Htoo Awa

၂၃.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလဆန္း ၄ ရက္၊ အဂၤါေန႔။

၂၃.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ပထမဝါဆုိလဆန္း ၄ ရက္၊ အဂၤါေန႔၊ ျပႆဒါး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
မြန္းလြဲ ၁၂:၁၈ အထိ တိထီ ၂ လုံး။ ေက်ာ္လွ်င္ ၃ လုံး။ ၃ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ ျပည့္စုံေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၃၁ အထိ ပုဏၰဖုသွ်ဳနကၡတ္။ ေက်ာ္လွ်င္ ဖုသွ်နကၡတ္။ မြန္းတည့္ ၁၂:၀၀ အထိ ဓူဝယုဂ္၊ တည္ၿငိမ္ျခင္း၊ အင္အားရွိျခင္း၊ တစ္သမတ္တည္း ျဖစ္ျခင္း၊ မိမိအား အက်ဳိးေပးလ်က္ရွိေသာ လုပ္ငန္းကို ျမႇင့္တင္ပါ။ သန္ရာသန္ရာ ဖိဖိစီးစီး ေဆာင္ရြက္ပါ။ ေက်ာ္လွ်င္ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
မြန္းလြဲ ၁၂:၁၈ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၃:၄၉ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
မြန္းလြဲ ၁၂:၁၈ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၃.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်၊ အင်္ဂါနေ့၊ ပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
မွန်းလွဲ ၁၂:၁၈ အထိ တိထီ ၂ လုံး။ ကျော်လျှင် ၃ လုံး။ ၃ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင် ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၃၁ အထိ ပုဏ္ဏဖုသျှုနက္ခတ်။ ကျော်လျှင် ဖုသျှနက္ခတ်။ မွန်းတည့် ၁၂:၀၀ အထိ ဓူဝယုဂ်၊ တည်ငြိမ်ခြင်း၊ အင်အားရှိခြင်း၊ တစ်သမတ်တည်း ဖြစ်ခြင်း၊ မိမိအား အကျိုးပေးလျက်ရှိသော လုပ်ငန်းကို မြှင့်တင်ပါ။ သန်ရာသန်ရာ ဖိဖိစီးစီး ဆောင်ရွက်ပါ။ ကျော်လျှင် ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၁၈ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၃:၄၉ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
မွန်းလွဲ ၁၂:၁၈ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)