Premier League

မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာ နည်းပြတူဟယ် ဘယ်အရာတွေမှန်ပြီး ဘယ်အရာတွေမှားခဲ့သလဲ

ချဲလ်ဆီးအသင်းဟာ စနေနေ့ညနေက မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြယ်ပွင့်ဟောင်း ကီဗင် ဒီဘရိုင်းနားရဲ့ အနိုင်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပြီး မန်စီးတီးကတော့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ပွဲစဉ်ဟာ အလွန်ခက်ခဲပြီး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုရှိခဲ့ပြီး ဒီဘရိုင်းနားဟာ ပွဲကစားချိန် မိနစ် ၂၀ သာ ကျန်တော့တဲ့အချိန်မှာ ဂိုးညာဘက်အောက်ထောင့်ကို ဝိုက်ကန်သွင်းပြီး မန်စီးတီးအတွက် နောက်ထပ်တစ်ကြိမ် သူရဲကောင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အစပိုင်းမှာ ပွဲကို ခြေအသာနဲ့ စတင်နိုင်ခဲ့ပေမယ့် မန်စီးတီး ပိုင်ဆိုင်ထားတဲ့ အန္တရာယ်ပေးနိုင်မှုတွေကြောင့် ဒုတိယပိုင်းမှာ ယုံကြည်မှု ကင်းမဲ့ခဲ့တာကြောင့် အပြစ်ပေခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်တာစီးတီးဟာ တော်တော်လေးနောက်ကျပြီးမှ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ တုံ့ပြန်ဖို့ အချိန်မရခဲ့ဘဲ တူဟယ်အတွက် နောက်ထပ် စိတ်ပျက်စရာ ညနေခင်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ဂျာမန်လူမျိုး နည်းပြအနေနဲ့ ဘာတွေ မှန်ပြီး ဘာတွေ မှားသွားခဲ့လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြတူဟယ် မှန်ခဲ့တဲ့တစ်ခုတည်းသောအရာ

အထင်ကြီးဖွယ် ခံစစ်ပိုင်းစွမ်းဆောင်ရည်
ချဲလ်ဆီးအသင်းဟာ မိနစ် ၉၀ စလုံးတော့ လက်ရှိချန်ပီယံကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပေမယ့် မန်စီးတီးကို စိတ်ပျက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ တိုက်စစ်ဆင်နိုင်စွမ်း မရှိပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ ဖြိုခွဲဖို့အတွက် ခက်ခဲနေဆဲဖြစ်ပြီး ရူဒီဂါရဲ့ နောက်ထပ်အကောင်းမွန်ဆုံး စွမ်ေးဆာင်ရည်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ခံစစ်ကို ဖြိုခွဲဖို့က ထူးခြားတဲ့အခိုက်အတန့်ဖြစ်ဖို့ လိုအပ်ခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ တူဟယ်ရဲ့ ဆုဖလားမျှော်လင့်ချက်ကို မှေးမှိန်စေခဲ့ပေမယ့် ချဲလ်ဆီးရဲ့ ကြံ့ကြံ့ခံနိုင်မှုက ဂျာမန်လူမျိုးနည်းပြအဖို့တော့ အထင်ကြီးမိခဲ့တဲ့အရာတစ်ခု ဖြစ်ခဲ့မှာဖြစ်ပါတယ်။ မန်စီးတီးဟာ ကာကွယ်ဖို့ မဖြစ်နိုင်လုနီးပါးဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ၎င်းတို့ကို မကြာခဏ အခွင့်အရေး ပေးမိလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း သရေတစ်မှတ်သာ ပေးခဲ့ရဖို့ အလွန်နီးစပ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြတူဟယ် မှားခဲ့တဲ့အရာ ၄ ခု

လူကာကူးအတွက် ဇီယက်ချ်ကို ပံ့ပိုးစေခြင်း
ချဲလ်ဆီးအသင်းမှာ တိုက်စစ်ကြယ်ပွင့်တွေ အများကြီးရှိနေတာကြောင့် ပြီးပြည့်စုံတဲ့ တိုက်စစ် ၃ ဦးကို ရွေးချယ်ဖို့က ဘယ်တော့မှ လွယ်ကူမှာမဟုတ်ပေမယ့် ဟာကင်း ဇီယက်ရှ်ကို တူဟယ် ရွေးချယ်ခဲ့တာကတော့ မဖြစ်သင့်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ မော်ရိုကို လက်ရွေးစင်ကြယ်ပွင့်ဟာ ပုံမှန်ခြေစွမ်းရှိမနေခဲ့ဘဲ အခွင့်အရေးများစွာကိုလည်း ဖြုန်းတီးပစ်ခဲ့တာဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာလည်း ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့တဲ့ ဇီယက်ရှ်ဟာ ဂိုးပေါက်ကန်သွင်းမှုလည်း မပြုလုပ်နိုင်ခဲ့ဘဲ အသင်းဖော်တွေဟာ စတင်ပြီး စိတ်ရှည်သည်းခံမှု ကုန်ဆုံးလာချိန်မှာတော့ တိုက်စစ်မှာ တစ်ဦးတည်း အထီးကျန်လာခဲ့တာဖြစ်ပါတယ်။ မေဆန် မောင့်၊ တီမို ဗာနာ၊ ခိုင် ဟာဗတ်ဇ်တို့အားလုံးဟာ အရန်ခုံမှာ ရွေးချယ်စရာအဖြစ် ရှိနေပြီး သူတို့ထဲက ဘယ်သူမဆို ဇီယက်ရှ်ထက်စာရင် ကြီးမားတဲ့ အကျိုးသက်ရောက်မှုမျိုး ပြုလုပ်နိုင်ခဲ့မှာဖြစ်ပါတယ်။

ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်း

မန်စီးတီးကို ဒုတိယပိုင်းအစအချိန်တွေမှာ ကနဦး တိုက်စစ်ဆင်ပြီးနောက် ချဲလ်ဆီးဟာ တိုက်စစ်ဆင်ဖို့ထက် အလွန်အမင်း ခံစစ်ကစားလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ရှေ့တက်ကစားဖို့ တောင်းဆိုမှုကို တင်းခံနေခဲ့ပြီး ပြိုင်ဘက် ခံစစ်ဘက်ခြမ်းထက် ကိုယ့်ဂိုးဘက်ကိုပဲ ဘောလုံးပေးပို့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး အဲဒါကပဲ ချဲလ်ဆီးကို တိုက်စစ်ဆင်ခြင်း မပြုလုပ်နိုင်အောင် တားဆီးနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ပြိုင်ဘက်ခြေထောက်ထဲက ဘောလုံးကို လုယူဖို့အတွက် ဖိအားပေးရာမှာ အလွန် အန္တရာယ်ပေးနိုင်တဲ့အသင်းဖြစ်ပြီး ချဲလ်ဆီးရဲ့ တုံ့ဆိုင်းနေမှုက ပွဲစဉ်တလျှောက်လုံးမှာ ပြဿနာဖြေရှင်းဖို့ထက် ပြဿနာတွေပဲ ပိုဖြစ်စေခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးမှာ ရူဒီဂါနဲ့ သီယေဂို ဆေးလ်ဗားတို့လို ကစားသမားမျိုးသာ မရှိခဲ့ဘူးဆိုရင် ပိုပြီး ရုပ်ဆိုးတဲ့ ဂိုးအရေအတွက်ဖြစ်ခဲ့မှာဖြစ်ပါတယ်။

ပင်နယ်တီဧရိယာထဲမှာ လူကာကူးကို လစ်လျူရှုထားခြင်း

ချဲလ်ဆီးဟာ သာမန်အားဖြင့် တောင်ပံတွေကနေ တိုက်စစ်ဆင်တတ်ပေမယ့် အလယ်မှာ ဘောလုံးကို အသည်းအသန် တောင်းနေတဲ့ လူကာကူးဆီကို ထိုးပေးဖို့ အခွင့်အရေးအများအပြားကို ဖန်တီးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ လူကာကူးဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံးအခွင့်အရေးတွေကို ၎င်းရဲ့ ကိုယ်ပိုင်ဖန်တီးမှုကနေ လုပ်ယူခဲ့ရတာဖြစ်ပြီး ၎င်းရဲ့အသင်းဖော်တွေကတော့ ပင်နယ်တီဧရိယာထဲက ဘယ်လ်ဂျီယမ်ကြယ်ပွင့် ရှိနေမှုကို လုံးဝ လစ်လျူရှုပြီး တခြားရွေးချယ်စရာတွေကို ရှာဖွေနေခဲ့ကြတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ ရှုပ်ထွေးတဲ့ ဘောလုံးပေးပို့မှုနဲ့ မန်စီးတီးကို အနိုင်ယူဖို့ ကြိုးပမ်းခဲ့တာကြောင့် လူကာကူးဟာ ပွဲချိန်အများစုမှာ ချဲလ်ဆီးအသင်း ပင်နယ်တီဧရိယာထဲ ပြေးဝင်နေရတာကို သတိမပြုခဲ့ကြတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ အဲဒါက အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ကောင်းမဟုတ်နိုင်ပေမယ့် ချဲလ်ဆီးသာ လူကာကူးကို ပင်နယ်တီဧရိယာထဲမှာ ဘောလုံးပေးနိုင်ခဲ့မယ်ဆိုရင် မတူညီတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့နိုင်ပါတယ်။

ဂျိမ်းစ်နဲ့ ချေးဝဲလ်တို့မရှိဘဲ ခံစစ် ၃ ဦးကစားကွက်ကို ဆက်သုံးခဲ့ခြင်း

လက်ကျန်ရာသီဝက်ကို လွဲချော်တော့မယ့် ဘန် ချေးဝဲလ်နဲ့ ဘရိုက်တန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ခန့် နားရမယ့် ရီးစ်ဂျိမ်းစ်တို့ မပါဝင်တဲ့ လူစာရင်းမှာ အသက်အရွယ်ရနေပြီဖြစ်တဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုရဲ့ ခံစစ်ပိုင်းမှာ ကြီးမားတဲ့ ကျဆင်းမှုကို သိရက်နဲ့ နည်းပြတူဟယ်အနေနဲ့ အရေးကြီးတဲ့ မန်ချက်စတာစီးတီးနဲ့ပွဲမှာ နောက်တန်း ၃ ယောက် ကစားကွက်ကို ဆက်လက်အသုံးပြုခဲ့ပြန်ပါတယ်။ ဒါကြောင့် မန်ချက်စတာစီးတီးဟာ အထူးသဖြင့် အလွန်ဆို ရှိနေတဲ့ ချဲလ်ဆီး ဘယ်တောင်ပံကို ထိုးဖောက်ခဲ့တာဖြစ်ပြီး စတားလင်းဟာ အလွန်ကောင်းမွန်တဲ့ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ စတားလင်းဟာ မားကို့စ် အလွန်ဆိုနားမှာ ပျော်ရွှင်စွာ တစ်ပွဲလုံးပတ်ပြေးနေခဲ့ပြီး စပိန်နောက်ခံကစားသမား ကစားအားကျဆင်းသွားခဲ့ပြီးနောက် မာလန်း ဆားကို မဖြစ်မနေ ရှင်းထုတ်ဖို့ ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုဟာ မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့်ရဲ့ မြန်နှုန်းကို လိုက်မမီနိုင်တဲ့နောက် မမီမကမ်း ဖျက်ထုတ်ခဲ့တဲ့အတွက် အဝါကတ်ပြားလည်း ပြသခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

နည်းပြတူဟယ်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံအစွံလူတွေ မပါဝင်နိုင်ချိန် ခံစစ် ၃ ဦး ကစားကွက်ကို ဆက်သုံးနေခဲ့ပြီး မပြင်ဆင်နိုင်ခဲ့ရင် လာမယ့်ပွဲစဉ်တွေဖြစ်တဲ့ သရေတပေါက် လျှမ်းလျှမ်းတောက်တဲ့ အိမ်ကွင်းမာကျောတဲ့ ဘရိုက်တန်နဲ့ပွဲ၊ စပါးစ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲတွေမှာ အနိုင် ၃ မှတ်အပြည့်မရပဲ အမှတ်ထပ်လျော့ဖွယ် ရှိနေပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ စေနေန႔ညေနက မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ၾကယ္ပြင့္ေဟာင္း ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ အႏိုင္ဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့ရၿပီး မန္စီးတီးကေတာ့ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ၁၃ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာစီးတီးတို႔ပြဲစဥ္ဟာ အလြန္ခက္ခဲၿပီး ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈရွိခဲ့ၿပီး ဒီဘ႐ိုင္းနားဟာ ပြဲကစားခ်ိန္ မိနစ္ ၂၀ သာ က်န္ေတာ့တဲ့အခ်ိန္မွာ ဂိုးညာဘက္ေအာက္ေထာင့္ကို ဝိုက္ကန္သြင္းၿပီး မန္စီးတီးအတြက္ ေနာက္ထပ္တစ္ႀကိမ္ သူရဲေကာင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အစပိုင္းမွာ ပြဲကို ေျခအသာနဲ႔ စတင္ႏိုင္ခဲ့ေပမယ့္ မန္စီးတီး ပိုင္ဆိုင္ထားတဲ့ အႏၲရာယ္ေပးႏိုင္မႈေတြေၾကာင့္ ဒုတိယပိုင္းမွာ ယုံၾကည္မႈ ကင္းမဲ့ခဲ့တာေၾကာင့္ အျပစ္ေပခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္တာစီးတီးဟာ ေတာ္ေတာ္ေလးေနာက္က်ၿပီးမွ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ တုံ႔ျပန္ဖို႔ အခ်ိန္မရခဲ့ဘဲ တူဟယ္အတြက္ ေနာက္ထပ္ စိတ္ပ်က္စရာ ညေနခင္းျဖစ္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးနဲ႔ပြဲစဥ္မွာ ဂ်ာမန္လူမ်ိဳး နည္းျပအေနနဲ႔ ဘာေတြ မွန္ၿပီး ဘာေတြ မွားသြားခဲ့လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူဟယ္ မွန္ခဲ့တဲ့တစ္ခုတည္းေသာအရာ

အထင္ႀကီးဖြယ္ ခံစစ္ပိုင္းစြမ္းေဆာင္ရည္
ခ်ဲလ္ဆီးအသင္းဟာ မိနစ္ ၉၀ စလုံးေတာ့ လက္ရွိခ်န္ပီယံကို ထိန္းသိမ္းႏိုင္ခဲ့ျခင္းမရွိေပမယ့္ မန္စီးတီးကို စိတ္ပ်က္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ တိုက္စစ္ဆင္ႏိုင္စြမ္း မရွိေပမယ့္လည္း ခံစစ္ပိုင္းမွာေတာ့ ၿဖိဳခြဲဖို႔အတြက္ ခက္ခဲေနဆဲျဖစ္ၿပီး ႐ူဒီဂါရဲ႕ ေနာက္ထပ္အေကာင္းမြန္ဆုံး စြမ္ေးဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးရဲ႕ခံစစ္ကို ၿဖိဳခြဲဖို႔က ထူးျခားတဲ့အခိုက္အတန႔္ျဖစ္ဖို႔ လိုအပ္ခဲ့ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းဟာ တူဟယ္ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ေမွးမွိန္ေစခဲ့ေပမယ့္ ခ်ဲလ္ဆီးရဲ႕ ႀကံ့ႀကံ့ခံႏိုင္မႈက ဂ်ာမန္လူမ်ိဳးနည္းျပအဖို႔ေတာ့ အထင္ႀကီးမိခဲ့တဲ့အရာတစ္ခု ျဖစ္ခဲ့မွာျဖစ္ပါတယ္။ မန္စီးတီးဟာ ကာကြယ္ဖို႔ မျဖစ္ႏိုင္လုနီးပါးျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ၎တို႔ကို မၾကာခဏ အခြင့္အေရး ေပးမိလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း သေရတစ္မွတ္သာ ေပးခဲ့ရဖို႔ အလြန္နီးစပ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူဟယ္ မွားခဲ့တဲ့အရာ ၄ ခု

လူကာကူးအတြက္ ဇီယက္ခ်္ကို ပံ့ပိုးေစျခင္း
ခ်ဲလ္ဆီးအသင္းမွာ တိုက္စစ္ၾကယ္ပြင့္ေတြ အမ်ားႀကီးရွိေနတာေၾကာင့္ ၿပီးျပည့္စုံတဲ့ တိုက္စစ္ ၃ ဦးကို ေ႐ြးခ်ယ္ဖို႔က ဘယ္ေတာ့မွ လြယ္ကူမွာမဟုတ္ေပမယ့္ ဟာကင္း ဇီယက္ရွ္ကို တူဟယ္ ေ႐ြးခ်ယ္ခဲ့တာကေတာ့ မျဖစ္သင့္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ ေမာ္႐ိုကို လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ပုံမွန္ေျခစြမ္းရွိမေနခဲ့ဘဲ အခြင့္အေရးမ်ားစြာကိုလည္း ျဖဳန္းတီးပစ္ခဲ့တာျဖစ္ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာလည္း ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးခဲ့တဲ့ ဇီယက္ရွ္ဟာ ဂိုးေပါက္ကန္သြင္းမႈလည္း မျပဳလုပ္ႏိုင္ခဲ့ဘဲ အသင္းေဖာ္ေတြဟာ စတင္ၿပီး စိတ္ရွည္သည္းခံမႈ ကုန္ဆုံးလာခ်ိန္မွာေတာ့ တိုက္စစ္မွာ တစ္ဦးတည္း အထီးက်န္လာခဲ့တာျဖစ္ပါတယ္။ ေမဆန္ ေမာင့္၊ တီမို ဗာနာ၊ ခိုင္ ဟာဗတ္ဇ္တို႔အားလုံးဟာ အရန္ခုံမွာ ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနၿပီး သူတို႔ထဲက ဘယ္သူမဆို ဇီယက္ရွ္ထက္စာရင္ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈမ်ိဳး ျပဳလုပ္ႏိုင္ခဲ့မွာျဖစ္ပါတယ္။

ကိုယ့္ဒုကၡ ကိုယ္ရွာျခင္း

မန္စီးတီးကို ဒုတိယပိုင္းအစအခ်ိန္ေတြမွာ ကနဦး တိုက္စစ္ဆင္ၿပီးေနာက္ ခ်ဲလ္ဆီးဟာ တိုက္စစ္ဆင္ဖို႔ထက္ အလြန္အမင္း ခံစစ္ကစားလာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ေရွ႕တက္ကစားဖို႔ ေတာင္းဆိုမႈကို တင္းခံေနခဲ့ၿပီး ၿပိဳင္ဘက္ ခံစစ္ဘက္ျခမ္းထက္ ကိုယ့္ဂိုးဘက္ကိုပဲ ေဘာလုံးေပးပို႔ဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး အဲဒါကပဲ ခ်ဲလ္ဆီးကို တိုက္စစ္ဆင္ျခင္း မျပဳလုပ္ႏိုင္ေအာင္ တားဆီးေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဟာ ၿပိဳင္ဘက္ေျခေထာက္ထဲက ေဘာလုံးကို လုယူဖို႔အတြက္ ဖိအားေပးရာမွာ အလြန္ အႏၲရာယ္ေပးႏိုင္တဲ့အသင္းျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕ တုံ႔ဆိုင္းေနမႈက ပြဲစဥ္တေလွ်ာက္လုံးမွာ ျပႆနာေျဖရွင္းဖို႔ထက္ ျပႆနာေတြပဲ ပိုျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးမွာ ႐ူဒီဂါနဲ႔ သီေယဂို ေဆးလ္ဗားတို႔လို ကစားသမားမ်ိဳးသာ မရွိခဲ့ဘူးဆိုရင္ ပိုၿပီး ႐ုပ္ဆိုးတဲ့ ဂိုးအေရအတြက္ျဖစ္ခဲ့မွာျဖစ္ပါတယ္။

ပင္နယ္တီဧရိယာထဲမွာ လူကာကူးကို လစ္လ်ဴရႈထားျခင္း

ခ်ဲလ္ဆီးဟာ သာမန္အားျဖင့္ ေတာင္ပံေတြကေန တိုက္စစ္ဆင္တတ္ေပမယ့္ အလယ္မွာ ေဘာလုံးကို အသည္းအသန္ ေတာင္းေနတဲ့ လူကာကူးဆီကို ထိုးေပးဖို႔ အခြင့္အေရးအမ်ားအျပားကို ဖန္တီးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ လူကာကူးဟာ ခ်ဲလ္ဆီးရဲ႕ အေကာင္းဆုံးအခြင့္အေရးေတြကို ၎ရဲ႕ ကိုယ္ပိုင္ဖန္တီးမႈကေန လုပ္ယူခဲ့ရတာျဖစ္ၿပီး ၎ရဲ႕အသင္းေဖာ္ေတြကေတာ့ ပင္နယ္တီဧရိယာထဲက ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ ရွိေနမႈကို လုံးဝ လစ္လ်ဴရႈၿပီး တျခားေ႐ြးခ်ယ္စရာေတြကို ရွာေဖြေနခဲ့ၾကတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၎တို႔ရဲ႕ ရႈပ္ေထြးတဲ့ ေဘာလုံးေပးပို႔မႈနဲ႔ မန္စီးတီးကို အႏိုင္ယူဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ လူကာကူးဟာ ပြဲခ်ိန္အမ်ားစုမွာ ခ်ဲလ္ဆီးအသင္း ပင္နယ္တီဧရိယာထဲ ေျပးဝင္ေနရတာကို သတိမျပဳခဲ့ၾကတာေၾကာင့္ စိတ္ပ်က္ခဲ့ရပါတယ္။ အဲဒါက အေကာင္းဆုံးနည္းလမ္းေတာ့ မဟုတ္ေကာင္းမဟုတ္ႏိုင္ေပမယ့္ ခ်ဲလ္ဆီးသာ လူကာကူးကို ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးေပးႏိုင္ခဲ့မယ္ဆိုရင္ မတူညီတဲ့ပြဲစဥ္တစ္ခု ျဖစ္ခဲ့ႏိုင္ပါတယ္။

ဂ်ိမ္းစ္နဲ႔ ေခ်းဝဲလ္တို႔မရွိဘဲ ခံစစ္ ၃ ဦးကစားကြက္ကို ဆက္သုံးခဲ့ျခင္း

လက္က်န္ရာသီဝက္ကို လြဲေခ်ာ္ေတာ့မယ့္ ဘန္ ေခ်းဝဲလ္နဲ႔ ဘ႐ိုက္တန္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ အနည္းဆုံး ၆ ပတ္ခန႔္ နားရမယ့္ ရီးစ္ဂ်ိမ္းစ္တို႔ မပါဝင္တဲ့ လူစာရင္းမွာ အသက္အ႐ြယ္ရေနၿပီျဖစ္တဲ့ ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုရဲ႕ ခံစစ္ပိုင္းမွာ ႀကီးမားတဲ့ က်ဆင္းမႈကို သိရက္နဲ႔ နည္းျပတူဟယ္အေနနဲ႔ အေရးႀကီးတဲ့ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ေနာက္တန္း ၃ ေယာက္ ကစားကြက္ကို ဆက္လက္အသုံးျပဳခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာစီးတီးဟာ အထူးသျဖင့္ အလြန္ဆို ရွိေနတဲ့ ခ်ဲလ္ဆီး ဘယ္ေတာင္ပံကို ထိုးေဖာက္ခဲ့တာျဖစ္ၿပီး စတားလင္းဟာ အလြန္ေကာင္းမြန္တဲ့ပြဲကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ စတားလင္းဟာ မားကို႔စ္ အလြန္ဆိုနားမွာ ေပ်ာ္႐ႊင္စြာ တစ္ပြဲလုံးပတ္ေျပးေနခဲ့ၿပီး စပိန္ေနာက္ခံကစားသမား ကစားအားက်ဆင္းသြားခဲ့ၿပီးေနာက္ မာလန္း ဆားကို မျဖစ္မေန ရွင္းထုတ္ဖို႔ ဖိအားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အလြန္ဆိုဟာ မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ရဲ႕ ျမန္ႏႈန္းကို လိုက္မမီႏိုင္တဲ့ေနာက္ မမီမကမ္း ဖ်က္ထုတ္ခဲ့တဲ့အတြက္ အဝါကတ္ျပားလည္း ျပသျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

နည္းျပတူဟယ္အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေနာက္ခံအစြံလူေတြ မပါဝင္ႏိုင္ခ်ိန္ ခံစစ္ ၃ ဦး ကစားကြက္ကို ဆက္သုံးေနခဲ့ၿပီး မျပင္ဆင္ႏိုင္ခဲ့ရင္ လာမယ့္ပြဲစဥ္ေတြျဖစ္တဲ့ သေရတေပါက္ လွ်မ္းလွ်မ္းေတာက္တဲ့ အိမ္ကြင္းမာေက်ာတဲ့ ဘ႐ိုက္တန္နဲ႔ပြဲ၊ စပါးစ္အသင္းနဲ႔ လန္ဒန္ဒါဘီပြဲေတြမွာ အႏိုင္ ၃ မွတ္အျပည့္မရပဲ အမွတ္ထပ္ေလ်ာ့ဖြယ္ ရွိေနပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.