Premier League

စူပါ မိုဒရစ်ရဲ့ခြေစွမ်းနဲ့ စပိန်စူပါဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ရီးရဲလ်မက်ဒရစ်တိုရဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ လူကာ မိုဒရစ်ရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းကို ထပ်မံ မြင်တွေ့ခဲ့ရပြီး နောက်ထပ်ဘလွန်ဒေါဆု ရရှိဖို့ ထိုက်တန်တယ်လို့ ချီးကျူးမှုတွေ ခံနေရပါတယ်။

အသက် ၃၆ နှစ်အရွယ် ခရိုအေးရှားကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၃၈ မိနစ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ ညာခြေနဲ့ ဝိုက်ကန်သွင်းပြီး ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကိုလည်း ဖန်တီးပေးခဲ့ပြီး ကူတွာကနေ ကက်စမဲရိုး၊ တိုနီ ခရူးစ်တို့အပေးအယူလုပ်ပြီးနောက် လူကာ မိုဒရစ်က ရိုဒရီဂိုဆီကို ခင်းပေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကြယ်ပွင့်ဟာ အက်သလက်တစ် ဘီလ်ဘာအို နောက်ခံကစားသမား ၃ ဦးကို ၎င်းနားကို ရောက်လာအောင် ဆွဲခေါ်နိုင်ခဲ့ပြီး လူကပ်ခံရခြင်းမရှိဘဲ လွတ်နေတဲ့ မိုဒရစ်ကို ဘောလုံး ပြန်ခင်းပေးလိုက်တဲ့အချိန်မှာ ယခုရာသီ ရီးရဲလ်မက်ဒရစ်အတွက် ပထမဆုံး ဆုဖလားကို ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမားဟာ ပွဲစဉ်တလျှောက်လုံးမှာ ကစားအား ကျဆင်းသွားတဲ့ လက္ခဏာမျိုး ပြသခဲ့ခြင်းမရှိသူဖြစ်ပြီး ဘောလုံးပေးပို့မှုတွေ၊ ပြိုင်ဘက်ရဲ့တိုက်စစ်ကို ဖြတ်တောက်မှုတွေနဲ့ အက်သလက်တစ် ဘီလ်ဘာအို လူစားဝင်ကစားသမား မီခဲလ် ဗက်စ်ဂါရဲ့ ပေါင်ကြားထဲတောင် ဘောလုံးထည့်ပြီး လိမ်ခေါက်နိုင်ခဲ့သေးတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဒါ မီလီတာအို၊ ကက်စ်မဲရိုးတို့ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုတွေကို အက်သလက်တစ် ဘီလ်ဘာအို ဂိုးသမား အူနိုင်း ဆိုင်မွန် ကာကွယ်နိုင်ခဲ့တာကြောင့် ၂-၀ နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီ အက်သလက်တစ် ဘီလ်ဘာအိုဟာ အခွင့်အရေးတွေ ဖန်တီးနိုင်မယ့် အခြေအနေကို ရှာဖွေဖို့တောင် ခက်ခဲနေခဲ့တာဖြစ်ပါတယ်။

အွိုင်ဟန် ဆန်းစက်ဆီက ပေးပို့မှုကို အီနာကီ ဝီလီယံ ကန်သွင်းဖို့ ကြိုးပမ်းခဲ့ရာမှာ ဒေးဗစ် အလာဘာက လက်နဲ့ ပိတ်ဆို့ကာကွယ်မိခဲ့တာဖြစ်ပြီး သြစတြီးယားနောက်ခံကစားသမားဟာ မြေကြီးပေါ် လဲကျသွားပြီးမှ ဘောလုံးကို လက်နဲ့ ထိတွေ့ခဲ့တာကြောင့်သာ ပင်နယ်တီနဲ့ ပြစ်ဒဏ်ပေးခြင်းခံရမှုကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာ ကာရင် ဘန်ဇီးမားက ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တဲ့ ဘောလုံးကို ယယ်ရိုင်း အဲဗာရက်ဇ်က ကာကွယ်ခဲ့ရာမှာ မြှောက်ထားတဲ့ တံတောင်နဲ့ ထိမိခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က ဒီဖြစ်စဉ်ကို ကွင်းဘေးမော်နီတာမှာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အက်သလက်တစ် ဘီလ်ဘာအိုနည်းပြ မာဆယ်လီနိုဟာ ဒိုင်လူကြီးကို အငြင်းပွားခဲ့တဲ့အတွက် အဝါကတ်ပြ သတိပေးခြင်းခံခဲ့ရပြီး ပထမပိုင်းပြီးတုန်းကလည်း ကွင်းအတွင်းကနေ ထွက်ခွာဖို့ လမ်းလျှောက်နေတဲ့ ဒိုင်လူကြီးကို အလာဘာရဲ့ လက်ထိဘောကို ပင်နယ်တီမပေးခဲ့တဲ့အတွက် စောဒကတက်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သတိပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားက ရီးရဲလ်မက်ဒရစ်အတွက် ပင်နယ်တီကနေ ဒုတိယမြောက်ဦးဆောင်ဂိုးကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆော်ဒီအာရေဗျနိုင်ငံက King Fahd နိုင်ငံတကာဘောလုံးကွင်းထဲမှာ ယခုရာသီရဲ့ ပထမဆုံး ဆုဖလားအဖြစ် စပိန်စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က စပိန်စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ပွဲစဉ်အတွင်းက လူကာ မိုဒရစ်ရဲ့ စွမ်းဆောင်ရည်ဟာ ဘလွန်ဒေါဆုကို ဒုတိယအကြိမ်မြောက် ရရှိသင့်တဲ့ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်ဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တနဂၤေႏြေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔ ရီးရဲလ္မက္ဒရစ္တိုရဲ့ စပိန္စူပါဖလား ဗိုလ္လုပြဲစဥ္မွာ လူကာ မိုဒရစ္ရဲ့ ကမၻာ့အဆင့္ေျခစြမ္းကို ထပ္မံ ျမင္ေတြ႕ခဲ့ရၿပီး ေနာက္ထပ္ဘလြန္ေဒါဆု ရရွိဖို႔ ထိုက္တန္တယ္လို႔ ခ်ီးက်ဴးမႈေတြ ခံေနရပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ ခရိုေအးရွားကြင္းလယ္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၃၈ မိနစ္မွာ ပင္နယ္တီဧရိယာထိပ္ကေန ညာေျခနဲ႔ ဝိုက္ကန္သြင္းၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ မိုဒရစ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဂိုးသြင္းယူနိုင္မယ့္ အခြင့္အေရးေတြကိုလည္း ဖန္တီးေပးခဲ့ၿပီး ကူတြာကေန ကက္စမဲရိုး၊ တိုနီ ခ႐ူးစ္တို႔အေပးအယူလုပ္ၿပီးေနာက္ လူကာ မိုဒရစ္က ရိုဒရီဂိုဆီကို ခင္းေပးခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံၾကယ္ပြင့္ဟာ အက္သလက္တစ္ ဘီလ္ဘာအို ေနာက္ခံကစားသမား ၃ ဦးကို ၎နားကို ေရာက္လာေအာင္ ဆြဲေခၚနိုင္ခဲ့ၿပီး လူကပ္ခံရျခင္းမရွိဘဲ လြတ္ေနတဲ့ မိုဒရစ္ကို ေဘာလုံး ျပန္ခင္းေပးလိုက္တဲ့အခ်ိန္မွာ ယခုရာသီ ရီးရဲလ္မက္ဒရစ္အတြက္ ပထမဆုံး ဆုဖလားကို ရရွိေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ခရိုေအးရွားဝါရင့္ကြင္းလယ္ကစားသမားဟာ ပြဲစဥ္တေလၽွာက္လုံးမွာ ကစားအား က်ဆင္းသြားတဲ့ လကၡဏာမ်ိဳး ျပသခဲ့ျခင္းမရွိသူျဖစ္ၿပီး ေဘာလုံးေပးပို႔မႈေတြ၊ ၿပိဳင္ဘက္ရဲ့တိုက္စစ္ကို ျဖတ္ေတာက္မႈေတြနဲ႔ အက္သလက္တစ္ ဘီလ္ဘာအို လူစားဝင္ကစားသမား မီခဲလ္ ဗက္စ္ဂါရဲ့ ေပါင္ၾကားထဲေတာင္ ေဘာလုံးထည့္ၿပီး လိမ္ေခါက္နိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အီဒါ မီလီတာအို၊ ကက္စ္မဲရိုးတို႔ရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈေတြကို အက္သလက္တစ္ ဘီလ္ဘာအို ဂိုးသမား အူနိုင္း ဆိုင္မြန္ ကာကြယ္နိုင္ခဲ့တာေၾကာင့္ ၂-၀ နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ၿပီ အက္သလက္တစ္ ဘီလ္ဘာအိုဟာ အခြင့္အေရးေတြ ဖန္တီးနိုင္မယ့္ အေျခအေနကို ရွာေဖြဖို႔ေတာင္ ခက္ခဲေနခဲ့တာျဖစ္ပါတယ္။

အြိဳင္ဟန္ ဆန္းစက္ဆီက ေပးပို႔မႈကို အီနာကီ ဝီလီယံ ကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ေဒးဗစ္ အလာဘာက လက္နဲ႔ ပိတ္ဆို႔ကာကြယ္မိခဲ့တာျဖစ္ၿပီး ၾသစႀတီးယားေနာက္ခံကစားသမားဟာ ေျမႀကီးေပၚ လဲက်သြားၿပီးမွ ေဘာလုံးကို လက္နဲ႔ ထိေတြ႕ခဲ့တာေၾကာင့္သာ ပင္နယ္တီနဲ႔ ျပစ္ဒဏ္ေပးျခင္းခံရမႈကေန လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၅၂ မိနစ္မွာ ကာရင္ ဘန္ဇီးမားက ပင္နယ္တီဧရိယာထိပ္ကေန အျပင္းကန္သြင္းခဲ့တဲ့ ေဘာလုံးကို ယယ္ရိုင္း အဲဗာရက္ဇ္က ကာကြယ္ခဲ့ရာမွာ ေျမႇာက္ထားတဲ့ တံေတာင္နဲ႔ ထိမိခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္က ဒီျဖစ္စဥ္ကို ကြင္းေဘးေမာ္နီတာမွာ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

အက္သလက္တစ္ ဘီလ္ဘာအိုနည္းၿပ မာဆယ္လီနိုဟာ ဒိုင္လူႀကီးကို အျငင္းပြားခဲ့တဲ့အတြက္ အဝါကတ္ၿပ သတိေပးျခင္းခံခဲ့ရၿပီး ပထမပိုင္းၿပီးတုန္းကလည္း ကြင္းအတြင္းကေန ထြက္ခြာဖို႔ လမ္းေလၽွာက္ေနတဲ့ ဒိုင္လူႀကီးကို အလာဘာရဲ့ လက္ထိေဘာကို ပင္နယ္တီမေပးခဲ့တဲ့အတြက္ ေစာဒကတက္ခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ သတိေပးျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမားက ရီးရဲလ္မက္ဒရစ္အတြက္ ပင္နယ္တီကေန ဒုတိယေျမာက္ဦးေဆာင္ဂိုးကို အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဟာ ေဆာ္ဒီအာေရဗ်နိုင္ငံက King Fahd နိုင္ငံတကာေဘာလုံးကြင္းထဲမွာ ယခုရာသီရဲ့ ပထမဆုံး ဆုဖလားအျဖစ္ စပိန္စူပါဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌ ဖေလာ္ရန္တီနို ပီးရက္ဇ္က စပိန္စူပါဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တဲ့ပြဲစဥ္အတြင္းက လူကာ မိုဒရစ္ရဲ့ စြမ္းေဆာင္ရည္ဟာ ဘလြန္ေဒါဆုကို ဒုတိယအႀကိမ္ေျမာက္ ရရွိသင့္တဲ့ ကမၻာ့အဆင့္ စြမ္းေဆာင္ရည္ျဖစ္တယ္လို႔ ခ်ီးက်ဴး ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.