာဆင္နယ္အသင္းမွာတုန္းက ၎ရဲ့ ပိုက္ဆံေတြအားလုံးကို သုံးျဖဳန္းပစ္ခဲ့ၿပီး ႀကီးမားတဲ့ လစာ ရရွိေနခဲ့ေပမယ့္လည္း ေပါင္ ၁ သိန္းေလာက္ေတာင္ မစုေဆာင္းမိခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “ေဘာလုံးသမား အမ်ားစုက သူတို႔ သုံးစြဲနိုင္တဲ့ ေငြေၾကးပမာဏထက္ ေက်ာ္လြန္ၿပီး ေနထိုင္ၾကတယ္။ ကၽြန္ေတာ္ အာဆင္နယ္မွာ ၈ ႏွစ္ေလာက္ ရွိေနခဲ့ေပမယ့္ ေနာက္ဆုံး ၄ ႏွစ္က်မွ ေကာင္းေကာင္း စၿပီး ေနခဲ့ရတယ္။ အဲဒါက ကၽြန္ေတာ့္ လစာအမ်ားႀကီး တိုးသြားခဲ့တာေၾကာင့္ပါ။ ဒါေပမယ့္ ကၽြန္ေတာ္ကလည္း ဘယ္ေလာက္ေတာင္ အသုံးအျဖဳန္းႀကီးတဲ့သူလည္းဆိုတာကိုလည္း ကၽြန္ေတာ္ သိလာခဲ့ပါတယ္”

“ကၽြန္ေတာ္ အာဆင္နယ္အသင္းကို ပထမဆုံးေရာက္ေတာ့ တစ္ပတ္ကို ေပါင္ ၁၅၀၀၀ ရခဲ့တယ္။ ကၽြန္ေတာ္က လူငယ္ကစားသမားဆိုေတာ့ အရမ္းေပ်ာ္ရႊင္ခဲ့ပါတယ္။ ကၽြန္ေတာ္ ကိုယ့္ထက္ အသက္ႀကီးတဲ့ လူႀကီးေတြနဲ႔ ပုခုံးဖက္ ေပါင္းခ်င္လာခဲ့တယ္။ ကၽြန္ေတာ္ ေစ်းဝယ္ထြက္ခ်င္တဲ့ေနရာမွန္သမၽွ ေစ်းဝယ္ထြက္ၿပီး ႐ူးသြပ္ခ်င္စရာ ညဘက္ထြက္လည္တာေတြ လုပ္ခဲ့တယ္။ ကၽြန္ေတာ္ ေလ့က်င့္ေရးကို သြားေတာ့ သီယာရီ အြန္နရီ(ဘုရင္ႀကီး)က လုံးဝကို အလန္းစားကားႀကီးနဲ႔ ေရာက္လာတယ္။ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ငါလည္း ဒီကားအတိုင္းပဲ ဘယ္ေလာက္ကုန္ကုန္ လိုခ်င္တယ္လို႔ ေျပာခဲ့တယ္။ ကၽြန္ေတာ္ ကားအေရာင္းစင္တာကို သြားခဲ့ၿပီး စာရြက္ေတြမွာ လက္မွတ္ထိုးၿပီး ကားကို ဘဏ္အရစ္က်နဲ႔ ဝယ္ဖို႔ စီစဥ္ခဲ့တယ္”

“အဲဒီလိုနဲ႔ပဲ ကၽြန္ေတာ့္မွာ ဘုရင္ႀကီးလိုပဲ တူညီတဲ့ ကား ပိုင္ဆိုင္ခဲ့တယ္။ ဒါေပမယ့္ ၂ လအတြင္း ကၽြန္ေတာ္ အဲဒီကားကို ျပန္အပ္ခဲ့တယ္ဆိုတာကို က်ိန္ေျပာရဲတယ္။ ကၽြန္ေတာ့္ပိုက္ဆံအားလုံးက အဲဒီကား ဆီဖိုးျဖစ္ေနခဲ့တယ္။ ကၽြန္ေတာ္ သူတို႔ကို ငါ့ကို တိုယိုတာကားပဲ ေပးပါ။ ဒီကားက ငါ့အတြက္ အရမ္း ေငြကုန္ေၾကးက်မ်ားလြန္းတယ္လို႔ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္ ေနာက္တစ္ခါ ေလ့က်င့္ေရးသြားတဲ့အခါက်ေတာ့ သီယာရီက ကၽြန္ေတာ့္ကို မင္းကား ဘယ္ေရာက္သြားတာလဲ သားေလးလို႔ ေမးပါတယ္။ ကၽြန္ေတာ္ကလည္း သူ႔ကို အဲဒီကားက ကၽြန္ေတာ့္ထက္ေတာင္ ပိုၿပီး အဆင္ျမင့္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္ အာဆင္နယ္မွာ ကစားခဲ့တဲ့တစ္ခ်ိန္လုံး လူေတြက ကၽြန္ေတာ့္ကို မီလ်ံနာျဖစ္လိမ့္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ ေပါင္ ၁ သိန္းေလာက္ေတာင္ မစုနိုင္ခဲ့ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

အလက္ဇႏၵား ေဆာင္းဟာ လက္ရွိမွာေတာ့ အေရွ႕ အာဖရိကနိုင္ငံတစ္နိုင္ငံျဖစ္တဲ့ ဂ်ဘူတီနိုင္ငံက Arta Solar 7 အသင္းနဲ႔အတူ ေဘာလုံးကစားေနဆဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.