Match Report

ကစားသမားအင္အားသာလြန္တဲ့ မန္စီးတီးတုိ႔ပဲ ေနာက္တစ္ဆင့္တက္တဲ့ အက္ဖ္ေအဖလား

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဖလားပြဲေတြကို တန္ဖိုးထားတယ္ဆုိတာကို ျပသခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ လြဲေခ်ာ္ၿပီးတဲ့ေနာက္ လူစုံထုတ္ကစားခဲ့သလို သြင္းဂိုး ၂ ဂိုးနဲ႔အတူ စိန္႔ဂ်ိမ္းစ္ပါ့ခ္က အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပဲြစဥ္ကို ေက်ာ္ျဖတ္အႏုိင္ယူခဲ့ပါတယ္။

နယူးကာဆယ္ကေတာ့ ဂိုးသမားနဲ႔ ကြင္းလယ္အထိုင္မွာ အရန္လူေတြ သုံးစြဲခဲ့ၿပီး ဒီလိုပြဲမ်ဳိးကို ယုံၾကည္မွဳ အျပည့္မပါဘဲ ရင္ဆုိင္ခဲ့တာျဖစ္ၿပီး ၃-၄-၃ ကစားကြက္နဲ႔ နည္းျပစတိဗ္ ဘ႐ုစ္ကေတာ့ ခံစစ္ကိုပဲ အဓိကထားၿပီး ကစားသြားခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးတုိ႔ အခြင့္အေရးေတာ္ေတာ္မ်ားမ်ား ရရွိခဲ့ၿပီး စတာလင္၊ ေဂ်ဆူးနဲ႔ မာရက္ဇ္တုိ႔ရဲ႕ ဂိုးသြင္းမွဳေတြက လြဲေခ်ာ္ေနခဲ့သလို အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားကလည္း အာ႐ုံပ်ံ႕လြင့္ၿပီး ဖန္တီးဖို႔ထက္ ဂိုးသြင္းဖို႔ကိုပဲ အာ႐ုံစိုက္ေနခဲ့တာေၾကာင့္ ဂိုးမရခဲ့ဘဲ ပြဲခ်ိန္ ၃၅ မိနစ္မွာမွ ေဂ်ဆူးကို မန္ကီယို တြန္းလွဲလုိ႔ရတဲ့ ပင္နယ္တီကို ဒီဘ႐ိုင္းနားက ကန္ၿပီး အဖြင့္ဂိုး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပုိင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ဆီမီးဖုိင္နယ္အတြက္ မဲႏွဳိက္ေရြးခ်ယ္ရာမွာေတာ့ ဒီႏွစ္သင္းထဲက တက္လာတဲ့ အသင္းဟာ အာဆင္နယ္အသင္းနဲ႔ ကစားရမယ္လုိ႔ သိခဲ့ရသလို မန္စီးတီးကေတာ့ သူတုိ႔နဲ႔ ေတြ႕ဆုံမွဳမွာ အသာစီးရထားတဲ့ ၿပဳိင္ဘက္နဲ႔ ေတြ႕ဆုံဖို႔ ဆက္လက္ႀကဳိးစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ ေအာ့တာမန္ဒီရဲ႕ အမွားကေန စန္မက္ဇီမန္ ရသြားၿပီး အနိမ့္ေဘာခ်ဳိးေပးတာကို ဒြဳိက္ဂိုင္းလ္ မယုံႏုိင္ေလာက္ေအာင္ အနီးကပ္အေနအထားကေန လြဲေခ်ာ္ခဲ့ၿပီးတဲ့ေနာက္ ၆၈ မိနစ္မွာေတာ့ စတာလင္က ဧရိယာအျပင္ကေန ေဝ့ဝိုက္ကန္သြင္းၿပီး မန္စီးတီးတုိ႔ အႏုိင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ဆီမီးဖိုင္နယ္မွာ အာဆင္နယ္နဲ႔ ဝင္ဘလီမွာ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဖလားပွဲတွေကို တန်ဖိုးထားတယ်ဆိုတာကို ပြသခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ လွဲချော်ပြီးတဲ့နောက် လူစုံထုတ်ကစားခဲ့သလို သွင်းဂိုး ၂ ဂိုးနဲ့အတူ စိန့်ဂျိမ်းစ်ပါ့ခ်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ကျော်ဖြတ်အနိုင်ယူခဲ့ပါတယ်။

နယူးကာဆယ်ကတော့ ဂိုးသမားနဲ့ ကွင်းလယ်အထိုင်မှာ အရန်လူတွေ သုံးစွဲခဲ့ပြီး ဒီလိုပွဲမျိုးကို ယုံကြည်မှု အပြည့်မပါဘဲ ရင်ဆိုင်ခဲ့တာဖြစ်ပြီး ၃-၄-၃ ကစားကွက်နဲ့ နည်းပြစတိဗ် ဘရုစ်ကတော့ ခံစစ်ကိုပဲ အဓိကထားပြီး ကစားသွားခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးတို့ အခွင့်အရေးတော်တော်များများ ရရှိခဲ့ပြီး စတာလင်၊ ဂျေဆူးနဲ့ မာရက်ဇ်တို့ရဲ့ ဂိုးသွင်းမှုတွေက လွဲချော်နေခဲ့သလို အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားကလည်း အာရုံပျံ့လွင့်ပြီး ဖန်တီးဖို့ထက် ဂိုးသွင်းဖို့ကိုပဲ အာရုံစိုက်နေခဲ့တာကြောင့် ဂိုးမရခဲ့ဘဲ ပွဲချိန် ၃၅ မိနစ်မှာမှ ဂျေဆူးကို မန်ကီယို တွန်းလှဲလို့ရတဲ့ ပင်နယ်တီကို ဒီဘရိုင်းနားက ကန်ပြီး အဖွင့်ဂိုး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဆီမီးဖိုင်နယ်အတွက် မဲနှိုက်ရွေးချယ်ရာမှာတော့ ဒီနှစ်သင်းထဲက တက်လာတဲ့ အသင်းဟာ အာဆင်နယ်အသင်းနဲ့ ကစားရမယ်လို့ သိခဲ့ရသလို မန်စီးတီးကတော့ သူတို့နဲ့ တွေ့ဆုံမှုမှာ အသာစီးရထားတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံဖို့ ဆက်လက်ကြိုးစားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ အော့တာမန်ဒီရဲ့ အမှားကနေ စန်မက်ဇီမန် ရသွားပြီး အနိမ့်ဘောချိုးပေးတာကို ဒွိုက်ဂိုင်းလ် မယုံနိုင်လောက်အောင် အနီးကပ်အနေအထားကနေ လွဲချော်ခဲ့ပြီးတဲ့နောက် ၆၈ မိနစ်မှာတော့ စတာလင်က ဧရိယာအပြင်ကနေ ဝေ့ဝိုက်ကန်သွင်းပြီး မန်စီးတီးတို့ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အာဆင်နယ်နဲ့ ဝင်ဘလီမှာ ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.