Premier League

တကျော့ပြန် ကော်တင်ညို တောက်ပခဲ့တဲ့ ဗီလာ 2-2 ယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

စိတ်ကြီးဝင်ရောဂါရနေတဲ့ မာတီနက်ဇ်ရဲ့ မမှားသင့်တဲ့ အမှား

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တုန်းကအတိုင်းပဲ ပထမပိုင်းမှာ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က အပြင်းကန်သွင်းမှုကို အက်စတန် ဗီလာဂိုးသမား အီမီ မာတီနက်ဇ် ပိုက်ဖမ်းဖို့ ကြိုးပမ်းရာမှာ လက်ချော်ပြီး ပေါင်ကြားထဲက ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဘောလုံးလာရာ လမ်းကြောင်းကို ကာဗာနီက နည်းနည်းသာ အာရုံလွှဲနိုင်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် အားထားရတဲ့ အာဂျင်တီးနားဂိုးသမားအတွက်တော့ အလွယ်တကူ ကာကွယ်နိုင်တဲ့ ဂိုးကန်သွင်းမှု ဖြစ်ခဲ့သင့်ပါတယ်။

ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်ခဲ့တဲ့ ဖာနန်ဒက်စ်
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တင်ပါးဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပေမယ့် အက်စတန် ဗီလာနဲ့ပွဲက ရန်းနစ်ခ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီ ယူနိုက်တက်အတွက် တစ်ဦးချင်း ရုန်းကန်ပေးနေခဲ့သူဖြစ်ပြီး ၎င်း မပါဝင်နိုင်မှုအတွက် ဘယ်သူက နေရာဝင်ယူမှာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေမှာ မလွဲမသွေဖြစ်ပါတယ်။

ဒါပေမယ့် ရန်းနစ်ခ်ရဲ့အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှူး မပါဝင်ဘဲ ကစားနိုင်ခဲ့ပြီး မေဆင် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ရာသီက ဂရင်းဝုဒ်လိုမျိုး ကစားနိုင်ခဲ့တာကြောင့် ဗီလာ နောက်ခံကစားသမားတွေကို ပြဿနာတွေ ပေးနိုင်ခဲ့ပါတယ်။ ကာဗာနီရဲ့ အလွန်ကောင်းမွန်တဲ့ တိုက်စစ်မှာ နေရာပြောင်းရွှေ့ကစားမှုနဲ့အတူ အီလန်ဂါကလည်း ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့်ရမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ အထူးသဖြင့် ပထမပိုင်းမှာ ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေခဲ့တာကြောင့် ကွင်းလယ်ကနေ ပွဲကို ထိန်းညှိပေးနိုင်ခဲ့သလို ၄ ပွဲအတွင်း ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ အန်းဖီးက ခြေစွမ်းမျိုး ပြသခဲ့တဲ့ ကော်တင်ညို
ဖိလစ်ပီ ကော်တင်ညိုဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာပြီးနောက် အက်စတန် ဗီလာအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်အဖြစ် လူစားဝင်ကစားပေးခဲ့ပြီး ၁၄ မိနစ်အကြာမှာပဲ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကော်တင်ညို တိုက်စစ်မှာ ပါဝင်လာမှုက ဒုတိယပိုင်းမှာ ဗီလာရဲ့ အထင်ကြီးဖွယ် တိုက်စစ်ကစားပုံကို ပိုမို တောက်ပစေခဲ့တာဖြစ်ပြီး အိမ်ရှင်အသင်းအတွက် အခွင့်အရေး အများအပြား ဖန်တီးပေးခဲ့တဲ့ လူးကပ်စ် ဒီညီကလည်း ဘယ်တောင်ပံတကြောမှာ မရပ်မနား အဆင်းအတက်ပြုလုပ်ပြီး ပွဲဦးထွက်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

ကော်တင်ညိုဟာ အကောင်းဆုံး ပွဲဦးထွက်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် လာမယ့်အပတ် အဲဗာတန်နဲ့ကစားရမယ့် အက်စတန် ဗီလာရဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ တစ်နေရာ ရရှိဖို့အတွက် လုံလုံလောက်လောက် စွမ်းဆောင်ပြသနိုင်ခဲ့တယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗီလာရဲ့ နောက်ကျ တိုက်စစ်ဆင်မှုအတွက် အဖြေမပေးနိုင်ခဲ့ဘဲ အဲဒါက အိမ်ရှင်အသင်းကို ကယ်တင်ပေးခဲ့တဲ့ ကော်တင်ညိုရဲ့ စွမ်းရည်တစ်ခုတည်းကြောင့်တင်မဟုတ်ခဲ့ဘဲ ၎င်း ပါဝင်ကစားပေးမှုက ကစားသမားတွေရော ပရိသတ်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုဖြစ်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် လက်စွမ်းထပ်မံပြသခဲ့ပြန်တဲ့ ဒဟေးယား
ဒေးဗစ် ဒဟေးယားဟာ စနေနေ့ညနေမှာ ယူနိုက်တက်ကို နောက်ထပ်တစ်ကြိမ် ကယ်တင်ခဲ့ရပြီး ဗီလာဟာ ဒုတိယပိုင်းမှာ မတူညီတဲ့အသင်းလိုမျိုး တစ်ချိန်လုံး ယူနိုက်တက်ဂိုးပေါက်ကို ခြိမ်းခြောက်နေခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်အသင်းဟာ အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် ဒဟေးယားက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ဆက်တိုက် ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆုံး ၁၅ မိနစ်မတိုင်ခင်အထိ ယူနိုက်တက်ဂိုးပေါက်ရှေ့မှာ တံတိုင်းသဖွယ်ရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒဟေးယားအနေနဲ့ ယူနိုက်တက်ကို များပြားလှတဲ့ အချိန်တွေမှာ ကယ်ဆယ်ခဲ့ရတာက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဇာတ်လမ်းဖြစ်ခဲ့တာဖြစ်ပြီး အက်စတန် ဗီလာနဲ့ပွဲစဉ်က လက်စွမ်းဟာ အသင်းကို စရောက်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုတွေ ကြီးထွားလာစေခဲ့တဲ့ လက်စွမ်းမျိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီအနည်းငယ်မှာ အနည်းငယ် လက်စွမ်းကျဆင်းနေခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ အားကိုးချစ်ခင်မှုဟာ လျော့ကျခဲ့ပေမယ့် လက်ရှိမှာတော့ ဒဟေးယားဟာ နောက်ထပ်တစ်ကြိမ် ၎င်းရဲ့ အမြင့်မားဆုံးလက်စွမ်းကို ပြန်လည်ပိုင်ဆိုင်ထားနေပြီဆိုတာကို မျက်စိနဲ့ တပ်အပ်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို ရှုံးနိမ့်မှုရှောင်လွှဲနိုင်ခဲ့တဲ့ ဗီလာရဲ့ ပြန်လာနိုင်မှု

အက်စတန် ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အလယ်က အက်ဖ်အေဖလားပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ကောင်း ရှုံးနိမ့်ခဲ့ပေမယ့် စနေနေ့ညနေက ဒုတိယပိုင်းစွမ်းဆောင်ရည်က ၎င်းတို့ကို သရေ ၁ မှတ် ရရှိဖို့အတွက် အကူအညီပေးခဲ့တာဖြစ်ပါတယ်။ ဒီ သရေရလဒ်နဲ့အတူ အက်စတန် ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးပွဲမရှိတဲ့စံချိန် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ယခုရာသီ အစောပိုင်းတုန်းက အိုးထရက်ဖို့ဒ်မှာ ၁-၀ နဲ့ စံချိန်တင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါဟာ ၂၁ ရာစုအတွင်း အက်စတန် ဗီလာအသင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဂ်ရာသီအတွင်း ယှဉ်ပြိုင်ကစားရာမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက်အကြိမ်ဖြစ်ပြီး ဘူအန်ဒီယာတို့လို တိုက်စစ်ကစားသမားတွေကလည်း အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ဂျရတ်ရဲ့အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာကြောင့် တိုးတက်အောင်လုပ်ရမယ့်နေရာတွေအများကြီး ရှိနေပါသေးတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ် ဝိရောဓိ

ယူနိုက်တက်ဟာ အက်စတန် ဗီလာနဲ့ပွဲစဉ်ကို တနင်္လာနေ့ညက အနိုင်ဂိုးရှင် စကော့ မက်တော်မီနေးမပါဝင်ဘဲ ယှဉ်ပြိုင်ကစားခဲ့ပြီး စကော့တလန်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်တွေမှာ ရန်းနစ်ခ်ရဲ့ အဓိကကစားသမားအဖြစ် တိုးတက်လာသူဖြစ်တာကြောင့် ဗီလာ ပါ့ခ်မှာ ၎င်းရဲ့ မပါဝင်နိုင်မှုကြောင့် ခံစားခဲ့ရတာဖြစ်ပါတယ်။ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ အတွဲဟာ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေရဲ့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့အပတ်တွေမှာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ဟာ ဘောလုံးကို ဖျက်ထုတ်မှု ပြုလုပ်ပြီးနောက် ဖာနန်ဒက်စ်ရဲ့ ဒုတိယဂိုးကိုတောင် ခင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ အက်စတန် ဗီလာနဲ့ပွဲမှာ အချိန်တော်တော်များများမှာ ကွင်းလယ်ခါးပြတ်ေ်နခဲ့ပြီး ဖာနန်ဒက်စ်ကတောင် ဖရက်ဒ်နဲ့ မာတစ်တို့ကို ကူညီဖို့အတွက် နောက်တော်တော်ရောက်တဲ့အထိ ပြန်ဆင်းကူခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ နွေရာသီတုန်းက ထိပ်တန်းကွင်းလယ်ကစားသမားရှာဖွေဖို့အတွက် စျေးကွက်ထဲမှာ ရှိနေခဲ့တာ လျှိုဝှက်ချက်တော့မဟုတ်ဘဲ အဲဒီကစားသမားခေါ်ယူမှုဟာ တော်တော်လေးနဲ့ ရောက်မလာနိုင်တာဖြစ်ပါတယ်။

ဟာရီ မက်ဂွိုင်းယား ပျောက်ဆုံးနေမှု

မက်ဂွိုင်းယားဟာ အက်စတန် ဗီလာနဲ့ပွဲအတွက် ပွဲထွက်လူစာရင်းထဲမှာ ချန်လှပ်ခံခဲ့ရတဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပြီး ရန်းနစ်ခ်အတွက် နောင်တရစရာ ဆုံးဖြတ်ချက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ လင်ဒီလော့ဖ်နဲ့ ဗာရွန်းတို့ဟာ အတူတူ တွဲကစားခဲ့ကြပြီး အဲဒါက ပရိသတ်တွေ မကြာခဏ မမြင်ခဲ့ရတဲ့အရာဖြစ်ပြီး အဲဒါကို ဒုတိယပိုင်းအတွင်းမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ သာမန်မဟုတ်တဲ့ရာသီတစ်ခုကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပေမယ့် ယူနိုက်တက်ဟာ မက်ဂွိုင်းယားရဲ့ ဦးဆောင်မှုနဲ့သာဆိုရင် ပွဲကစားချိန် နောက်ဆုံးအချိန်တွေမှာ ဗီလာရဲ့ နစ်မြှုပ်ပစ်ခြင်းကို ခံခဲ့ရမှာ မဟုတ်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စိတ္ႀကီးဝင္ေရာဂါရေနတဲ့ မာတီနက္ဇ္ရဲ႕ မမွားသင့္တဲ့ အမွား

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္တုန္းကအတိုင္းပဲ ပထမပိုင္းမွာ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီဧရိယာအျပင္ဘက္က အျပင္းကန္သြင္းမႈကို အက္စတန္ ဗီလာဂိုးသမား အီမီ မာတီနက္ဇ္ ပိုက္ဖမ္းဖို႔ ႀကိဳးပမ္းရာမွာ လက္ေခ်ာ္ၿပီး ေပါင္ၾကားထဲက ဝင္သြားခဲ့တာျဖစ္ပါတယ္။ ေဘာလုံးလာရာ လမ္းေၾကာင္းကို ကာဗာနီက နည္းနည္းသာ အာ႐ုံလႊဲႏိုင္ခဲ့တာျဖစ္ၿပီး ပုံမွန္အားျဖင့္ အားထားရတဲ့ အာဂ်င္တီးနားဂိုးသမားအတြက္ေတာ့ အလြယ္တကူ ကာကြယ္ႏိုင္တဲ့ ဂိုးကန္သြင္းမႈ ျဖစ္ခဲ့သင့္ပါတယ္။

ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ခဲ့တဲ့ ဖာနန္ဒက္စ္

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တင္ပါးဒဏ္ရာျပႆနာကေန ျပန္လည္သက္သာလာခဲ့ၿပီျဖစ္ေပမယ့္ အက္စတန္ ဗီလာနဲ႔ပြဲက ရန္းနစ္ခ္ရဲ႕ ပြဲထြက္လူစာရင္းမွာ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ယခုရာသီ ယူႏိုက္တက္အတြက္ တစ္ဦးခ်င္း ႐ုန္းကန္ေပးေနခဲ့သူျဖစ္ၿပီး ၎ မပါဝင္ႏိုင္မႈအတြက္ ဘယ္သူက ေနရာဝင္ယူမွာလဲဆိုတဲ့ ေမးခြန္းေတြ ရွိေနမွာ မလြဲမေသြျဖစ္ပါတယ္။ ဒါေပမယ့္ ရန္းနစ္ခ္ရဲ႕အသင္းဟာ ၾကယ္ပြင့္တိုက္စစ္မႉး မပါဝင္ဘဲ ကစားႏိုင္ခဲ့ၿပီး ေမဆင္ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ ရာသီက ဂရင္းဝုဒ္လိုမ်ိဳး ကစားႏိုင္ခဲ့တာေၾကာင့္ ဗီလာ ေနာက္ခံကစားသမားေတြကို ျပႆနာေတြ ေပးႏိုင္ခဲ့ပါတယ္။ ကာဗာနီရဲ႕ အလြန္ေကာင္းမြန္တဲ့ တိုက္စစ္မွာ ေနရာေျပာင္းေ႐ႊ႕ကစားမႈနဲ႔အတူ အီလန္ဂါကလည္း ရွားရွားပါးပါး ပြဲထြက္ပါဝင္ကစားခြင့္ရမႈကို အခြင့္ေကာင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ အထူးသျဖင့္ ပထမပိုင္းမွာ ၎ရဲ႕ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနခဲ့တာေၾကာင့္ ကြင္းလယ္ကေန ပြဲကို ထိန္းညႇိေပးႏိုင္ခဲ့သလို ၄ ပြဲအတြင္း ပထမဆုံးအႀကိမ္ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ အန္းဖီးက ေျခစြမ္းမ်ိဳး ျပသခဲ့တဲ့ ေကာ္တင္ညိဳ

ဖိလစ္ပီ ေကာ္တင္ညိဳဟာ ဘာစီလိုနာကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ အက္စတန္ ဗီလာအတြက္ ပရီးမီးယားလိဂ္ ပြဲဦးထြက္ပြဲစဥ္အျဖစ္ လူစားဝင္ကစားေပးခဲ့ၿပီး ၁၄ မိနစ္အၾကာမွာပဲ ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ေကာ္တင္ညိဳ တိုက္စစ္မွာ ပါဝင္လာမႈက ဒုတိယပိုင္းမွာ ဗီလာရဲ႕ အထင္ႀကီးဖြယ္ တိုက္စစ္ကစားပုံကို ပိုမို ေတာက္ပေစခဲ့တာျဖစ္ၿပီး အိမ္ရွင္အသင္းအတြက္ အခြင့္အေရး အမ်ားအျပား ဖန္တီးေပးခဲ့တဲ့ လူးကပ္စ္ ဒီညီကလည္း ဘယ္ေတာင္ပံတေၾကာမွာ မရပ္မနား အဆင္းအတက္ျပဳလုပ္ၿပီး ပြဲဦးထြက္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။ ေကာ္တင္ညိဳဟာ အေကာင္းဆုံး ပြဲဦးထြက္ကို ပိုင္ဆိုင္ႏိုင္ခဲ့တဲ့အတြက္ လာမယ့္အပတ္ အဲဗာတန္နဲ႔ကစားရမယ့္ အက္စတန္ ဗီလာရဲ႕ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ တစ္ေနရာ ရရွိဖို႔အတြက္ လုံလုံေလာက္ေလာက္ စြမ္းေဆာင္ျပသႏိုင္ခဲ့တယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဗီလာရဲ႕ ေနာက္က် တိုက္စစ္ဆင္မႈအတြက္ အေျဖမေပးႏိုင္ခဲ့ဘဲ အဲဒါက အိမ္ရွင္အသင္းကို ကယ္တင္ေပးခဲ့တဲ့ ေကာ္တင္ညိဳရဲ႕ စြမ္းရည္တစ္ခုတည္းေၾကာင့္တင္မဟုတ္ခဲ့ဘဲ ၎ ပါဝင္ကစားေပးမႈက ကစားသမားေတြေရာ ပရိသတ္ေတြကိုပါ စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္မႈျဖစ္ခဲ့တာေၾကာင့္လည္း ျဖစ္ပါတယ္။

ကမာၻ႔အဆင့္ လက္စြမ္းထပ္မံျပသခဲ့ျပန္တဲ့ ဒေဟးယား

ေဒးဗစ္ ဒေဟးယားဟာ စေနေန႔ညေနမွာ ယူႏိုက္တက္ကို ေနာက္ထပ္တစ္ႀကိမ္ ကယ္တင္ခဲ့ရၿပီး ဗီလာဟာ ဒုတိယပိုင္းမွာ မတူညီတဲ့အသင္းလိုမ်ိဳး တစ္ခ်ိန္လုံး ယူႏိုက္တက္ဂိုးေပါက္ကို ၿခိမ္းေျခာက္ေနခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္အသင္းဟာ အခြင့္အေရးမ်ားစြာ ရရွိခဲ့ေပမယ့္ ဒေဟးယားက အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈေတြ ဆက္တိုက္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ေနာက္ဆုံး ၁၅ မိနစ္မတိုင္ခင္အထိ ယူႏိုက္တက္ဂိုးေပါက္ေရွ႕မွာ တံတိုင္းသဖြယ္ရွိခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဒေဟးယားအေနနဲ႔ ယူႏိုက္တက္ကို မ်ားျပားလွတဲ့ အခ်ိန္ေတြမွာ ကယ္ဆယ္ခဲ့ရတာက လြန္ခဲ့တဲ့ လအနည္းငယ္တုန္းက ဇာတ္လမ္းျဖစ္ခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာနဲ႔ပြဲစဥ္က လက္စြမ္းဟာ အသင္းကို စေရာက္လာတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈေတြ ႀကီးထြားလာေစခဲ့တဲ့ လက္စြမ္းမ်ိဳး ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ရာသီအနည္းငယ္မွာ အနည္းငယ္ လက္စြမ္းက်ဆင္းေနခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ အားကိုးခ်စ္ခင္မႈဟာ ေလ်ာ့က်ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဒေဟးယားဟာ ေနာက္ထပ္တစ္ႀကိမ္ ၎ရဲ႕ အျမင့္မားဆုံးလက္စြမ္းကို ျပန္လည္ပိုင္ဆိုင္ထားေနၿပီဆိုတာကို မ်က္စိနဲ႔ တပ္အပ္ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ယခုရာသီ ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္ကို ရႈံးနိမ့္မႈေရွာင္လႊဲႏိုင္ခဲ့တဲ့ ဗီလာရဲ႕ ျပန္လာႏိုင္မႈ

အက္စတန္ ဗီလာအသင္းဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အလယ္က အက္ဖ္ေအဖလားပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ေကာင္း ရႈံးနိမ့္ခဲ့ေပမယ့္ စေနေန႔ညေနက ဒုတိယပိုင္းစြမ္းေဆာင္ရည္က ၎တို႔ကို သေရ ၁ မွတ္ ရရွိဖို႔အတြက္ အကူအညီေပးခဲ့တာျဖစ္ပါတယ္။ ဒီ သေရရလဒ္နဲ႔အတူ အက္စတန္ ဗီလာအသင္းဟာ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးပြဲမရွိတဲ့စံခ်ိန္ ဆက္လက္ ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး ယခုရာသီ အေစာပိုင္းတုန္းက အိုးထရက္ဖို႔ဒ္မွာ ၁-၀ နဲ႔ စံခ်ိန္တင္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ ၂၁ ရာစုအတြင္း အက္စတန္ ဗီလာအသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ လိဂ္ရာသီအတြင္း ယွဥ္ၿပိဳင္ကစားရာမွာ ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ဒုတိယေျမာက္အႀကိမ္ျဖစ္ၿပီး ဘူအန္ဒီယာတို႔လို တိုက္စစ္ကစားသမားေတြကလည္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္လည္း ဂ်ရတ္ရဲ႕အသင္းဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၆ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တာေၾကာင့္ တိုးတက္ေအာင္လုပ္ရမယ့္ေနရာေတြအမ်ားႀကီး ရွိေနပါေသးတယ္။

ယူႏိုက္တက္ရဲ႕ ကြင္းလယ္ ဝိေရာဓိ

ယူႏိုက္တက္ဟာ အက္စတန္ ဗီလာနဲ႔ပြဲစဥ္ကို တနလၤာေန႔ညက အႏိုင္ဂိုးရွင္ စေကာ့ မက္ေတာ္မီေနးမပါဝင္ဘဲ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး စေကာ့တလန္ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့အပတ္ေတြမွာ ရန္းနစ္ခ္ရဲ႕ အဓိကကစားသမားအျဖစ္ တိုးတက္လာသူျဖစ္တာေၾကာင့္ ဗီလာ ပါ့ခ္မွာ ၎ရဲ႕ မပါဝင္ႏိုင္မႈေၾကာင့္ ခံစားခဲ့ရတာျဖစ္ပါတယ္။ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ အတြဲဟာ ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြရဲ႕ ေဝဖန္မႈေတြ ျပင္းျပင္းထန္ထန္ ခံခဲ့ရေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္ေတြမွာ တိုးတက္လာခဲ့တာျဖစ္ပါတယ္။ ဖရက္ဒ္ဟာ ေဘာလုံးကို ဖ်က္ထုတ္မႈ ျပဳလုပ္ၿပီးေနာက္ ဖာနန္ဒက္စ္ရဲ႕ ဒုတိယဂိုးကိုေတာင္ ခင္းေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ဟာ အက္စတန္ ဗီလာနဲ႔ပြဲမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြင္းလယ္ခါးျပတ္ေ္နခဲ့ၿပီး ဖာနန္ဒက္စ္ကေတာင္ ဖရက္ဒ္နဲ႔ မာတစ္တို႔ကို ကူညီဖို႔အတြက္ ေနာက္ေတာ္ေတာ္ေရာက္တဲ့အထိ ျပန္ဆင္းကူခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ဟာ ေႏြရာသီတုန္းက ထိပ္တန္းကြင္းလယ္ကစားသမားရွာေဖြဖို႔အတြက္ ေစ်းကြက္ထဲမွာ ရွိေနခဲ့တာ လွ်ိဳဝွက္ခ်က္ေတာ့မဟုတ္ဘဲ အဲဒီကစားသမားေခၚယူမႈဟာ ေတာ္ေတာ္ေလးနဲ႔ ေရာက္မလာႏိုင္တာျဖစ္ပါတယ္။

ဟာရီ မက္ဂြိဳင္းယား ေပ်ာက္ဆုံးေနမႈ

မက္ဂြိဳင္းယားဟာ အက္စတန္ ဗီလာနဲ႔ပြဲအတြက္ ပြဲထြက္လူစာရင္းထဲမွာ ခ်န္လွပ္ခံခဲ့ရတဲ့ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္ၿပီး ရန္းနစ္ခ္အတြက္ ေနာင္တရစရာ ဆုံးျဖတ္ခ်က္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းတို႔ဟာ အတူတူ တြဲကစားခဲ့ၾကၿပီး အဲဒါက ပရိသတ္ေတြ မၾကာခဏ မျမင္ခဲ့ရတဲ့အရာျဖစ္ၿပီး အဲဒါကို ဒုတိယပိုင္းအတြင္းမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ သာမန္မဟုတ္တဲ့ရာသီတစ္ခုကို ရင္ဆိုင္ေနခဲ့ရတာျဖစ္ေပမယ့္ ယူႏိုက္တက္ဟာ မက္ဂြိဳင္းယားရဲ႕ ဦးေဆာင္မႈနဲ႔သာဆိုရင္ ပြဲကစားခ်ိန္ ေနာက္ဆုံးအခ်ိန္ေတြမွာ ဗီလာရဲ႕ နစ္ျမႇဳပ္ပစ္ျခင္းကို ခံခဲ့ရမွာ မဟုတ္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.