Bundesliga La Liga Premier League Serie A Transfer News

အဂၤလန္အသင္းေတြအားလုံးကို ဟာကီမီအတြက္ ေနာက္ေကာက္ခ်လိုက္တဲ့ အင္တာ

အင္တာမီလန္အသင္းအေနနဲ႔ အဂၤလန္အသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို ေခၚယူဖိုႏိုင္ဖို႔ သေဘာတူညီမွဳ ရခဲ့ၿပီျဖစ္ၿပီး ကစားသမားနဲ႔ ကလပ္အသင္းၾကား ပုဂၢဳိလ္ေရးေဆြးေႏြးမွဳေတြ လုပ္ေဆာင္ေနၿပီလို႔ အီတာလ်ံ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပလုိက္ပါတယ္။

ေဒါ့မြန္အသင္းမွာ ႏွစ္ရာသီ အငွားနဲ႔ သြားေရာက္ကစားၿပီး ေျခစြမ္းတုိးတက္လာခဲ့တဲ့အျပင္ ဂိုးေတြပါ သြင္းယူႏုိင္ခဲ့တဲ့ ဟာကီမီဟာ ေနာက္ခံလူ အျဖစ္တင္ မဟုတ္ဘဲ ေတာင္ပံကစားသမားအျဖစ္ ဘယ္ညာႏွစ္ဖက္စလုံးမွာ ကစားႏုိင္သူျဖစ္ၿပီး အန္တိုနီယို ကြန္တီရဲ႕ ၃-၅-၂ ကစားကြက္ရဲ႕ ေတာင္ပံမွာ အဓိက ေျခစြမ္းျပႏုိင္မယ့္သူမ်ဳိးျဖစ္တာေၾကာင့္ အင္တာမီလန္တုိ႔ လက္ဦးမွဳ ရယူခဲ့တာလုိ႔လည္း ဆုိပါတယ္။

သူ႕ကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းေတြက စိတ္ဝင္စားေနၾကသလို ေဒါ့မြန္အသင္းကလည္း အငွားနဲ႔ပဲျဖစ္ျဖစ္ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖို႔ ႀကဳိးစားေနခဲ့ေပမယ့္လည္း အင္တာမီလန္အသင္းက ယူ႐ိုသန္း ၄၀ နဲ႔ ခံစားခြင့္ထည့္သြင္းထားတဲ့ သေဘာတူညီမွဳကို ရရွိခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေမာ္႐ိုကိုလက္ေရြးစင္ဟာ ေဒါ့မြန္အသင္းနဲ႔အတူ ဒီရာသီမွာ ၿပဳိင္ပြဲစုံ ၄၄ ပြဲ ကစားခဲ့ရာမွာ ၉ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး အေျပာင္းအေရႊ႕အတြက္ကိုေတာ့ အင္တာမီလန္အသင္းရဲ႕ ရည္မွန္းခ်က္ေတြကို သေဘာက်လို႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔လည္း ႐ိုမာႏိုက ဆုိပါတယ္။

ဒီသတင္းမွန္ကန္ေၾကာင္းကုိ ဟာကီမီ လက္ရွိကစားေနတဲ့ ေဒါ့မြန္အသင္းဘက္ကပါ အတည္ျပဳသြားခဲ့ၿပီး အင္တာမီလန္အသင္းကေတာ့ ပါးနပ္တဲ့ ေခၚယူမွဳတစ္ခုအေနနဲ႔ အသင္းရဲ႕ ေတာင္ပံက လူအုိေတြျဖစ္ၾကတဲ့ အက္ရွ္လီယန္း၊ ဗစ္တာ မုိးဆက္စ္၊ အန္တုိနီယို ကန္ဒရီးဗား၊ ကြာဒဝို အဆာမိုတုိ႔ကို အစားထိုးႏုိင္ေတာ့မွာျဖစ္ၿပီး လ်င္ျမန္တဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ စီးရီးေအမွာ ေျခစြမ္းျပႏုိင္မယ္လို႔လည္း ခန္႔မွန္းရပါတယ္။

REF: SKY SPORTS & FABRIZIO ROMANO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်တာမီလန်အသင်းအနေနဲ့ အင်္ဂလန်အသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို ခေါ်ယူဖိုနိုင်ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ကစားသမားနဲ့ ကလပ်အသင်းကြား ပုဂ္ဂိုလ်ရေးဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ အီတာလျံ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလိုက်ပါတယ်။

ဒေါ့မွန်အသင်းမှာ နှစ်ရာသီ အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းတိုးတက်လာခဲ့တဲ့အပြင် ဂိုးတွေပါ သွင်းယူနိုင်ခဲ့တဲ့ ဟာကီမီဟာ နောက်ခံလူ အဖြစ်တင် မဟုတ်ဘဲ တောင်ပံကစားသမားအဖြစ် ဘယ်ညာနှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်ပြီး အန်တိုနီယို ကွန်တီရဲ့ ၃-၅-၂ ကစားကွက်ရဲ့ တောင်ပံမှာ အဓိက ခြေစွမ်းပြနိုင်မယ့်သူမျိုးဖြစ်တာကြောင့် အင်တာမီလန်တို့ လက်ဦးမှု ရယူခဲ့တာလို့လည်း ဆိုပါတယ်။

သူ့ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတွေက စိတ်ဝင်စားနေကြသလို ဒေါ့မွန်အသင်းကလည်း အငှားနဲ့ပဲဖြစ်ဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း အင်တာမီလန်အသင်းက ယူရိုသန်း ၄၀ နဲ့ ခံစားခွင့်ထည့်သွင်းထားတဲ့ သဘောတူညီမှုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရိုကိုလက်ရွေးစင်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားခဲ့ရာမှာ ၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး အပြောင်းအရွှေ့အတွက်ကိုတော့ အင်တာမီလန်အသင်းရဲ့ ရည်မှန်းချက်တွေကို သဘောကျလို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ရိုမာနိုက ဆိုပါတယ်။

ဒီသတင်းမှန်ကန်ကြောင်းကို ဟာကီမီ လက်ရှိကစားနေတဲ့ ဒေါ့မွန်အသင်းဘက်ကပါ အတည်ပြုသွားခဲ့ပြီး အင်တာမီလန်အသင်းကတော့ ပါးနပ်တဲ့ ခေါ်ယူမှုတစ်ခုအနေနဲ့ အသင်းရဲ့ တောင်ပံက လူအိုတွေဖြစ်ကြတဲ့ အက်ရှ်လီယန်း၊ ဗစ်တာ မိုးဆက်စ်၊ အန်တိုနီယို ကန်ဒရီးဗား၊ ကွာဒဝို အဆာမိုတို့ကို အစားထိုးနိုင်တော့မှာဖြစ်ပြီး လျင်မြန်တဲ့ ကစားသမားတစ်ယောက်အနေနဲ့ စီးရီးအေမှာ ခြေစွမ်းပြနိုင်မယ်လို့လည်း ခန့်မှန်းရပါတယ်။

REF: SKY SPORTS & FABRIZIO ROMANO
PHOTOS CREDIT TO OWNERS
SPORTS A2Z.