Premier League Transfer News

ေသာမတ္စ္ ပါေတးကို မေခၚယူႏုိင္ရင္ အစားထိုးဖို႔ ေနာက္ထပ္ပစ္မွတ္ကို အာဆင္နယ္ရွာေဖြထား

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကာလၾကာရွည္စိတ္ဝင္စားေနခဲ့တဲ့ ဂါနာကြင္းလယ္အဖ်က္ကစားသမား ေသာမတ္စ္ ပါေတးကို တကယ္လို႔ မရႏုိင္ခဲ့ဘူးဆုိရင္ ဒီေနရာအတြက္ အသုံးခ်ႏုိင္မယ့္သူအျဖစ္ ေပၚတိုကြင္းလယ္လူ ဒါနီလို ပါရဲရားကို ပစ္မွတ္အျဖစ္နဲ႔ ေခၚယူဖို႔စာရင္းထဲမွာ ထည့္သြင္းထားတယ္လုိ႔ ဆုိပါတယ္။။

အသင္းနည္းျပ မီခယ္လ္ အာတီတာေတာင္းဆုိထားခဲ့တဲ့ ကစားသမားျဖစ္ၿပီး သူ႕ရဲ႕ ကစားပုံနဲ႔ နည္းဗ်ဴဟာအရ ကြင္းလယ္ခ်ိန္ခြင္လွ်ာမွာ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္မယ့္ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူကို အက္သလက္တီကို မက္ဒရစ္ဘက္က စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့သလို အာဆင္နယ္ဘက္က ပုဂၢဳိလ္ေရး သေဘာတူညီႏုိင္ခဲ့ၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကေပမယ့္ သူ႕ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကေတာ့ အတားအဆီးတစ္ခုျဖစ္ေနခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ိုသန္း ၅၀ ဆိုတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးအတြက္ ေပးေခ်ဖို႔ အဆင္မေျပခဲ့ရင္ေတာ့ သူ႕ရဲ႕ေနရာကို အဆင္သင့္ အစားထိုးႏုိင္မယ့္ ေပၚတူဂီပရီေမးရားလီဂါမွာ ဦးေဆာင္ေနတဲ့ ေပၚတိုရဲ႕ အသင္းေခါင္းေဆာင္ ပါရဲရားကို ေစာင့္ၾကည့္ေနတာျဖစ္ၿပီး ဒီကစားသမားဟာလည္း ဝါရင့္ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးအျဖစ္ ကစားႏုိင္သူျဖစ္ပါတယ္။

ေပၚတူဂီလက္ေရြးစင္အသင္းနဲ႔အတူ ၃၇ ပြဲကစားခဲ့ၿပီး ၂ ဂိုး သြင္းယူေပးထားတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဂီနစ္ဘစ္ေဆာႏိုင္ငံမွာ ေမြးဖြားခဲ့သူျဖစ္ၿပီး ေပၚတုိဘက္ကေတာ့ တန္ေၾကးအျဖစ္ ေပါင္ ၅၄ သန္း သတ္မွတ္ထားေပမယ့္ FFP စည္းမ်ဥ္းနဲ႔ အေရးယူခံရဖို႔ ျဖစ္ႏုိင္ေျခေတြ ရွိေနတဲ့ ေပၚတိုအေနနဲ႔ တစ္ဝက္ေဈးေလာက္အထိ ေလွ်ာ့ၿပီးေရာင္းခ်သြားဖို႔ ရွိေနတယ္လုိ႔လည္း ဆုိေနၾကပါတယ္။

အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ က်န္ရွိေနေသးတဲ့ ဒါနီလို ပါရဲရားကို အာဆင္နယ္အသင္းအေနနဲ႔ ေသာမတ္စ္ ပါေတးနဲ႔ အဆင္မေျပႏိုင္မွသာ ေခၚယူမွာျဖစ္ၿပီး ေပၚတူဂီအသင္းနဲ႔ ယူ႐ို ၂၀၁၆ နဲ႔ Nation League ေတြကို ဗိုလ္စြဲထားခဲ့တဲ့ အေတြ႕အႀကဳံနဲ႔ ေျခစြမ္းအရေတာ့ ဂါနာသားနဲ႔ ႏွဳိင္းယွဥ္ေရြးခ်ယ္စရာ ၿပဳိင္ဘက္ေကာင္းတစ္ဦးလည္း ျဖစ္ႏုိင္တယ္လို႔ ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကာလကြာရှည်စိတ်ဝင်စားနေခဲ့တဲ့ ဂါနာကွင်းလယ်အဖျက်ကစားသမား သောမတ်စ် ပါတေးကို တကယ်လို့ မရနိုင်ခဲ့ဘူးဆိုရင် ဒီနေရာအတွက် အသုံးချနိုင်မယ့်သူအဖြစ် ပေါ်တိုကွင်းလယ်လူ ဒါနီလို ပါရဲရားကို ပစ်မှတ်အဖြစ်နဲ့ ခေါ်ယူဖို့စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။။

အသင်းနည်းပြ မီခယ်လ် အာတီတာတောင်းဆိုထားခဲ့တဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ ကစားပုံနဲ့ နည်းဗျူဟာအရ ကွင်းလယ်ချိန်ခွင်လျှာမှာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်မယ့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို အက်သလက်တီကို မက်ဒရစ်ဘက်က စာချုပ်သစ် မချုပ်တော့သလို အာဆင်နယ်ဘက်က ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပေမယ့် သူ့ရဲ့ စာချုပ်လျော်ကြေးကတော့ အတားအဆီးတစ်ခုဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယူရိုသန်း ၅၀ ဆိုတဲ့ စာချုပ်လျော်ကြေးအတွက် ပေးချေဖို့ အဆင်မပြေခဲ့ရင်တော့ သူ့ရဲ့နေရာကို အဆင်သင့် အစားထိုးနိုင်မယ့် ပေါ်တူဂီပရီမေးရားလီဂါမှာ ဦးဆောင်နေတဲ့ ပေါ်တိုရဲ့ အသင်းခေါင်းဆောင် ပါရဲရားကို စောင့်ကြည့်နေတာဖြစ်ပြီး ဒီကစားသမားဟာလည်း ဝါရင့်ကွင်းလယ်အဖျက်ကစားသမားတစ်ဦးအဖြစ် ကစားနိုင်သူဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၃၇ ပွဲကစားခဲ့ပြီး ၂ ဂိုး သွင်းယူပေးထားတဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ဂီနစ်ဘစ်ဆောနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ပေါ်တိုဘက်ကတော့ တန်ကြေးအဖြစ် ပေါင် ၅၄ သန်း သတ်မှတ်ထားပေမယ့် FFP စည်းမျဉ်းနဲ့ အရေးယူခံရဖို့ ဖြစ်နိုင်ခြေတွေ ရှိနေတဲ့ ပေါ်တိုအနေနဲ့ တစ်ဝက်ဈေးလောက်အထိ လျှော့ပြီးရောင်းချသွားဖို့ ရှိနေတယ်လို့လည်း ဆိုနေကြပါတယ်။

အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ် ကျန်ရှိနေသေးတဲ့ ဒါနီလို ပါရဲရားကို အာဆင်နယ်အသင်းအနေနဲ့ သောမတ်စ် ပါတေးနဲ့ အဆင်မပြေနိုင်မှသာ ခေါ်ယူမှာဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၁၆ နဲ့ Nation League တွေကို ဗိုလ်စွဲထားခဲ့တဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းအရတော့ ဂါနာသားနဲ့ နှိုင်းယှဉ်ရွေးချယ်စရာ ပြိုင်ဘက်ကောင်းတစ်ဦးလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.