Premier League

အဲဗာတန္နဲ႔ သေရက်ခဲ့တာကို စိတ္ပ်က္ေနတဲ့ လီဗာပူးလ္ကပၸတိန္ ဟန္ဒါဆန္

လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကေတာ့ အသင္းရဲ႕ မာေဆးဆုိက္ဒါဘီမွာ အဲဗာတန္နဲ႔ သေရက်ခဲ့တဲ့ ေျခစြမ္းကို စိတ္ပ်က္ေနခဲ့ၿပီး အဲ့ဒီေန႔က ကစားသြားခဲ့တဲ့ ေျခစြမ္းထက္ ပုိေကာင္းေအာင္ ကစားႏုိင္ရဲ႕သားနဲ႔ ခုလိုျဖစ္ခဲ့ရတာကို စိတ္ပ်က္မိတယ္လို႔ ေျပာၾကားလုိက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ျပန္လည္စတင္ခ်ိန္မွာ အသင္းႀကီးေတြထဲက မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းေတြသာ အႏုိင္ရရွိခဲ့ၿပီး မန္ခ်က္စတာ ယူႏုိက္တက္၊ စပါးစ္နဲ႔ လီဗာပူးလ္တုိ႔က သေရသာရခဲ့သလို အာဆင္နယ္ကေတာ့ ႏွစ္ပြဲဆက္တုိက္ ရွဳံးနိမ့္ခဲ့တဲ့အထိ အေျခအေနဆုိးရြားခဲ့စဥ္မွာ အသင္းအားလုံးအေနနဲ႔ ေလ့က်င့္ေရး ျပတ္ေတာက္မွဳဒဏ္ကိုေတာ့ ခံခဲ့ရတာကိုလည္း ေတြ႕ျမင္ႏုိင္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ အဓိကကစားသမားႏွစ္ဦးျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ အန္ဒ႐ူး ေရာဘတ္ဆန္တုိ႔ကို ထည့္သြင္းမကစားခဲ့ဘဲ ဂ်ပန္သား တာကူမီ မီနာမီႏိုကို ပဲြထုတ္ခဲ့သလုိ အသင္းရဲ႕ ထက္ျမက္မွဳမရွိတဲ့ တုိက္စစ္ကလည္း အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီရဲ႕ ခပ္ၾကမ္းၾကမ္းဗ်ဴဟာေအာက္ နစ္ျမဳပ္ေနခဲ့တာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ့္အထင္ ကၽြန္ေတာ္တုိ႔အသင္းက ဒီထက္ပုိေကာင္းပါတယ္။ လက္ရွိအေျခအေနနဲ႔ အသားက်ေအာင္ အသင္းကို လုပ္ေဆာင္ေနရၿပီး သုံးမွတ္ရယူဖို႔ စဥ္းစားထားေပမယ့္ မလုပ္ႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ေကာင္းကြက္ေတြ ရွိခဲ့ၿပီး အဓိက အားနည္းခ်က္ကေတာ့ တုိက္စစ္ဆင္မွဳအပုိင္းမွာ အားနည္းခဲ့တာပါ”လို႔ ဟန္ဒါဆန္က အသင္းဝက္ဘ္ဆုိက္ကို ေျပာၾကားသြားခဲ့ပါတယ္။

ဟန္ဒါဆန္တုိ႔ရဲ႕ လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိမွာေတာ့ အိမ္ကြင္းႏိုင္ပြဲတစ္ပြဲရဖို႔ ပဲေလ့စ္နဲ႔ပြဲမွာ ႀကဳိးစားရမွာျဖစ္ၿပီး ဒီပြဲကို အႏုိင္ရရွိခဲ့ရင္ေတာ့ အေဝးကြင္းမွာ ကစားရမယ့္ မန္စီးတီးကို အိမ္ရွင္ခ်ဲလ္ဆီးတုိ႔ ပြဲစဥ္ ၃၁ မွာ ဒုကၡေပးႏုိင္ခဲ့ရင္ ခ်န္ပီယံဆုကို ကိုင္ေျမႇာက္ႏုိင္ဖို႔ အခြင့္အေရးရွိမွာျဖစ္ၿပီး မန္စီးတီးႏုိင္ခဲ့ရင္ေတာ့ ပြဲစဥ္ ၃၂ အထိ ထပ္မံေစာင့္ဆုိင္းသြားရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကတော့ အသင်းရဲ့ မာဆေးဆိုက်ဒါဘီမှာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ခြေစွမ်းကို စိတ်ပျက်နေခဲ့ပြီး အဲ့ဒီနေ့က ကစားသွားခဲ့တဲ့ ခြေစွမ်းထက် ပိုကောင်းအောင် ကစားနိုင်ရဲ့သားနဲ့ ခုလိုဖြစ်ခဲ့ရတာကို စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပြန်လည်စတင်ချိန်မှာ အသင်းကြီးတွေထဲက မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတွေသာ အနိုင်ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်၊ စပါးစ်နဲ့ လီဗာပူးလ်တို့က သရေသာရခဲ့သလို အာဆင်နယ်ကတော့ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့စဉ်မှာ အသင်းအားလုံးအနေနဲ့ လေ့ကျင့်ရေး ပြတ်တောက်မှုဒဏ်ကိုတော့ ခံခဲ့ရတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အဓိကကစားသမားနှစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ အန်ဒရူး ရောဘတ်ဆန်တို့ကို ထည့်သွင်းမကစားခဲ့ဘဲ ဂျပန်သား တာကူမီ မီနာမီနိုကို ပွဲထုတ်ခဲ့သလို အသင်းရဲ့ ထက်မြက်မှုမရှိတဲ့ တိုက်စစ်ကလည်း အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ခပ်ကြမ်းကြမ်းဗျူဟာအောက် နစ်မြုပ်နေခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အထင် ကျွန်တော်တို့အသင်းက ဒီထက်ပိုကောင်းပါတယ်။ လက်ရှိအခြေအနေနဲ့ အသားကျအောင် အသင်းကို လုပ်ဆောင်နေရပြီး သုံးမှတ်ရယူဖို့ စဉ်းစားထားပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကောင်းကွက်တွေ ရှိခဲ့ပြီး အဓိက အားနည်းချက်ကတော့ တိုက်စစ်ဆင်မှုအပိုင်းမှာ အားနည်းခဲ့တာပါ”လို့ ဟန်ဒါဆန်က အသင်းဝက်ဘ်ဆိုက်ကို ပြောကြားသွားခဲ့ပါတယ်။

ဟန်ဒါဆန်တို့ရဲ့ လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိမှာတော့ အိမ်ကွင်းနိုင်ပွဲတစ်ပွဲရဖို့ ပဲလေ့စ်နဲ့ပွဲမှာ ကြိုးစားရမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရရှိခဲ့ရင်တော့ အဝေးကွင်းမှာ ကစားရမယ့် မန်စီးတီးကို အိမ်ရှင်ချဲလ်ဆီးတို့ ပွဲစဉ် ၃၁ မှာ ဒုက္ခပေးနိုင်ခဲ့ရင် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေးရှိမှာဖြစ်ပြီး မန်စီးတီးနိုင်ခဲ့ရင်တော့ ပွဲစဉ် ၃၂ အထိ ထပ်မံစောင့်ဆိုင်းသွားရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.