Premier League

၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနွေရာသီခေါ်ယူမှု ၁၁ ဦး

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပေါင် ၁ ဘီလီယံကျော် သုံးစွဲပြီး ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီပမာဏဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ငွေပမာဏဖြစ်ပြီး အချို့အသင်းပိုင်ရှင်တွေအနေနဲ့ ကစားသမားတွေအတွက် ဒီလောက်များတဲ့ ငွေပမာဏတွေ ပေးခဲ့မိတာလားလို့တောင် အံ့အားသင့်ခဲ့ကြမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားခေါ်ယူမှုအများအပြားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ တောက်ပနေကြပြီး လွန်ခဲ့တဲ့ ၄ လကျော်ကတည်းက ၎င်းတို့ဟာ ထိုက်တန်ကြောင်း သက်သေပြသနေခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရာသီရဲ့ အကောင်းဆုံးနွေရာသီကစားသမားခေါ်ယူမှု ၁၁ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

ဂိုး- အာရွန် ရမ်းစ်ဒေးလ်(အာဆင်နယ်)

အာဆင်နယ်အသင်းက ရှက်ဖီးယူနိုက်တက်ရဲ့ဂိုးသမားကို ထပ်ဆောင်းပေးချေမှုတွေ အပါအဝင် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တဲ့အချိန်မှာ အာဆင်နယ်ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေရဲ့ ဝေဖန်မှုတွေ များစွာခံခဲ့ရပြီး မလိုအပ်တဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ရှုမြင်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ဝက်စ်ဘရွန်းကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ ကရာဘောင်းဖလားပွဲစဉ်မှာ ပေးဂိုးမရှိနဲ့ အဖွင့်လှခဲ့တဲ့ ရမ်းစ်ဒေးလ်ဟာ စက်တင်ဘာလ ၁၁ ရက်နေ့မှာ နောဝစ်စီးတီးကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ကစားပေးပြီး နောက်ထပ် ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာရွန် ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပြီး လိဂ်ပွဲစဉ် ၁၆ ပွဲ ပါဝင်ကစားပေးထားရာမှာ ပေးဂိုးမရှိပွဲစဉ် ၉ ပွဲအထိ ရရှိထားတာဖြစ်ပါတယ်။

ညာနောက်ခံ- တာကဲဟီရို တိုမီယာစု(အာဆင်နယ်)

အာဆင်နယ်ရဲ့ညာနောက်ခံနေရာဟာ အချိန်တစ်ခုအထိ ပြဿနာရှိတဲ့ နေရာဖြစ်ခဲ့ပြီး ဘယ်လာရင်ဟာ အမ်းမရိတ်စ်မှာ အလားအလာများစွာနဲ့ စတင်ကစားပြီးနောက် ပရိသတ်တွေမျှော်လင့်သလောက် မကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်ဒရစ် ဆိုးရက်စ်နဲ့ ကယ်လမ် ချိန်ဘာစ်တို့လို ကစားသမားတွေကလည်း ညာနောက်ခံနေရာမှာ မြင်ရခဲပြီး အဲဒီနောက်မှာ တိုမီယာစုက အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုလော့ဂ်ညာကနေ ပေါင် ၁၆.၇ သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ စရောက်လာတုန်းက ပရိသတ်အများစုက ဘယ်က ကစားသမားကို ခေါ်လာမှန်းမသိကြပေမယ့် ခံစစ်ပိုင်းမှာ ကျစ်ကျစ်လစ်လစ်ရှိသလို တိုက်စစ်မှာလည်း ဆာကာနဲ့ ညာတောင်ပံတကြောမှာ ချိတ်ဆက်ကစားနိုင်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ်သာရှိသေးတာကြောင့် ရှေ့မှာ တောက်ပတဲ့အနာဂတ်ရှိနေတဲ့ကစားသမားဖြစ်ပါတယ်။

ဗဟိုခံစစ်- ဘန် ဝှိုက်(အာဆင်နယ်)

အာဆင်နယ်ကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘန် ဝှိုက်အတွက် ဖိအားတွေ အများကြီးရှိခဲ့မယ်ဆိုတာ အားလုံးတွေးကြည့်လို့ ရနိုင်ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့အချိန်မှာ အိုင်ဗန် တိုနီက မိနစ် ၉၀ စလုံး လုပ်ချင်တာလုပ်နေခဲ့တဲ့အတွက် အင်္ဂလန်နောက်ခံလူအတွက် အိပ်မက်ဆိုးမက်ခဲ့ရသလို ပရိသတ်တွေလည်း သံသယတွေ ဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘန် ဝှိုက်ဟာ သံသယရှိသူတွေကို အလွန်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ တုံ့ပြန်ခဲ့ပြီး တိုးတက်အောင် လုပ်ရမယ့်အရာတွေ အများကြီးရှိနေသေးပေမယ့် အာတီတာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ တည်ငြိမ်တဲ့ ခံစစ် ၄ ဦးကို စုစည်းနိုင်ခဲ့ပုံရပြီး ဘန် ဝှိုက်ကတော့ အဲဒီခံစစ်ရဲ့ ညာဘက် နှလုံးသားဖြစ်ပါတယ်။

ဗဟိုခံစစ်- မာ့ခ် ဂီဟီ(ခရစ္စတယ်ပဲလေ့စ်)

ဂီဟီဟာ ဒီရာသီမတိုင်ခင် ဘယ်တုန်းကမှ ပရီးမီးယားလိဂ်မှာ မကစားခဲ့ဘူးပေမယ့် အဲဒါနဲ့ပဲ သူ့ရဲ့စွမ်းဆောင်ရည်ကို ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ နည်းပြ ဗီအဲရာလက်အောက်မှာ ကစားနေတဲ့ အသက် ၂၁ နှစ်အရွယ်နောက်ခံကစားသမားဟာ ၎င်းအတွက် ပေးခဲ့ရတဲ့ ပေါင် ၂၁ သန်းနဲ့ တန်အောင် ကစားပြနေပြီး ကမ္ဘာ့ဖလားကျင်းပဖို့ ၁၂ လအောက်သာ လိုတော့တဲ့အချိန်မှာ အင်္ဂလန်လက်ရွေးစင်လူစာရင်းအတွက် ခေါ်ယူခံရနိုင်တဲ့ အခွင့်အရေးလည်း ရှိကောင်း ရှိလာနိုင်ပါတယ်။

ဘယ်နောက်ခံ- မာ့ခ် ကူကူရယ်ယာ(ဘရိုက်တန်)

ဘရိုက်တန်အသင်းအတွက် ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပေါင် ၁၆.၂ သန်းအထိ သုံးတာက အလွန်များပြားတဲ့ငွေကြေးဖြစ်ပေမယ့် ဂီတာဖေးကနေ ရောက်လာပြီးကတည်းက ကူကူရယ်ယာက အသင်းကို စိတ်ပျက်အောင် မလုပ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအကယ်ဒမီထွက် ကူကူရယ်ယာက ယခုရာသီမှာ ဘယ်တောင်ပံကနေ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ဖို့အတွက် ပုံမှန် တိုက်စစ်ကို လိုက်ပါကစားပေးနေတဲ့ကစားသမားဖြစ်ပါတယ်။

ကွင်းလယ်ဗဟို- ကော်နာ ဂယ်လေဂါ(ခရစ္စတယ်ပဲလေ့စ်-အငှား)

အရမ်းကောင်းတဲ့ အငှားခေါ်ယူမှုကို ပြပါဆိုရင် ချဲလ်ဆီးအသင်းကနေ ဂယ်လေဂါကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ခေါ်ယူမှုကို ပြရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဘရွန်းမှာ အလားအလာအနည်းငယ်ကို ပြသခဲ့ပေမယ့် လူအနည်းငယ်လောက်ကသာ ဂယ်လေဂါကို ပဲလေ့စ်မှာ ခြေစွမ်းပြသနိုင်မယ်လို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့လအနည်းငယ်လောက်မှာပဲ ၎င်းဟာ ခေတ်သစ် ကွင်းလယ်တိုက်စစ်ကစားသမားဆိုတာကို ဝက်စ်ဟမ်း၊ အဲဗာတန်တို့နဲ့ပွဲစဉ်တွေမှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပြီး ပြသခဲ့ပါတယ်။

ကွင်းလယ်ဗဟို- မာတင် အော်ဒီဂွါဒ်(အာဆင်နယ်)

အော်ဒီဂွါဒ်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယဝက်ကို အာဆင်နယ်အသင်းမှာ အငှားကစားသမားအဖြစ် အချိန်ကုန်ဆုံးခဲ့ပြီးနောက် မြောက်လန်ဒန်အသင်းက နော်ဝေကြယ်ပွင့်ဆီက ဒီထက်ပိုမိုတဲ့စွမ်းဆောင်ရည်တွေ မြင်တွေ့ချင်တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၃၁.၅ သန်းအထိ သုံးစွဲပြီး အပြီးသတ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီရာသီ နောက်ထပ်ခြေစွမ်းအဆင့်အတန်းကို ရောက်ရှိနိုင်ဖို့အတွက် အော်ဒီဂွါဒ်အနေနဲ့ အချိန်ယူခဲ့ရပြီး ဒီဇင်ဘာလတစ်လတည်းမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နည်းစနစ်ပိုင်း ပါရမီပါတဲ့ ကွင်းလယ်ဖန်တီးရှင်ဖြစ်တဲ့ အော်ဒီဂွါဒ်ဟာ ကွင်းလယ်ဗဟိုမှာ ကစားနိုင်သလို ရှေ့နည်းနည်းပိုတက်ပြီးလည်း ကစားနိုင်ပြီး လက်ရှိမှာ စမစ် ရိုး ပွဲထွက်လူစာရင်းထဲမှာ မပါဝင်နိုင်တာဟာ နော်ဝေကြယ်ပွင့်က ဘယ်လောက်ကောင်းကောင်းစွမ်းဆောင်ပြနေလဲဆိုတာကို သက်သေပြသနေတာဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်- ဒယ်မရိုင်း ဂရေး(အဲဗာတန်)

အော်ဒီဂွါဒ်လိုပဲ ဂရေးဟာ နေရာအများအပြားမှာ ကစားနိုင်ပြီး ယခုရာသီ တောင်ပံ ၂ ဖက်လုံးနဲ့ ကွင်းလယ်ဗဟိုနေရာတွေမှာ ကစားပေးနေခဲ့တာဖစြ်ပါတယ်။ ဘင်နီတက်ဇ်ရဲ့ အဲဗာတန်အတွက် ခက်ခဲတဲ့ရာသီဆိုပေမယ့် ဂရေးကတော့ ၎င်းတို့ရဲ့ အတောက်ပဆုံးကြယ်ပွင့်ဆိုတာကို ငြင်းလို့မရပါဘူး။ ဂရေးအတွက် အဲဗာတန်အသင်းက ပေါင် ၁.၈ သန်းသာ ကုန်ကျခဲ့တာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုး သွင်းယူထားခဲ့ရာမှာ အာဆင်နယ်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးကတော့ အဲဗာတန်ပရိသတ်တွေ ဘယ်တော့မှ မေ့နိုင်မယ့်ဂိုးမဟုတ်ပါဘူး။

ညာတောင်ပံ- အီမန်နျူရယ် ဒန်းနစ်(ဝက်ဖို့ဒ်)

ဝက်ဖို့ဒ်အသင်းအနေနဲ့ ဒန်းနစ်ကို ပေါင် ၃.၆ သန်းတည်းနဲ့ ဘယ်လိုလုပ်ပြီး ခေါ်ယူနိုင်ခဲ့တာလဲဆိုတာကို အံ့အားသင့်နေရမှာဖြစ်ပြီး တောင်ပံကစားသမားဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတွေထဲက အချို့ကို ပြဿနာဖြစ်စေခဲ့သူဖြစ်ပါတယ်။ ဒန်းနစ်ဟာ ယခုရာသီ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ပွဲစဉ်တွေမှာ ဂိုးသွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ရာနီယေးရီလက်အောက် ဝက်ဖို့ဒ်ရဲ့အကောင်းဆုံးကစားသမားဆိုတာ သေချာပါတယ်။

ဘယ်တောင်ပံ- ဟွမ်ဟီးချန်း(ဝုလ်ဗ်စ်-အငှား)

ဝုလ်ဗ်စ်အသင်းအတွက် ယခုရာသီ ဂိုးသွင်းဖို့က မလွယ်ကူပေမယ့် ဟွမ် ဟီးချန်းက ၎င်းတို့ရဲ့ ပထမရာသီဝက်မှာ အရေးကြီးတဲ့ ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ ဘယ်တောင်ပံကနေ အထဲကို ချိုးဝင်ပြီး ၄ ကြိမ်အထိ ဂိုးသွင်းယူပေးခဲ့ပြီး ရာအူးလ် ဟီမီနက်ဇ်နဲ့လည်း ကောင်းကောင်း ချိတ်ဆက်ကစားနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်စ်အသင်းအနေနဲ့ သိပ်မကြာခင်ကာလမှာ ဟွမ်ဟီးချန်းကို လိုက်ပ်ဇစ်အသင်းကနေ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းသင့်နေပါပြီ။

တိုက်စစ်မှူး- ခရစ္စတီယာနို ရော်နယ်လ်ဒို(မန်ချက်စတာယူနိုက်တက်)

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးကို ပေါင် ၁၃.၅ သန်းနဲ့ ခေါ်ယူတာက သိပ်တော့ပုံမှန်မဟုတ်ပေမယ့် ရော်နယ်လ်ဒိုက သာမန်ညောင်ည အသက် ၃၆ နှစ်အရွယ်ကစားသမားမဟုတ်ပါဘူး။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိခဲ့တဲ့အချိန်ကတည်းက အသင်းကို ပုံမှန်ကယ်တင်ပေးနေတာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၁၃ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ ရော်နယ်လ်ဒို မပါဝင်ဘဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာမဟုတ်ဘဲ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အခုထက် နိမ့်ကျတဲ့အဆင့်မှာတောင် ရပ်တည်ကောင်း ရပ်တည်နေရနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဟာ ေပါင္ ၁ ဘီလီယံေက်ာ္ သုံးစြဲၿပီး ကစားသမားသစ္ ေခၚယူမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ဒီပမာဏဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေငြပမာဏျဖစ္ၿပီး အခ်ိဳ႕အသင္းပိုင္ရွင္ေတြအေနနဲ႔ ကစားသမားေတြအတြက္ ဒီေလာက္မ်ားတဲ့ ေငြပမာဏေတြ ေပးခဲ့မိတာလားလို႔ေတာင္ အံ့အားသင့္ခဲ့ၾကမွာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္လည္း ကစားသမားေခၚယူမႈအမ်ားအျပားဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ေတာက္ပေနၾကၿပီး လြန္ခဲ့တဲ့ ၄ လေက်ာ္ကတည္းက ၎တို႔ဟာ ထိုက္တန္ေၾကာင္း သက္ေသျပသေနခဲ့ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ္ရာသီရဲ့ အေကာင္းဆုံးေႏြရာသီကစားသမားေခၚယူမႈ ၁၁ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

ဂိုး- အာရြန္ ရမ္းစ္ေဒးလ္(အာဆင္နယ္)

အာဆင္နယ္အသင္းက ရွက္ဖီးယူနိုက္တက္ရဲ့ဂိုးသမားကို ထပ္ေဆာင္းေပးေခ်မႈေတြ အပါအဝင္ ေပါင္သန္း ၃၀ နဲ႔ ေခၚယူခဲ့တဲ့အခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြရဲ့ ေဝဖန္မႈေတြ မ်ားစြာခံခဲ့ရၿပီး မလိုအပ္တဲ့ အေျပာင္းအေရႊ႕တစ္ခုအျဖစ္ ရႈျမင္ျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းအတြက္ ပြဲဦးထြက္အျဖစ္ ဝက္စ္ဘရြန္းကို ၆-၀ နဲ႔ အနိုင္ရခဲ့တဲ့ ကရာေဘာင္းဖလားပြဲစဥ္မွာ ေပးဂိုးမရွိနဲ႔ အဖြင့္လွခဲ့တဲ့ ရမ္းစ္ေဒးလ္ဟာ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ေနာဝစ္စီးတီးကို ၁-၀ နဲ႔ အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း ပရီးမီးယားလိဂ္ပြဲဦးထြက္ပါဝင္ကစားေပးၿပီး ေနာက္ထပ္ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အာရြန္ ရမ္းစ္ေဒးလ္ဟာ အာဆင္နယ္ပရိသတ္ေတြရဲ့ အခ်စ္ေတာ္တစ္ဦး ျဖစ္လာခဲ့ၿပီျဖစ္ၿပီး လိဂ္ပြဲစဥ္ ၁၆ ပြဲ ပါဝင္ကစားေပးထားရာမွာ ေပးဂိုးမရွိပြဲစဥ္ ၉ ပြဲအထိ ရရွိထားတာျဖစ္ပါတယ္။

ညာေနာက္ခံ- တာကဲဟီရို တိုမီယာစု(အာဆင္နယ္)

အာဆင္နယ္ရဲ့ညာေနာက္ခံေနရာဟာ အခ်ိန္တစ္ခုအထိ ျပႆနာရွိတဲ့ ေနရာျဖစ္ခဲ့ၿပီး ဘယ္လာရင္ဟာ အမ္းမရိတ္စ္မွာ အလားအလာမ်ားစြာနဲ႔ စတင္ကစားၿပီးေနာက္ ပရိသတ္ေတြေမၽွာ္လင့္သေလာက္ မကစားေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဆက္ဒရစ္ ဆိုးရက္စ္နဲ႔ ကယ္လမ္ ခ်ိန္ဘာစ္တို႔လို ကစားသမားေတြကလည္း ညာေနာက္ခံေနရာမွာ ျမင္ရခဲၿပီး အဲဒီေနာက္မွာ တိုမီယာစုက အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔မွာ ဘိုေလာ့ဂ္ညာကေန ေပါင္ ၁၆.၇ သန္းနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။ စေရာက္လာတုန္းက ပရိသတ္အမ်ားစုက ဘယ္က ကစားသမားကို ေခၚလာမွန္းမသိၾကေပမယ့္ ခံစစ္ပိုင္းမွာ က်စ္က်စ္လစ္လစ္ရွိသလို တိုက္စစ္မွာလည္း ဆာကာနဲ႔ ညာေတာင္ပံတေၾကာမွာ ခ်ိတ္ဆက္ကစားနိုင္ခဲ့ၿပီး အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးတာေၾကာင့္ ေရွ႕မွာ ေတာက္ပတဲ့အနာဂတ္ရွိေနတဲ့ကစားသမားျဖစ္ပါတယ္။

ဗဟိုခံစစ္- ဘန္ ဝွိုက္(အာဆင္နယ္)

အာဆင္နယ္ကို ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဘန္ ဝွိုက္အတြက္ ဖိအားေတြ အမ်ားႀကီးရွိခဲ့မယ္ဆိုတာ အားလုံးေတြးၾကည့္လို႔ ရနိုင္ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့အခ်ိန္မွာ အိုင္ဗန္ တိုနီက မိနစ္ ၉၀ စလုံး လုပ္ခ်င္တာလုပ္ေနခဲ့တဲ့အတြက္ အဂၤလန္ေနာက္ခံလူအတြက္ အိပ္မက္ဆိုးမက္ခဲ့ရသလို ပရိသတ္ေတြလည္း သံသယေတြ ဝင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘန္ ဝွိုက္ဟာ သံသယရွိသူေတြကို အလြန္ေကာင္းမြန္တဲ့ေျခစြမ္းနဲ႔ တုံ႔ျပန္ခဲ့ၿပီး တိုးတက္ေအာင္ လုပ္ရမယ့္အရာေတြ အမ်ားႀကီးရွိေနေသးေပမယ့္ အာတီတာဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ တည္ၿငိမ္တဲ့ ခံစစ္ ၄ ဦးကို စုစည္းနိုင္ခဲ့ပုံရၿပီး ဘန္ ဝွိုက္ကေတာ့ အဲဒီခံစစ္ရဲ့ ညာဘက္ ႏွလုံးသားျဖစ္ပါတယ္။

ဗဟိုခံစစ္- မာ့ခ္ ဂီဟီ(ခရစၥတယ္ပဲေလ့စ္)

ဂီဟီဟာ ဒီရာသီမတိုင္ခင္ ဘယ္တုန္းကမွ ပရီးမီးယားလိဂ္မွာ မကစားခဲ့ဘူးေပမယ့္ အဲဒါနဲ႔ပဲ သူ႔ရဲ့စြမ္းေဆာင္ရည္ကို ဆုံးျဖတ္လို႔ မရနိုင္ပါဘူး။ နည္းၿပ ဗီအဲရာလက္ေအာက္မွာ ကစားေနတဲ့ အသက္ ၂၁ ႏွစ္အရြယ္ေနာက္ခံကစားသမားဟာ ၎အတြက္ ေပးခဲ့ရတဲ့ ေပါင္ ၂၁ သန္းနဲ႔ တန္ေအာင္ ကစားျပေနၿပီး ကမၻာ့ဖလားက်င္းပဖို႔ ၁၂ လေအာက္သာ လိုေတာ့တဲ့အခ်ိန္မွာ အဂၤလန္လက္ေရြးစင္လူစာရင္းအတြက္ ေခၚယူခံရနိုင္တဲ့ အခြင့္အေရးလည္း ရွိေကာင္း ရွိလာနိုင္ပါတယ္။

ဘယ္ေနာက္ခံ- မာ့ခ္ ကူကူရယ္ယာ(ဘရိုက္တန္)

ဘရိုက္တန္အသင္းအတြက္ ကစားသမားတစ္ဦးကို ေခၚယူဖို႔ ေပါင္ ၁၆.၂ သန္းအထိ သုံးတာက အလြန္မ်ားျပားတဲ့ေငြေၾကးျဖစ္ေပမယ့္ ဂီတာေဖးကေန ေရာက္လာၿပီးကတည္းက ကူကူရယ္ယာက အသင္းကို စိတ္ပ်က္ေအာင္ မလုပ္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအကယ္ဒမီထြက္ ကူကူရယ္ယာက ယခုရာသီမွာ ဘယ္ေတာင္ပံကေန အခြင့္အေရးေတြကို ဖန္တီးေပးနိုင္ဖို႔အတြက္ ပုံမွန္ တိုက္စစ္ကို လိုက္ပါကစားေပးေနတဲ့ကစားသမားျဖစ္ပါတယ္။

ကြင္းလယ္ဗဟို- ေကာ္နာ ဂယ္ေလဂါ(ခရစၥတယ္ပဲေလ့စ္-အငွား)

အရမ္းေကာင္းတဲ့ အငွားေခၚယူမႈကို ျပပါဆိုရင္ ခ်ဲလ္ဆီးအသင္းကေန ဂယ္ေလဂါကို တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္ရဲ့ ေခၚယူမႈကို ျပရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဝက္စ္ဘရြန္းမွာ အလားအလာအနည္းငယ္ကို ျပသခဲ့ေပမယ့္ လူအနည္းငယ္ေလာက္ကသာ ဂယ္ေလဂါကို ပဲေလ့စ္မွာ ေျခစြမ္းျပသနိုင္မယ္လို႔ ေမၽွာ္မွန္းခဲ့ၾကတာျဖစ္ပါတယ္။ လူငယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့လအနည္းငယ္ေလာက္မွာပဲ ၎ဟာ ေခတ္သစ္ ကြင္းလယ္တိုက္စစ္ကစားသမားဆိုတာကို ဝက္စ္ဟမ္း၊ အဲဗာတန္တို႔နဲ႔ပြဲစဥ္ေတြမွာ သြင္းဂိုးေတြ ဆက္တိုက္သြင္းယူၿပီး ျပသခဲ့ပါတယ္။

ကြင္းလယ္ဗဟို- မာတင္ ေအာ္ဒီဂြါဒ္(အာဆင္နယ္)

ေအာ္ဒီဂြါဒ္ဟာ ၿပီးခဲ့တဲ့ရာသီ ဒုတိယဝက္ကို အာဆင္နယ္အသင္းမွာ အငွားကစားသမားအျဖစ္ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ေျမာက္လန္ဒန္အသင္းက ေနာ္ေဝၾကယ္ပြင့္ဆီက ဒီထက္ပိုမိုတဲ့စြမ္းေဆာင္ရည္ေတြ ျမင္ေတြ႕ခ်င္တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၃၁.၅ သန္းအထိ သုံးစြဲၿပီး အၿပီးသတ္ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒီရာသီ ေနာက္ထပ္ေျခစြမ္းအဆင့္အတန္းကို ေရာက္ရွိနိုင္ဖို႔အတြက္ ေအာ္ဒီဂြါဒ္အေနနဲ႔ အခ်ိန္ယူခဲ့ရၿပီး ဒီဇင္ဘာလတစ္လတည္းမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ နည္းစနစ္ပိုင္း ပါရမီပါတဲ့ ကြင္းလယ္ဖန္တီးရွင္ျဖစ္တဲ့ ေအာ္ဒီဂြါဒ္ဟာ ကြင္းလယ္ဗဟိုမွာ ကစားနိုင္သလို ေရွ႕နည္းနည္းပိုတက္ၿပီးလည္း ကစားနိုင္ၿပီး လက္ရွိမွာ စမစ္ ရိုး ပြဲထြက္လူစာရင္းထဲမွာ မပါဝင္နိုင္တာဟာ ေနာ္ေဝၾကယ္ပြင့္က ဘယ္ေလာက္ေကာင္းေကာင္းစြမ္းေဆာင္ျပေနလဲဆိုတာကို သက္ေသျပသေနတာျဖစ္ပါတယ္။

ကြင္းလယ္တိုက္စစ္- ဒယ္မရိုင္း ဂေရး(အဲဗာတန္)

ေအာ္ဒီဂြါဒ္လိုပဲ ဂေရးဟာ ေနရာအမ်ားအျပားမွာ ကစားနိုင္ၿပီး ယခုရာသီ ေတာင္ပံ ၂ ဖက္လုံးနဲ႔ ကြင္းလယ္ဗဟိုေနရာေတြမွာ ကစားေပးေနခဲ့တာဖျစ္ပါတယ္။ ဘင္နီတက္ဇ္ရဲ့ အဲဗာတန္အတြက္ ခက္ခဲတဲ့ရာသီဆိုေပမယ့္ ဂေရးကေတာ့ ၎တို႔ရဲ့ အေတာက္ပဆုံးၾကယ္ပြင့္ဆိုတာကို ျငင္းလို႔မရပါဘူး။ ဂေရးအတြက္ အဲဗာတန္အသင္းက ေပါင္ ၁.၈ သန္းသာ ကုန္က်ခဲ့တာျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၅ ဂိုး သြင္းယူထားခဲ့ရာမွာ အာဆင္နယ္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ အနိုင္ဂိုးကေတာ့ အဲဗာတန္ပရိသတ္ေတြ ဘယ္ေတာ့မွ ေမ့နိုင္မယ့္ဂိုးမဟုတ္ပါဘူး။

ညာေတာင္ပံ- အီမန္န်ဴရယ္ ဒန္းနစ္(ဝက္ဖို႔ဒ္)

ဝက္ဖို႔ဒ္အသင္းအေနနဲ႔ ဒန္းနစ္ကို ေပါင္ ၃.၆ သန္းတည္းနဲ႔ ဘယ္လိုလုပ္ၿပီး ေခၚယူနိုင္ခဲ့တာလဲဆိုတာကို အံ့အားသင့္ေနရမွာျဖစ္ၿပီး ေတာင္ပံကစားသမားဟာ အဂၤလန္ရဲ့အေကာင္းဆုံးအသင္းေတြထဲက အခ်ိဳ႕ကို ျပႆနာျဖစ္ေစခဲ့သူျဖစ္ပါတယ္။ ဒန္းနစ္ဟာ ယခုရာသီ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူနိုက္တက္တို႔နဲ႔ပြဲစဥ္ေတြမွာ ဂိုးသြင္းယူထားနိုင္ခဲ့ၿပီးျဖစ္ၿပီး ရာနီေယးရီလက္ေအာက္ ဝက္ဖို႔ဒ္ရဲ့အေကာင္းဆုံးကစားသမားဆိုတာ ေသခ်ာပါတယ္။

ဘယ္ေတာင္ပံ- ဟြမ္ဟီးခ်န္း(ဝုလ္ဗ္စ္-အငွား)

ဝုလ္ဗ္စ္အသင္းအတြက္ ယခုရာသီ ဂိုးသြင္းဖို႔က မလြယ္ကူေပမယ့္ ဟြမ္ ဟီးခ်န္းက ၎တို႔ရဲ့ ပထမရာသီဝက္မွာ အေရးႀကီးတဲ့ ဂိုးေတြသြင္းယူေပးခဲ့ပါတယ္။ ဘယ္ေတာင္ပံကေန အထဲကို ခ်ိဳးဝင္ၿပီး ၄ ႀကိမ္အထိ ဂိုးသြင္းယူေပးခဲ့ၿပီး ရာအူးလ္ ဟီမီနက္ဇ္နဲ႔လည္း ေကာင္းေကာင္း ခ်ိတ္ဆက္ကစားနိုင္ခဲ့ပါတယ္။ ဝုလ္ဗ္စ္အသင္းအေနနဲ႔ သိပ္မၾကာခင္ကာလမွာ ဟြမ္ဟီးခ်န္းကို လိုက္ပ္ဇစ္အသင္းကေန အၿပီးသတ္ ေခၚယူဖို႔ ႀကိဳးပမ္းသင့္ေနပါၿပီ။

တိုက္စစ္မႉး- ခရစၥတီယာနို ေရာ္နယ္လ္ဒို(မန္ခ်က္စတာယူနိုက္တက္)

အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးကို ေပါင္ ၁၃.၅ သန္းနဲ႔ ေခၚယူတာက သိပ္ေတာ့ပုံမွန္မဟုတ္ေပမယ့္ ေရာ္နယ္လ္ဒိုက သာမန္ေညာင္ည အသက္ ၃၆ ႏွစ္အရြယ္ကစားသမားမဟုတ္ပါဘူး။ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက အသင္းကို ပုံမွန္ကယ္တင္ေပးေနတာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ ၁၃ ဂိုးအထိ သြင္းယူေပးထားတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒို မပါဝင္ဘဲ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္မွာမဟုတ္ဘဲ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း အခုထက္ နိမ့္က်တဲ့အဆင့္မွာေတာင္ ရပ္တည္ေကာင္း ရပ္တည္ေနရနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.