International Match Report

အိုင်ဗရီကို့စ်၊ မာလီနဲ့ ဂမ်ဘီယာတို့ အနိုင်ရရှိခဲ့တဲ့ အာဖရိကဖလား ဗုဒ္ဓဟူးနေ့ပွဲစဉ်များ

ဗုဒ္ဓဟူးနေ့ညက ကျင်းပခဲ့တဲ့ အာဖရိကဖလား ၂၀၂၁ ပွဲစဉ်ထဲက လူစိတ်အဝင်စားဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချန်ပီယံလောင်းအသင်း အိုင်ဗရီကို့စ်နဲ့ အီကွေတိုရီရယ် ဂီနီတို့ရဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေ မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ ဆီဘက်စတီယန် အဲလားတို့ရဲ့ ဆင်တွေပဲ အနိုင်ရရှိသွားခဲ့ကြပါတယ်။

မန်ယူနိုက်တက်ရဲ့ ဘိုင်လီ၊ အေစီမီလန်ရဲ့ ကက်ဆီယေး၊ အိုင်းယက်စ်ရဲ့ အဲလား၊ ဘန်လေရဲ့ ကော်နေးတို့ ပွဲထွက်လာခဲ့ကြပြီး ပဲလေ့စ်ရဲ့ ဇာဟာ၊ အာဆင်နယ်ရဲ့ ပေပေ၊ ဆာအူအိုလိုရဲ့ ဟာမက် ထရာအိုရေး၊ ဝုလ်ဗ်စ်ရဲ့ ဝီလီ ဘိုလီတို့လို ကစားသမားတွေကို အရန်ခုံမှာ ထားခဲ့တဲ့ အိုင်ဗရီကို့စ်ရဲ့ လူစာရင်းက တောင့်တင်းလွန်းခဲ့ပေမယ့် ဒီနေ့ပွဲမှာ တစ်ဂိုးထက် ပိုသွင်းနိုင်ဖို့တော့ ရုန်းကန်ခဲ့ရတာပါ။

ဒရော့ဘာ၊ တိုရေးညီနောင်တို့ ခေတ်ကနဲ့ စာရင် တစ်ဆင့်ပြန်နိမ့်ပြီး စိတ်ဓာတ်ပိုင်းမှာ နည်းနည်း ပြန်ကျသွားခဲ့တဲ့ အိုင်ဗရီကို့စ်တို့အနေနဲ့ မာယော့ကာနဲ့ မစ်ဒယ်ဘရော့တို့လောက်မှာ လူနည်းနည်းသိခဲ့တဲ့ အီမီလီယို အန်ဆူး ဦးဆောင်တဲ့ အီကွေတိုရီယယ် ဂီနီတို့ကို သာလွန်အင်အားနဲ့တောင် ရလဒ် မပြတ်သားနိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကိုတော့ လိဒ်စ်ယူနိုက်တက်နဲ့ ဘုန်းမောက်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့်ကွင်းလယ်လူ မက်စ် ဂရာဒဲလ်က ပွဲချိန် ၅ မိနစ်မှာ အီကွေတိုရီယယ် ဂီနီအသင်းဘက်က ဘောလုံးရှင်းထုတ်ပုံ မပီပြင်တာကို နောက်ကနေ လိုက်ပါရယူပြီး အပြင်းကန်သွင်းခဲ့ရာမှာ တစ်ဖက် ဂိုးသမားကို ငုတ်တုတ်မေ့သွားစေနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အိုင်ဗရီကို့စ်ဘက်က ပေပေ၊ ဇာဟာ၊ ဒီယေး၊ ကူအာမေတို့ ဝင်ကစားခဲ့ပေမယ့် အနိုင်ရလဒ်ပြတ်သားဖို့အတွက် နောက်ထပ် တစ်ဂိုးရယူဖို့ မတတ်နိုင်ကြတော့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့ပြီး အုပ်စု(E)မှာ ပထမနေရာကို အဓိက ပြိုင်ဘက်နဲ့ လက်ရှိချန်ပီယံ အယ်လ်ဂျီးရီးယားကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီနေ့ကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း သုံးပွဲလုံးမှာ တစ်ဂိုး-ဂိုးမရှိ ရလဒ်တွေသာ ထွက်ပေါ်နေခဲ့ပြီး အုပ်စု(F)က နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားကြတဲ့ နှစ်သင်းဖြစ်တဲ့ တူနီးရှားနဲ့ မာလီတို့ရဲ့ ဒိုင်လူကြီး အသုံးမကျလို့ အငြင်းပွားဖွယ်ဖြစ်ခဲ့ရတဲ့ ပွဲစဉ်မှာ ပွဲချိန် ၄၈ မိနစ်မှာ သွင်းယူခဲ့တဲ့ အီဘရာဟီမာ ကိုနေးရဲ့ ပင်နယ်တီနဲ့ မာလီတို့ အနိုင်ရရှိခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ ဂမ်ဘီယာတို့က မော်ရီတေးနီးယားကို အက်ဘ်လီ ဂျဲလိုးရဲ့ ပွဲချိန် ၁၀ မိနစ်မှာ သွင်းယူတဲ့ ဂိုးနဲ့ပဲ တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ သုံးမှတ်ယူသွားခဲ့ပြီး အာဖရိကဖလား အုပ်စု ၆ ခုရဲ့ ပွဲစဉ်(၁) ၁၂ ပွဲ ပြီးဆုံးချိန်မှာ ဝမ်းဇီးရလဒ် ၉ ပွဲအထိ အံ့အားသင့်ဖွယ်ရာတွေ့ရှိခဲ့ရသလို ၂ ပွဲကတော့ ဂိုးမရှိ သရေကျခဲ့ပြီး အိမ်ရှင် ကင်းမရွန်းတစ်သင်းသာ ပင်နယ်တီ ၂ လုံးနဲ့ နှစ်ဂိုး-တစ်ဂိုး ရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗုဒၶဟူးေန႔ညက က်င္းပခဲ့တဲ့ အာဖရိကဖလား ၂၀၂၁ ပြဲစဥ္ထဲက လူစိတ္အဝင္စားဆုံးပြဲစဥ္တစ္ပြဲျဖစ္တဲ့ ခ်န္ပီယံေလာင္းအသင္း အိုင္ဗရီကို႔စ္နဲ႔ အီေကြတိုရီရယ္ ဂီနီတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ထားခဲ့တဲ့အတိုင္းပဲ ဆီဘက္စတီယန္ အဲလားတို႔ရဲ႕ ဆင္ေတြပဲ အႏိုင္ရရွိသြားခဲ့ၾကပါတယ္။

မန္ယူႏိုက္တက္ရဲ႕ ဘိုင္လီ၊ ေအစီမီလန္ရဲ႕ ကက္ဆီေယး၊ အိုင္းယက္စ္ရဲ႕ အဲလား၊ ဘန္ေလရဲ႕ ေကာ္ေနးတို႔ ပြဲထြက္လာခဲ့ၾကၿပီး ပဲေလ့စ္ရဲ႕ ဇာဟာ၊ အာဆင္နယ္ရဲ႕ ေပေပ၊ ဆာအူအိုလိုရဲ႕ ဟာမက္ ထရာအိုေရး၊ ဝုလ္ဗ္စ္ရဲ႕ ဝီလီ ဘိုလီတို႔လို ကစားသမားေတြကို အရန္ခုံမွာ ထားခဲ့တဲ့ အိုင္ဗရီကို႔စ္ရဲ႕ လူစာရင္းက ေတာင့္တင္းလြန္းခဲ့ေပမယ့္ ဒီေန႔ပြဲမွာ တစ္ဂိုးထက္ ပိုသြင္းႏိုင္ဖို႔ေတာ့ ႐ုန္းကန္ခဲ့ရတာပါ။

ဒေရာ့ဘာ၊ တိုေရးညီေနာင္တို႔ ေခတ္ကနဲ႔ စာရင္ တစ္ဆင့္ျပန္နိမ့္ၿပီး စိတ္ဓာတ္ပိုင္းမွာ နည္းနည္း ျပန္က်သြားခဲ့တဲ့ အိုင္ဗရီကို႔စ္တို႔အေနနဲ႔ မာေယာ့ကာနဲ႔ မစ္ဒယ္ဘေရာ့တို႔ေလာက္မွာ လူနည္းနည္းသိခဲ့တဲ့ အီမီလီယို အန္ဆူး ဦးေဆာင္တဲ့ အီေကြတိုရီယယ္ ဂီနီတို႔ကို သာလြန္အင္အားနဲ႔ေတာင္ ရလဒ္ မျပတ္သားႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ဒီပြဲရဲ႕ တစ္လုံးတည္းေသာဂိုးကိုေတာ့ လိဒ္စ္ယူႏိုက္တက္နဲ႔ ဘုန္းေမာက္အသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ဝါရင့္ကြင္းလယ္လူ မက္စ္ ဂရာဒဲလ္က ပြဲခ်ိန္ ၅ မိနစ္မွာ အီေကြတိုရီယယ္ ဂီနီအသင္းဘက္က ေဘာလုံးရွင္းထုတ္ပုံ မပီျပင္တာကို ေနာက္ကေန လိုက္ပါရယူၿပီး အျပင္းကန္သြင္းခဲ့ရာမွာ တစ္ဖက္ ဂိုးသမားကို ငုတ္တုတ္ေမ့သြားေစႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အိုင္ဗရီကို႔စ္ဘက္က ေပေပ၊ ဇာဟာ၊ ဒီေယး၊ ကူအာေမတို႔ ဝင္ကစားခဲ့ေပမယ့္ အႏိုင္ရလဒ္ျပတ္သားဖို႔အတြက္ ေနာက္ထပ္ တစ္ဂိုးရယူဖို႔ မတတ္ႏိုင္ၾကေတာ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးခဲ့ၿပီး အုပ္စု(E)မွာ ပထမေနရာကို အဓိက ၿပိဳင္ဘက္နဲ႔ လက္ရွိခ်န္ပီယံ အယ္လ္ဂ်ီးရီးယားကို ေက်ာ္ျဖတ္ၿပီး ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒီေန႔ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာလည္း သုံးပြဲလုံးမွာ တစ္ဂိုး-ဂိုးမရွိ ရလဒ္ေတြသာ ထြက္ေပၚေနခဲ့ၿပီး အုပ္စု(F)က ေနာက္တစ္ဆင့္တက္ဖို႔ ေရပန္းစားၾကတဲ့ ႏွစ္သင္းျဖစ္တဲ့ တူနီးရွားနဲ႔ မာလီတို႔ရဲ႕ ဒိုင္လူႀကီး အသုံးမက်လို႔ အျငင္းပြားဖြယ္ျဖစ္ခဲ့ရတဲ့ ပြဲစဥ္မွာ ပြဲခ်ိန္ ၄၈ မိနစ္မွာ သြင္းယူခဲ့တဲ့ အီဘရာဟီမာ ကိုေနးရဲ႕ ပင္နယ္တီနဲ႔ မာလီတို႔ အႏိုင္ရရွိခဲ့ပါတယ္။

ေနာက္ထပ္ပြဲစဥ္တစ္ပြဲမွာေတာ့ ဂမ္ဘီယာတို႔က ေမာ္ရီေတးနီးယားကို အက္ဘ္လီ ဂ်ဲလိုးရဲ႕ ပြဲခ်ိန္ ၁၀ မိနစ္မွာ သြင္းယူတဲ့ ဂိုးနဲ႔ပဲ တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ သုံးမွတ္ယူသြားခဲ့ၿပီး အာဖရိကဖလား အုပ္စု ၆ ခုရဲ႕ ပြဲစဥ္(၁) ၁၂ ပြဲ ၿပီးဆုံးခ်ိန္မွာ ဝမ္းဇီးရလဒ္ ၉ ပြဲအထိ အံ့အားသင့္ဖြယ္ရာေတြ႕ရွိခဲ့ရသလို ၂ ပြဲကေတာ့ ဂိုးမရွိ သေရက်ခဲ့ၿပီး အိမ္ရွင္ ကင္းမ႐ြန္းတစ္သင္းသာ ပင္နယ္တီ ၂ လုံးနဲ႔ ႏွစ္ဂိုး-တစ္ဂိုး ရလဒ္ကို ရယူႏိုင္ခဲ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCE
PHOTOS CREDIT TO OWNERS
SPORTS A2Z.