Premier League

ရှက်ဖီးလ်ဒ်နဲ့ နိုင်ပွဲမှာ မာတစ်ခ်ျကို အထူးချီးကျူးလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဖက်သတ် လွှမ်းမိုးခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့သူတွေထဲက ကွင်းလယ်လူ နီမန်ဂျာ မာတစ်ခ်ျကို အထူးအားဖြင့် ရွေးထုတ်ချီးကျူးလိုက်ကြောင်း သိရပါတယ်။


ရှက်ဖီးလ်ဒ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ဟာ ဟန်ချက်အညီဆုံး ဗျူဟာကို ချမှတ်နိုင်ခဲ့ပြီး တိုက်စစ်မှူးတွေနောက်က လိုက်ကစားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ပေါလ် ပေါ့ဘာက ကွင်းလယ်ဖန်တီးရှင်အဖြစ် ထောက်ပံ့ပေးခဲ့သလို သူတို့ကိုတော့ နောက်ကနေ မာတစ်ခ်ျက ကျားကန်ပေးခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် ဆိုးလ်ရှားက အသင်းနဲ့အတူ စာချုပ်သစ်သက်တမ်းတိုးထားခဲ့တဲ့ မာတစ်ခ်ျရဲ့ အကောင်းဆုံး ပုံစံကို မြင်ရတာ အလွန်ပျော်ရွှင်မိကြောင်းနဲ့ ဒီပုံစံကို ဆက်ထိန်းထားပြီး အသင်းရဲ့ ပွဲထွက်ကစားသမား အမြဲတမ်းဖြစ်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မနေ့က ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မာတစ်ခ်ျတို့အတွဲကို အားရကျေနပ်နေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဖက်သတ် လွှမ်းမိုးခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့သူတွေထဲက ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်ကို အထူးအားဖြင့် ရွေးထုတ်ချီးကျူးလိုက်ကြောင်း သိရပါတယ်။

ဆိုးလ်ရှားက အသက် ၃၁ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင် ကွင်းလယ်အဖျက်ကစားသမားအနေနဲ့ ကောင်းမွန်တဲ့ ရာသီကြိုခြေစွမ်းကိုလည်း ပိုင်ဆိုင်ထားခဲ့တယ်လို့ ပရီးမီးယားလိဂ် Restart မတိုင်ခင် ခြေစမ်းပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းကို ချီးကျူးလိုက်ပြီး အသင်းကို ကူညီနိုင်ခဲ့တဲ့ ပုံစံကို သဘောကျနေပါတယ်။

ရှက်ဖီးလ်ဒ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ဟာ ဟန်ချက်အညီဆုံး ဗျူဟာကို ချမှတ်နိုင်ခဲ့ပြီး တိုက်စစ်မှူးတွေနောက်က လိုက်ကစားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ပေါလ် ပေါ့ဘာက ကွင်းလယ်ဖန်တီးရှင်အဖြစ် ထောက်ပံ့ပေးခဲ့သလို သူတို့ကိုတော့ နောက်ကနေ မာတစ်ချ်က ကျားကန်ပေးခဲ့တာဖြစ်ပါတယ်။

“နီမန်ဂျာက သူ့ရဲ့ အကောင်းဆုံးကစားပုံတွေထဲက တစ်ခုကို ထပ်ပြလိုက်တာပဲဗျ။ ရာသီကြို(ကိုဗစ်ကာလအတွင်း)မှာလည်း အကောင်းဆုံး လေ့ကျင့်ခဲ့သလို ဒီနေ့ပွဲမှာ ကွင်းလယ်ကို သူစီမံခန့်ခွဲခဲ့ပုံနဲ့ သူ့ရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့အတွက် အသက်သွေးကြောလို အရေးပါခဲ့ပါတယ်”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက အသင်းနဲ့အတူ စာချုပ်သစ်သက်တမ်းတိုးထားခဲ့တဲ့ မာတစ်ချ်ရဲ့ အကောင်းဆုံး ပုံစံကို မြင်ရတာ အလွန်ပျော်ရွှင်မိကြောင်းနဲ့ ဒီပုံစံကို ဆက်ထိန်းထားပြီး အသင်းရဲ့ ပွဲထွက်ကစားသမား အမြဲတမ်းဖြစ်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း မနေ့က ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မာတစ်ချ်တို့အတွဲကို အားရကျေနပ်နေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.