Match Report Premier League

ျပတ္သားတဲ့အႏိုင္နဲ႔ လီဗာပူးလ္ရဲ႕ ဖလားကိုင္ေျမႇာက္ခြင့္ကို ေရႊ႕ဆုိင္းထားဆဲ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းဟာ အိမ္ကြင္းအစ္တီဟတ္မွာ ဇယားအလယ္က ဘန္ေလအသင္းကို ငါးဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္ေျချပတ္ အႏုိင္ကစားၿပီး အဆင့္တစ္ေနရာက လီဗာပူးလ္အသင္းကို အမွတ္ ၂၀ အကြာနဲ႔ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္မယ့္ ေန႔ရက္ကို ေနာက္ထပ္ႏွစ္ပြဲ ထပ္ၿပီး ေရႊ႕ဆိုင္းႏုိင္ခဲ့ပါတယ္။

အာဆင္နယ္နဲ႔ပြဲက လူစာရင္းကို ၈ ေယာက္တိတိ အေျပာင္းအလဲလုပ္ထားခဲ့တဲ့ ဂြါဒီယိုလာအေနနဲ႔ သူ႕ရဲ႕ လူစာရင္းဟာ အရည္အေသြး ဘယ္ေလာက္အထိ ျမင့္မားသလဲဆုိတာကို ၾကြားလုံးထုတ္ႏုိင္ခဲ့တဲ့ပြဲျဖစ္ၿပီး ပထမပုိင္းမွာကတည္းက သုံးဂုိးသြင္းၿပီး ဦးေဆာင္ႏုိင္ခဲ့ေအာင္ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမား မာရက္ဇ္က ေျခစြမ္းျပခဲ့တာလည္းျဖစ္ပါတယ္။

အသင္းအတြက္ အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၂၂ မိနစ္မွာ ေထာင့္ကန္ေဘာကေန အနီးေပးၿပီး ဘာနာဒို ေဆးလ္ဗား ခ်ေပးခဲ့တာကို ဂိုးဧရိယာထိပ္မွာ လူကပ္မခံရဘဲ လြတ္ေနတဲ့ လူငယ္ကစားသမား ဖိုဒန္က အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ အသင္းႀကီးေတြ ပစ္မွတ္ထားေနတဲ့ ဘန္ေလဂိုးသမား နစ္ခ္ ပုပ္ မကာကြယ္ႏုိင္ခဲ့ဘဲ ရရွိသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ဘန္ေလတုိ႔ရဲ႕ အရည္အေသြးကြာျခားမွဳကလည္း သိသာခဲ့ၿပီး ဒီေန႔ပြဲမွာ ေဘာလုံးပုိင္ဆုိင္မွဳကို အိမ္ရွင္တုိ႔ ၆၆ ရာခိုင္ႏွဳန္းအထိ ရယူသြားခဲ့ၿပီး ပြဲကို စိုးမိုးခဲ့သလို ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ခံစစ္ဗဟိုကေန ဖာနန္ဒင္ညဳိရဲ႕ အေဝးေဘာေပးပုိ႔မွဳကို ညာေတာင္ပံက မာရက္ဇ္က ဘန္ေလ ေနာက္ခံလူေတြကို လိမ္ေခါက္ၿပီး ဒုတိယဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ မန္စီးတီးတုိ႔ တုိက္စစ္ဆင္လာရာကေန ဖိုဒန္ခ်ဳိးေပးတဲ့ ေဘာလုံးကို အေဂြ႐ိုနဲ႔ ဘန္ေလအသင္းေခါင္းေဆာင္ မန္စီးတီး ကစားသမားေဟာင္း ဘန္မီးတုိ႔ ေဘာလုံးယွဥ္လုခဲ့ရာမွာ အေဂြ႐ိုရဲ႕ ေျခေထာက္ကို ခ်ိတ္မိၿပီး လဲက်သြားတာကို ဒိုင္လူႀကီး အန္ဒရီ မာရီနာက ပင္နယ္တီအျဖစ္ VAR ျပန္ၾကည့္ၿပီး သတ္မွတ္ေပးခဲ့တာကို မာရက္ဇ္ကပဲ ယုံၾကည္မွဳရွိရွိနဲ႔ ကန္သြင္းၿပီး ပထမပုိင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အေဂြ႐ိုအစားဝင္လာတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ရဲ႕ ျမင့္မားတဲ့ လုပ္အားႏွဳန္းနဲ႔ ေရြ႕လ်ားပုံေၾကာင့္ ဘန္ေလတို႔ ခံစစ္မွာပဲ အခ်ိန္ကုန္ေနခဲ့ရၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက အနီးေပးၿပီး ေမွ်ာထိုးေပးလုိက္တဲ့ ေဘာလုံးကို ဘာနာဒို ေဆးလ္ဗားက ခ်ဳိးေပးရာမွာ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားက ပိတ္သြင္းၿပီး ပြဲေၾကျငာသူေတြက Double Silva လို႔ ဆိုခဲ့တဲ့ စတုတၳဂိုးကို ရယူသြားခဲ့ပါတယ္။

ေတာင္ပံကစားသမား မာရက္ဇ္ကိုေတာ့ နည္းျပ ဂြါဒီယိုလာက ဟက္ထရစ္ရႏုိင္မယ့္ အခြင့္အေရးမ်ဳိး မေပးခဲ့ဘဲ ဆက္တုိက္ကစားရမယ့္ ပရီးမီးယားလိဂ္ခရီးၾကမ္းမွာ အနားရဖို႔အတြက္ ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဒီဘ႐ိုင္းနားနဲ႔ လူစားလဲခဲ့ၿပီး ေနာက္ခံလူအျဖစ္ ကစားေနတဲ့ ဖာနန္ဒင္ညဳိကိုလည္း လာေပါ့တ္နဲ႔ လဲကစားခဲ့ပါတယ္။

လူစားလဲမွဳအၿပီး မၾကာခင္မွာပဲ ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ညာေတာင္ပံက ဘာနာဒို ေဆးလ္ဗားရဲ႕ အနိမ့္ေဘာခ်ဳိးေပးတာကို ေဂ်ဆူးစ္က ထပ္ၿပီး ဘယ္ျခမ္းက လိုက္တက္လာတဲ့ ဖိုဒန္ဆီ ခ်ေပးရာမွာ အသက္ ၂၀ အရြယ္ အဂၤလန္ကြင္းလယ္လူက အခ်ိန္မဆိုင္းဘဲ ကန္သြင္းယူခဲ့ရာမွာ နစ္ခ္ ပုပ္ရဲ႕ ေျခေထာက္နဲ႔ ထိ႐ုံထိၿပီးဝင္သြားခဲ့လို႔ ဒီပြဲမွာ သူ႕ရဲ႕ ဒုတိယဂိုးနဲ႔အတူ မန္စီးတီးတုိ႔ ငါးဂိုးျပတ္ အႏုိင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဖိုဒန္အစား ဒူးအရြတ္ဒဏ္ရာေၾကာင့္ ကာလၾကာရွည္အနားယူေနခဲ့ရတဲ့ လီရြဳိင္း ဆာေနး လူစားဝင္ေရာက္ကစားခဲ့တာကို ေတြ႕ခဲ့ရၿပီး သက္ေတာင့္သက္သာအႏုိင္ယူသြားခဲ့တဲ့ ဒီပြဲဟာ လီဗာပူးလ္တို႔လက္ထဲက ဖလားကို ျပန္လည္လုယူႏုိင္ဖို႔ မျဖစ္ႏုိင္ေတာ့ေပမယ့္ သူတုိ႔ေတြရဲ႕ ဖလားကိုင္ေျမႇာက္ႏုိင္မယ့္ေန႔ရက္ကို အနည္းဆုံး ဇူလုိင္လ ၂ ရက္ေန႔အထိ ဆြဲထားႏုိင္ခဲ့သလို အစ္တီဟတ္မွာ ကစားမယ့္ ဒီပြဲစဥ္မွာလည္း ဂြါဒီယိုလာတုိ႔ ဂုဏ္သိကၡာအတြက္ ထပ္ၿပီး အႏုိင္ယူခဲ့ရင္ ေနာက္ထပ္တစ္ပြဲ ထပ္ေစာင့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းဟာ အိမ်ကွင်းအစ်တီဟတ်မှာ ဇယားအလယ်က ဘန်လေအသင်းကို ငါးဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်ခြေပြတ် အနိုင်ကစားပြီး အဆင့်တစ်နေရာက လီဗာပူးလ်အသင်းကို အမှတ် ၂၀ အကွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်မယ့် နေ့ရက်ကို နောက်ထပ်နှစ်ပွဲ ထပ်ပြီး ရွှေ့ဆိုင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲက လူစာရင်းကို ၈ ယောက်တိတိ အပြောင်းအလဲလုပ်ထားခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ လူစာရင်းဟာ အရည်အသွေး ဘယ်လောက်အထိ မြင့်မားသလဲဆိုတာကို ကြွားလုံးထုတ်နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး ပထမပိုင်းမှာကတည်းက သုံးဂိုးသွင်းပြီး ဦးဆောင်နိုင်ခဲ့အောင် အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်က ခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။

အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၂ မိနစ်မှာ ထောင့်ကန်ဘောကနေ အနီးပေးပြီး ဘာနာဒို ဆေးလ်ဗား ချပေးခဲ့တာကို ဂိုးဧရိယာထိပ်မှာ လူကပ်မခံရဘဲ လွတ်နေတဲ့ လူငယ်ကစားသမား ဖိုဒန်က အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ အသင်းကြီးတွေ ပစ်မှတ်ထားနေတဲ့ ဘန်လေဂိုးသမား နစ်ခ် ပုပ် မကာကွယ်နိုင်ခဲ့ဘဲ ရရှိသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဘန်လေတို့ရဲ့ အရည်အသွေးကွာခြားမှုကလည်း သိသာခဲ့ပြီး ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုကို အိမ်ရှင်တို့ ၆၆ ရာခိုင်နှုန်းအထိ ရယူသွားခဲ့ပြီး ပွဲကို စိုးမိုးခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာတော့ ခံစစ်ဗဟိုကနေ ဖာနန်ဒင်ညိုရဲ့ အဝေးဘောပေးပို့မှုကို ညာတောင်ပံက မာရက်ဇ်က ဘန်လေ နောက်ခံလူတွေကို လိမ်ခေါက်ပြီး ဒုတိယဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ မန်စီးတီးတို့ တိုက်စစ်ဆင်လာရာကနေ ဖိုဒန်ချိုးပေးတဲ့ ဘောလုံးကို အဂွေရိုနဲ့ ဘန်လေအသင်းခေါင်းဆောင် မန်စီးတီး ကစားသမားဟောင်း ဘန်မီးတို့ ဘောလုံးယှဉ်လုခဲ့ရာမှာ အဂွေရိုရဲ့ ခြေထောက်ကို ချိတ်မိပြီး လဲကျသွားတာကို ဒိုင်လူကြီး အန်ဒရီ မာရီနာက ပင်နယ်တီအဖြစ် VAR ပြန်ကြည့်ပြီး သတ်မှတ်ပေးခဲ့တာကို မာရက်ဇ်ကပဲ ယုံကြည်မှုရှိရှိနဲ့ ကန်သွင်းပြီး ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အဂွေရိုအစားဝင်လာတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ မြင့်မားတဲ့ လုပ်အားနှုန်းနဲ့ ရွေ့လျားပုံကြောင့် ဘန်လေတို့ ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ထောင့်ကန်ဘောက အနီးပေးပြီး မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ဘာနာဒို ဆေးလ်ဗားက ချိုးပေးရာမှာ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားက ပိတ်သွင်းပြီး ပွဲကြေငြာသူတွေက Double Silva လို့ ဆိုခဲ့တဲ့ စတုတ္ထဂိုးကို ရယူသွားခဲ့ပါတယ်။

တောင်ပံကစားသမား မာရက်ဇ်ကိုတော့ နည်းပြ ဂွါဒီယိုလာက ဟက်ထရစ်ရနိုင်မယ့် အခွင့်အရေးမျိုး မပေးခဲ့ဘဲ ဆက်တိုက်ကစားရမယ့် ပရီးမီးယားလိဂ်ခရီးကြမ်းမှာ အနားရဖို့အတွက် ပွဲချိန် မိနစ် ၆၀ မှာ ဒီဘရိုင်းနားနဲ့ လူစားလဲခဲ့ပြီး နောက်ခံလူအဖြစ် ကစားနေတဲ့ ဖာနန်ဒင်ညိုကိုလည်း လာပေါ့တ်နဲ့ လဲကစားခဲ့ပါတယ်။

လူစားလဲမှုအပြီး မကြာခင်မှာပဲ ပွဲချိန် ၆၂ မိနစ်မှာတော့ ညာတောင်ပံက ဘာနာဒို ဆေးလ်ဗားရဲ့ အနိမ့်ဘောချိုးပေးတာကို ဂျေဆူးစ်က ထပ်ပြီး ဘယ်ခြမ်းက လိုက်တက်လာတဲ့ ဖိုဒန်ဆီ ချပေးရာမှာ အသက် ၂၀ အရွယ် အင်္ဂလန်ကွင်းလယ်လူက အချိန်မဆိုင်းဘဲ ကန်သွင်းယူခဲ့ရာမှာ နစ်ခ် ပုပ်ရဲ့ ခြေထောက်နဲ့ ထိရုံထိပြီးဝင်သွားခဲ့လို့ ဒီပွဲမှာ သူ့ရဲ့ ဒုတိယဂိုးနဲ့အတူ မန်စီးတီးတို့ ငါးဂိုးပြတ် အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဖိုဒန်အစား ဒူးအရွတ်ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေခဲ့ရတဲ့ လီရွိုင်း ဆာနေး လူစားဝင်ရောက်ကစားခဲ့တာကို တွေ့ခဲ့ရပြီး သက်တောင့်သက်သာအနိုင်ယူသွားခဲ့တဲ့ ဒီပွဲဟာ လီဗာပူးလ်တို့လက်ထဲက ဖလားကို ပြန်လည်လုယူနိုင်ဖို့ မဖြစ်နိုင်တော့ပေမယ့် သူတို့တွေရဲ့ ဖလားကိုင်မြှောက်နိုင်မယ့်နေ့ရက်ကို အနည်းဆုံး ဇူလိုင်လ ၂ ရက်နေ့အထိ ဆွဲထားနိုင်ခဲ့သလို အစ်တီဟတ်မှာ ကစားမယ့် ဒီပွဲစဉ်မှာလည်း ဂွါဒီယိုလာတို့ ဂုဏ်သိက္ခာအတွက် ထပ်ပြီး အနိုင်ယူခဲ့ရင် နောက်ထပ်တစ်ပွဲ ထပ်စောင့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.