Bundesliga Premier League Transfer News

အရန္ခုံေပၚထားခံခဲ့ရတဲ့ ဆန္ခ်ဳိေၾကာင့္ ယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔ ျပန္လည္ႀကဳိးစားဖြယ္ရွိေန

ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ရာသီပိတ္ပြဲစဥ္ျဖစ္ခဲ့တဲ့ RB လုိက္ပ္ဇစ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ အရန္ခုံေပၚမွာပဲ ပါဝင္ခြင့္ရခဲ့တဲ့ ေဒါ့မြန္ေတာင္ပံသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ အေျပာင္းအေရႊ႕အသံေတြ ျပန္ထြက္လာခဲ့ၿပီး အားကစားဒါ႐ိုက္တာ မီရွာေအးလ္ ေဇာ့ကေတာ့ ဒါဟာ ႀကံ့ခိုင္မွဳ ေလ်ာ့နည္းေနလို႔ ဆုိၿပီးပဲ ျငင္းဆန္သြားခဲ့ပါတယ္။

ေဒါ့မြန္နဲ႔ အသင္းေျပာင္းေရႊ႕ခ်င္ေနတဲ့ ဆန္ခ်ဳိရဲ႕ ဆႏၵေတြ ထိပ္တုိက္ေတြ႕ေနတာကေတာ့ အနည္းငယ္ သိသာထင္ရွားသလိုျဖစ္ေနၿပီး ဒီပြဲမတုိင္ခင္မွာလည္း ေဇာ့အေနနဲ႔ သူတုိ႔ရဲ႕ အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံကစားသမားရဲ႕ အနာဂတ္ကို စိတ္ပူမိတယ္လုိ႔ေတာ့ ဝန္ခံထားဖူးပါတယ္။

ကိုဗစ္-၁၉ ကာလမတုိင္ခင္ကတည္းက အဂၤလန္အသင္းေတြ၊ အထူးသျဖင့္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ိတ္ဆက္မွဳေတြရွိေနခဲ့တဲ့ ဆန္ခ်ဳိကို ေဒါ့မြန္အေနနဲ႔ ပညာေပးခဲ့တာလားဆုိတာကေတာ့ သူတုိ႔ကိုယ္တုိင္ပဲ သိမွာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါျပန္လည္စတင္ခ်ိန္ေတြမွာ သူ႕အေနနဲ႔ ကစားခ်ိန္မိနစ္ေတြ နည္းပါးေနခဲ့တာလည္းျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါရဲ႕ အေျပာင္းအေရႊ႕အသံထြက္မွဳမွာ အေဟာ့ဆုံးျဖစ္ေနတဲ့ RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာကေတာ့ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ဖို႔ ေနာက္ဆုံးအဆင့္ေတြကို ေဆာင္ရြက္ေတာ့မွာျဖစ္ၿပီး ဒီအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဆန္ခ်ဳိအတြက္ ျပန္လည္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနသလို ခ်ဲလ္ဆီးကလည္း ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

ေပါင္သန္း ၁၀၀ ေက်ာ္က်သင့္မယ္လုိ႔ ဆုိထားတဲ့ ဆန္ခ်ဳိရဲ႕ အေျပာင္းအေရႊ႕အတြက္ေတာ့ မီရွာေအးလ္ ေဇာ့က ျငင္းဆုိသြားခဲ့ၿပီး ဆန္ခ်ဳိအေနနဲ႔ အင္အားမရွိလို႔ မိနစ္ ၉၀ ကစားဖို႔ မျဖစ္ႏုိင္ခဲ့တာလို႔ ကာကြယ္သြားခဲ့သလို သူ႕ရဲ႕ ပရီးမီးယားလိဂ္နဲ႔ သတင္းေတြကိုေတာ့ ဘာမွ မေျပာခ်င္ဘူးလို႔ ရွင္းလင္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်ဖြစ်ခဲ့တဲ့ RB လိုက်ပ်ဇစ်နဲ့ အဝေးကွင်းပွဲစဉ်မှာ အရန်ခုံပေါ်မှာပဲ ပါဝင်ခွင့်ရခဲ့တဲ့ ဒေါ့မွန်တောင်ပံသမား ဂျေဒန် ဆန်ချိုအတွက် အပြောင်းအရွှေ့အသံတွေ ပြန်ထွက်လာခဲ့ပြီး အားကစားဒါရိုက်တာ မီရှာအေးလ် ဇော့ကတော့ ဒါဟာ ကြံ့ခိုင်မှု လျော့နည်းနေလို့ ဆိုပြီးပဲ ငြင်းဆန်သွားခဲ့ပါတယ်။

ဒေါ့မွန်နဲ့ အသင်းပြောင်းရွှေ့ချင်နေတဲ့ ဆန်ချိုရဲ့ ဆန္ဒတွေ ထိပ်တိုက်တွေ့နေတာကတော့ အနည်းငယ် သိသာထင်ရှားသလိုဖြစ်နေပြီး ဒီပွဲမတိုင်ခင်မှာလည်း ဇော့အနေနဲ့ သူတို့ရဲ့ အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားရဲ့ အနာဂတ်ကို စိတ်ပူမိတယ်လို့တော့ ဝန်ခံထားဖူးပါတယ်။

ကိုဗစ်-၁၉ ကာလမတိုင်ခင်ကတည်းက အင်္ဂလန်အသင်းတွေ၊ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေရှိနေခဲ့တဲ့ ဆန်ချိုကို ဒေါ့မွန်အနေနဲ့ ပညာပေးခဲ့တာလားဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိမှာဖြစ်ပြီး ဘွန်ဒက်စ်လီဂါပြန်လည်စတင်ချိန်တွေမှာ သူ့အနေနဲ့ ကစားချိန်မိနစ်တွေ နည်းပါးနေခဲ့တာလည်းဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ အပြောင်းအရွှေ့အသံထွက်မှုမှာ အဟော့ဆုံးဖြစ်နေတဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ နောက်ဆုံးအဆင့်တွေကို ဆောင်ရွက်တော့မှာဖြစ်ပြီး ဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် ပြန်လည်ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို ချဲလ်ဆီးကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

ပေါင်သန်း ၁၀၀ ကျော်ကျသင့်မယ်လို့ ဆိုထားတဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက်တော့ မီရှာအေးလ် ဇော့က ငြင်းဆိုသွားခဲ့ပြီး ဆန်ချိုအနေနဲ့ အင်အားမရှိလို့ မိနစ် ၉၀ ကစားဖို့ မဖြစ်နိုင်ခဲ့တာလို့ ကာကွယ်သွားခဲ့သလို သူ့ရဲ့ ပရီးမီးယားလိဂ်နဲ့ သတင်းတွေကိုတော့ ဘာမှ မပြောချင်ဘူးလို့ ရှင်းလင်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.