La Liga Premier League Transfer News

ဂန္ဒူဇီကို အာဆင္နယ္တုိ႔ ေရာင္းခ်ဖို႔ စီစဥ္ေနၿပီး စိတ္ဝင္စားမွဳ အမ်ားအျပား ရရွိထား

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီရဲ႕ ရင့္က်က္တည္ၿငိမ္ျခင္းမရွိတဲ့ အျပဳအမူေတြအေပၚ စိတ္ပ်က္ေနၿပီး အသင္းကေန ေရာင္းခ်ဖို႔ ဆုံးျဖတ္လုိက္ၿပီျဖစ္သလို သူ႕အတြက္ လက္ရွိမွာ စိတ္ဝင္စားမွဳမ်ားစြာကို ရရွိထားေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာနဲ႔ အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္သားရဲ႕ၾကားမွာ တခ်ဳိ႕ကိစၥေတြမွာ အျမင္မတူႏိုင္ေအာင္ျဖစ္ေနၿပီး ေလ့က်င့္ေရးကြင္းမွာ ကခုန္ေနတာကို ေတြ႕ရွိသြားတဲ့ စပိန္နည္းျပအေနနဲ႔ ဒါကို သေဘာမက်ျဖစ္ခဲ့သလို ေနာက္ဆုံးကိစၥရပ္ကေတာ့ ဘ႐ိုက္တန္အသင္းသားေတြကို သူ႕ရဲ႕ လစာနဲ႔ ပတ္သက္ၿပီး ၾကြားဝါခဲ့တာပဲျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေႏြရာသီပစ္မွတ္ေတြကို ေခၚယူရာမွာ ေငြေၾကးအျဖစ္ ဒီကြင္းလယ္လူကို ေျပာင္းလဲသြားဖို႔ရွိေနၿပီး ေပါင္သန္း ၅၀ ေလာက္ ေဈးေခၚထားသလို ဥေရာပအသင္းႀကီးေတြအျပင္ ပရီးမီးယားလိဂ္ရဲ႕ ခါးသီးတဲ့ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ကလည္း စိတ္ဝင္စားေနတယ္လို႔ ဆုိပါတယ္။

ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ အင္တာမီလန္၊ အက္သလက္တီကို မက္ဒရစ္အသင္းေတြက စိတ္ဝင္စားေနခဲ့ၾကတဲ့ ျပင္သစ္လူငယ္ကို သူ႕ရဲ႕ Idol ဇီနီဒန္း ဇီဒန္းကလည္း အေျခအေနေပးရင္ ရီးရဲလ္မက္ဒရစ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနခဲ့ၿပီး နည္းျပ အာတီတာကေတာ့ သူ႕ကို အသင္းရဲ႕ လူစာရင္းမွာ ထည့္သြင္းျခင္းမျပဳဘဲ ထားခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္နည္းျပသစ္ကေတာ့ သူ႕ကို နည္းျပေဟာင္း အူႏိုင္း အမ္မရီလက္ထက္ကလို မဟုတ္ဘဲ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေနၿပီး ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာလည္း အသင္းလူစာရင္းက ထုတ္ပယ္ခဲ့ဖူးသလို ကစားသမားရဲ႕ ခံယူခ်က္နဲ႔ စိတ္ပုိင္းဆုိင္ရာကို သေဘာမက်ဘူးလို႔ ဆုိထားခဲ့ဖူးတာေၾကာင့္ ေႏြရာသီမွာ စာခ်ဳပ္ႏွစ္ႏွစ္က်န္မယ့္ ဂန္ဒူဇီကို အေတာ္အတန္မ်ားျပားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာင္းခ်သြားဖြယ္ရွိေၾကာင္းလည္း ခန္႔မွန္းေနၾကပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီရဲ့ ရင့်ကျက်တည်ငြိမ်ခြင်းမရှိတဲ့ အပြုအမူတွေအပေါ် စိတ်ပျက်နေပြီး အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သလို သူ့အတွက် လက်ရှိမှာ စိတ်ဝင်စားမှုများစွာကို ရရှိထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နည်းပြ မီခယ်လ် အာတီတာနဲ့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားရဲ့ကြားမှာ တချို့ကိစ္စတွေမှာ အမြင်မတူနိုင်အောင်ဖြစ်နေပြီး လေ့ကျင့်ရေးကွင်းမှာ ကခုန်နေတာကို တွေ့ရှိသွားတဲ့ စပိန်နည်းပြအနေနဲ့ ဒါကို သဘောမကျဖြစ်ခဲ့သလို နောက်ဆုံးကိစ္စရပ်ကတော့ ဘရိုက်တန်အသင်းသားတွေကို သူ့ရဲ့ လစာနဲ့ ပတ်သက်ပြီး ကြွားဝါခဲ့တာပဲဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီပစ်မှတ်တွေကို ခေါ်ယူရာမှာ ငွေကြေးအဖြစ် ဒီကွင်းလယ်လူကို ပြောင်းလဲသွားဖို့ရှိနေပြီး ပေါင်သန်း ၅၀ လောက် ဈေးခေါ်ထားသလို ဥရောပအသင်းကြီးတွေအပြင် ပရီးမီးယားလိဂ်ရဲ့ ခါးသီးတဲ့ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ အက်သလက်တီကို မက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေခဲ့ကြတဲ့ ပြင်သစ်လူငယ်ကို သူ့ရဲ့ Idol ဇီနီဒန်း ဇီဒန်းကလည်း အခြေအနေပေးရင် ရီးရဲလ်မက်ဒရစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့ပြီး နည်းပြ အာတီတာကတော့ သူ့ကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခြင်းမပြုဘဲ ထားခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်နည်းပြသစ်ကတော့ သူ့ကို နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်ကလို မဟုတ်ဘဲ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီး ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း အသင်းလူစာရင်းက ထုတ်ပယ်ခဲ့ဖူးသလို ကစားသမားရဲ့ ခံယူချက်နဲ့ စိတ်ပိုင်းဆိုင်ရာကို သဘောမကျဘူးလို့ ဆိုထားခဲ့ဖူးတာကြောင့် နွေရာသီမှာ စာချုပ်နှစ်နှစ်ကျန်မယ့် ဂန်ဒူဇီကို အတော်အတန်များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချသွားဖွယ်ရှိကြောင်းလည်း ခန့်မှန်းနေကြပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.