Premier League

မန်ဒီနေရာဝင်ယူဖို့ ပြင်နေတဲ့ ကီပါ နည်းပြတူဟယ်လက်အောက်မှာ ဘယ်လို တိုးတက်လာနေခဲ့လဲ

တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်တွေအပြီး ဖိုင်နယ်သို့ တက်လှမ်းပြီးနောက်မှာတော့ ဂိုးသမား ကီပါနဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ကြီးမားတဲ့ ထုတ်ဖော်ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြက စပါးစ်နဲ့ပွဲမတိုင်မီ စပိန်ဂိုးသမား ကီပါကို စိတ်လှုပ်ရှားနေတာ ဒါမှမဟုတ် ယုံကြည်မှု ကင်းမဲ့နေတဲ့ပုံစံမျိုး ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ရဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပြီး ကီပါဟာ ချဲလ်ဆီးအသင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်အောင် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ တတိယအဆင့်နဲ့ စတုတ္ထအဆင့်တုန်းက ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ သူရဲကောင်းဖြစ်ခဲ့သူဖြစ်ပြီး အက်စတန် ဗီလာနဲ့ ဆောက်သမ်တန်တို့ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရအောင် ကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ယိုအန်း ဝစ်ဆာရဲ့ အပိုင်ခေါင်းတိုက်ချက်အပါအဝင် အရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ပင်နယ်တီအဆုံးအဖြတ်မှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ကီပါဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာလည်း ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အမှားနည်းနေခဲ့တာဖြစ်ပါတယ်။

ကီပါရဲ့ လက်စွမ်း တိုးတက်လာမှုကို နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၉-၂၀၂၀ ရာသီမှာ စုစုပေါင်း ဂိုးကာကွယ်မှု ၅၈.၃ ရာခိုင်နှုန်း၊ ပရီးမီးယားလိဂ် ဂိုးကာကွယ်မှု ၅၄.၄ ရာခိုင်နှုန်း(လိဂ်မှာ အဆင့် ၂၁)၊ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် ရင်ဆိုင်ခဲ့ရမှု ၉၉ ကြိမ်၊ ပရီးမီးယားလိဂ်မှာ ဂိုးကာကွယ်နိုင်ခဲ့မှု ၅၅ ကြိမ်၊ အချိန်ပို ဂိုးခွင့်ပြုခဲ့ရမှု ၈.၉ ဂိုး ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီမှာတော့ စုစုပေါင်း ၅ ပွဲ ကစားထားရာမှာ ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် ရင်ဆိုင်ရမှု ၂၅ ကြိမ်၊ ဂိုးကာကွယ်မှု အကြိမ် ၂၀၊ စုစုပေါင်း ဂိုးကာကွယ်နိုင်မှု ၈၀ ရာခိုင်နှုန်း၊ ဂိုး တားဆီးမှု ၆.၁ ကြိမ် ပြုလုပ်ထားပါတယ်။

ဒီကိန်းဂဏန်းအချက်တွေအရ ကီပါရဲ့ ယခုရာသီ ဂိုးကာကွယ်မှု ရာခိုင်နှုန်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့သမျှ ရာသီတွေထက် ပိုမိုမြင့်မားနေပြီး မျှော်မှန်းဂိုးကာကွယ်နိုင်မှု အချိုးကလည်း လက်ရှိမှာတော့ အနုတ်လက္ခဏာထက် အပေါင်းလက္ခဏာပိုဆန်လာပြီဖြစ်ပါတယ်။

ကီပါရဲ့ လက်စွမ်း တိုးတက်လာမှုအတွက် နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ခံစစ် ၃ ဦးစနစ်ကို ပြင်ဆင်ခဲ့တာဖြစ်ပြီး မန်ဒီနဲ့ ဘက်တီနယ်လီတို့လို အင်အားတောင့်တင်းတဲ့ ဂိုးသမားအစုအဖွဲ့နဲ့အတူ အလုပ်တွဲလုပ်နေခဲ့တာလည်း ပါပါလိမ့်မယ်။ တူဟယ်ရဲ့ ကီပါအပေါ် ယုံကြည်မှု ဆက်လက်ထားရှိနေမှုကို ပြီးခဲ့တဲ့နွေရာသီက ယူအီးအက်ဖ်အေ စူပါဖလားမှာ ပင်နယ်တီ အဆုံးအဖြတ်မခံယူမီ အချိန်ပိုနောက်ဆုံးမိနစ်မှာမှ စပိန်ဂိုးသမားကို အရန်ခုံကနေ လူစားဝင်ကစားစေခဲ့ပြီး ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းရဲ့ ပထမပွဲထွက်ဂိုးသမား အေဒူယာ မန်ဒီဟာ ကင်မရွန်းမှာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေတာကြောင့် ကီပါဟာ စပါးစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်း ဆီးမီးဖိုင်နယ် ဒုတိယအကျော့ အဆုံးအဖြတ်ဖြစ်တဲ့ စပါးကွင်းမှာကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိအနိုင်ရရှိတဲ့ပွဲမှာလည်း ပါဝင်ကစားခဲ့ပြီး ပေးဂိုးမရှိခဲ့ကာ တူဟယ်ရဲ့ ယုံကြည်မှုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။

ကီပါအတွက် ဘယ်လောက်တောင် ကြီးမားတဲ့ အခါသမယဖြစ်နေမလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရချိန်မှာ တူဟယ်က “ကျွန်တော် ကီပါ စိတ်လှုပ်ရှားနေတာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါဘူး။ တစ်ရက်လေးတောင်မှပါ။ ဒါမှမဟုတ် သူ့ရဲ့ အသင်းဖော်တွေကို မနာလိုဖြစ်နေတာ သို့မဟုတ် မပျော်မရွှင်ဖြစ်နေတာမျိုးလည်း မတွေ့ဖူးပါဘူး”

“ကောင်းတာတစ်ခုက သူ ကျွန်တော်တို့အတွက် ကစားပေးဖို့ လိုအပ်တဲ့အချိန်ကျရင် ကီပါအပေါ် စစ်မှန်တဲ့ ယုံကြည်မှုရှိနေတာဖြစ်ပြီး သူ့ဆီကနေလည်း တူညီတဲ့အရာကို ကျွန်တော် ခံစားခဲ့ရပါတယ်။ သူက အရမ်း စိတ်ငြိမ်ပြီး အာရုံစိုက်ထားခဲ့တာပါ။ သူ အသင်းအတွက် ပါဝင်ကစားပေးနိုင်တယ်ဆိုတာကို ပြသဖို့အတွက် ဒီ မိနစ် ၉၀ စလုံးမှာ ပြသနေဖို့ မလိုဘူးလို့ သူ ခံစားခဲ့ရတယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ ရှိပါတယ်။ ကျွန်တော်တို့ သူ့ကို ယုံကြည်မှု ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ည မန်ချက်စတာစီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှတ်ကွာဟမှုလျော့ချရမယ့် အရေးကြီးပွဲမှာ ကီပါတစ်ယောက် ချဲလ်ဆီးအသင်းအတွက် ထပ်မံလက်စွမ်းပြပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ဦးစားပေး ကစားခွင့်ရနေတဲ့ ဂိုးသမား မန်ဒီရဲ့ ပထမဂိုးသမားနေရာကို ပြန်လည် သိမ်းပိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္ေတြအၿပီး ဖိုင္နယ္သို႔ တက္လွမ္းျပီးေနာက္မွာေတာ့ ဂိုးသမား ကီပါနဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္က ႀကီးမားတဲ့ ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပက စပါးစ္နဲ႔ပြဲမတိုင္မီ စပိန္ဂိုးသမား ကီပါကို စိတ္လႈပ္ရွားေနတာ ဒါမွမဟုတ္ ယုံၾကည္မႈ ကင္းမဲ့ေနတဲ့ပုံစံမ်ိဳး ဘယ္တုန္းကမွ မျမင္ေတြ႕ခဲ့ရဘူးလို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး ကီပါဟာ ခ်ဲလ္ဆီးအသင္း ဆီမီးဖိုင္နယ္ တက္ေရာက္နိုင္ေအာင္ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။

စပိန္လက္ေရြးစင္ဂိုးသမားဟာ တတိယအဆင့္နဲ႔ စတုတၳအဆင့္တုန္းက ပင္နယ္တီအဆုံးအျဖတ္ ခံယူရာမွာ သူရဲေကာင္းျဖစ္ခဲ့သူျဖစ္ၿပီး အက္စတန္ ဗီလာနဲ႔ ေဆာက္သမ္တန္တို႔ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အနိုင္ရေအာင္ ကာကြယ္မႈေတြ ျပဳလုပ္ေပးခဲ့သူျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္မွာလည္း ယိုအန္း ဝစ္ဆာရဲ့ အပိုင္ေခါင္းတိုက္ခ်က္အပါအဝင္ အေရးႀကီးတဲ့ ကာကြယ္မႈေတြ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီက ဗီလာရီးရဲလ္နဲ႔ ကစားခဲ့တဲ့ ယူအီးအက္ဖ္ေအ စူပါဖလား ပင္နယ္တီအဆုံးအျဖတ္မွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ကီပါဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ တစ္ပြဲပဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာလည္း ေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ၿပီး အမွားနည္းေနခဲ့တာျဖစ္ပါတယ္။

ကီပါရဲ့ လက္စြမ္း တိုးတက္လာမႈကို ႏွိုင္းယွဥ္မယ္ဆိုရင္ ၂၀၁၉-၂၀၂၀ ရာသီမွာ စုစုေပါင္း ဂိုးကာကြယ္မႈ ၅၈.၃ ရာခိုင္ႏႈန္း၊ ပရီးမီးယားလိဂ္ ဂိုးကာကြယ္မႈ ၅၄.၄ ရာခိုင္ႏႈန္း(လိဂ္မွာ အဆင့္ ၂၁)၊ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္တည့္တဲ့ ကန္သြင္းခ်က္ ရင္ဆိုင္ခဲ့ရမႈ ၉၉ ႀကိမ္၊ ပရီးမီးယားလိဂ္မွာ ဂိုးကာကြယ္နိုင္ခဲ့မႈ ၅၅ ႀကိမ္၊ အခ်ိန္ပို ဂိုးခြင့္ျပဳခဲ့ရမႈ ၈.၉ ဂိုး ရွိခဲ့ၿပီး ၂၀၂၁-၂၀၂၂ ရာသီမွာေတာ့ စုစုေပါင္း ၅ ပြဲ ကစားထားရာမွာ ဂိုးေပါက္တည့္တဲ့ ကန္သြင္းခ်က္ ရင္ဆိုင္ရမႈ ၂၅ ႀကိမ္၊ ဂိုးကာကြယ္မႈ အႀကိမ္ ၂၀၊ စုစုေပါင္း ဂိုးကာကြယ္နိုင္မႈ ၈၀ ရာခိုင္ႏႈန္း၊ ဂိုး တားဆီးမႈ ၆.၁ ႀကိမ္ ျပဳလုပ္ထားပါတယ္။

ဒီကိန္းဂဏန္းအခ်က္ေတြအရ ကီပါရဲ့ ယခုရာသီ ဂိုးကာကြယ္မႈ ရာခိုင္ႏႈန္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့သမၽွ ရာသီေတြထက္ ပိုမိုျမင့္မားေနၿပီး ေမၽွာ္မွန္းဂိုးကာကြယ္နိုင္မႈ အခ်ိဳးကလည္း လက္ရွိမွာေတာ့ အႏုတ္လကၡဏာထက္ အေပါင္းလကၡဏာပိုဆန္လာၿပီျဖစ္ပါတယ္။

ကီပါရဲ့ လက္စြမ္း တိုးတက္လာမႈအတြက္ ေနာက္ထပ္ အေၾကာင္းအရင္းတစ္ခုကေတာ့ ခံစစ္ ၃ ဦးစနစ္ကို ျပင္ဆင္ခဲ့တာျဖစ္ၿပီး မန္ဒီနဲ႔ ဘက္တီနယ္လီတို႔လို အင္အားေတာင့္တင္းတဲ့ ဂိုးသမားအစုအဖြဲ႕နဲ႔အတူ အလုပ္တြဲလုပ္ေနခဲ့တာလည္း ပါပါလိမ့္မယ္။ တူဟယ္ရဲ့ ကီပါအေပၚ ယုံၾကည္မႈ ဆက္လက္ထားရွိေနမႈကို ၿပီးခဲ့တဲ့ေႏြရာသီက ယူအီးအက္ဖ္ေအ စူပါဖလားမွာ ပင္နယ္တီ အဆုံးအျဖတ္မခံယူမီ အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာမွ စပိန္ဂိုးသမားကို အရန္ခုံကေန လူစားဝင္ကစားေစခဲ့ၿပီး ထုတ္ေဖာ္ျပသခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ ပထမပြဲထြက္ဂိုးသမား ေအဒူယာ မန္ဒီဟာ ကင္မ႐ြန္းမွာ က်င္းပေနတဲ့ အာဖရိကဖလားၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ေနတာေၾကာင့္ ကီပါဟာ စပါးစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကာရာေဘာင္း ဆီးမီးဖိုင္နယ္ ဒုတိယအေက်ာ့ အဆုံးအျဖတ္ျဖစ္တဲ့ စပါးကြင္းမွာကစားခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းက ၁ ဂိုး ဂိုးမရွိအႏိုင္ရရွိတဲ့ပြဲမွာလည္း ပါဝင္ကစားခဲ့ၿပီး ေပးဂိုးမရွိခဲ့ကာ တူဟယ္ရဲ႕ ယုံၾကည္မႈကို ထပ္မံသိမ္းပိုက္ႏိုင္ခဲ့ျပန္ပါတယ္။

ကီပါအတြက္ ဘယ္ေလာက္ေတာင္ ႀကီးမားတဲ့ အခါသမယျဖစ္ေနမလဲဆိုတာနဲ႔ပတ္သက္ၿပီး ေမးျမန္းခံခဲ့ရခ်ိန္မွာ တူဟယ္က “ကၽြန္ေတာ္ ကီပါ စိတ္လႈပ္ရွားေနတာ ဘယ္တုန္းကမွ မေတြ႕ခဲ့ဖူးပါဘူး။ တစ္ရက္ေလးေတာင္မွပါ။ ဒါမွမဟုတ္ သူ႔ရဲ့ အသင္းေဖာ္ေတြကို မနာလိုျဖစ္ေနတာ သို႔မဟုတ္ မေပ်ာ္မရႊင္ျဖစ္ေနတာမ်ိဳးလည္း မေတြ႕ဖူးပါဘူး”

“ေကာင္းတာတစ္ခုက သူ ကၽြန္ေတာ္တို႔အတြက္ ကစားေပးဖို႔ လိုအပ္တဲ့အခ်ိန္က်ရင္ ကီပါအေပၚ စစ္မွန္တဲ့ ယုံၾကည္မႈရွိေနတာျဖစ္ၿပီး သူ႔ဆီကေနလည္း တူညီတဲ့အရာကို ကၽြန္ေတာ္ ခံစားခဲ့ရပါတယ္။ သူက အရမ္း စိတ္ၿငိမ္ၿပီး အာ႐ုံစိုက္ထားခဲ့တာပါ။ သူ အသင္းအတြက္ ပါဝင္ကစားေပးနိုင္တယ္ဆိုတာကို ျပသဖို႔အတြက္ ဒီ မိနစ္ ၉၀ စလုံးမွာ ျပသေနဖို႔ မလိုဘူးလို႔ သူ ခံစားခဲ့ရတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ကၽြန္ေတာ့္မွာ ရွိပါတယ္။ ကၽြန္ေတာ္တို႔ သူ႔ကို ယုံၾကည္မႈ ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ယေန႔ည မန္ခ်က္စတာစီးတီးအသင္းရဲ႔ အိမ္ကြင္းမွာ ယွဥ္ျပိဳ္င္ကစားမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အမွတ္ကြာဟမႈေလ်ာ့ခ်ရမယ့္ အေရးၾကီးပြဲမွာ ကီပါတစ္ေယာက္ ခ်ဲလ္ဆီးအသင္းအတြက္ ထပ္မံလက္စြမ္းျပျပီး ပရီးမီးယားလိဂ္ျပိဳင္ပြဲေတြမွာ ဦးစားေပး ကစားခြင့္ရေနတဲ့ ဂိုးသမား မန္ဒီရဲ႔ ပထမဂိုးသမားေနရာကို ျပန္လည္ သိမ္းပိုင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.