Match Report Premier League

လြယ္ေနတာကို ခက္ေအာင္လုပ္တဲ့ ဂြါဒီယိုလာေၾကာင့္ ေစာစာစီးစီး ေအာင္ပြဲခံတဲ့ လီဗာပူးလ္

ခ်ဲလ္ဆီးအသင္းကို အႏုိင္ရယူၿပီး လီဗာပူးလ္ကို အလြယ္တကူ လက္လႊဲမေပးဘဲ ထိန္းသိမ္းထားႏုိင္ဖို႔ ေမွ်ာ္လင့္ေနတဲ့ မန္ခ်က္စတာစီးတီး ကေတာ့ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ဖလားကို ဒီေန႔မွာ ရွဳံးပြဲနဲ႔အတူ လႊဲေျပာင္းေပးအပ္လုိက္ရၿပီျဖစ္ၿပီး ဒီရွဳံးပြဲအတြက္ေတာ့ ဂြါဒီယိုလာရဲ႕ လြဲမွားတဲ့ ယုံၾကည္မွဳက အဓိကက်ခဲ့ပါတယ္။

အရန္ေတြကို အမ်ားစု အသုံးျပဳမယ္လို႔ ဆုိခဲ့ေပမယ့္ စတာလင္ကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့တဲ့ မန္စီးတီးတုိက္စစ္ဟာ အရင္ပြဲေတြေလာက္ေတာ့ ေခ်ာေမြ႕မွဳ မရွိဘဲ သူ႕ရဲ႕ တစ္ကိုယ္ေကာင္းဆန္ဆန္ ကစားေနတဲ့ ပုံစံဟာ လူငယ္ကစားသမား ဖိုဒန္ေလာက္မွ အသင္းေဖာ္ေတြနဲ႔ အခ်ိတ္မဆက္မမိသလို ခံစစ္သမားေတြရဲ႕ ပြဲပန္းမွဳကလည္း သိသာေနခဲ့ပါတယ္။

ခ်ဲလ္ဆီးတုိ႔ကေတာ့ မန္စီးတီးကို အလဲထိုးၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၃ မွတ္ရယူႏုိင္ဖို႔ ဝါရင့္တုိက္စစ္မွဴး ဂ်ီ႐ူးနဲ႔ တစ္ဖက္ခံစစ္ေတြကို ၿဖဳိခြဲေစခဲ့ၿပီး ပူလီဆစ္ခ်္နဲ႔ ဝီလီယန္တုိ႔က ဘယ္ညာေတာင္ပံေတြမွာ ကစားရင္း သမား႐ိုးက်ျဖစ္ေပမယ့္ ထက္ျမက္တဲ့ ေတာင္ပံကစားကို ျပသႏုိင္ခဲ့သလို တန္ျပန္တုိက္စစ္ေတြမွာ ေတာ္ေတာ္ေလး ထိေရာက္ခဲ့တာကို ေတြ႕ရပါတယ္။

ကြင္းလယ္ကို လုပ္အားႏွဳန္းနဲ႔ လိုက္လံပိတ္ဆို႔ဖို႔ ကြန္ေတနဲ႔ ဘာကလီကို တြဲေပးတဲ့ ဗ်ဴဟာ အလုပ္ျဖစ္ခဲ့ၿပီး မန္စီးတီးတုိ႔ ဖိကစားခဲ့ေပမယ့္ ဂိုးမရခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ အမွားက်ဴးလြန္ခဲ့တဲ့ ေနာက္ခံလူ မန္ဒီနဲ႔ ဂြန္ဒိုးဝမ္ နားလည္မွဳလြဲတာကေန ေဘာလုံးရသြားတဲ့ ပူလီဆစ္ခ်္က ခ်ဲလ္ဆီးအတြက္ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အဖြင့္ဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

မန္စီးတီးတုိ႔ ေခ်ပဂိုးရရွိဖို႔ ဖိကစားခဲ့ေပမယ့္ မာရက္ဇ္၊ စတာလင္တုိ႔ရဲ႕ ထိုးေဖာက္မွဳေတြက ဂိုးမျဖစ္ခဲ့ဘဲ ပထမပုိင္းၿပီးဆုံးသြားခဲ့သလို ဒုတိယပုိင္းက်မွ ေခ်ပဂိုး ျပန္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ခ်ဲလ္ဆီးဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဒီဘ႐ိုင္းနားက တုိက္႐ိုက္ကန္သြင္းၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာ ရယူသြားႏုိင္ခဲ့တာပါ။

ဒီဂိုးရၿပီးမွာေတာ့ အႏုိင္လိုခ်င္တဲ့ မန္စီးတီးတို႔ မန္ဒီေနရာမွာ ဇင္ခ်န္ကိုကို ေျပာင္းလဲထည့္သြင္းခဲ့တာက ဒီေန႔ပြဲရဲ႕ ပထမအမွားျဖစ္ခဲ့သလို ေနာက္ခံလူ လာေပါ့တ္ကိုပါ ေအာ့တာမန္ဒီနဲ႔ လဲလုိက္တာကေတာ့ ဒုတိယအမွားျဖစ္ခဲ့ပါတယ္။ ဒီၾကားထဲမွာ တန္ျပန္တုိက္စစ္ကေန စတာလင္ အခြင့္အေရးရေပမယ့္ တစ္ကိုယ္ေကာင္းဆန္ခဲ့လို႔ ဂိုးမရခဲ့ဘဲ တုိင္နဲ႔သာ မိတ္ဆက္ခဲ့ရပါတယ္။


ေအာ့တာမန္ဒီနဲ႔ ဖာနန္ဒင္ညဳိတုိ႔အတြဲကို ခံစစ္မွာထားၿပီး ဘယ္ျခမ္းက တုိက္စစ္ကို အလြန္အကၽြံလုိက္ပါေနခ်ိန္မွာေတာ့ ေအဘရာဟမ္နဲ႔ လ်င္ျမန္တဲ့ ခ်ဲလ္ဆီးေတာင္ပံကစားသမားေတြကို ထိန္းမယ့္သူ မရွိေတာ့ဘဲ မၾကာခဏ ေပါက္ထြက္ေနခဲ့သလို ေလးလံေနတဲ့ ဖာနန္ဒင္ညဳိရဲ႕ အမွားကေန ပူလီဆစ္ခ်္ ဂိုးသြင္းဖုိ႔ ႀကဳိးစားတာကိုလည္း ေဝၚလ္ကာက ဂိုးစည္းေပၚက ရွင္းထုတ္ခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနား လူေပးမွားတာကေန ခ်ဲလ္ဆီးရဲ႕ ဝီလီယန္က ညာေတာင္ပံေတာက္ေလွ်ာက္ တစ္ကြင္းလုံး ဆြဲေျပးခဲ့ၿပီး ခ်ဳိးေပးတာကို ေအာ္တာမန္ဒီရဲ႕ အားမပါတဲ့ ရွင္းထုတ္မွဳကို ဝီလီယန္ပဲ ထပ္ခ်ဳိးေပးတာကေန ေအဘရာဟမ္ ပိတ္သြင္းဖို႔ ႀကဳိးစားရာမွာ ဂိုးသမား ကာကြယ္လို႔ ျပန္ထြက္လာတာကို ထပ္ပိတ္ဖို႔ အလုပ္မွာ ဖာနန္ဒင္ညဳိ လက္နဲ႔ ပုတ္ထုတ္ခဲ့လို႔ VAR ျပန္ၾကည့္ၿပီး ထုတ္ပယ္ခံခဲ့ရတာက လီဗာပူးလ္အသင္းအတြက္ ျဖစ္သြားခဲ့ပါတယ္။

ဒီပင္နယ္တီကို ဝါရင့္ဘရာဇီးလ္ကစားသမား ဝီလီယန္က ပြဲခ်ိန္ ၇၈ မိနစ္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ အစျပဳခဲ့တဲ့ တန္ျပန္တုိက္စစ္မွာ ဇင္ခ်န္ကိုရဲ႕ စိတ္မပါလက္မပါ ေျပးလုိက္ပုံနဲ႔ ေအာ့တာမန္ဒီရဲ႕ ရွင္းထုတ္မွဳ မေသသပ္ပုံ၊ ကစားအားကုန္ေနလုိ႔ လုပ္မိလုပ္ရာ ပုတ္ထုတ္ခဲ့တဲ့ ဖာနန္ဒင္ညဳိရဲ႕ပုံေတြကို ေတြ႕ျမင္ခဲ့ရၿပီး ဂြါဒီယိုလာရဲ႕ ခံစစ္ပုိင္းကို ကိုယ့္ဘာသာကိုယ္ ဖ်က္ဆီးခဲ့တဲ့ ျဖစ္ရပ္လည္း ျဖစ္ခဲ့ပါတယ္။

ေနာက္ပုိင္းမွာေတာ့ တစ္ေယာက္သာသြားတဲ့ ခ်ဲလ္ဆီးတုိ႔ ထိန္းကစားသြားခဲ့ၿပီး တုိက္စစ္သမားေတြ တစ္ကိုယ္ေကာင္းဆန္ၿပီး အတြဲအဖက္ကို ဂ႐ုမစိုက္လုိ႔သာ ဂိုးထပ္မရဘဲျဖစ္ခဲ့သလုိ မန္စီးတီးကေတာ့ ကစားအား က်ဆင္းၿပီး စိတ္မပါတဲ့ ကစားသမားတခ်ဳိ႕ေၾကာင့္ တုိက္စစ္မဆင္ႏုိင္ေတာ့ဘဲ ဒီရလဒ္နဲ႔ ၿပီးဆုံးၿပီး ခ်ဲလ္ဆီးတုိ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ လက္စတာကို တစ္မွတ္အကြာအထိ လုိက္လံဖိအားေပးႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ လူစားဝင္လာခဲ့တဲ့ မန္စီးတီးအသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားရဲ႕ အနာမခံဘဲ ေရွာင္ကစားတဲ့ ပုံစံကေတာ့ ေတာ္ေတာ္ေလး ထူးဆန္းေနခဲ့ၿပီး အသင္းရဲ႕ ကစားကြက္ကို တာဝန္ယူ ေဖာ္ထုတ္ရမယ့္အစား ေဘာလုံးထိေပးၿပီး ေျပးထြက္တဲ့ ကစားပုံက လက္ခံႏုိင္စရာမရွိသလို အသင္းကစားပုံက လူစားဝင္ကစားသမား ၄ ဦးနဲ႔အတူ ပ်က္စီးသြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဂြါဒီယိုလာအေနနဲ႔ ပရီးမီးယားလိဂ္ကို ဂ႐ုစိုက္စရာ မလုိေတာ့ေပမယ့္ ေနာက္ႏွစ္ေတြမွာ ဘာမွန္းမသိေသးတဲ့ ခ်န္ပီယံလိဂ္ကို ဒီရာသီမွာ အရယူဖို႔ စိတ္ကူးမယ္ဆုိရင္ေတာ့ တန္းမဝင္တဲ့ ကစားသမားေတြနဲ႔ စိတ္မပါတဲ့ ကစားသမားေတြကို ေသေသခ်ာခ်ာ ၾကပ္မတ္ဖို႔ လိုအပ္ေနၿပီး ဒီေန႔ပြဲ ရလဒ္ေၾကာင့္ လီဗာပူးလ္တုိ႔ကေတာ့ ၇ ပြဲအက်န္မွာ ၂၃ မွတ္ ကြာဟခ်က္နဲ႔ ႏွစ္ ၃၀ ၾကာ အိပ္မက္ကို ရရွိခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကို အနိုင်ရယူပြီး လီဗာပူးလ်ကို အလွယ်တကူ လက်လွှဲမပေးဘဲ ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေတဲ့ မန်ချက်စတာစီးတီး ကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီနေ့မှာ ရှုံးပွဲနဲ့အတူ လွှဲပြောင်းပေးအပ်လိုက်ရပြီဖြစ်ပြီး ဒီရှုံးပွဲအတွက်တော့ ဂွါဒီယိုလာရဲ့ လွဲမှားတဲ့ ယုံကြည်မှုက အဓိကကျခဲ့ပါတယ်။

အရန်တွေကို အများစု အသုံးပြုမယ်လို့ ဆိုခဲ့ပေမယ့် စတာလင်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့တဲ့ မန်စီးတီးတိုက်စစ်ဟာ အရင်ပွဲတွေလောက်တော့ ချောမွေ့မှု မရှိဘဲ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေတဲ့ ပုံစံဟာ လူငယ်ကစားသမား ဖိုဒန်လောက်မှ အသင်းဖော်တွေနဲ့ အချိတ်မဆက်မမိသလို ခံစစ်သမားတွေရဲ့ ပွဲပန်းမှုကလည်း သိသာနေခဲ့ပါတယ်။

ချဲလ်ဆီးတို့ကတော့ မန်စီးတီးကို အလဲထိုးပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၃ မှတ်ရယူနိုင်ဖို့ ဝါရင့်တိုက်စစ်မှူး ဂျီရူးနဲ့ တစ်ဖက်ခံစစ်တွေကို ဖြိုခွဲစေခဲ့ပြီး ပူလီဆစ်ချ်နဲ့ ဝီလီယန်တို့က ဘယ်ညာတောင်ပံတွေမှာ ကစားရင်း သမားရိုးကျဖြစ်ပေမယ့် ထက်မြက်တဲ့ တောင်ပံကစားကို ပြသနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေမှာ တော်တော်လေး ထိရောက်ခဲ့တာကို တွေ့ရပါတယ်။

ကွင်းလယ်ကို လုပ်အားနှုန်းနဲ့ လိုက်လံပိတ်ဆို့ဖို့ ကွန်တေနဲ့ ဘာကလီကို တွဲပေးတဲ့ ဗျူဟာ အလုပ်ဖြစ်ခဲ့ပြီး မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် ဂိုးမရခဲ့ချိန်မှာ ပွဲချိန် ၃၅ မိနစ်မှာတော့ အမှားကျူးလွန်ခဲ့တဲ့ နောက်ခံလူ မန်ဒီနဲ့ ဂွန်ဒိုးဝမ် နားလည်မှုလွဲတာကနေ ဘောလုံးရသွားတဲ့ ပူလီဆစ်ချ်က ချဲလ်ဆီးအတွက် တစ်ကိုယ်တော်အစွမ်းနဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

မန်စီးတီးတို့ ချေပဂိုးရရှိဖို့ ဖိကစားခဲ့ပေမယ့် မာရက်ဇ်၊ စတာလင်တို့ရဲ့ ထိုးဖောက်မှုတွေက ဂိုးမဖြစ်ခဲ့ဘဲ ပထမပိုင်းပြီးဆုံးသွားခဲ့သလို ဒုတိယပိုင်းကျမှ ချေပဂိုး ပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ ချဲလ်ဆီးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဒီဘရိုင်းနားက တိုက်ရိုက်ကန်သွင်းပြီး ပွဲချိန် ၅၅ မိနစ်မှာ ရယူသွားနိုင်ခဲ့တာပါ။

ဒီဂိုးရပြီးမှာတော့ အနိုင်လိုချင်တဲ့ မန်စီးတီးတို့ မန်ဒီနေရာမှာ ဇင်ချန်ကိုကို ပြောင်းလဲထည့်သွင်းခဲ့တာက ဒီနေ့ပွဲရဲ့ ပထမအမှားဖြစ်ခဲ့သလို နောက်ခံလူ လာပေါ့တ်ကိုပါ အော့တာမန်ဒီနဲ့ လဲလိုက်တာကတော့ ဒုတိယအမှားဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာ တန်ပြန်တိုက်စစ်ကနေ စတာလင် အခွင့်အရေးရပေမယ့် တစ်ကိုယ်ကောင်းဆန်ခဲ့လို့ ဂိုးမရခဲ့ဘဲ တိုင်နဲ့သာ မိတ်ဆက်ခဲ့ရပါတယ်။


အော့တာမန်ဒီနဲ့ ဖာနန်ဒင်ညိုတို့အတွဲကို ခံစစ်မှာထားပြီး ဘယ်ခြမ်းက တိုက်စစ်ကို အလွန်အကျွံလိုက်ပါနေချိန်မှာတော့ အေဘရာဟမ်နဲ့ လျင်မြန်တဲ့ ချဲလ်ဆီးတောင်ပံကစားသမားတွေကို ထိန်းမယ့်သူ မရှိတော့ဘဲ မကြာခဏ ပေါက်ထွက်နေခဲ့သလို လေးလံနေတဲ့ ဖာနန်ဒင်ညိုရဲ့ အမှားကနေ ပူလီဆစ်ချ် ဂိုးသွင်းဖို့ ကြိုးစားတာကိုလည်း ဝေါ်လ်ကာက ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့ရပြန်ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဒီဘရိုင်းနား လူပေးမှားတာကနေ ချဲလ်ဆီးရဲ့ ဝီလီယန်က ညာတောင်ပံတောက်လျှောက် တစ်ကွင်းလုံး ဆွဲပြေးခဲ့ပြီး ချိုးပေးတာကို အော်တာမန်ဒီရဲ့ အားမပါတဲ့ ရှင်းထုတ်မှုကို ဝီလီယန်ပဲ ထပ်ချိုးပေးတာကနေ အေဘရာဟမ် ပိတ်သွင်းဖို့ ကြိုးစားရာမှာ ဂိုးသမား ကာကွယ်လို့ ပြန်ထွက်လာတာကို ထပ်ပိတ်ဖို့ အလုပ်မှာ ဖာနန်ဒင်ညို လက်နဲ့ ပုတ်ထုတ်ခဲ့လို့ VAR ပြန်ကြည့်ပြီး ထုတ်ပယ်ခံခဲ့ရတာက လီဗာပူးလ်အသင်းအတွက် ဖြစ်သွားခဲ့ပါတယ်။

ဒီပင်နယ်တီကို ဝါရင့်ဘရာဇီးလ်ကစားသမား ဝီလီယန်က ပွဲချိန် ၇၈ မိနစ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ် အစပြုခဲ့တဲ့ တန်ပြန်တိုက်စစ်မှာ ဇင်ချန်ကိုရဲ့ စိတ်မပါလက်မပါ ပြေးလိုက်ပုံနဲ့ အော့တာမန်ဒီရဲ့ ရှင်းထုတ်မှု မသေသပ်ပုံ၊ ကစားအားကုန်နေလို့ လုပ်မိလုပ်ရာ ပုတ်ထုတ်ခဲ့တဲ့ ဖာနန်ဒင်ညိုရဲ့ပုံတွေကို တွေ့မြင်ခဲ့ရပြီး ဂွါဒီယိုလာရဲ့ ခံစစ်ပိုင်းကို ကိုယ့်ဘာသာကိုယ် ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တစ်ယောက်သာသွားတဲ့ ချဲလ်ဆီးတို့ ထိန်းကစားသွားခဲ့ပြီး တိုက်စစ်သမားတွေ တစ်ကိုယ်ကောင်းဆန်ပြီး အတွဲအဖက်ကို ဂရုမစိုက်လို့သာ ဂိုးထပ်မရဘဲဖြစ်ခဲ့သလို မန်စီးတီးကတော့ ကစားအား ကျဆင်းပြီး စိတ်မပါတဲ့ ကစားသမားတချို့ကြောင့် တိုက်စစ်မဆင်နိုင်တော့ဘဲ ဒီရလဒ်နဲ့ ပြီးဆုံးပြီး ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်စတာကို တစ်မှတ်အကွာအထိ လိုက်လံဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လူစားဝင်လာခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားရဲ့ အနာမခံဘဲ ရှောင်ကစားတဲ့ ပုံစံကတော့ တော်တော်လေး ထူးဆန်းနေခဲ့ပြီး အသင်းရဲ့ ကစားကွက်ကို တာဝန်ယူ ဖော်ထုတ်ရမယ့်အစား ဘောလုံးထိပေးပြီး ပြေးထွက်တဲ့ ကစားပုံက လက်ခံနိုင်စရာမရှိသလို အသင်းကစားပုံက လူစားဝင်ကစားသမား ၄ ဦးနဲ့အတူ ပျက်စီးသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဂွါဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ်ကို ဂရုစိုက်စရာ မလိုတော့ပေမယ့် နောက်နှစ်တွေမှာ ဘာမှန်းမသိသေးတဲ့ ချန်ပီယံလိဂ်ကို ဒီရာသီမှာ အရယူဖို့ စိတ်ကူးမယ်ဆိုရင်တော့ တန်းမဝင်တဲ့ ကစားသမားတွေနဲ့ စိတ်မပါတဲ့ ကစားသမားတွေကို သေသေချာချာ ကြပ်မတ်ဖို့ လိုအပ်နေပြီး ဒီနေ့ပွဲ ရလဒ်ကြောင့် လီဗာပူးလ်တို့ကတော့ ၇ ပွဲအကျန်မှာ ၂၃ မှတ် ကွာဟချက်နဲ့ နှစ် ၃၀ ကြာ အိပ်မက်ကို ရရှိခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.