La Liga

အာဆင်နယ်ရဲ့မြောက်လန်ဒန်ဒါဘီရွှေ့ပေးဖို့ တောင်းဆိုမှုကို ခွင့်မပြုဖို့ တောင်းဆိုခဲ့တဲ့ ဂယ်ရီ နဗီးနဲ့ ကာရေဂါ

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းက သောကြာနေ့ ညနေမှာ ၎င်းတို့ရဲ့ ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုကို တရားဝင် စာထုတ်ပြန် ကြေညာခဲ့တာဖြစ်ပြီး “ကျွန်တော်တို့အနေနဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့် တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့အတွက် ပရီးမီးယားလိဂ်ကို လျှောက်ထားမှုပြုလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်”

“ကျွန်တော်တို့ ဒီလို တောင်းဆိုမှုပြုလုပ်ဖို့အတွက် တွန့်ဆုတ်နေပေမယ့် ကျွန်တော်တို့ရဲ့ လူစာရင်းထဲမှာ ကိုဗစ်ကူးစက်ခံရမှု၊ ဒဏ်ရာပြဿနာတွေနဲ့ အာဖရိကဖလားအတွက် ၎င်းတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေကို သွားရောက်ကစားနေပြီး ပါဝင်မကစားပေးနိုင်တဲ့ ကစားသမားအများအပြားရှိနေပါတယ်။ သတင်းထုတ်ပြန်လို့ ရနိုင်တာနဲ့ တပြိုင်နက် နောက်ထပ် သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ်ပါတယ်”လို့ ရေးသားထားပါတယ်။

ဒီသတင်းကတော့ တော့တင်ဟမ်ဟော့စပါးအတွက် အဆင်မပြေခဲ့ဘဲ သတင်းရင်းမြစ်အများစုရဲ့ အဆိုအရ စပါးစ်ဟာ အာဆင်နယ်ရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ညနေက လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အာတီတာ ရွေးချယ်ခဲ့တဲ့ ကစားသမား ၂၀ စာရင်းမှာ မာတင် အော်ဒီဂွါဒ်တစ်ဦးတည်းသာ ကိုဗစ် ကူးစက်ခံထားရမှုကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်က ဒီတောင်းဆိုမှုဟာ တရားမျှတခြင်းမရှိဘူးလို့ ခံစားနေရပြီး စီစဉ်ထားတဲ့အတိုင်း ပွဲကို ကျင်းပပြုလုပ်သွားဖို့အတွက် တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလည်း အာဆင်နယ်ရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး စနေနေ့နံနက်မှာ ၎င်းတို့ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက် ပြုလုပ်ခဲ့ပါတယ်။

“ပရီးမီးယားလိဂ်ဟာ အာဆင်နယ်အသင်းဆီကနေ ၎င်းတို့ရဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ဇန်နဝါရီ ၁၆ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားရမယ့် အဝေးကွင်းပွဲစဉ်နဲ့ ပတ်သက်ပြီး ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ဟာ လျှောက်ထားမှုကို ပြန်လည်သုံးသပ်ဖို့အတွက် မနက်ဖြန်မှာ တွေ့ဆုံသွားမှာဖြစ်ပြီး အသင်း ၂ သင်းစလုံးနဲ့ သူတို့ရဲ့ ပရိသတ်တွေကို အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အသိပေးသွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

အာတီတာက သောကြာနေ့ အစောပိုင်းမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် မြောက်လန်ဒန် ဒါဘီပွဲစဉ်ကို ကျင်းပသွားမှာလားဆိုတာကို မသိကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ ကစားသမားတွေကို အကဲဖြတ်မှုတွေ မပြုလုပ်ဘဲနဲ့ လုံးဝ ရိုးရိုးသားသား ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီနေ့ကတော့ မဖြစ်နိုင်ဖို့ အရမ်းများပြီး မနက်ဖြန်ကတော့ ဖြစ်ဖို့ များပါတယ်။ ကျွန်တော်တို့ ပွဲကစားဖို့အဆင်သင့်ဖြစ်နေခဲ့တဲ့အချိန်မှာ အဲဒါက ကျွန်တော်တို့အတွက် တခြားပုံစံနဲ့ ဖြစ်ပျက်ခဲ့ပြီး ၂ ကြိမ်အထိ ဖျက်သိမ်းခဲ့ပါတယ်”

“ဘာလို့လဲဆိုတော့ တခြားအသင်းတွေက ပြဿနာတွေ ရှိနေခဲ့လို့ပါ။ အဲဒီတော့ အဲဒါက ပုံစံ ၂ မျိုးနဲ့ သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆန္ဒကတော့ အမြဲတမ်း ကစားဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။ Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီ နဗီးက တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီကို ရွှေ့ဆိုင်းဖို့အတွက် အာဆင်နယ်ရဲ့ တောင်းဆိုမှုကို လက်မခံဘဲ ငြင်းပယ်လိုက်ဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့ပြီး ကာရေဂါကလည်း လက်ရှိ ကိုဗစ်-၁၉ အကြပ်အတည်းကို ပရီးမီးယားလိဂ်အသင်းတွေက အခွင့်ကောင်းယူနေကြတာကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး လူငယ်ကစားသမားတွေကို အခွင့်အရေးပေးကြဖို့ အသင်းတွေကို တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမားဆိုလို့ မာတင် အော်ဒီဂွါဒ် တစ်ဦးတည်းသာ ရှိနေတာဖြစ်ပြီး ကွင်းလယ်ကစားသမား ချာကာကတော့ ကြာသပတေးနေ့က လီဗာပူးလ်နဲ့ပွဲစဉ်က အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကယ်လမ် ချိန်ဘာစ်၊ ဆက်ဒရစ် ဆိုအာရက်စ်၊ ကီရန် တီယာနီ၊ တိုမီယာစု၊ စမစ် ရိုး၊ ဆာကာတို့အားလုံးဟာ ဒဏ်ရာရရှိနေကြတာဟာ စပါးစ်နဲ့ ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့အတွက် သံသယတွေကို မြင့်တက်စေခဲ့တဲ့ ပြဿနာဆိုတာ သိသာနေတာဖြစ်ပါတယ်။

အာတီတာအနေနဲ့ အာဖရိကဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ကစားနေတဲ့ သောမတ်စ် ပါတေး၊ အူဘာမီယန်း၊ မိုဟာမက် အယ်လ်နန်နီ၊ နီကိုလာ ပေပေတို့မပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်ကို တိုက်ရိုက်တော့ ပြစ်တင်ပြောဆိုမှုတွေ မပြုလုပ်ခဲ့ပေမယ့် အသင်းတွေအနေနဲ့ ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ အခု ချန်ပီယံရှစ်က အသင်းတွေအားလုံးပါ သူတို့ရဲ့ ပွဲစဉ်တွေကို မဖြစ်မနေ ကစားရမယ်လို့ ကျွန်တော် ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။ ဘာလိုဂန်က အငှားချခံခဲ့ရတယ်။ မိတ်လန်း-နိုင်းစ်ကလည်း အငှားချခံခဲ့ရတယ်။ ချာကာက အနီကတ်ထိခဲ့တယ်။ အဲဒါက ဘယ်သူ့ဘယ်သူရဲ့ အမှားမှ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုလို့ မရနိုင်ပါဘူး”

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်းက ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေမှုကို ၎င်းတို့ အနိုင်မရလောက်ဘူးလို့ ထင်တဲ့ပွဲစဉ်တွေကို မကစားဘဲနေနိုင်ဖို့အတွက် ဆင်ခြေအဖြစ် အသုံးပြုနေခဲ့ကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“တကယ်ပဲ ကိုဗစ်ကြောင့် ထူးခြားတဲ့ အခြေအနေမှာ ရှိနေပြီး သူတို့တွေ ကစားသမား ၁၀ ဦး ဒါမှမဟုတ် ၁၅ ဦးအထိ ကူးစက်ခံထားရတယ်ဆိုရင်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အခုပြောနေတာက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက သူတို့တွေမှာ ပွဲစဉ်တွေကို အနိုင်ရဖို့ အကောင်းဆုံး လူစာရင်း ဒါမှမဟုတ် အသင်းရှိရဲ့လားဆိုတာကို မူတည်ပြီး ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတာကို သံသယဖြစ်စရာမရှိတဲ့ အသင်းတွေအကြောင်းပါ။ အဲဒါတွေကို ရပ်တန့်ရမှာပါ”

ဂယ်ရီ နဗီးက အာဆင်နယ်တစ်သင်းတည်းကိုပဲ အဓိက တရားခံအဖြစ် ပြောနေတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ ၎င်းတို့ရဲ့ ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုဟာ ငြင်းပယ်ခံရသင့်တယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော် အာဆင်နယ်ကို အပြစ်တင်နေတာမဟုတ်ဘူးလို့ ပြောရမှာပါ။ ကျွန်တော် လွန်ခဲ့တဲ့ ၃ ပတ်၊ ၄ ပတ်လောက်ကတည်းက ပြောခဲ့သင့်တာပါ။ မန်ချက်စတာယူနိုက်တက်၊ တခြားအသင်းတွေဟာ သူတို့ရဲ့လူစာရင်းထဲမှာ ကစားသမား ၃၀ ဒါမှမဟုတ် ၄၀ လောက်ရှိတယ်”

“သူတို့တွေအနေနဲ့ ကစားသမား ၁၄၊ ၁၅၊ ၁၆ ယောက်လောက်ကို အတူတကွ စုစည်းလို့ မရနိုင်ဘူးဆိုတာကို ကျွန်တော်ကတော့ မထင်ပါဘူး။ အဲဒီတော့ ကျွန်တော့်အမြင်မှာတော့ အဲဒီတောင်းဆိုမှုက ငြင်းပယ်ခံရသင့်တယ်။ အသေးစိတ်အတိအကျကို မသိပေမယ့် အာဆင်နယ်မှာ ဒီနေ့ ကိုဗစ်ကူးစက်ခံရသူတွေ အလုံးအရင်းနဲ့ လုံးဝဖြစ်နေတာမဟုတ်ဘူးဆိုရင် ငြင်းပယ်ခံရသင့်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လီဗာပူးလ်နဲ့ပွဲစဉ်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ဒါနဲ့ စကားမစပ် အဲဒါကို အခု ရပ်တန့်ရပါမယ်။ သူတို့တွေ ကစားဖို့ အသင်းကို ဖွဲ့စည်းရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးနဲ့ အတူ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါကလည်း အာဆင်နယ်အသင်းအပေါ်ကိုပဲ လုံးဝ အပြစ်တင်တာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် ကျန်တဲ့ ဥရောပထိပ်တန်းပြိုင်ပွဲတွေဟာ တူညီတဲ့ ပြဿနာကို ရင်ဆိုင်နေရတာမဟုတ်ဘူးလို့ မီးမောင်းထိုးပြခဲ့ပါတယ်။

“ကျွန်တော် အာဆင်နယ်ကို အပြစ်တင်ချင်တာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်တစ်ခုလုံးအနေနဲ့ ပြောရမှာပါ။ ဒါက အာဆင်နယ်ကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကလပ်အသင်းတိုင်းက ဒီဟာကို လုပ်ခဲ့ကြတာပါ။ ဥရောပက တခြားဘယ်လိဂ်မှာ ဒီလို လုပ်မနေကြဘူး။ သေချာတာတော့ အချို့ လိဂ်အကြီးတွေပေါ့။ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ ၁၆ နှစ်သားနဲ့ ကစားခဲ့ပြီး အဲဒါက သူတို့တွေ ဘယ်အခြေအနေဆိုက်နေတယ်ဆိုတာ ခင်ဗျားကို ပြောနေတာပဲ”

“ဘာကြောင့် ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ရမှာလဲ။ ဘာကြေင့် လူငယ်ကစားသမားတွေကို ဒီလို အခြေအနေမျိုးမှာ အခွင့်အရေး မပေးနိုင်ကြတာလဲ။ အားလုံးက တလှေတည်းစီး တခရီးတည်းသွားနေတာပါ။ ဂယ်ရီ ပြောသလိုပဲ တကယ်လို့ ကိုဗစ် ကူးစက်ပျံ့နှံ့မှု ဖြစ်နေပြီး အဲဒါက အသင်းလူစာရင်းကို ကြီးမားတဲ့ထိခိုက်မှုတွေ ရှိမယ်ဆိုရင် ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေက အာဖရိကဖလားပြိုင်ပွဲမှာ ရောက်နေတယ်။ သာမန် ဒဏ်ရာရကစားသမားတွေနဲ့တော့ ပွဲရွှေ့ဆိုင်းစရာ ဘာအကြောင်းမှ မရှိပါဘူး”

“ခင်ဗျားမှာ ယူ-၂၃ လူစာရင်းရှိတယ်။ ခင်ဗျားမှာ လူငယ်ကစားသမားတွေလည်း ရှိတယ်။ ဒါက သူတို့တွေ အခွင့်အရေး ရကိုရရမယ့် အခွင့်အလမ်းမျိုးပဲ။ ပရီးမီးယားလိဂ်ပွဲစဉ်တွေက အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် အဲဒါကို နားလည်တယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီနိုင်ငံက အသင်းတွေက ဒီအခြေအနေကို အခွင့်ကောင်းယူနေကြတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ေရႊ႕ဆိုင္းေပးဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းက ေသာၾကာေန႔ ညေနမွာ ၎တို႔ရဲ့ ပြဲေရႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုမႈကို တရားဝင္ စာထုတ္ျပန္ ေၾကညာခဲ့တာျဖစ္ၿပီး “ကၽြန္ေတာ္တို႔အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ကို ေရႊ႕ဆိုင္းေပးဖို႔အတြက္ ပရီးမီးယားလိဂ္ကို ေလၽွာက္ထားမႈျပဳလုပ္ခဲ့တယ္ဆိုတာကို အတည္ျပဳနိုင္ပါတယ္”

“ကၽြန္ေတာ္တို႔ ဒီလို ေတာင္းဆိုမႈျပဳလုပ္ဖို႔အတြက္ တြန႔္ဆုတ္ေနေပမယ့္ ကၽြန္ေတာ္တို႔ရဲ့ လူစာရင္းထဲမွာ ကိုဗစ္ကူးစက္ခံရမႈ၊ ဒဏ္ရာျပႆနာေတြနဲ႔ အာဖရိကဖလားအတြက္ ၎တို႔ရဲ့ သက္ဆိုင္ရာ နိုင္ငံေတြကို သြားေရာက္ကစားေနၿပီး ပါဝင္မကစားေပးနိုင္တဲ့ ကစားသမားအမ်ားအျပားရွိေနပါတယ္။ သတင္းထုတ္ျပန္လို႔ ရနိုင္တာနဲ႔ တၿပိဳင္နက္ ေနာက္ထပ္ သတင္းအခ်က္အလက္ေတြကို ကၽြန္ေတာ္တို႔ ေပးသြားမွာျဖစ္ပါတယ္”လို႔ ေရးသားထားပါတယ္။

ဒီသတင္းကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ အဆင္မေျပခဲ့ဘဲ သတင္းရင္းျမစ္အမ်ားစုရဲ့ အဆိုအရ စပါးစ္ဟာ အာဆင္နယ္ရဲ့ ေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔ညေနက လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အာတီတာ ေရြးခ်ယ္ခဲ့တဲ့ ကစားသမား ၂၀ စာရင္းမွာ မာတင္ ေအာ္ဒီဂြါဒ္တစ္ဦးတည္းသာ ကိုဗစ္ ကူးစက္ခံထားရမႈေၾကာင့္ မပါဝင္နိုင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္က ဒီေတာင္းဆိုမႈဟာ တရားမၽွတျခင္းမရွိဘူးလို႔ ခံစားေနရၿပီး စီစဥ္ထားတဲ့အတိုင္း ပြဲကို က်င္းပျပဳလုပ္သြားဖို႔အတြက္ တြန္းအားေပးေနတယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္ကလည္း အာဆင္နယ္ရဲ့ ေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး စေနေန႔နံနက္မွာ ၎တို႔ရဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္သြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာခ်က္ ျပဳလုပ္ခဲ့ပါတယ္။

“ပရီးမီးယားလိဂ္ဟာ အာဆင္နယ္အသင္းဆီကေန ၎တို႔ရဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ဇန္နဝါရီ ၁၆ ရက္ တနဂၤေႏြေန႔ ညေန ၄ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ အေဝးကြင္းပြဲစဥ္နဲ႔ ပတ္သက္ၿပီး ေရႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုမႈကို လက္ခံရရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္ဘုတ္အဖြဲ႕ဟာ ေလၽွာက္ထားမႈကို ျပန္လည္သုံးသပ္ဖို႔အတြက္ မနက္ျဖန္မွာ ေတြ႕ဆုံသြားမွာျဖစ္ၿပီး အသင္း ၂ သင္းစလုံးနဲ႔ သူတို႔ရဲ့ ပရိသတ္ေတြကို အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အသိေပးသြားမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ခဲ့ပါတယ္။

အာတီတာက ေသာၾကာေန႔ အေစာပိုင္းမွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားရမယ့္ ေျမာက္လန္ဒန္ ဒါဘီပြဲစဥ္ကို က်င္းပသြားမွာလားဆိုတာကို မသိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္ မသိပါဘူး။ ကၽြန္ေတာ္တို႔ ကစားသမားေတြကို အကဲျဖတ္မႈေတြ မျပဳလုပ္ဘဲနဲ႔ လုံးဝ ရိုးရိုးသားသား ေျပာဖို႔ ခက္ပါတယ္။ ဒါေပမယ့္ ဒီေန႔ကေတာ့ မျဖစ္နိုင္ဖို႔ အရမ္းမ်ားၿပီး မနက္ျဖန္ကေတာ့ ျဖစ္ဖို႔ မ်ားပါတယ္။ ကၽြန္ေတာ္တို႔ ပြဲကစားဖို႔အဆင္သင့္ျဖစ္ေနခဲ့တဲ့အခ်ိန္မွာ အဲဒါက ကၽြန္ေတာ္တို႔အတြက္ တျခားပုံစံနဲ႔ ျဖစ္ပ်က္ခဲ့ၿပီး ၂ ႀကိမ္အထိ ဖ်က္သိမ္းခဲ့ပါတယ္”

“ဘာလို႔လဲဆိုေတာ့ တျခားအသင္းေတြက ျပႆနာေတြ ရွိေနခဲ့လို႔ပါ။ အဲဒီေတာ့ အဲဒါက ပုံစံ ၂ မ်ိဳးနဲ႔ သြားနိုင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ့ ဆႏၵကေတာ့ အျမဲတမ္း ကစားဖို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူ ဂယ္ရီ နဗီးက တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီကို ေရႊ႕ဆိုင္းဖို႔အတြက္ အာဆင္နယ္ရဲ့ ေတာင္းဆိုမႈကို လက္မခံဘဲ ျငင္းပယ္လိုက္ဖို႔ ပရီးမီးယားလိဂ္ကို ေတာင္းဆိုခဲ့ၿပီး ကာေရဂါကလည္း လက္ရွိ ကိုဗစ္-၁၉ အၾကပ္အတည္းကို ပရီးမီးယားလိဂ္အသင္းေတြက အခြင့္ေကာင္းယူေနၾကတာကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး လူငယ္ကစားသမားေတြကို အခြင့္အေရးေပးၾကဖို႔ အသင္းေတြကို ေတာင္းဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာ ကိုဗစ္ ကူးစက္ခံထားရတဲ့ ကစားသမားဆိုလို႔ မာတင္ ေအာ္ဒီဂြါဒ္ တစ္ဦးတည္းသာ ရွိေနတာျဖစ္ၿပီး ကြင္းလယ္ကစားသမား ခ်ာကာကေတာ့ ၾကာသပေတးေန႔က လီဗာပူးလ္နဲ႔ပြဲစဥ္က အနီကတ္ေၾကာင့္ ပြဲပယ္ျပစ္ဒဏ္ က်ခံေနရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကယ္လမ္ ခ်ိန္ဘာစ္၊ ဆက္ဒရစ္ ဆိုအာရက္စ္၊ ကီရန္ တီယာနီ၊ တိုမီယာစု၊ စမစ္ ရိုး၊ ဆာကာတို႔အားလုံးဟာ ဒဏ္ရာရရွိေနၾကတာဟာ စပါးစ္နဲ႔ ပြဲမွာ ပါဝင္ကစားေပးနိုင္ဖို႔အတြက္ သံသယေတြကို ျမင့္တက္ေစခဲ့တဲ့ ျပႆနာဆိုတာ သိသာေနတာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ အာဖရိကဖလားၿပိဳင္ပြဲ သြားေရာက္ယွဥ္ၿပိဳင္ကစားေနတဲ့ ေသာမတ္စ္ ပါေတး၊ အူဘာမီယန္း၊ မိုဟာမက္ အယ္လ္နန္နီ၊ နီကိုလာ ေပေပတို႔မပါဝင္ဘဲ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ယူနိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အာဆင္နယ္ကို တိုက္ရိုက္ေတာ့ ျပစ္တင္ေျပာဆိုမႈေတြ မျပဳလုပ္ခဲ့ေပမယ့္ အသင္းေတြအေနနဲ႔ ပြဲေရႊ႕ဆိုင္းဖို႔ ေတာင္းဆိုမႈေတြကို ရပ္တန႔္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ “ပရီးမီးယားလိဂ္မွာတင္မဟုတ္ဘဲ အခု ခ်န္ပီယံရွစ္က အသင္းေတြအားလုံးပါ သူတို႔ရဲ့ ပြဲစဥ္ေတြကို မျဖစ္မေန ကစားရမယ္လို႔ ကၽြန္ေတာ္ ရိုးရိုးသားသားပဲ ယုံၾကည္ပါတယ္။ ဘာလိုဂန္က အငွားခ်ခံခဲ့ရတယ္။ မိတ္လန္း-နိုင္းစ္ကလည္း အငွားခ်ခံခဲ့ရတယ္။ ခ်ာကာက အနီကတ္ထိခဲ့တယ္။ အဲဒါက ဘယ္သူ႔ဘယ္သူရဲ့ အမွားမွ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ေတြ ပြဲစဥ္ကို ေရႊ႕ဆိုင္းဖို႔ ေတာင္းဆိုလို႔ မရနိုင္ပါဘူး”

မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမားေဟာင္းက ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ကိုဗစ္-၁၉ ကူးစက္ပ်ံ႕ႏွံ့ေနမႈကို ၎တို႔ အနိုင္မရေလာက္ဘူးလို႔ ထင္တဲ့ပြဲစဥ္ေတြကို မကစားဘဲေနနိုင္ဖို႔အတြက္ ဆင္ေျခအျဖစ္ အသုံးျပဳေနခဲ့ၾကတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

“တကယ္ပဲ ကိုဗစ္ေၾကာင့္ ထူးျခားတဲ့ အေျခအေနမွာ ရွိေနၿပီး သူတို႔ေတြ ကစားသမား ၁၀ ဦး ဒါမွမဟုတ္ ၁၅ ဦးအထိ ကူးစက္ခံထားရတယ္ဆိုရင္ေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အခုေျပာေနတာက ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္တုန္းက သူတို႔ေတြမွာ ပြဲစဥ္ေတြကို အနိုင္ရဖို႔ အေကာင္းဆုံး လူစာရင္း ဒါမွမဟုတ္ အသင္းရွိရဲ့လားဆိုတာကို မူတည္ၿပီး ပြဲစဥ္ေတြကို ေရႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုခဲ့တယ္ဆိုတာကို သံသယျဖစ္စရာမရွိတဲ့ အသင္းေတြအေၾကာင္းပါ။ အဲဒါေတြကို ရပ္တန႔္ရမွာပါ”

ဂယ္ရီ နဗီးက အာဆင္နယ္တစ္သင္းတည္းကိုပဲ အဓိက တရားခံအျဖစ္ ေျပာေနတာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မတိုင္မီ ၎တို႔ရဲ့ ပြဲေရႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုမႈဟာ ျငင္းပယ္ခံရသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။ “ကၽြန္ေတာ္ အာဆင္နယ္ကို အျပစ္တင္ေနတာမဟုတ္ဘူးလို႔ ေျပာရမွာပါ။ ကၽြန္ေတာ္ လြန္ခဲ့တဲ့ ၃ ပတ္၊ ၄ ပတ္ေလာက္ကတည္းက ေျပာခဲ့သင့္တာပါ။ မန္ခ်က္စတာယူနိုက္တက္၊ တျခားအသင္းေတြဟာ သူတို႔ရဲ့လူစာရင္းထဲမွာ ကစားသမား ၃၀ ဒါမွမဟုတ္ ၄၀ ေလာက္ရွိတယ္”

“သူတို႔ေတြအေနနဲ႔ ကစားသမား ၁၄၊ ၁၅၊ ၁၆ ေယာက္ေလာက္ကို အတူတကြ စုစည္းလို႔ မရနိုင္ဘူးဆိုတာကို ကၽြန္ေတာ္ကေတာ့ မထင္ပါဘူး။ အဲဒီေတာ့ ကၽြန္ေတာ့္အျမင္မွာေတာ့ အဲဒီေတာင္းဆိုမႈက ျငင္းပယ္ခံရသင့္တယ္။ အေသးစိတ္အတိအက်ကို မသိေပမယ့္ အာဆင္နယ္မွာ ဒီေန႔ ကိုဗစ္ကူးစက္ခံရသူေတြ အလုံးအရင္းနဲ႔ လုံးဝျဖစ္ေနတာမဟုတ္ဘူးဆိုရင္ ျငင္းပယ္ခံရသင့္ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညက လီဗာပူးလ္နဲ႔ပြဲစဥ္မွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေကာင္းေကာင္း ကစားနိုင္ခဲ့တယ္လို႔ ခံစားရပါတယ္။ ဒါနဲ႔ စကားမစပ္ အဲဒါကို အခု ရပ္တန႔္ရပါမယ္။ သူတို႔ေတြ ကစားဖို႔ အသင္းကို ဖြဲ႕စည္းရပါမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီ နဗီးနဲ႔ အတူ ေဘာလုံးေဝဖန္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ကာေရဂါကလည္း အာဆင္နယ္အသင္းအေပၚကိုပဲ လုံးဝ အျပစ္တင္တာမ်ိဳး မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္ က်န္တဲ့ ဥေရာပထိပ္တန္းၿပိဳင္ပြဲေတြဟာ တူညီတဲ့ ျပႆနာကို ရင္ဆိုင္ေနရတာမဟုတ္ဘူးလို႔ မီးေမာင္းထိုးျပခဲ့ပါတယ္။

“ကၽြန္ေတာ္ အာဆင္နယ္ကို အျပစ္တင္ခ်င္တာမဟုတ္ပါဘူး။ ပရီးမီးယားလိဂ္တစ္ခုလုံးအေနနဲ႔ ေျပာရမွာပါ။ ဒါက အာဆင္နယ္ကို အျပစ္တင္ေနတာမဟုတ္ပါဘူး။ ကလပ္အသင္းတိုင္းက ဒီဟာကို လုပ္ခဲ့ၾကတာပါ။ ဥေရာပက တျခားဘယ္လိဂ္မွာ ဒီလို လုပ္မေနၾကဘူး။ ေသခ်ာတာေတာ့ အခ်ိဳ႕ လိဂ္အႀကီးေတြေပါ့။ ဘိုင္ယန္ျမဴးနစ္က ၿပီးခဲ့တဲ့ပြဲစဥ္မွာ ၁၆ ႏွစ္သားနဲ႔ ကစားခဲ့ၿပီး အဲဒါက သူတို႔ေတြ ဘယ္အေျခအေနဆိုက္ေနတယ္ဆိုတာ ခင္ဗ်ားကို ေျပာေနတာပဲ”

“ဘာေၾကာင့္ ကၽြန္ေတာ္တို႔ အဲဒီလို မလုပ္နိုင္ရမွာလဲ။ ဘာေၾကင့္ လူငယ္ကစားသမားေတြကို ဒီလို အေျခအေနမ်ိဳးမွာ အခြင့္အေရး မေပးနိုင္ၾကတာလဲ။ အားလုံးက တေလွတည္းစီး တခရီးတည္းသြားေနတာပါ။ ဂယ္ရီ ေျပာသလိုပဲ တကယ္လို႔ ကိုဗစ္ ကူးစက္ပ်ံ႕ႏွံ့မႈ ျဖစ္ေနၿပီး အဲဒါက အသင္းလူစာရင္းကို ႀကီးမားတဲ့ထိခိုက္မႈေတြ ရွိမယ္ဆိုရင္ ကၽြန္ေတာ္ နားလည္ေပးနိုင္ပါတယ္။ ဒါေပမယ့္ ကစားသမားေတြက အာဖရိကဖလားၿပိဳင္ပြဲမွာ ေရာက္ေနတယ္။ သာမန္ ဒဏ္ရာရကစားသမားေတြနဲ႔ေတာ့ ပြဲေရႊ႕ဆိုင္းစရာ ဘာအေၾကာင္းမွ မရွိပါဘူး”

“ခင္ဗ်ားမွာ ယူ-၂၃ လူစာရင္းရွိတယ္။ ခင္ဗ်ားမွာ လူငယ္ကစားသမားေတြလည္း ရွိတယ္။ ဒါက သူတို႔ေတြ အခြင့္အေရး ရကိုရရမယ့္ အခြင့္အလမ္းမ်ိဳးပဲ။ ပရီးမီးယားလိဂ္ပြဲစဥ္ေတြက အရမ္းအေရးႀကီးတယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ကၽြန္ေတာ္ အဲဒါကို နားလည္တယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ ဒီနိုင္ငံက အသင္းေတြက ဒီအေျခအေနကို အခြင့္ေကာင္းယူေနၾကတယ္ဆိုတာ သံသယျဖစ္စရာ မရွိဘူးလို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.