La Liga Match Report

El Clasico အချိန်ပိုမှာ ဘာစီလိုနာကို အနိုင်ယူပြီး ဆူပါဖလားဖိုင်နယ်တက်တဲ့ ရီးရဲလ်

ဘာစီလိုနာနည်းပြ ဇာဗီ အာနန်ဒက်ဇ်အတွက်တော့ သူ့ရဲ့ နည်းပြဘဝ ပထမဆုံး အယ်လ်ကလာစီကို ပြိုင်ပွဲနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ဂိုးသမား တာစတီဂန်၊ ပီကေး၊ အယ်လ်ဘာ၊ ဘူးစကွက်စ်၊ အဲလ်ဗက်စ်တို့လို သူ့လူဝါရင့်တွေနဲ့ အသင်းကို အထိုင်ချခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ဖရင်ကီ ဒီယုံး၊ ဂါဗီ၊ လုခ် ဒီယုံး၊ ဒမ်ဘီလီနဲ့ ကစားသမားသစ် ဖယ်ရန် တောရက်စ်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ နာချို၊ အီဒါ မီလီတို၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို နည်းပြ အန်ချယ်လော့တီက ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မိုဒရစ်ချ်နဲ့ ကရူးစ်တို့ ပါဝင်လာခဲ့သလို တိုက်စစ်မှာတော့ အသင်းခေါင်းဆောင် ဘန်ဇီးမားကို အဆန်စီယိုနဲ့ ဗီနီးရှပ်စ်တို့ ခြံရံပြီး ကစားလာခဲ့ကြတာပါ။

ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့က ဖာ့ဒ်ဘုရင်ကွင်းမှာ ကစားခဲ့ကြတဲ့ ပွဲမှာတော့ ဝါရင့် ဒန်နီယယ်လ် အဲလ်ဗက်စ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လျင်မြန်တဲ့ တောင်ပံတွေကို ထိန်းချုပ်ရာမှာ ရုန်းကန်နေခဲ့ရသလို ဟိုခေတ်ကလို နှစ်သင်းတွေ့ရင် ဘာစီလိုနာတို့ ဘောလုံးကိုင်ထားတယ်ဆိုတာမျိုး မရှိသလို သိပ်ပြီး ဒီအပိုင်းမှာ ကွာခြားမှု မရှိခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်တို့ ဘောလုံးရတာနဲ့ ဗီနီးရှပ်စ်ဆီကိုပဲ အပေးများခဲ့သလို သူ့ရဲ့ မြန်နှုန်းနဲ့ ဘာစီလိုနာရဲ့ သက်ကြီးပိုင်းများတဲ့ ခံစစ်ကို ထိုးဖောက်ဖို့ နည်းပြ အန်ချယ်လော့တီက ရည်ရွယ်ခဲ့ပုံရပြီး ဒီပုံစံက တော်တော်လေး ဖိအားပေးနိုင်ခဲ့သလို ညာခြမ်းက အဆန်စီယိုသာ ဖြုန်းတီးမှုတွေ မများခဲ့ရင် သူတို့တွေ စောစောစီးစီး ဂိုးရသွားခဲ့နိုင်တာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ ရီးရဲလ်တို့ အဖွင့်ဂိုးကို ရှာဖွေနိုင်ခဲ့ပြီး ဘောလုံးကိုင်ထားပြီး ပေးဖို့ လူရှာနေတဲ့ ဘူးစကွက်စ်ကို ဘန်ဇီးမားက နောက်ကနေ လုယူခဲ့ရာကို ပြန်ရသွားခဲ့တဲ့ မိုဒရစ်ချ်က ပြန်ပေးတာကို ဘန်ဇီးမားကပဲ ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ဗီးနီးရှပ်စ်က သူ့ကို ထိန်းချုပ်ဖို့ တာဝန်ကျတဲ့ အာရော်ဂျိုနဲ့ ယှဉ်ပြေးပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန်ကို ကျော်ပြီး ဘောလုံးနဲ့ ပိုက်နဲ့ မိတ်ဆက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းက ဂျော်ဒီ အယ်လ်ဘာရဲ့ တိုက်စစ်အလွန်အကျွံလိုက်ပါမှုနဲ့ ညာခြမ်းက အဲလ်ဗက်စ်ရဲ့ အသက်အရွယ်ထောက်မှုတွေက ရီးရဲလ်တို့အဖို့ ပျော်စရာဖြစ်ခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှုနဲ့ အသုံးချမှုပိုင်းမှာ အားနည်းခဲ့လို့ အလုပ်သိပ်မဖြစ်ခဲ့တာကို တွေ့ခဲ့ရပြီး ပွဲချိန် မိနစ် ၃၀ မှာတော့ ဒမ်ဘီလီရဲ့ ဖြတ်တင်ဘောကို လုခ် ဒီယုံး ခေါင်းတိုက်တာက ဂိုးသမား ကူတွာတည့်တည့်ပဲ ရောက်သွားခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာလည်း အယ်လ်ဘာရဲ့ ဖြတ်တင်ဘောကို ဒီယုံး ခေါင်းတိုက်ရာမှာ ကူတွာပဲ ကာကွယ်ခဲ့ရပြီး အန်ချယ်လော့တီနဲ့ နာချိုနဲ့ မီလီတို အတွဲကတော့ အမြင့်ဘော ရှင်းထုတ်ပုံတွေမှာ အားနည်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဒမ်ဘီလီနဲ့ အဆန်စီယိုတို့ အခွင့်အရေး တစ်ကြိမ်စီ ဖြုန်းတီးခဲ့ကြပြီး တစ်ကိုယ်ကောင်းဆန်ခဲ့ကြလို့ ဂိုးရနိုင်ခွင့်နဲ့ ဝေးနေခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ကံဆိုးခဲ့လို့ ဂိုးပြန်ပေးခဲ့ရပြီး ဒမ်ဘီလီရဲ့ ဘယ်ခြမ်းက အနိမ့်ဘောချိုးပေးတာကို တိုက်စစ်က နောက်ကျနေခဲ့ချိန်မှာ ဘောလုံးကို ရှင်းထုတ်ခဲ့တဲ့ မီလီတိုရဲ့ ကန်ချက်က ပြေးဝင်လာတဲ့ လုခ် ဒီယုံးနဲ့ ပြန်ထိပြီး ဂိုးထဲကို ဝင်သွားခဲ့တာကြောင့် ဘာစီလိုနာတို့ ချေပဂိုး ရရှိခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဖယ်ရန် တောရက်စ်နဲ့ ဖရင်ကီ ဒီယုံးတို့နေရာမှာ အက်ဘ်ဒီနဲ့ ပက်ဒရီတို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန် ၄၈ မိနစ်မှာ ပက်ဒရီရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် တိုင်ဘေးက လွဲချော်ခဲ့သလို မိနစ် ၅၀ မှာတော့ ဖြတ်တင်ဘောတွေကို ရှင်းထုတ်ဖို့ အားနည်းတဲ့ ရီးရဲလ်ခံစစ်ကြားကနေ လုခ် ဒီယုံး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဘေးထွက်သွားခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ လုခ် ဒီယုံးအစား အန်ဆူ ဖာတီ ဝင်ကစားခဲ့ပြီး ရီးရဲလ်ဘက်ကတော့ အဆန်စီယိုအစား ရိုဒရီဂို ဝင်လာခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာတော့ ဘန်ဇီးမားက အာရော်ဂျိုကို ပညာပြပြီးမှ ကန်သွင်းခဲ့တဲ့ ဘောလုံးက ဂိုးသမား တာစတီဂန်ကို ဖြတ်ကျော်သွားခဲ့ပေမယ့် တိုင်ထိပြီး ထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ရီးရဲလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ မန်ဒီ ပေးတာကို တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ကန်ချက်ကို ဘာဆာဂိုးသမား တာစတီဂန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို ညာခြမ်းက ပါလာတဲ့ ကာဗာဟယ်လ်က အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဘန်ဇီးမားကပဲ အနီးကပ် ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

ဂိုးပေးခဲ့ရအပြီး ပွဲချိန် ၇၈ မိနစ်မှာ ဘာစီလိုနာတို့ အဲလ်ဗက်စ်နဲ့ ဂါဗီတို့အစား နီကို ဂွန်ဇာလက်ဇ်နဲ့ ဒီပိုင်းတို့ကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့သလို ပွဲချိန် ၈၃ မိနစ်မှာတော့ မိုဒရစ်ချ်အစား ဗယ်လ်ဗာဒီ ဝင်ကစားခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ရီးရဲလ်ခံစစ်ရဲ့ အမြင့်ဘော ညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး အယ်လ်ဘာက ဖြတ်တင်မှုကို အန်ဆူ ဖာတီက အနီးကပ် ခေါင်းတိုက်ပြီး ချေပဂိုး ရယူနိုင်ခဲ့လို့ နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ အခွင့်အရေးတွေကို နှစ်ဖက်စလုံး အသုံးမချနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး ပွဲချိန် ၉၈ မိနစ်မှာတော့ ရီးရဲလ်တို့ ထပ်မံ ဦးဆောင်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ ရိုဒရီဂိုက ညာခြမ်းကနေ အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ဗီနီးရှပ်စ်က မယူဘဲ ဟပေးတာကို နောက်က ပါလာတဲ့ ဗယ်လ်ဗာဒီက ဘန်ဇီးမားရှေ့ကနေ ဖြတ်ယူပြီး ကန်သွင်းနိုင်ခဲ့လို့ ဘာဆာခံစစ်နဲ့ ဂိုးသမားတို့ အငိုက်မိခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ ဗီနီးရှပ်စ်အစား ကာမာဗင်ဂါကို ထည့်ပြီး ခံစစ်နဲ့ ကောင်တာပဲ ကစားသွားခဲ့သလို ဘာစီလိုနာဘက်ကတော့ လောက်လောက်လားလား ထိုးဖောက်ကန်သွင်းနိုင်ခြင်းမျိုးတွေ မရှိတော့တာကြောင့် ပွဲအပြီးမှာ မက်ဒရစ်သားတွေ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာနည္းျပ ဇာဗီ အာနန္ဒက္ဇ္အတြက္ေတာ့ သူ႔ရဲ႕ နည္းျပဘဝ ပထမဆုံး အယ္လ္ကလာစီကို ၿပိဳင္ပြဲနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာ ဂိုးသမား တာစတီဂန္၊ ပီေကး၊ အယ္လ္ဘာ၊ ဘူးစကြက္စ္၊ အဲလ္ဗက္စ္တို႔လို သူ႔လူဝါရင့္ေတြနဲ႔ အသင္းကို အထိုင္ခ်ခဲ့သလို ကြင္းလယ္နဲ႔ တိုက္စစ္မွာေတာ့ ဖရင္ကီ ဒီယုံး၊ ဂါဗီ၊ လုခ္ ဒီယုံး၊ ဒမ္ဘီလီနဲ႔ ကစားသမားသစ္ ဖယ္ရန္ ေတာရက္စ္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ ဂိုးသမား ကူတြာ၊ ခံစစ္မွာ နာခ်ိဳ၊ အီဒါ မီလီတို၊ ကာဗာဟယ္လ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို နည္းျပ အန္ခ်ယ္ေလာ့တီက ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ မိုဒရစ္ခ်္နဲ႔ က႐ူးစ္တို႔ ပါဝင္လာခဲ့သလို တိုက္စစ္မွာေတာ့ အသင္းေခါင္းေဆာင္ ဘန္ဇီးမားကို အဆန္စီယိုနဲ႔ ဗီနီးရွပ္စ္တို႔ ၿခံရံၿပီး ကစားလာခဲ့ၾကတာပါ။

ေဆာ္ဒီႏိုင္ငံ ရီယာ့ဒ္ၿမိဳ႕က ဖာ့ဒ္ဘုရင္ကြင္းမွာ ကစားခဲ့ၾကတဲ့ ပြဲမွာေတာ့ ဝါရင့္ ဒန္နီယယ္လ္ အဲလ္ဗက္စ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္ရဲ႕ လ်င္ျမန္တဲ့ ေတာင္ပံေတြကို ထိန္းခ်ဳပ္ရာမွာ ႐ုန္းကန္ေနခဲ့ရသလို ဟိုေခတ္ကလို ႏွစ္သင္းေတြ႕ရင္ ဘာစီလိုနာတို႔ ေဘာလုံးကိုင္ထားတယ္ဆိုတာမ်ိဳး မရွိသလို သိပ္ၿပီး ဒီအပိုင္းမွာ ကြာျခားမႈ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ရီးရဲလ္တို႔ ေဘာလုံးရတာနဲ႔ ဗီနီးရွပ္စ္ဆီကိုပဲ အေပးမ်ားခဲ့သလို သူ႔ရဲ႕ ျမန္ႏႈန္းနဲ႔ ဘာစီလိုနာရဲ႕ သက္ႀကီးပိုင္းမ်ားတဲ့ ခံစစ္ကို ထိုးေဖာက္ဖို႔ နည္းျပ အန္ခ်ယ္ေလာ့တီက ရည္႐ြယ္ခဲ့ပုံရၿပီး ဒီပုံစံက ေတာ္ေတာ္ေလး ဖိအားေပးႏိုင္ခဲ့သလို ညာျခမ္းက အဆန္စီယိုသာ ျဖဳန္းတီးမႈေတြ မမ်ားခဲ့ရင္ သူတို႔ေတြ ေစာေစာစီးစီး ဂိုးရသြားခဲ့ႏိုင္တာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ရီးရဲလ္တို႔ အဖြင့္ဂိုးကို ရွာေဖြႏိုင္ခဲ့ၿပီး ေဘာလုံးကိုင္ထားၿပီး ေပးဖို႔ လူရွာေနတဲ့ ဘူးစကြက္စ္ကို ဘန္ဇီးမားက ေနာက္ကေန လုယူခဲ့ရာကို ျပန္ရသြားခဲ့တဲ့ မိုဒရစ္ခ်္က ျပန္ေပးတာကို ဘန္ဇီးမားကပဲ ဘယ္ေတာင္ပံကို ခင္းေပးခဲ့ရာမွာ ဗီးနီးရွပ္စ္က သူ႔ကို ထိန္းခ်ဳပ္ဖို႔ တာဝန္က်တဲ့ အာေရာ္ဂ်ိဳနဲ႔ ယွဥ္ေျပးၿပီး ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမား တာစတီဂန္ကို ေက်ာ္ၿပီး ေဘာလုံးနဲ႔ ပိုက္နဲ႔ မိတ္ဆက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘယ္ျခမ္းက ေဂ်ာ္ဒီ အယ္လ္ဘာရဲ႕ တိုက္စစ္အလြန္အကြၽံလိုက္ပါမႈနဲ႔ ညာျခမ္းက အဲလ္ဗက္စ္ရဲ႕ အသက္အ႐ြယ္ေထာက္မႈေတြက ရီးရဲလ္တို႔အဖို႔ ေပ်ာ္စရာျဖစ္ခဲ့ေပမယ့္ အခြင့္အေရး ဖန္တီးမႈနဲ႔ အသုံးခ်မႈပိုင္းမွာ အားနည္းခဲ့လို႔ အလုပ္သိပ္မျဖစ္ခဲ့တာကို ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဒမ္ဘီလီရဲ႕ ျဖတ္တင္ေဘာကို လုခ္ ဒီယုံး ေခါင္းတိုက္တာက ဂိုးသမား ကူတြာတည့္တည့္ပဲ ေရာက္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာလည္း အယ္လ္ဘာရဲ႕ ျဖတ္တင္ေဘာကို ဒီယုံး ေခါင္းတိုက္ရာမွာ ကူတြာပဲ ကာကြယ္ခဲ့ရၿပီး အန္ခ်ယ္ေလာ့တီနဲ႔ နာခ်ိဳနဲ႔ မီလီတို အတြဲကေတာ့ အျမင့္ေဘာ ရွင္းထုတ္ပုံေတြမွာ အားနည္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ဒမ္ဘီလီနဲ႔ အဆန္စီယိုတို႔ အခြင့္အေရး တစ္ႀကိမ္စီ ျဖဳန္းတီးခဲ့ၾကၿပီး တစ္ကိုယ္ေကာင္းဆန္ခဲ့ၾကလို႔ ဂိုးရႏိုင္ခြင့္နဲ႔ ေဝးေနခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ကံဆိုးခဲ့လို႔ ဂိုးျပန္ေပးခဲ့ရၿပီး ဒမ္ဘီလီရဲ႕ ဘယ္ျခမ္းက အနိမ့္ေဘာခ်ိဳးေပးတာကို တိုက္စစ္က ေနာက္က်ေနခဲ့ခ်ိန္မွာ ေဘာလုံးကို ရွင္းထုတ္ခဲ့တဲ့ မီလီတိုရဲ႕ ကန္ခ်က္က ေျပးဝင္လာတဲ့ လုခ္ ဒီယုံးနဲ႔ ျပန္ထိၿပီး ဂိုးထဲကို ဝင္သြားခဲ့တာေၾကာင့္ ဘာစီလိုနာတို႔ ေခ်ပဂိုး ရရွိခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဖယ္ရန္ ေတာရက္စ္နဲ႔ ဖရင္ကီ ဒီယုံးတို႔ေနရာမွာ အက္ဘ္ဒီနဲ႔ ပက္ဒရီတို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ ပက္ဒရီရဲ႕ ကန္ခ်က္ေကာင္းခဲ့ေပမယ့္ တိုင္ေဘးက လြဲေခ်ာ္ခဲ့သလို မိနစ္ ၅၀ မွာေတာ့ ျဖတ္တင္ေဘာေတြကို ရွင္းထုတ္ဖို႔ အားနည္းတဲ့ ရီးရဲလ္ခံစစ္ၾကားကေန လုခ္ ဒီယုံး ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ေဘးထြက္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ လုခ္ ဒီယုံးအစား အန္ဆူ ဖာတီ ဝင္ကစားခဲ့ၿပီး ရီးရဲလ္ဘက္ကေတာ့ အဆန္စီယိုအစား ႐ိုဒရီဂို ဝင္လာခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဘန္ဇီးမားက အာေရာ္ဂ်ိဳကို ပညာျပၿပီးမွ ကန္သြင္းခဲ့တဲ့ ေဘာလုံးက ဂိုးသမား တာစတီဂန္ကို ျဖတ္ေက်ာ္သြားခဲ့ေပမယ့္ တိုင္ထိၿပီး ထြက္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန မန္ဒီ ေပးတာကို တိုက္စစ္မႉး ဘန္ဇီးမားရဲ႕ ကန္ခ်က္ကို ဘာဆာဂိုးသမား တာစတီဂန္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို ညာျခမ္းက ပါလာတဲ့ ကာဗာဟယ္လ္က အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ဘန္ဇီးမားကပဲ အနီးကပ္ ပိတ္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

ဂိုးေပးခဲ့ရအၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာ ဘာစီလိုနာတို႔ အဲလ္ဗက္စ္နဲ႔ ဂါဗီတို႔အစား နီကို ဂြန္ဇာလက္ဇ္နဲ႔ ဒီပိုင္းတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ မိုဒရစ္ခ်္အစား ဗယ္လ္ဗာဒီ ဝင္ကစားခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ရီးရဲလ္ခံစစ္ရဲ႕ အျမင့္ေဘာ ညံ့ဖ်င္းမႈကို အခြင့္ေကာင္းယူၿပီး အယ္လ္ဘာက ျဖတ္တင္မႈကို အန္ဆူ ဖာတီက အနီးကပ္ ေခါင္းတိုက္ၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ အခြင့္အေရးေတြကို ႏွစ္ဖက္စလုံး အသုံးမခ်ႏိုင္ခဲ့လို႔ အခ်ိန္ပို ဆက္ကစားခဲ့ရၿပီး ပြဲခ်ိန္ ၉၈ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ထပ္မံ ဦးေဆာင္ႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ကေန ႐ိုဒရီဂိုက ညာျခမ္းကေန အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ဗီနီးရွပ္စ္က မယူဘဲ ဟေပးတာကို ေနာက္က ပါလာတဲ့ ဗယ္လ္ဗာဒီက ဘန္ဇီးမားေရွ႕ကေန ျဖတ္ယူၿပီး ကန္သြင္းႏိုင္ခဲ့လို႔ ဘာဆာခံစစ္နဲ႔ ဂိုးသမားတို႔ အငိုက္မိခဲ့ၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ရီးရဲလ္တို႔ ဗီနီးရွပ္စ္အစား ကာမာဗင္ဂါကို ထည့္ၿပီး ခံစစ္နဲ႔ ေကာင္တာပဲ ကစားသြားခဲ့သလို ဘာစီလိုနာဘက္ကေတာ့ ေလာက္ေလာက္လားလား ထိုးေဖာက္ကန္သြင္းႏိုင္ျခင္းမ်ိဳးေတြ မရွိေတာ့တာေၾကာင့္ ပြဲအၿပီးမွာ မက္ဒရစ္သားေတြ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဗိုလ္လုပြဲ အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.