International Match Report

နိုင်ဂျီးရီးယားအတွက် အီဟန်နာချို ဂိုးသွင်းပြီး လီဗာပူးလ်ရဲ့ ဆာလား ရှုံးပွဲတွေ့ခဲ့တဲ့ အာဖရိကဖလား

အာဖရိကဖလားပွဲစဉ်တွေကို ပြီးခဲ့တဲ့ ညက ဆက်လက်ကျင်းပခဲ့ရာမှာ အုပ်စု(D)ရဲ့ နိုင်ဂျီးရီးယားနဲ့ အီဂျစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဥရောပ အသင်းကြီးတွေမှာ ကစားနေကြတဲ့သူတွေ ပိုမိုပါဝင်တဲ့ နိုင်ဂျီးရီးယားက လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလားတစ်ယောက်တည်းကို အားကိုးနေရတဲ့ အီဂျစ်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

နိုင်ဂျီးရီးယားရဲ့ ကပ္ပတိန် အီကောင် ဦးဆောင်တဲ့ ခံစစ်က ဆာလားနဲ့အဖွဲ့ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ချိန်မှာ တော်တော်လေး ဖိကစားနိုင်တာကို တွေ့ခဲ့ရပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ ရိန်းဂျားစ်ကွင်းလယ်လူ အရီဘိုက ခေါင်းတိုက်ချပေးတာကို လက်စတာတိုက်စစ်မှူး အီဟန်နာချိုက တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့ရာမှာ အီဂျစ်ဂိုးသမား မတားဆီးနိုင်ခဲ့ဘဲ တစ်လုံးတည်းသော ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

အီဂျစ်ရဲ့ နာမည်ကြီးတိုက်စစ်မှူး ဆာလားကတော့ အလုပ်မဖြစ်ခဲ့သလို လီဗာပူးလ်မှာလို သူ့ဆီ နေရာလွတ်တွေ ရှာဖွေပေးပြီး ဖန်တီးပေးမယ့် အသင်းဖော်တွေနဲ့ အထူးသဖြင့် ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်လို ညာနောက်ခံလူကောင်းမရှိတာက အခွင့်အရေးတွေ မရစေခဲ့သလို ဟန်ချက်မညီတဲ့ ဖာရိုးတွေရဲ့ အယ်လ်နန်နီ၊ ထရီဇီဂေးတို့လောက်ကို အားကိုးနေရတဲ့ အသင်းက အိမ်ပြန်စောမယ်ဆိုရင်တောင် အံ့ဩစရာ မရှိတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကတော့ သူတို့ရဲ့ ကစားသမားနှစ်ယောက်ကို အမြန်ဆုံး ပြန်လည်ရရှိနိုင်လိမ့်မယ်လို့ ဘောလုံးပရိသတ်တွေက ခန့်မှန်းထားကြပြီး အုပ်စု(D)ရဲ့ တခြားနှစ်သင်းဖြစ်တဲ့ ဆူဒန်နဲ့ ဂီနီဘစ်ဆောတို့ကတော့ ဂိုးမရှိသရေ ကစားခဲ့ကြချိန်မှာ နိုင်ဂျီးရီးယားရော အီဂျစ်တို့ပါ ဒီနှစ်သင်းကို အနိုင်ရနိုင်တာကြောင့် အုပ်စုကနေ ရှုံးထွက်ကိုတော့ ပထမနဲ့ ဒုတိယတွေအဖြစ် တက်နိုင်ဖို့ အဖြေက ၉၅ ရာခိုင်နှုန်းလောက် သေချာနေခဲ့တာပါ။

အုပ်စု(E)ရဲ့ ပွဲစဉ်တစ်ပွဲမှာတော့ နာမည်ကြီး ရေပန်းစားနေတဲ့ လက်ရှိချန်ပီယံ အယ်လ်ဂျီးရီးယားနဲ့ ဆီယာရာလီယွန်တို့ ဂိုးမရှိသရေကျခဲ့ကြပြီး မာရက်ဇ်၊ ဖီဂူလီ၊ ဘရာဟီမီ၊ ဘင်ရာမာ၊ ဆလီမာနီ၊ ဘင်ဆီဘိုင်နီ၊ အိတ်ဆာ မန်ဒီ၊ ဘူနက်ဂျာတို့လို နာမည်ကြီးနဲ့ နာမည်ရှိကစားသမားတွေက ဘောလုံး ပရိသတ်တွေ ဘယ်သူမှ မသိတဲ့ တစ်ခါက ကယ်လွန်တို့ရဲ့အသင်းကို အနိုင်မကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကစားလာမယ့် အီကွေတိုရီယယ် ဂီနီနဲ့ တွေ့ဆုံနေခဲ့တဲ့ အုပ်စုတွင်း ထိပ်တိုက် နာမည်ကြီးပြိုင်ဘက် အိုင်ဗရီကို့စ်တို့ကို အခွင့်အရေးပေးလိုက်သလိုဖြစ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဂိုးသွင်းဘုရင် ဆီဘက်စတီယန် အဲလား ဦးဆောင်လာမယ့် အာဖရိကဆင်တွေအနေနဲ့ ဒီအုပ်စုကို ဦးဆောင်နိုင်ဖို့ အခွင့်အရေးများနေခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ အုပ်စု(F)က ဆရာကြီးနှစ်ဦးဖြစ်တဲ့ တူနီးရှားနဲ့ မာလီတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပြီး ကျန်ပွဲစဉ်မှာတော့ မော်ရီတေးနီးယားနဲ့ ဂမ်ဘီယာတို့ ကစားဖို့ ရှိနေခဲ့သလို အာဖရိကဖလားရဲ့ ပွဲစဉ်(၁) နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ စောင့်ကြည့်နိုင်ကြဖို့ ဖော်ပြလိုက်ရပါဝယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဖရိကဖလားပြဲစဥ္ေတြကို ၿပီးခဲ့တဲ့ ညက ဆက္လက္က်င္းပခဲ့ရာမွာ အုပ္စု(D)ရဲ႕ ႏိုင္ဂ်ီးရီးယားနဲ႔ အီဂ်စ္တို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ဥေရာပ အသင္းႀကီးေတြမွာ ကစားေနၾကတဲ့သူေတြ ပိုမိုပါဝင္တဲ့ ႏိုင္ဂ်ီးရီးယားက လီဗာပူးလ္ရဲ႕ မိုဟာမက္ ဆာလားတစ္ေယာက္တည္းကို အားကိုးေနရတဲ့ အီဂ်စ္ကို အႏိုင္ရရွိသြားခဲ့ပါတယ္။

ႏိုင္ဂ်ီးရီးယားရဲ႕ ကပၸတိန္ အီေကာင္ ဦးေဆာင္တဲ့ ခံစစ္က ဆာလားနဲ႔အဖြဲ႕ကို ေကာင္းေကာင္းထိန္းခ်ဳပ္ထားႏိုင္ခ်ိန္မွာ ေတာ္ေတာ္ေလး ဖိကစားႏိုင္တာကို ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ရိန္းဂ်ားစ္ကြင္းလယ္လူ အရီဘိုက ေခါင္းတိုက္ခ်ေပးတာကို လက္စတာတိုက္စစ္မႉး အီဟန္နာခ်ိဳက တစ္ခ်က္ထိန္းၿပီး ကန္သြင္းခဲ့ရာမွာ အီဂ်စ္ဂိုးသမား မတားဆီးႏိုင္ခဲ့ဘဲ တစ္လုံးတည္းေသာ ဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။

အီဂ်စ္ရဲ႕ နာမည္ႀကီးတိုက္စစ္မႉး ဆာလားကေတာ့ အလုပ္မျဖစ္ခဲ့သလို လီဗာပူးလ္မွာလို သူ႔ဆီ ေနရာလြတ္ေတြ ရွာေဖြေပးၿပီး ဖန္တီးေပးမယ့္ အသင္းေဖာ္ေတြနဲ႔ အထူးသျဖင့္ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္လို ညာေနာက္ခံလူေကာင္းမရွိတာက အခြင့္အေရးေတြ မရေစခဲ့သလို ဟန္ခ်က္မညီတဲ့ ဖာ႐ိုးေတြရဲ႕ အယ္လ္နန္နီ၊ ထရီဇီေဂးတို႔ေလာက္ကို အားကိုးေနရတဲ့ အသင္းက အိမ္ျပန္ေစာမယ္ဆိုရင္ေတာင္ အံ့ဩစရာ မရွိတာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ကေတာ့ သူတို႔ရဲ႕ ကစားသမားႏွစ္ေယာက္ကို အျမန္ဆုံး ျပန္လည္ရရွိႏိုင္လိမ့္မယ္လို႔ ေဘာလုံးပရိသတ္ေတြက ခန႔္မွန္းထားၾကၿပီး အုပ္စု(D)ရဲ႕ တျခားႏွစ္သင္းျဖစ္တဲ့ ဆူဒန္နဲ႔ ဂီနီဘစ္ေဆာတို႔ကေတာ့ ဂိုးမရွိသေရ ကစားခဲ့ၾကခ်ိန္မွာ ႏိုင္ဂ်ီးရီးယားေရာ အီဂ်စ္တို႔ပါ ဒီႏွစ္သင္းကို အႏိုင္ရႏိုင္တာေၾကာင့္ အုပ္စုကေန ရႈံးထြက္ကိုေတာ့ ပထမနဲ႔ ဒုတိယေတြအျဖစ္ တက္ႏိုင္ဖို႔ အေျဖက ၉၅ ရာခိုင္ႏႈန္းေလာက္ ေသခ်ာေနခဲ့တာပါ။

အုပ္စု(E)ရဲ႕ ပြဲစဥ္တစ္ပြဲမွာေတာ့ နာမည္ႀကီး ေရပန္းစားေနတဲ့ လက္ရွိခ်န္ပီယံ အယ္လ္ဂ်ီးရီးယားနဲ႔ ဆီယာရာလီယြန္တို႔ ဂိုးမရွိသေရက်ခဲ့ၾကၿပီး မာရက္ဇ္၊ ဖီဂူလီ၊ ဘရာဟီမီ၊ ဘင္ရာမာ၊ ဆလီမာနီ၊ ဘင္ဆီဘိုင္နီ၊ အိတ္ဆာ မန္ဒီ၊ ဘူနက္ဂ်ာတို႔လို နာမည္ႀကီးနဲ႔ နာမည္ရွိကစားသမားေတြက ေဘာလုံး ပရိသတ္ေတြ ဘယ္သူမွ မသိတဲ့ တစ္ခါက ကယ္လြန္တို႔ရဲ႕အသင္းကို အႏိုင္မကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေန႔ကစားလာမယ့္ အီေကြတိုရီယယ္ ဂီနီနဲ႔ ေတြ႕ဆုံေနခဲ့တဲ့ အုပ္စုတြင္း ထိပ္တိုက္ နာမည္ႀကီးၿပိဳင္ဘက္ အိုင္ဗရီကို႔စ္တို႔ကို အခြင့္အေရးေပးလိုက္သလိုျဖစ္သြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဂိုးသြင္းဘုရင္ ဆီဘက္စတီယန္ အဲလား ဦးေဆာင္လာမယ့္ အာဖရိကဆင္ေတြအေနနဲ႔ ဒီအုပ္စုကို ဦးေဆာင္ႏိုင္ဖို႔ အခြင့္အေရးမ်ားေနခဲ့ၿပီျဖစ္ပါတယ္။

ဒီေန႔ညမွာေတာ့ အုပ္စု(F)က ဆရာႀကီးႏွစ္ဦးျဖစ္တဲ့ တူနီးရွားနဲ႔ မာလီတို႔ ထိပ္တိုက္ေတြ႕ဆုံေနခဲ့ၿပီး က်န္ပြဲစဥ္မွာေတာ့ ေမာ္ရီေတးနီးယားနဲ႔ ဂမ္ဘီယာတို႔ ကစားဖို႔ ရွိေနခဲ့သလို အာဖရိကဖလားရဲ႕ ပြဲစဥ္(၁) ေနာက္ဆုံးပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္လို႔ ေစာင့္ၾကည့္ႏိုင္ၾကဖို႔ ေဖာ္ျပလိုက္ရပါဝယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.