Premier League

ဒေဟးယားေနရာကို ေပးမွ စာခ်ဳပ္သစ္ခ်ဳပ္မယ္လို႔ ေတာင္းဆိုလိုက္တဲ့ ဟန္ဒါဆန္

ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားရင္း လက္စြမ္းျပေနခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္က မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ဆိုရင္ သူ႕ကို နံပါတ္ ၁ ေနရာေပးၿပီး ေဒးဗစ္ ဒေဟးယားရဲ႕ ေနရာမွာ ကစားခြင့္ရွိမွာသာ ျဖစ္ႏိုင္လိမ့္မယ္လုိ႔ ေျပာၾကားထားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားဟာ ၂၀၁၉ ခုႏွစ္အထိ အဂၤလန္ယူ-၂၁ အသင္းရဲ႕ အဓိက ဂိုးသမားျဖစ္ခဲ့သူျဖစ္ၿပီး အသင္းႀကီးအတြက္ေတာ့ ေရွ႕က စီနီယာေတြျဖစ္ၾကတဲ့ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္နဲ႔ နစ္ခ္ ပုပ္တို႔ရဲ႕ေနာက္မွာ တတိယဦးစားေပးအျဖစ္ ကိုဆုိဗိုနဲ႔ပြဲမွာ အေရြးခ်ယ္ခံခဲ့ရၿပီး ပြဲထြက္ခြင့္ေတာ့ မရရွိေသးတာလည္းျဖစ္ပါတယ္။

ဘရမ္းေမာလ္လိန္းမွာ ဒုတိယေျမာက္ႏွစ္အျဖစ္ ကစားေနခဲ့တဲ့ ဟန္ဒါဆန္ရဲ႕ ဒီလကုန္မွာ ကုန္ဆုံးမယ့္စာခ်ဳပ္ကို ယူႏုိက္တက္ဘက္က ကာလတို သက္တမ္းတုိးခြင့္ ေပးထားခဲ့ၿပီး ရာသီကုန္ခ်ိန္မွာေတာ့ အသင္းမွာ ျပန္လည္ေနရာေပးဖို႔ နီးစပ္ေနသလို နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ အနာဂတ္ဂိုးသမားလို႔ အားလုံးက တစ္ညီတစ္ညြတ္တည္း သတ္မွတ္ထားခဲ့ၾကပါတယ္။

မန္ခ်က္စတာညေနခင္းသတင္းရဲ႕ အဆုိအရေတာ့ ဟန္ဒါဆန္အေနနဲ႔ အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမွဳကို အေၾကာင္းျပန္ထားခဲ့ၿပီး သူ႕ကို ဦးစားေပးဂိုးသမားေနရာကို ေပးမွ သက္တမ္းတုိးႏုိင္မယ္လို႔ ဆုိထားခဲ့တယ္လို႔ သိရၿပီး အမွားေတြ မၾကာခဏ က်ဴးလြန္ေနတဲ့ အသက္ ၂၉ ႏွစ္အရြယ္ ဒေဟးယားေၾကာင့္ အုိးလ္ထရက္ဖို႔ဒ္အသင္းဘက္ သေဘာတူဖြယ္လည္း ရွိႏုိင္ပါတယ္။

ယူႏုိက္တက္နဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းနဲ႔ တစ္ႏွစ္သက္တမ္းတိုးခြင့္ ရွိေနတဲ့ ဟန္ဒါဆန္ရဲ႕ လက္စြမ္းကိုေတာ့ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားက သေဘာက်ေနၾကၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြက နံပါတ္တစ္ဂိုးသမားေနရာေပးဖို႔ အဆင္သင့္ရွိေနၾကၿပီး တာဝန္ရွိသူေတြအေနနဲ႔ေတာ့ သူနဲ႔ ဒေဟးယားကို စဥ္းစားရင္ အဂၤလန္သား ငယ္ေမြးၿခံေပါက္ဘက္က ပိုမိုအေလးသာဖြယ္ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ အငှားနဲ့ သွားရောက်ကစားရင်း လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ဆိုရင် သူ့ကို နံပါတ် ၁ နေရာပေးပြီး ဒေးဗစ် ဒဟေးယားရဲ့ နေရာမှာ ကစားခွင့်ရှိမှာသာ ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားထားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ၂၀၁၉ ခုနှစ်အထိ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ အဓိက ဂိုးသမားဖြစ်ခဲ့သူဖြစ်ပြီး အသင်းကြီးအတွက်တော့ ရှေ့က စီနီယာတွေဖြစ်ကြတဲ့ အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ နစ်ခ် ပုပ်တို့ရဲ့နောက်မှာ တတိယဦးစားပေးအဖြစ် ကိုဆိုဗိုနဲ့ပွဲမှာ အရွေးချယ်ခံခဲ့ရပြီး ပွဲထွက်ခွင့်တော့ မရရှိသေးတာလည်းဖြစ်ပါတယ်။

ဘရမ်းမောလ်လိန်းမှာ ဒုတိယမြောက်နှစ်အဖြစ် ကစားနေခဲ့တဲ့ ဟန်ဒါဆန်ရဲ့ ဒီလကုန်မှာ ကုန်ဆုံးမယ့်စာချုပ်ကို ယူနိုက်တက်ဘက်က ကာလတို သက်တမ်းတိုးခွင့် ပေးထားခဲ့ပြီး ရာသီကုန်ချိန်မှာတော့ အသင်းမှာ ပြန်လည်နေရာပေးဖို့ နီးစပ်နေသလို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အနာဂတ်ဂိုးသမားလို့ အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားခဲ့ကြပါတယ်။

မန်ချက်စတာညနေခင်းသတင်းရဲ့ အဆိုအရတော့ ဟန်ဒါဆန်အနေနဲ့ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို အကြောင်းပြန်ထားခဲ့ပြီး သူ့ကို ဦးစားပေးဂိုးသမားနေရာကို ပေးမှ သက်တမ်းတိုးနိုင်မယ်လို့ ဆိုထားခဲ့တယ်လို့ သိရပြီး အမှားတွေ မကြာခဏ ကျူးလွန်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဒဟေးယားကြောင့် အိုးလ်ထရက်ဖို့ဒ်အသင်းဘက် သဘောတူဖွယ်လည်း ရှိနိုင်ပါတယ်။

ယူနိုက်တက်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းနဲ့ တစ်နှစ်သက်တမ်းတိုးခွင့် ရှိနေတဲ့ ဟန်ဒါဆန်ရဲ့ လက်စွမ်းကိုတော့ အသင်းကြီးတော်တော်များများက သဘောကျနေကြပြီး တော့တင်ဟမ်ဟော့စပါးစ်နဲ့ ချဲလ်ဆီးအသင်းတွေက နံပါတ်တစ်ဂိုးသမားနေရာပေးဖို့ အဆင်သင့်ရှိနေကြပြီး တာဝန်ရှိသူတွေအနေနဲ့တော့ သူနဲ့ ဒဟေးယားကို စဉ်းစားရင် အင်္ဂလန်သား ငယ်မွေးခြံပေါက်ဘက်က ပိုမိုအလေးသာဖွယ် ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.