Premier League

အလက္ဇန္းဒါး-အာႏုိးလ္ဒ္ကို ကြင္းလယ္ေျပာင္းကစားဖို႔ ဂ်ဳိးကိုးလ္အႀကံေပး

ပူပူေႏြးေႏြး ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးလ္အသင္းရဲ႕ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ ေနာက္ခံလူတစ္ဦးရဲ႕ အရည္အေသြးထက္ ပုိမိုပုိင္ဆုိင္ထားၿပီး ကြင္းလယ္လူတစ္ဦးရဲ႕ လိုအပ္ခ်က္ေတြအားလုံး ျပည့္စုံေနတာမို႔ အနာဂတ္မွာ ကြင္းရဲ႕ ေရွ႕ဘက္ကို ေျပာင္းလဲ တက္ေရာက္ကစားသင့္တယ္လုိ႔ လီဗကြင္းလယ္လူေဟာင္း ဂ်ဳိးကိုးလ္က အႀကံေပးလုိက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ အဂၤလန္ေနာက္ခံလူဟာ လီဗာပူးလ္အသင္းအတြက္ ပြဲတုိင္းနီးပါး ကစားခြင့္ရေနသူျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၃ ဂိုးနဲ႔ အတူ ၁၂ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့သလို ခ်န္ပီယံလိဂ္နဲ႔ ကမာၻ႔ကလပ္ခ်န္ပီယံပြဲေတြမွာလည္း တစ္ဂိုးစီ ဖန္တီးေပးထားႏုိင္ခဲ့တာျဖစ္လို႔ ဂ်ဳိးကုိးလ္က သူ႕ရဲ႕အနာဂတ္ကို ကြင္းလယ္လူတစ္ဦးအျဖစ္ ျမင္ခ်င္တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ လူငယ္အကယ္ဒမီထြက္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ သူ႕ရဲ႕ကစားသမားဘဝကို တခ်ဳိ႕ေနာက္ခံလူေတြလိုပဲ ေတာင္ပံကစားသမားအျဖစ္ စတင္ခဲ့တာျဖစ္ၿပီး ေနာက္ပုိင္းမွာေတာ့ ညာေနာက္ခံလူအျဖစ္ ေျပာင္းလဲကစားခဲ့သလို အသင္းရဲ႕ စီနီယာကစားသမား နာသန္နီယယ္လ္ ကလိုင္းကိုလည္း ျဖဳတ္ခ်ႏုိင္ခဲ့သူျဖစ္ပါတယ္။

“သူက ကြင္းထဲကို ေရာက္တာနဲ႔ လြတ္လြတ္လပ္လပ္ ကစားတတ္တဲ့ ပုံကို ေတြ႕ရတယ္။ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူ႕ကို ဒီလိုအခြင့္အေရး ေပးထားတယ္ဆုိရင္ ကြင္းလယ္မွာ ကစားဖို႔လည္း စမ္းသပ္ၾကည့္သင့္ပါတယ္။ ဒီႏုိင္ငံမွာ သူဟာ အေကာင္းဆုံး ေဘာလုံးေပးပုိ႔သူေတြထဲက တစ္ဦးပါ။ ဒါေၾကာင့္ သူ႕ကို အဂၤလန္အသင္းမွာ ကြင္းလယ္လူတစ္ေယာက္အျဖစ္ ျမင္ခ်င္သလို သူ႕ရဲ႕ ေပးပုိ႔မွဳနဲ႔ တည္ကန္ေဘာေတြက သူ႕ကို အေကာင္းဆုံး ကြင္းလယ္လူတစ္ေယာက္ျဖစ္လာႏုိင္ေစပါတယ္”လို႔ ဂ်ဳိးကိုးလ္က သုံးသပ္တုိက္တြန္းခဲ့ပါတယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေနာက္ခံလူဆုနဲ႔ လူငယ္ကစားသမားဆုေတြကိုလည္း ရရွိဖို႔ ေရပန္းစားေနခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ ၿပီးခဲ့တဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ဖရီးကစ္ကေန သြင္းဂိုးတစ္ဂိုးကိုလည္း ရယူေပးႏုိင္ခဲ့ၿပီး အနာဂတ္မွာ ကြင္းလယ္ ကစားသမားေကာင္းတစ္ေယာက္အျဖစ္ ဟန္ဒါဆန္ကို ဆက္ခံသူျဖစ္လာႏုိင္မလားလည္း ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ နောက်ခံလူတစ်ဦးရဲ့ အရည်အသွေးထက် ပိုမိုပိုင်ဆိုင်ထားပြီး ကွင်းလယ်လူတစ်ဦးရဲ့ လိုအပ်ချက်တွေအားလုံး ပြည့်စုံနေတာမို့ အနာဂတ်မှာ ကွင်းရဲ့ ရှေ့ဘက်ကို ပြောင်းလဲ တက်ရောက်ကစားသင့်တယ်လို့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က အကြံပေးလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ လီဗာပူးလ်အသင်းအတွက် ပွဲတိုင်းနီးပါး ကစားခွင့်ရနေသူဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃ ဂိုးနဲ့ အတူ ၁၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံပွဲတွေမှာလည်း တစ်ဂိုးစီ ဖန်တီးပေးထားနိုင်ခဲ့တာဖြစ်လို့ ဂျိုးကိုးလ်က သူ့ရဲ့အနာဂတ်ကို ကွင်းလယ်လူတစ်ဦးအဖြစ် မြင်ချင်တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ လူငယ်အကယ်ဒမီထွက် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ သူ့ရဲ့ကစားသမားဘဝကို တချို့နောက်ခံလူတွေလိုပဲ တောင်ပံကစားသမားအဖြစ် စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ညာနောက်ခံလူအဖြစ် ပြောင်းလဲကစားခဲ့သလို အသင်းရဲ့ စီနီယာကစားသမား နာသန်နီယယ်လ် ကလိုင်းကိုလည်း ဖြုတ်ချနိုင်ခဲ့သူဖြစ်ပါတယ်။

“သူက ကွင်းထဲကို ရောက်တာနဲ့ လွတ်လွတ်လပ်လပ် ကစားတတ်တဲ့ ပုံကို တွေ့ရတယ်။ ယာဂန် ကလော့ပ်အနေနဲ့ သူ့ကို ဒီလိုအခွင့်အရေး ပေးထားတယ်ဆိုရင် ကွင်းလယ်မှာ ကစားဖို့လည်း စမ်းသပ်ကြည့်သင့်ပါတယ်။ ဒီနိုင်ငံမှာ သူဟာ အကောင်းဆုံး ဘောလုံးပေးပို့သူတွေထဲက တစ်ဦးပါ။ ဒါကြောင့် သူ့ကို အင်္ဂလန်အသင်းမှာ ကွင်းလယ်လူတစ်ယောက်အဖြစ် မြင်ချင်သလို သူ့ရဲ့ ပေးပို့မှုနဲ့ တည်ကန်ဘောတွေက သူ့ကို အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်လာနိုင်စေပါတယ်”လို့ ဂျိုးကိုးလ်က သုံးသပ်တိုက်တွန်းခဲ့ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူဆုနဲ့ လူငယ်ကစားသမားဆုတွေကိုလည်း ရရှိဖို့ ရေပန်းစားနေခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ ပြီးခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဖရီးကစ်ကနေ သွင်းဂိုးတစ်ဂိုးကိုလည်း ရယူပေးနိုင်ခဲ့ပြီး အနာဂတ်မှာ ကွင်းလယ် ကစားသမားကောင်းတစ်ယောက်အဖြစ် ဟန်ဒါဆန်ကို ဆက်ခံသူဖြစ်လာနိုင်မလားလည်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.