Premier League

ေဆာက္သမ္တန္ကြင္းမွာ သြားေရာက္ကစားရမယ့္ အာဆင္နယ္အတြက္ ပြဲႀကဳိခန္႔မွန္းမွဳမ်ား

ေဆာက္သမ္တန္အသင္းရဲ႕ အိမ္ကြင္း စိန္႔ေမရီမွာ သြားေရာက္ရင္ဆုိင္ကစားရမယ့္ အာဆင္နယ္တို႔အတြက္ ကၽြမ္းက်င္သူေတြရဲ႕ ခန္႔မွန္းခ်က္ေတြကို စုစည္းေဖာ္ျပလုိက္ၿပီး မာ့ခ္ ေလာ္ရန္ဆန္(ေလာ္႐ုိ)၊ ရက္ပါ အိတ္ခ်္၊ တုိက္စစ္မွဴးေဟာင္းေတြ ျဖစ္ၾကတဲ့ ဒီမီတာ ဘာဘာေတာ့ဗ္နဲ႔ မုိက္ကယ္ အုိဝင္တုိ႔ရဲ႕ ခန္႔မွန္းခ်က္ေတြ ပါဝင္ေနပါတယ္။

ဘီဘီစီရဲ႕ ဒီတစ္ပတ္ခန္႔မွန္းခ်က္ေတြမွာေတာ့ ပုံမွန္ခန္႔မွန္းေနက် ေလာ္႐ိုအျပင္ ေဘာလုံးဝါသနာရွင္ ရက္ပါ အိတ္ခ်္ပါ ပါဝင္လာခဲ့ၿပီး ၿပီးခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ရွက္ဖီးလ္ဒ္တုိ႔ပြဲကို မွန္ေအာင္ ခန္႔မွန္းခဲ့တဲ့ ရက္ပါကေတာ့ ဒီေန႔ပြဲမွာ ပုံစံေကာင္းရေနတဲ့ ေဆာက္သမ္တန္ပဲ ႏိုင္သြားလိမ့္ဦးမယ္လုိ႔ ဆုိခဲ့သလို ဒီတစ္ပတ္ပြဲေတြ ေတာ္ေတာ္မ်ားမ်ား မွန္ထားတဲ့ ေလာ္႐ိုက ပြဲရလဒ္ကို ၂-၁ ခန္႔မွန္းခ်ိန္မွာ သူကေတာ့ ၂-၀ လို႔ ဆုိခဲ့တာလည္းျဖစ္ပါတယ္။

မိုက္ကယ္ အုိဝင္ကေတာ့ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ခက္ခဲၿပီး ႀကီးမားတဲ့ စိန္ေခၚမွဳကို ရင္ဆုိင္ေနရတာျဖစ္သလို အသင္းအေနနဲ႔ အရင္လိုပုံစံမ်ဳိးနဲ႔ေတာ့ မျဖစ္ႏုိင္ဘဲ အမွားအယြင္းနည္းၿပီး တည္ၿငိမ္ဖို႔ လိုအပ္ေနေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ေဆာက္သမ္တန္ဟာ အိမ္ကြင္းရလဒ္ သိပ္မေကာင္းတဲ့အသင္းျဖစ္လို႔ အမွတ္လိုေနတဲ့ အာဆင္နယ္တုိ႔ ႐ုန္းအားနဲ႔ အသာရႏိုင္မယ္လို႔ အုိဝင္က ေမွ်ာ္လင့္ေနၿပီး စိန္႔ေမရီမွာ ႏုိင္ပြဲအတြက္ ႀကဳိးစားႏုိင္ဖို႔နဲ႔ ဂိုးမ်ားဖို႔လည္း ေထာက္ခံလိုက္ပါတယ္။

Bet Fair ရဲ႕ သံတမန္ ဘာဘာေတာ့ဗ္ကေတာ့ အာဆင္နယ္တုိ႔အေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြက သူတုိ႔ရဲ႕ အမွားေတြကို သင္ခန္းစာ ယူႏုိင္ၿပီလားလုိ႔ ေမးခြန္းထုတ္လိုက္ၿပီး ဒီကေန သင္ယူႏိုင္ခဲ့ရင္ သူတုိ႔ေတြ အေျခအေနေကာင္းမွာျဖစ္သလို မဟုတ္ရင္ေတာ့ သုံးပြဲဆက္ရွဳံးသြားႏုိင္တယ္လို႔လည္း ေျပာလုိက္ပါေသးတယ္။ ဒါေပမယ့္ သူက အာဆင္နယ္တုိ႔ကို ဒီလိုမ်ဳိးအျဖစ္ေတာ့ မျမင္ခ်င္ဘူးလို႔ ဆုိလိုက္ၿပီး ခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္ႏုိင္ေပမယ့္ ဧည့္သည္ေတြ ၂-၁ နဲ႔ အႏိုင္ရဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆုိပါတယ္။

အာဆင္နယ္အသင္းရဲ႕ ခံစစ္ပုိင္းမွာေတာ့ အင္အားေလ်ာ့နည္းေနၿပီး ေဒးဗစ္ လူးဝစ္ဇ္အေနနဲ႔ ဒီပြဲကို လက္က်န္ တစ္ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ဦးမွာျဖစ္သလို ဂိုးသမားေနရာမွာလည္း အားနည္းၿပီး ဆုံးျဖတ္ခ်က္ မွားယြင္းတတ္တဲ့ မာတီနက္ဇ္ကိုပဲ သုံးစြဲရမွာျဖစ္လုိ႔ ဒီပြဲဟာ အိမ္ရွင္တုိ႔ရဲ႕ ဒန္နီ အင္းစ္ကို ဧည့္သည္တုိ႔ရဲ႕ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက အေက်ာခံလုိ႔ မရတဲ့ပြဲလည္းျဖစ္ႏုိင္ၿပီး ေနာက္ပုိင္းႏွစ္ေတြမွာ အသာစီးရေလ့ရွိတဲ့ ေဆာက္သမ္တန္ပဲႏုိင္ရင္လည္း ဆန္းေတာ့ မဆန္းဘူးလို႔ သုံးသပ္ရပါတယ္။

REF: BBC & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်း စိန့်မေရီမှာ သွားရောက်ရင်ဆိုင်ကစားရမယ့် အာဆင်နယ်တို့အတွက် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေကို စုစည်းဖော်ပြလိုက်ပြီး မာ့ခ် လော်ရန်ဆန်(လော်ရို)၊ ရက်ပါ အိတ်ချ်၊ တိုက်စစ်မှူးဟောင်းတွေ ဖြစ်ကြတဲ့ ဒီမီတာ ဘာဘာတော့ဗ်နဲ့ မိုက်ကယ် အိုဝင်တို့ရဲ့ ခန့်မှန်းချက်တွေ ပါဝင်နေပါတယ်။

ဘီဘီစီရဲ့ ဒီတစ်ပတ်ခန့်မှန်းချက်တွေမှာတော့ ပုံမှန်ခန့်မှန်းနေကျ လော်ရိုအပြင် ဘောလုံးဝါသနာရှင် ရက်ပါ အိတ်ချ်ပါ ပါဝင်လာခဲ့ပြီး ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ရှက်ဖီးလ်ဒ်တို့ပွဲကို မှန်အောင် ခန့်မှန်းခဲ့တဲ့ ရက်ပါကတော့ ဒီနေ့ပွဲမှာ ပုံစံကောင်းရနေတဲ့ ဆောက်သမ်တန်ပဲ နိုင်သွားလိမ့်ဦးမယ်လို့ ဆိုခဲ့သလို ဒီတစ်ပတ်ပွဲတွေ တော်တော်များများ မှန်ထားတဲ့ လော်ရိုက ပွဲရလဒ်ကို ၂-၁ ခန့်မှန်းချိန်မှာ သူကတော့ ၂-၀ လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

မိုက်ကယ် အိုဝင်ကတော့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ခက်ခဲပြီး ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတာဖြစ်သလို အသင်းအနေနဲ့ အရင်လိုပုံစံမျိုးနဲ့တော့ မဖြစ်နိုင်ဘဲ အမှားအယွင်းနည်းပြီး တည်ငြိမ်ဖို့ လိုအပ်နေကြောင်း ပြောကြားလိုက်ပါတယ်။ ဆောက်သမ်တန်ဟာ အိမ်ကွင်းရလဒ် သိပ်မကောင်းတဲ့အသင်းဖြစ်လို့ အမှတ်လိုနေတဲ့ အာဆင်နယ်တို့ ရုန်းအားနဲ့ အသာရနိုင်မယ်လို့ အိုဝင်က မျှော်လင့်နေပြီး စိန့်မေရီမှာ နိုင်ပွဲအတွက် ကြိုးစားနိုင်ဖို့နဲ့ ဂိုးများဖို့လည်း ထောက်ခံလိုက်ပါတယ်။

Bet Fair ရဲ့ သံတမန် ဘာဘာတော့ဗ်ကတော့ အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက သူတို့ရဲ့ အမှားတွေကို သင်ခန်းစာ ယူနိုင်ပြီလားလို့ မေးခွန်းထုတ်လိုက်ပြီး ဒီကနေ သင်ယူနိုင်ခဲ့ရင် သူတို့တွေ အခြေအနေကောင်းမှာဖြစ်သလို မဟုတ်ရင်တော့ သုံးပွဲဆက်ရှုံးသွားနိုင်တယ်လို့လည်း ပြောလိုက်ပါသေးတယ်။ ဒါပေမယ့် သူက အာဆင်နယ်တို့ကို ဒီလိုမျိုးအဖြစ်တော့ မမြင်ချင်ဘူးလို့ ဆိုလိုက်ပြီး ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်နိုင်ပေမယ့် ဧည့်သည်တွေ ၂-၁ နဲ့ အနိုင်ရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာတော့ အင်အားလျော့နည်းနေပြီး ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ ဒီပွဲကို လက်ကျန် တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဦးမှာဖြစ်သလို ဂိုးသမားနေရာမှာလည်း အားနည်းပြီး ဆုံးဖြတ်ချက် မှားယွင်းတတ်တဲ့ မာတီနက်ဇ်ကိုပဲ သုံးစွဲရမှာဖြစ်လို့ ဒီပွဲဟာ အိမ်ရှင်တို့ရဲ့ ဒန်နီ အင်းစ်ကို ဧည့်သည်တို့ရဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းက အကျောခံလို့ မရတဲ့ပွဲလည်းဖြစ်နိုင်ပြီး နောက်ပိုင်းနှစ်တွေမှာ အသာစီးရလေ့ရှိတဲ့ ဆောက်သမ်တန်ပဲနိုင်ရင်လည်း ဆန်းတော့ မဆန်းဘူးလို့ သုံးသပ်ရပါတယ်။

REF: BBC & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.