Match Report Premier League

ပြဲကစားဖို႔ က်န္ေသးတဲ့ မန္ခ်က္စတာယူႏုိက္တက္ကို ေက်ာ္တက္တဲ့ ဝုလ္ဗ္စ္

ႏူႏို အက္စ္ပရီဆီတို ဆန္တိုရဲ႕ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကေတာ့ လိုအပ္ခ်ိန္မွာ လိုအပ္တဲ့ ဂိုးကို ရယူၿပီး သုံးမွတ္ရယူဖို႔ သန္မာတဲ့ အသင္းတစ္သင္းျဖစ္ေၾကာင္း ဆက္လက္ျပသေနၿပီး ဒီေန႔မွာလည္း အေဝးကြင္းမွာ တန္းဆင္းဇုန္က အက္စ္တန္ဗီလာကို ဆက္လက္အႏုိင္ယူသြားခဲ့ပါတယ္။

တိုက္စစ္ပုိင္းမွာ အဒါမာ ထရာအုိေရးကို အနားေပးထားခဲ့တဲ့ ဝုလ္ဗ္စ္တို႔ရဲ႕ ကစားပုံကေတာ့ သိပ္ၿပီး Flourish မျဖစ္ခဲ့ဘဲ ေျခစြမ္းအနည္းငယ္ က်ဆင္းေနတဲ့ ဒီယိုဂို ဂ်ဳိတာနဲ႔ အဓိကတုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္တို႔ နားလည္မွဳ သိပ္မေကာင္းခဲ့သလို အသင္းကေတာ့ ညာေတာင္ပံမွာ ေနာက္ခံလူ ဒိုဟာတီကိုပဲ အားျပဳၿပီး တုိက္စစ္ဆင္ခဲ့ပါတယ္။

ဗီလာတုိ႔ကေတာ့ ပရီးမီးယားလိဂ္နဲ႔ မတုိက္တန္ေတာ့ဘူးလို႔ ေျပာရမွာျဖစ္ၿပီး အသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္တစ္ေယာက္တည္းနဲ႔ ဘာမွ ျဖစ္မလာႏုိင္တဲ့ က်န္တဲ့သူေတြရဲ႕ လိုအပ္ခ်က္မ်ားျပားမွဳထဲမွာ ဂိုးသမား နီလန္းကေတာ့ ဆုေပးပြဲက်င္းပၿပီး အညံ့သရဖူ ခ်ီးျမႇင့္သင့္သူျဖစ္ၿပီး ဒင္းန္ စမစ္ရဲ႕ ရွဳံးပြဲေတြမွာ အဓိက တာဝန္ရွိသလို လက္စြမ္းမတည္ၿငိမ္မွဳနဲ႔ ယုံၾကည္မွဳ မရွိတဲ့ ပုံစံကိုလည္း ထင္ထင္ရွားရွားျမင္ေနခဲ့ရပါတယ္။

ပထမပုိင္းမွာ ဝုလ္ဗ္တုိ႔ ပုိမို ဖိကစားခဲ့ၿပီး ဗီလာေနာက္တန္းအမွားကေန ဒိုဟာတီ တစ္ဦးတည္း လြတ္ထြက္သြားခဲ့တာမွာ လူေပးဖို႔ထက္ ကန္ဖို႔ကို ေရြးခ်ယ္ခဲ့လို႔ ဧည့္သည္ေတြ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရသလို မၾကာခင္မွာပဲ ဟီမီနက္ဇ္ကို ျဖတ္တင္ဖို႔ ေဘာလုံးေတာင္းၿပီးမွ အားထုတ္ၿပီး မေျပးတဲ့ ဂ်ဳိတာေၾကာင့္ အပိုင္အခြင့္အေရး ဆုံးရွဳံးခဲ့ရျပန္ပါတယ္။

ဂရီးလစ္ရွ္ရဲ႕ ကန္ခ်က္နဲ႔ ဗီလာဘက္က ေသြးတုိးစမ္းတဲ့ ဖရီးကစ္အျမင့္ေဘာေတြကို ဝုလ္ဗ္စ္ဂိုးသမား ႐ူအီ ပက္ထရီစီယို ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူဆီ ပစ္တဲ့ ေဘာလုံးကို အလယ္မွာ က်န္ခဲ့ေအာင္ ေတာ္တဲ့ နီလန္းေၾကာင့္ အပိုင္ကန္ခြင့္ရတဲ့ အခြင့္ေကာင္းကို အားႀကီးနဲ႔ ဘားေပၚေက်ာ္တန္ၿပီး ဂ်ဳိတာက ျဖဳန္းတီးပစ္ခဲ့ပါတယ္။

ပထမပုိင္းမွာ ဂိုးမရွိသေရက်ေနတဲ့ ရလဒ္ကို ပုိင္ဆုိင္ႏုိင္ခဲ့တဲ့ ဗီလာတုိ႔ ကံအေပၚ ယုံၾကည္မွဳ ပုိမ်ားလာခဲ့လို႔ ဒုတိယပုိင္းမွာ တုိက္စစ္ဆင္မွဳေတြ ပုိမိုမ်ားျပားလာခဲ့ေပမယ့္ ဂိုးေပါက္တည့္ျခင္းမရွိတာေၾကာင့္ ပက္ထရီစီယို အလုပ္မမ်ားခဲ့ဘဲ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ တစ္ခ်ိန္လုံး ညံ့ေနခဲ့တဲ့ ဂ်ဳိတာအစား အဒါမာ ထရာအုိေရးကို ႏူႏိုဆန္တုိက ထည့္သြင္းခဲ့ပါတယ္။

ထရာအုိေရးရဲ႕ ေျပးအားေၾကာင့္ ဗီလာေနာက္တန္းမွာ ေနရာလြတ္ေတြ မ်ားလာခဲ့ၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ သူနဲ႔ ဟီမီနက္ဇ္ေပါင္းၿပီး ဂိုးဧရိယာထဲ ခ်ေပးတာကို ဘယ္ေနာက္ခံလူ ဂၽြန္နီက တစ္ခ်က္ထိန္းၿပီး ျပန္ခ်ေပးခဲ့တာမွာ အေရးပါတဲ့ ဂိုးေတြကို အျမဲတမ္း ရယူေလ့ရွိတဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူ ဒြန္ဒြန္ကာက ဘယ္ေျခနဲ႔ အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ နီလန္းအတြက္ေတာ့ ကာကြယ္ဖို႔ မျဖစ္ႏုိင္ခဲ့တာပါ။

ေနာက္ပုိင္းမွာေတာ့ ေခ်ပဂိုးရဖို႔အတြက္ အျမင့္ေဘာေတြနဲ႔ ဗီလာတုိ႔ တုိက္စစ္ဆင္ခဲ့ေပမယ့္ ေခါင္းေဘာေတြေကာင္းတဲ့ ဘုိလီ၊ ကုိးဒီနဲ႔ ဆိတ္စ္တို႔ကို မေက်ာ္ႏုိင္ခဲ့ဘဲ လက္ေလွ်ာ့ခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ တစ္လုံးတည္းေသာ အဖိုးတန္အႏိုင္ဂိုးနဲ႔ ဝုလ္ဗ္စ္တုိ႔ အက္ဖ္ေအပြဲကစားမယ့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕အထက္ကို တစ္ပြဲပုိကစား သုံးမွတ္အကြာနဲ႔ တက္ေရာက္ၿပီး အဆင့္ ၅ မွာ ရပ္တည္ႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နူနို အက်စ်ပရီဆီတို ဆန်တိုရဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကတော့ လိုအပ်ချိန်မှာ လိုအပ်တဲ့ ဂိုးကို ရယူပြီး သုံးမှတ်ရယူဖို့ သန်မာတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ဆက်လက်ပြသနေပြီး ဒီနေ့မှာလည်း အဝေးကွင်းမှာ တန်းဆင်းဇုန်က အက်စ်တန်ဗီလာကို ဆက်လက်အနိုင်ယူသွားခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာ အဒါမာ ထရာအိုရေးကို အနားပေးထားခဲ့တဲ့ ဝုလ်ဗ်စ်တို့ရဲ့ ကစားပုံကတော့ သိပ်ပြီး Flourish မဖြစ်ခဲ့ဘဲ ခြေစွမ်းအနည်းငယ် ကျဆင်းနေတဲ့ ဒီယိုဂို ဂျိုတာနဲ့ အဓိကတိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်တို့ နားလည်မှု သိပ်မကောင်းခဲ့သလို အသင်းကတော့ ညာတောင်ပံမှာ နောက်ခံလူ ဒိုဟာတီကိုပဲ အားပြုပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။

ဗီလာတို့ကတော့ ပရီးမီးယားလိဂ်နဲ့ မတိုက်တန်တော့ဘူးလို့ ပြောရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဂရီးလစ်ရှ်တစ်ယောက်တည်းနဲ့ ဘာမှ ဖြစ်မလာနိုင်တဲ့ ကျန်တဲ့သူတွေရဲ့ လိုအပ်ချက်များပြားမှုထဲမှာ ဂိုးသမား နီလန်းကတော့ ဆုပေးပွဲကျင်းပပြီး အညံ့သရဖူ ချီးမြှင့်သင့်သူဖြစ်ပြီး ဒင်းန် စမစ်ရဲ့ ရှုံးပွဲတွေမှာ အဓိက တာဝန်ရှိသလို လက်စွမ်းမတည်ငြိမ်မှုနဲ့ ယုံကြည်မှု မရှိတဲ့ ပုံစံကိုလည်း ထင်ထင်ရှားရှားမြင်နေခဲ့ရပါတယ်။

ပထမပိုင်းမှာ ဝုလ်ဗ်တို့ ပိုမို ဖိကစားခဲ့ပြီး ဗီလာနောက်တန်းအမှားကနေ ဒိုဟာတီ တစ်ဦးတည်း လွတ်ထွက်သွားခဲ့တာမှာ လူပေးဖို့ထက် ကန်ဖို့ကို ရွေးချယ်ခဲ့လို့ ဧည့်သည်တွေ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရသလို မကြာခင်မှာပဲ ဟီမီနက်ဇ်ကို ဖြတ်တင်ဖို့ ဘောလုံးတောင်းပြီးမှ အားထုတ်ပြီး မပြေးတဲ့ ဂျိုတာကြောင့် အပိုင်အခွင့်အရေး ဆုံးရှုံးခဲ့ရပြန်ပါတယ်။

ဂရီးလစ်ရှ်ရဲ့ ကန်ချက်နဲ့ ဗီလာဘက်က သွေးတိုးစမ်းတဲ့ ဖရီးကစ်အမြင့်ဘောတွေကို ဝုလ်ဗ်စ်ဂိုးသမား ရူအီ ပက်ထရီစီယို ကာကွယ်ခဲ့ရပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ ဘယ်နောက်ခံလူဆီ ပစ်တဲ့ ဘောလုံးကို အလယ်မှာ ကျန်ခဲ့အောင် တော်တဲ့ နီလန်းကြောင့် အပိုင်ကန်ခွင့်ရတဲ့ အခွင့်ကောင်းကို အားကြီးနဲ့ ဘားပေါ်ကျော်တန်ပြီး ဂျိုတာက ဖြုန်းတီးပစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဗီလာတို့ ကံအပေါ် ယုံကြည်မှု ပိုများလာခဲ့လို့ ဒုတိယပိုင်းမှာ တိုက်စစ်ဆင်မှုတွေ ပိုမိုများပြားလာခဲ့ပေမယ့် ဂိုးပေါက်တည့်ခြင်းမရှိတာကြောင့် ပက်ထရီစီယို အလုပ်မများခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ မှာတော့ တစ်ချိန်လုံး ညံ့နေခဲ့တဲ့ ဂျိုတာအစား အဒါမာ ထရာအိုရေးကို နူနိုဆန်တိုက ထည့်သွင်းခဲ့ပါတယ်။

ထရာအိုရေးရဲ့ ပြေးအားကြောင့် ဗီလာနောက်တန်းမှာ နေရာလွတ်တွေ များလာခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ သူနဲ့ ဟီမီနက်ဇ်ပေါင်းပြီး ဂိုးဧရိယာထဲ ချပေးတာကို ဘယ်နောက်ခံလူ ဂျွန်နီက တစ်ချက်ထိန်းပြီး ပြန်ချပေးခဲ့တာမှာ အရေးပါတဲ့ ဂိုးတွေကို အမြဲတမ်း ရယူလေ့ရှိတဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူ ဒွန်ဒွန်ကာက ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ နီလန်းအတွက်တော့ ကာကွယ်ဖို့ မဖြစ်နိုင်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ ချေပဂိုးရဖို့အတွက် အမြင့်ဘောတွေနဲ့ ဗီလာတို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ခေါင်းဘောတွေကောင်းတဲ့ ဘိုလီ၊ ကိုးဒီနဲ့ ဆိတ်စ်တို့ကို မကျော်နိုင်ခဲ့ဘဲ လက်လျှော့ခဲ့ရပြီး ပွဲအပြီးမှာတော့ တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးနဲ့ ဝုလ်ဗ်စ်တို့ အက်ဖ်အေပွဲကစားမယ့် မန်ချက်စတာယူနိုက်တက်ရဲ့အထက်ကို တစ်ပွဲပိုကစား သုံးမှတ်အကွာနဲ့ တက်ရောက်ပြီး အဆင့် ၅ မှာ ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: WOLVES.CO.UK
PHOTOS CREDIT TO OWNERS
SPORTS A2Z.