Other Leagues Transfer News

အသင္းေဟာင္းအတြက္ အနားယူရာကေန ထြက္ေပၚလာခဲ့တဲ့ ေရာ့ဘင္

ခ်ဲလ္ဆီးအသင္းနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းေတြမွာ ေအာင္ျမင္မွဳမ်ားစြာ ရယူႏုိင္ခဲ့တဲ့ နယ္သာလန္ေတာင္ပံကစားသမား အာယန္ ေရာ့ဘင္အေနနဲ႔ ကစားသမားဘဝက အနားယူတဲ့ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ၿပီး လာမယ့္ရာသီမွာ လူငယ္ကစားသမားဘဝအသင္း ဂ႐ိုနင္ဂ်င္အတြက္ ကစားေပးသြားဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီအၿပီးမွာ ဘုိင္ယန္ျမဴးနစ္နဲ႔ ေဘာလုံးဇာတ္ခုံေပၚကေန ေပ်ာက္ကြယ္သြားခဲ့တဲ့ ေရာ္ဘင္ကေတာ့ ျပန္လည္ထြက္ေပၚလာခဲ့တာျဖစ္ၿပီး သူ႕ရဲ႕တြဲဘက္ ဖရန္႔ခ္ ရီဘာရီကေတာ့ ေဘာလုံးေလာကကေန အနားမယူေသးဘဲ ဖီအိုရင္တီးနားအသင္းနဲ႔ စီးရီးေအမွာ ကစားေနဆဲလည္းျဖစ္ပါတယ္။

ဥေရာပအသင္းႀကီးေတြျဖစ္ၾကတဲ့ ပီအက္စ္ဗီ၊ ခ်ဲလ္ဆီး၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းေတြမွာ အမွတ္ေပးဖလားအနည္းဆုံး တစ္ႀကိမ္စီ ဆြတ္ခူးႏုိင္ခဲ့ၿပီး စုစုေပါင္း အမွတ္ေပးဖလား ၁၂ ႀကိမ္အျပင္ အသင္းလုိက္ေအာင္ျမင္မွဳေပါင္း အႀကိမ္ ၃၀ ရရွိႏုိင္ခဲ့တဲ့ ဒတ္ခ်္ေတာင္ပံကစားသမားဟာ လက္ရွိမွာေတာ့ သူ႕ရဲ႕ အသက္ ၁၂ ႏွစ္အရြယ္မွာ စကစားခဲ့တဲ့အသင္းဆီ ျပန္ဖို႔ ရွိေနတာပါ။

ေရာ္ဘင္ဟာ ၿပီးခဲ့တဲ့ ကိုဗစ္-၁၉ ေၾကာင့္ ျပန္လည္စတင္ျခင္းမျပဳဘဲ ရပ္တန္႔လိုက္တဲ့ နယ္သာလန္ပထမတန္းမွာ အဆင့္ ၉ ရရွိခဲ့တဲ့ ဂ႐ိုနင္ဂ်င္အသင္းနဲ႔ ၂၀၂၀-၂၁ ရာသီ တစ္ရာသီကို ကစားေပးဖို႔ သေဘာတူညီခဲ့တာလည္းျဖစ္ၿပီး အသက္ ၃၆ ႏွစ္အရြယ္၊ အသင္းနဲ႔ ခြဲခြာလို႔ ၁၈ ႏွစ္ျပည့္ခ်ိန္မွာ ျပန္လည္ျမင္ေတြ႕ရေတာ့မွာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ့္အေနနဲ႔ ကစားသမားတစ္ဦးအျဖစ္ ျပန္လာဖို႔ဆုိရင္ ဂ႐ိုနင္ဂ်င္အသင္းကိုပဲ ေရြးခ်ယ္ခ်င္ပါတယ္။ စိတ္ထဲမွာေတာ့ ျပန္ကစားဖို႔ကို မ႐ိုးမရြျဖစ္ေနၿပီး ဒါေပမယ့္ ဒါက ကၽြန္ေတာ့္အေနနဲ႔ မျဖစ္မေနလုပ္ေဆာင္သြားရမယ့္ ကိစၥလည္းျဖစ္ပါတယ္။ အသင္းနဲ႔အတူ ကစားေပးႏိုင္ဖို႔ ကၽြန္ေတာ္ ေလ့က်င့္ေနပါၿပီ”လို႔ ေရာ့ဘင္က အနားယူရာက ျပန္လည္ထြက္ေပၚလာတဲ့ ဆုံးျဖတ္ခ်က္အေၾကာင္း ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ နယ်သာလန်တောင်ပံကစားသမား အာယန် ရော့ဘင်အနေနဲ့ ကစားသမားဘဝက အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး လာမယ့်ရာသီမှာ လူငယ်ကစားသမားဘဝအသင်း ဂရိုနင်ဂျင်အတွက် ကစားပေးသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့ ဘောလုံးဇာတ်ခုံပေါ်ကနေ ပျောက်ကွယ်သွားခဲ့တဲ့ ရော်ဘင်ကတော့ ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သူ့ရဲ့တွဲဘက် ဖရန့်ခ် ရီဘာရီကတော့ ဘောလုံးလောကကနေ အနားမယူသေးဘဲ ဖီအိုရင်တီးနားအသင်းနဲ့ စီးရီးအေမှာ ကစားနေဆဲလည်းဖြစ်ပါတယ်။

ဥရောပအသင်းကြီးတွေဖြစ်ကြတဲ့ ပီအက်စ်ဗီ၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ အမှတ်ပေးဖလားအနည်းဆုံး တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပြီး စုစုပေါင်း အမှတ်ပေးဖလား ၁၂ ကြိမ်အပြင် အသင်းလိုက်အောင်မြင်မှုပေါင်း အကြိမ် ၃၀ ရရှိနိုင်ခဲ့တဲ့ ဒတ်ချ်တောင်ပံကစားသမားဟာ လက်ရှိမှာတော့ သူ့ရဲ့ အသက် ၁၂ နှစ်အရွယ်မှာ စကစားခဲ့တဲ့အသင်းဆီ ပြန်ဖို့ ရှိနေတာပါ။

ရော်ဘင်ဟာ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကြောင့် ပြန်လည်စတင်ခြင်းမပြုဘဲ ရပ်တန့်လိုက်တဲ့ နယ်သာလန်ပထမတန်းမှာ အဆင့် ၉ ရရှိခဲ့တဲ့ ဂရိုနင်ဂျင်အသင်းနဲ့ ၂၀၂၀-၂၁ ရာသီ တစ်ရာသီကို ကစားပေးဖို့ သဘောတူညီခဲ့တာလည်းဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်၊ အသင်းနဲ့ ခွဲခွာလို့ ၁၈ နှစ်ပြည့်ချိန်မှာ ပြန်လည်မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ကစားသမားတစ်ဦးအဖြစ် ပြန်လာဖို့ဆိုရင် ဂရိုနင်ဂျင်အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။ စိတ်ထဲမှာတော့ ပြန်ကစားဖို့ကို မရိုးမရွဖြစ်နေပြီး ဒါပေမယ့် ဒါက ကျွန်တော့်အနေနဲ့ မဖြစ်မနေလုပ်ဆောင်သွားရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ အသင်းနဲ့အတူ ကစားပေးနိုင်ဖို့ ကျွန်တော် လေ့ကျင့်နေပါပြီ”လို့ ရော့ဘင်က အနားယူရာက ပြန်လည်ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်အကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.