Match Report

အရန်ကစားသမားတွေ ကောင်းမှုနဲ့ အချိန်ပိုအထိ ရုန်းပြီးမှ နောက်တစ်ဆင့်တက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်း ကားရိုးရုဒ်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၂၀ က နော့ဝစ်ခ်ျနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပြီး အရန်ကစားသမားတွေကို အသုံးပြုခဲ့ရာမှာ စိတ်ကျေနပ်စရာ အနေအထားမှာ မရှိခဲ့လို့ ပွဲချိန် ၈၈ မိနစ်ကတည်းက ဆယ်ယောက်ဖြစ်ခဲ့တဲ့ ပြိုင်ဘက်ကို အချိန်ပိုအထိ ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။


ပထမပိုင်းမှာ အခွင့်အရေးတော်တော်များများက တလွဲတချော်ဖြစ်နေခဲ့ပြီး ယူနိုက်တက်အနေနဲ့ လုခ်ရှောနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ဘယ်ခြမ်းကိုပဲ အားကိုးနေရသလို ကွင်းလယ်က မာတာနဲ့ လင်ဂတ်ဟာ ဘာလုပ်ချင်မှန်း မသိဘဲ အချိတ်အဆက်တွေနဲ့ နားလည်မှု ပျက်ပြားနေခဲ့တဲ့အတွက် ပိတ်ကစားနေတဲ့ နော့ဝစ်ခ်ျကို သိပ်ပြီးတော့ အန္တရာယ် မပေးနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

နော့ဝစ်ခ်ျအနေနဲ့ စိတ်ဓာတ်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်ကို ရှိန်နေပြီး ပိတ်ကစားခဲ့လို့သာ တော်သေးတာဖြစ်ပြီး တကယ်တမ်း တိုက်စစ်ဖွင့်ကစားခွင့် ရရှိခဲ့ရင် ပထမအသင်းသား ဟာရီ မက်ဂွိုင်းယားနဲ့ လုခ်ရှောနှစ်ယောက်တည်း ကူကယ်ရာမဲ့ ဖြစ်သွားနိုင်သလို အားမနာတမ်းပြောရရင် အရန်ကစားသမားတွေဟာ ဘာအဆင့်မှ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းကို ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း ပြန်အစ မကြာခင်မှာတော့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ဘယ်ခြမ်းက လုခ်ရှောရဲ့ ဖြတ်တင်ဘောကို နော့ဝစ်ခ်ျနောက်တန်း ရှင်းထုတ်ရာကနေ ပြန်အကျမှာ မာကင်လွတ်နေတဲ့ အီဂါလိုက နောက်တန်းတွေ ရောက်မလာခင်မှာ ဘောလုံးကို မြေကျအောင် မစောင့်တော့ဘဲ ကြုံသလို ကန်သွင်းယူခဲ့ရာမှာ တင်မ် ကရူးလ် မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ အနိုင်ရလဒ် ပြတ်သားဖို့ ကြံတဲ့ နည်းပြ ဆိုးလ်ရှားက ဒါလော့၊ မာတာ၊ ဖရက်၊ မက်တော်မီနေးနဲ့ လင်ဂတ်တို့နေရာမှာ ဝီလီယမ်စ်၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ မာတစ်ခ်ျနဲ့ ပေါ့ဘာတို့ကို လူစားသွင်းခဲ့ပြီး ကွင်းလယ်တစ်ခုလုံးကို လဲထုတ်လိုက်ပေမယ့် ပျက်ပြားနေတဲ့ ရစ်သမ်ကတော့ ထင်သလို ပြန်တက်မလာခဲ့တာပါ။

၆၉ မိနစ်မှာ နော့ဝစ်ခ်ျဘက်က ဖရီးကစ်ကို ဘွန်ဒီယာ ကန်တင်ပေးတာကနေ တက်တေး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ယူနိုက်တက်ဂိုးစည်းပေါ် ရောက်နေတဲ့ အသင်းဖော်နောက်ခံလူ ဘန် ဂေါ်ဖရီရဲ့ ကျောနဲ့ ထိထွက်သွားခဲ့လို့ တစ်ဂိုးနစ်နာခဲ့ရပြီး ၇၅ မိနစ်မှာတော့ နေရာလွတ်တွေ ပေးထားတဲ့ ဂိုးရှေ့ကနေ ကန့်ဝဲလ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ရိုမဲရိုး ရုတ်တရက် မြင်နိုင်မှု အားနည်းခဲ့လို့ မကာကွယ်နိုင်ဘဲ နော့ဝစ်ခ်ျတို့ ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ကျောပေးထားရာက ပါးပါးနပ်နပ် လှည့်ထွက်ပြီး ဂိုးသွင်းဖို့ အခွင့်အရေးရှာဖွေခဲ့တဲ့ အီဂါလိုကို နောက်က ဖက်ထားတဲ့ နော့ဝစ်ခ်ျနောက်ခံလူ တင်းမ် ကလိုဆာ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီကရတဲ့ ဖရီးကစ်အခွင့်အရေးကို ယူနိုက်တက်တို့ အသုံးမချနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။



ပွဲချိန် ၁၁၈ မိနစ်မှာတော့ နော့ဝစ်ခ်ျနောက်တန်းတွေရဲ့ ရှင်းထုတ်တာ မပီပြင်တဲ့ လက်ဆောင်အခွင့်အရေးကို အီဂါလိုတုန်းကလိုပဲ နောက်ခံလူ မက်ဂွိုင်းယား ကန်ခွင့်ရခဲ့ပြီး ဒီတစ်ခါမှာတော့ ကရူးလ် ကာကွယ်နိုင်ခဲ့ခြင်းမရှိတော့တာမို့ အနိုင်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီဂိုးဖြစ်လာအောင် အကွက်မြင်မြင်ပေးပို့ခဲ့တဲ့ ပေါ့ဘာရဲ့ ပါးနပ်တဲ့ Floating Pass ကတော့ အခရာကျခဲ့ပါတယ်။


REF: EVENING STANDARD
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်း ကားရိုးရုဒ်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၂၀ က နော့ဝစ်ချ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပြီး အရန်ကစားသမားတွေကို အသုံးပြုခဲ့ရာမှာ စိတ်ကျေနပ်စရာ အနေအထားမှာ မရှိခဲ့လို့ ပွဲချိန် ၈၈ မိနစ်ကတည်းက ဆယ်ယောက်ဖြစ်ခဲ့တဲ့ ပြိုင်ဘက်ကို အချိန်ပိုအထိ ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဂိုးသမား ဆာဂျီယို ရိုမဲရိုး၊ နောက်ခံလူ အဲရစ် ဘိုင်လီ၊ ဒီယိုဂို ဒါလော့၊ ကွင်းလယ်က မာတာ၊ ဖရက်ဒ်၊ ဂျက်စီ လင်ဂတ်တို့ မကောင်းချိန်မှာ သူတို့နဲ့ တွဲပေးထားတဲ့ စကော့ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ပါ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရှေ့က တိုက်စစ်မှူး အိုဒီယွန် အီဂါလိုဆီလည်း ပေးပို့မှုတွေက အဆင်မပြေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတော်တော်များများက တလွဲတချော်ဖြစ်နေခဲ့ပြီး ယူနိုက်တက်အနေနဲ့ လုခ်ရှောနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ဘယ်ခြမ်းကိုပဲ အားကိုးနေရသလို ကွင်းလယ်က မာတာနဲ့ လင်ဂတ်ဟာ ဘာလုပ်ချင်မှန်း မသိဘဲ အချိတ်အဆက်တွေနဲ့ နားလည်မှု ပျက်ပြားနေခဲ့တဲ့အတွက် ပိတ်ကစားနေတဲ့ နော့ဝစ်ချ်ကို သိပ်ပြီးတော့ အန္တရာယ် မပေးနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

နော့ဝစ်ချ်အနေနဲ့ စိတ်ဓာတ်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်ကို ရှိန်နေပြီး ပိတ်ကစားခဲ့လို့သာ တော်သေးတာဖြစ်ပြီး တကယ်တမ်း တိုက်စစ်ဖွင့်ကစားခွင့် ရရှိခဲ့ရင် ပထမအသင်းသား ဟာရီ မက်ဂွိုင်းယားနဲ့ လုခ်ရှောနှစ်ယောက်တည်း ကူကယ်ရာမဲ့ ဖြစ်သွားနိုင်သလို အားမနာတမ်းပြောရရင် အရန်ကစားသမားတွေဟာ ဘာအဆင့်မှ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းကို ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း ပြန်အစ မကြာခင်မှာတော့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ဘယ်ခြမ်းက လုခ်ရှောရဲ့ ဖြတ်တင်ဘောကို နော့ဝစ်ချ်နောက်တန်း ရှင်းထုတ်ရာကနေ ပြန်အကျမှာ မာကင်လွတ်နေတဲ့ အီဂါလိုက နောက်တန်းတွေ ရောက်မလာခင်မှာ ဘောလုံးကို မြေကျအောင် မစောင့်တော့ဘဲ ကြုံသလို ကန်သွင်းယူခဲ့ရာမှာ တင်မ် ကရူးလ် မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ အနိုင်ရလဒ် ပြတ်သားဖို့ ကြံတဲ့ နည်းပြ ဆိုးလ်ရှားက ဒါလော့၊ မာတာ၊ ဖရက်၊ မက်တော်မီနေးနဲ့ လင်ဂတ်တို့နေရာမှာ ဝီလီယမ်စ်၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ မာတစ်ချ်နဲ့ ပေါ့ဘာတို့ကို လူစားသွင်းခဲ့ပြီး ကွင်းလယ်တစ်ခုလုံးကို လဲထုတ်လိုက်ပေမယ့် ပျက်ပြားနေတဲ့ ရစ်သမ်ကတော့ ထင်သလို ပြန်တက်မလာခဲ့တာပါ။

၆၉ မိနစ်မှာ နော့ဝစ်ချ်ဘက်က ဖရီးကစ်ကို ဘွန်ဒီယာ ကန်တင်ပေးတာကနေ တက်တေး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ယူနိုက်တက်ဂိုးစည်းပေါ် ရောက်နေတဲ့ အသင်းဖော်နောက်ခံလူ ဘန် ဂေါ်ဖရီရဲ့ ကျောနဲ့ ထိထွက်သွားခဲ့လို့ တစ်ဂိုးနစ်နာခဲ့ရပြီး ၇၅ မိနစ်မှာတော့ နေရာလွတ်တွေ ပေးထားတဲ့ ဂိုးရှေ့ကနေ ကန့်ဝဲလ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ရိုမဲရိုး ရုတ်တရက် မြင်နိုင်မှု အားနည်းခဲ့လို့ မကာကွယ်နိုင်ဘဲ နော့ဝစ်ချ်တို့ ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ကျောပေးထားရာက ပါးပါးနပ်နပ် လှည့်ထွက်ပြီး ဂိုးသွင်းဖို့ အခွင့်အရေးရှာဖွေခဲ့တဲ့ အီဂါလိုကို နောက်က ဖက်ထားတဲ့ နော့ဝစ်ချ်နောက်ခံလူ တင်းမ် ကလိုဆာ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီကရတဲ့ ဖရီးကစ်အခွင့်အရေးကို ယူနိုက်တက်တို့ အသုံးမချနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာတော့ လူတစ်ယောက်သာသွားတဲ့ မန်ချက်စတာယူနိုက်တက်တို့ ဖိဖိစီးစီးကစားခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာတို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ကရူးလ်ရဲ့ ကာကွယ်မှုတွေ ကောင်းနေခဲ့လို့ ဂိုးမရခဲ့သလို ဖာနန်ဒက်စ်ရဲ့ တည်ကန်ဘောတွေနဲ့ ပေးပို့မှုတွေကလည်း အရင်လို မဟုတ်ဘဲ တိကျမှု နည်းနေခဲ့ပါတယ်။

ပွဲချိန် ၉၆ မိနစ်မှာတော့ နောက်ခံလူ ဘိုင်လီအစား မာစီယယ်လ်ကိုထည့်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် မထူးခဲ့သလို ၁၁၁ မိနစ်မှာလည်း မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကို ကရူးလ်ပုတ်ထုတ်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် အဝေးကနေ ကံစမ်းနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်အတွက်လည်း စိတ်ပျက်စရာပွဲတစ်ပွဲပဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၁၈ မိနစ်မှာတော့ နော့ဝစ်ချ်နောက်တန်းတွေရဲ့ ရှင်းထုတ်တာ မပီပြင်တဲ့ လက်ဆောင်အခွင့်အရေးကို အီဂါလိုတုန်းကလိုပဲ နောက်ခံလူ မက်ဂွိုင်းယား ကန်ခွင့်ရခဲ့ပြီး ဒီတစ်ခါမှာတော့ ကရူးလ် ကာကွယ်နိုင်ခဲ့ခြင်းမရှိတော့တာမို့ အနိုင်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီဂိုးဖြစ်လာအောင် အကွက်မြင်မြင်ပေးပို့ခဲ့တဲ့ ပေါ့ဘာရဲ့ ပါးနပ်တဲ့ Floating Pass ကတော့ အခရာကျခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရခဲ့လို့ မန်ချက်စတာယူနိုက်တက်တို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး အသင်းရဲ့ ကစားသမားတွေကြား ပထမလူစာရင်းနဲ့ အရန်ကွာခြားချက်ကတော့ စိတ်မကျေနပ်နိုင်စရာဖြစ်ခဲ့သလို နိုင်ပွဲတစ်ပွဲရခဲ့ပေမယ့် အဓိကကစားသမားတွေ ပွဲချိန် မိနစ် ၁၂၀ အထိ ကစားခဲ့ရတဲ့အတွက် လာမယ့်အင်္ဂါနေ့ည ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဉ်အမီ အနားယူနိုင်ဖို့တော့ အရေးကြီးကြောင်းလည်း သုံးသပ်တင်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.