Premier League

ပိုမိုတိက်မယ့္ ေဘာလုံးကို နီေက ယူေဆာင္လာခဲ့ၿပီး လာမယ့္ပရီးမီးယားလိဂ္မွာ အသုံးျပဳမည္

နာမည္ႀကီး အားကစားပစၥည္းထုတ္လုပ္သူ နီေကကုမၸဏီက ေဘာလုံးအသစ္တစ္လုံးကို ထုတ္ေဖာ္လုိက္သလို လာမယ့္ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္မွာ စတင္အသုံးျပဳႏုိင္ဖို႔ ရည္ရြယ္ထားၿပီး Flight လို႔ နာမည္ေပးထားတဲ့ ဒီေဘာလုံးဟာ ဦးတည္ခ်က္ေတြ ပုိမိုတိက်လိမ့္မယ္လုိ႔လည္း ထုတ္ေဖာ္လိုက္ပါတယ္။

ေဂါက္သီးတစ္လုံးရဲ႕ အေတြးအေခၚအယူအဆကို အေျခခံထားတဲ့ ဒီေဘာလုံးရဲ႕ ကိုယ္ထည္မွာ ေျမာင္းကေလးေတြ ထည့္သြင္းထားၿပီး ဒါက ေဘာလုံးရဲ႕ ေရြ႕လ်ားမွဳမွာ ေပးပို႔တဲ့ ေနရာဆီ တိတိက်က်ေရာက္ရွိႏိုင္ဖို႔ ရည္ရြယ္ထားသလို သူ႕ရဲ႕ ဒီဇုိင္းကေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးေတြနဲ႔ တစ္မူထူးျခားၿပီး ကြဲျပားတဲ့ ဒီဇုိင္းလည္းျဖစ္ေနခဲ့ပါတယ္။

ေဘာလုံးရဲ႕ သြားပုံက ပုိမိုတိက်သြားမွာျဖစ္တဲ့အတြက္ ဂိုးသမားကလြဲလို႔ တျခားကစားသမားေတြအေနနဲ႔ စိတ္ပ်က္စရာျဖစ္လာႏုိင္ၿပီး ကန္ခ်က္ေတြကို ေလထဲမွာ ေဝ့ၿပီး ဂိုးသမားကို အႏုိင္ယူဖို႔ ခက္ခဲလာမွာျဖစ္သလို ဖရီးကစ္ေတြမွာလည္း မထင္မွတ္တဲ့ ေျပာင္းလဲမွဳေတြကို လွ်ဳိ႕ဝွက္ခ်က္ေတြနဲ႔ ကန္သြင္းေနၾကတဲ့ ဖရီးကစ္ အိတ္စပတ္ေတြကိုလည္း စိတ္ညစ္ေစေတာ့မွာျဖစ္ပါတယ္။

ဂိုးသမားေတြအတြက္ကေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးေတြထက္ ပုိမိုအႏၲရာယ္နည္းတဲ့ ေဘာလုံးတစ္လုံးျဖစ္လာမွာျဖစ္ၿပီး ေရွ႕က ေဘာလုံးေတြမွာ ေဝ့ဝိုက္မွဳ၊ ေပါ့ပါးမွဳေတြအတြက္ စိတ္ေသာကေရာက္ခဲ့ရတဲ့သူေတြအတြက္ နီေကရဲ႕ ႏွစ္သိမ့္မွဳလည္းျဖစ္ႏုိင္ၿပီး တျခားတုိက္စစ္နဲ႔ ကြင္းလယ္ကစားသမားေတြကေတာ့ အသားက်ဖို႔ အခ်ိန္ယူရမယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။

နီေကကေတာ့ ဒီေဘာလုံးဟာ ဖရီးကစ္ေတြကို တားဆီးဖို႔ မဟုတ္ဘူးလို႔ ျငင္းခ်က္ထုတ္လုိက္ၿပီး ကန္သြင္းသူေတြအတြက္ ပုိမုိတိက်လာဖို႔ပဲ ရည္ရြယ္တယ္လို႔ ဆိုခဲ့ၿပီး အေဝးေဘာ ေပးပုိ႔မွဳေတြနဲ႔ တည္ကန္ေဘာေတြ၊ အေဝးကန္ခ်က္ေတြမွာ တိက်တဲ့ သြားပုံနဲ႔ အလဟႆျဖစ္ေနရတာေတြကို ေလွ်ာ့ခ်ဖို႔ လုပ္ေဆာင္ထားတယ္ၿပီး လက္ရွိအသုံးျပဳေနတဲ့ Merlin ေဘာလုံးထက္ ၃၀ ရာခိုင္ႏွဳန္း ပုိမိုတိက်တယ္လုိ႔လည္း ေၾကျငာသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နာမည်ကြီး အားကစားပစ္စည်းထုတ်လုပ်သူ နီကေကုမ္ပဏီက ဘောလုံးအသစ်တစ်လုံးကို ထုတ်ဖော်လိုက်သလို လာမယ့် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်မှာ စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပြီး Flight လို့ နာမည်ပေးထားတဲ့ ဒီဘောလုံးဟာ ဦးတည်ချက်တွေ ပိုမိုတိကျလိမ့်မယ်လို့လည်း ထုတ်ဖော်လိုက်ပါတယ်။

ဂေါက်သီးတစ်လုံးရဲ့ အတွေးအခေါ်အယူအဆကို အခြေခံထားတဲ့ ဒီဘောလုံးရဲ့ ကိုယ်ထည်မှာ မြောင်းကလေးတွေ ထည့်သွင်းထားပြီး ဒါက ဘောလုံးရဲ့ ရွေ့လျားမှုမှာ ပေးပို့တဲ့ နေရာဆီ တိတိကျကျရောက်ရှိနိုင်ဖို့ ရည်ရွယ်ထားသလို သူ့ရဲ့ ဒီဇိုင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးတွေနဲ့ တစ်မူထူးခြားပြီး ကွဲပြားတဲ့ ဒီဇိုင်းလည်းဖြစ်နေခဲ့ပါတယ်။

ဘောလုံးရဲ့ သွားပုံက ပိုမိုတိကျသွားမှာဖြစ်တဲ့အတွက် ဂိုးသမားကလွဲလို့ တခြားကစားသမားတွေအနေနဲ့ စိတ်ပျက်စရာဖြစ်လာနိုင်ပြီး ကန်ချက်တွေကို လေထဲမှာ ဝေ့ပြီး ဂိုးသမားကို အနိုင်ယူဖို့ ခက်ခဲလာမှာဖြစ်သလို ဖရီးကစ်တွေမှာလည်း မထင်မှတ်တဲ့ ပြောင်းလဲမှုတွေကို လျှို့ဝှက်ချက်တွေနဲ့ ကန်သွင်းနေကြတဲ့ ဖရီးကစ် အိတ်စပတ်တွေကိုလည်း စိတ်ညစ်စေတော့မှာဖြစ်ပါတယ်။

ဂိုးသမားတွေအတွက်ကတော့ ပြီးခဲ့တဲ့ ဘောလုံးတွေထက် ပိုမိုအန္တရာယ်နည်းတဲ့ ဘောလုံးတစ်လုံးဖြစ်လာမှာဖြစ်ပြီး ရှေ့က ဘောလုံးတွေမှာ ဝေ့ဝိုက်မှု၊ ပေါ့ပါးမှုတွေအတွက် စိတ်သောကရောက်ခဲ့ရတဲ့သူတွေအတွက် နီကေရဲ့ နှစ်သိမ့်မှုလည်းဖြစ်နိုင်ပြီး တခြားတိုက်စစ်နဲ့ ကွင်းလယ်ကစားသမားတွေကတော့ အသားကျဖို့ အချိန်ယူရမယ်လို့ ခန့်မှန်းနေကြပါတယ်။

နီကေကတော့ ဒီဘောလုံးဟာ ဖရီးကစ်တွေကို တားဆီးဖို့ မဟုတ်ဘူးလို့ ငြင်းချက်ထုတ်လိုက်ပြီး ကန်သွင်းသူတွေအတွက် ပိုမိုတိကျလာဖို့ပဲ ရည်ရွယ်တယ်လို့ ဆိုခဲ့ပြီး အဝေးဘော ပေးပို့မှုတွေနဲ့ တည်ကန်ဘောတွေ၊ အဝေးကန်ချက်တွေမှာ တိကျတဲ့ သွားပုံနဲ့ အလဟဿဖြစ်နေရတာတွေကို လျှော့ချဖို့ လုပ်ဆောင်ထားတယ်ပြီး လက်ရှိအသုံးပြုနေတဲ့ Merlin ဘောလုံးထက် ၃၀ ရာခိုင်နှုန်း ပိုမိုတိကျတယ်လို့လည်း ကြေငြာသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.