Premier League

ဗီလာကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် မန်ယူနိုက်တက်နဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်များ

ပရီးမီးယားလိဂ်အသင်းကြီးတွေ စတင်ပါဝင်လာခဲ့ပြီး ၆၄ သင်း တွဲဖက်ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ရေးဆွဲမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့ညက ပြုလုပ်ခဲ့ရာမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းငယ်တွေကို မရရှိခဲ့ဘဲ အက်စတန်ဗီလာအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရဖို့ ဖြစ်လာခဲ့ပြီး နည်းပြသစ်နဲ့ ဖလားသစ်အဖွင့်ခရီးကတော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

လက်ရှိချန်ပီယံ လက်စတာစီးတီးတို့ကတော့ ဝတ်ဖို့ဒ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဒုတိယ ချဲလ်ဆီးတို့ကတော့ အင်္ဂလန်ပြည်တွင်း ပြိုင်ပွဲတွေရဲ့ ၅ ခုမြောက် အမြင့်ဆုံးလိဂ်ဖြစ်တဲ့ နေးရှင်းလိဂ်က ချက်စတာဖီးလ်အသင်းနဲ့ အိမ်ကွင်းကစားရမှာဖြစ်သလို လီဗာပူးလ်အသင်းကတော့ ပထမတန်းက ရှရူးဘာရီတောင်းနဲ့ အန်းဖီးလ်မှာပဲ ကစားရမှာပါ။

မန်ချက်စတာစီးတီးအသင်းကတော့ ဒုတိယတန်းက ဆွင်းဒန်တောင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အာဆင်နယ်တို့ကတော့ လိဂ်ချန်ပီယံရှစ်က နော့တင်ဟမ် ဖောရက်စ်နဲ့ အဝေးကွင်းပဲ ရင်ဆိုင်ရမှာဖြစ်သလို တော့တင်ဟမ်ဟော့စပါးစ်အသင်းကတော့ ဒုတိယတန်းက မိုးကမ့်ဘ်ကို အိမ်ကွင်းမှာ လက်ခံကစားခွင့် ရရှိထားခဲ့ပါတယ်။

အဲဗာတန်ကတော့ လိဂ်ချန်ပီယံရှစ်က ဟားလ်စီးတီးကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပြီး ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အသင်းချင်း တွေ့ဆုံနေခဲ့သလို ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကတော့ တန်းဆင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲက ဘရိုက်တန်ကတော့ တန်းဆင်း ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဆောက်သမ်တန်ကလည်း အဝေးကွင်းမှာ ချန်ပီယံရှစ်က ဆွမ်းဆီးစီးတီးနဲ့ တွေ့ဆုံနေချိန်မှာ ဘန်လေအသင်းကတော့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ဟောင်း ဟတ်ဒါစ်ဖီးလ်ကို လက်ခံကစားရမှာပါ။

ခရစ္စတယ်လ်ပဲလေ့စ်အသင်းကတော့ အဝေးကွင်းမှာ ချန်ပီယံရှစ်က လန်ဒန်ကလပ် မီးလ်ဝေါလ်နဲ့ တွေ့ဆုံနေသလို နယူးကာဆယ်လ်ယူနိုက်တက်တို့ကတော့ အိမ်ကွင်းမှာ ကမ်းဘရစ်ချ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး နော့ဝစ်ချ်ကတော့ ပထမတန်းက ချာလ်တန်အသင်းကို အဝေးကွင်းမှာ ကစားရမယ့်အချိန်မှာ ဘရန့်ဖို့ဒ်ကတော့ ဒုတိယတန်းက ပို့ဗေးလ်အသင်းကို အဝေးကွင်းမှာပဲ ကစားရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလားတတိယအဆင့် ပွဲစဉ်ရေးဆွဲမှု အပြည့်အစုံ

1 ဘိုးဟမ်းဝုဒ်/စိန့်အယ်လ်ဘန်စီးတီး Vs AFC ဝင်ဘယ်လ်ဒန် 2 ယိုဗီးလ်တောင်း Vs AFC ဘုန်းမောက် 3 စတုတ်စီးတီး Vs လေတန်အိုးရီးယင့် 4 ဆွမ်ဆီးစီးတီး Vs ဆောက်သမ်တန် 5 ချဲလ်ဆီး Vs ချက်စတာဖီးလ် 6 လီဗာပူးလ် Vs ရှရူးဘာရီတောင်း 7 ကာဒစ်ဖ်စီးတီး Vs ပရက်စ်တန်နော့သ်အန်းဒ် 8 ကိုဗင်ထရီစီးတီး Vs ဒါဘီကောင်တီ

9 ဘန်လေ Vs ဟတ်ဒါစ်ဖီးလ်တောင်း 10 ဝက်စ်ဘရွန်းဝစ်ချ် အယ်လ်ဘီယန် Vs ဘရိုက်တန်&ဟုပ်ဗ် အယ်လ်ဘီယန် 11 ကစ်ဒါမင်စတာ ဟာရီရာစ် Vs ရက်ဒင်း 12 လက်စတာစီးတီး Vs ဝတ်ဖို့ဒ် 13 မန်းစ်ဖီးလ်ဒ်တောင်း Vs မစ်ဒယ်ဘရော့ 14 ဟာတယ်လ်ပူးလ်ယူနိုက်တက် Vs ဘလက်ပူးလ် 15 ဟားလ်စီးတီး Vs အဲဗာတန် 16 ဘရစ္စတိုလ်စီးတီး Vs ဖူလ်ဟမ်

17 တော့တင်ဟမ်ဟော့စပါး Vs မိုးကမ့်ဘ် 18 မီးလ်ဝေါလ် Vs ခရစ္စတယ်လ်ပဲလေ့စ် 19 ပို့ဗေးလ် Vs ဘရန့်ဖို့ဒ် 20 ဆွင်းဒန်တောင်း Vs မန်ချက်စတာစီးတီး 21 ဝီဂန် အက်သလက်တစ် Vs ဘလက်ဘန်းရိုဗာစ် 22 လူတန်တောင်း Vs ဟာရိုဂိတ်တောင်း 23 ဘာမင်ဂမ်စီးတီး Vs ပလိုင်းမောက်အာဂိုင်းလ် 24 မန်ချက်စတာယူနိုက်တက် Vs အက်စတန်ဗီလာ

25 ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ် Vs ရှက်ဖီးလ်ဒ်ယူနိုက်တက် 26 နယူးကာဆယ်လ်ယူနိုက်တက် Vs ကမ်းဘရစ်ချ်ယူနိုက်တက် 27 ဘန်စ်လီ Vs အစ်ပ်ဆွစ်ချ်တောင်း/ဘားရိုး 28 ပီတာဘားရားယူနိုက်တက် Vs ဘရစ္စတိုလ်ရိုဗာစ် 29 ဝက်စ်ဟမ်းယူနိုက်တက် Vs လိဒ်စ်ယူနိုက်တက် 30 QPR Vs ရိုသာဟမ်ယူနိုက်တက် 31 ချာလ်တန်အက်သလက်တစ် Vs နော့ဝစ်ချ်စီးတီး 32 နော့တင်ဟမ်ဖောရက်စ် Vs အာဆင်နယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္အသင္းႀကီးေတြ စတင္ပါဝင္လာခဲ့ၿပီး ၆၄ သင္း တြဲဖက္ယွဥ္ၿပိဳင္ကစားရမယ့္ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္ေရးဆြဲမႈကို ၿပီးခဲ့တဲ့ တနလၤာေန႔ညက ျပဳလုပ္ခဲ့ရာမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသင္းငယ္ေတြကို မရရွိခဲ့ဘဲ အက္စတန္ဗီလာအသင္းကို အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ လက္ခံကစားရဖို႔ ျဖစ္လာခဲ့ၿပီး နည္းျပသစ္နဲ႔ ဖလားသစ္အဖြင့္ခရီးကေတာ့ စိန္ေခၚမႈတစ္ရပ္ျဖစ္လာခဲ့ပါတယ္။

လက္ရွိခ်န္ပီယံ လက္စတာစီးတီးတို႔ကေတာ့ ဝတ္ဖို႔ဒ္ကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားရဖို႔ ရွိေနၿပီး ဒုတိယ ခ်ဲလ္ဆီးတို႔ကေတာ့ အဂၤလန္ျပည္တြင္း ၿပိဳင္ပြဲေတြရဲ႕ ၅ ခုေျမာက္ အျမင့္ဆုံးလိဂ္ျဖစ္တဲ့ ေနးရွင္းလိဂ္က ခ်က္စတာဖီးလ္အသင္းနဲ႔ အိမ္ကြင္းကစားရမွာျဖစ္သလို လီဗာပူးလ္အသင္းကေတာ့ ပထမတန္းက ရွ႐ူးဘာရီေတာင္းနဲ႔ အန္းဖီးလ္မွာပဲ ကစားရမွာပါ။

မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဒုတိယတန္းက ဆြင္းဒန္ေတာင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ၿပီး အာဆင္နယ္တို႔ကေတာ့ လိဂ္ခ်န္ပီယံရွစ္က ေနာ့တင္ဟမ္ ေဖာရက္စ္နဲ႔ အေဝးကြင္းပဲ ရင္ဆိုင္ရမွာျဖစ္သလို ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေတာ့ ဒုတိယတန္းက မိုးကမ့္ဘ္ကို အိမ္ကြင္းမွာ လက္ခံကစားခြင့္ ရရွိထားခဲ့ပါတယ္။

အဲဗာတန္ကေတာ့ လိဂ္ခ်န္ပီယံရွစ္က ဟားလ္စီးတီးကို အိမ္ကြင္းမွာ လက္ခံကစားရဖို႔ ရွိေနၿပီး ဝက္စ္ဟမ္းယူႏိုက္တက္အသင္းကေတာ့ အိမ္ကြင္းမွာ လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္အသင္းခ်င္း ေတြ႕ဆုံေနခဲ့သလို ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကေတာ့ တန္းဆင္း ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြထဲက ဘ႐ိုက္တန္ကေတာ့ တန္းဆင္း ဝက္စ္ဘ႐ြန္းအသင္းကို အေဝးကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ၿပီး ေဆာက္သမ္တန္ကလည္း အေဝးကြင္းမွာ ခ်န္ပီယံရွစ္က ဆြမ္းဆီးစီးတီးနဲ႔ ေတြ႕ဆုံေနခ်ိန္မွာ ဘန္ေလအသင္းကေတာ့ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ေဟာင္း ဟတ္ဒါစ္ဖီးလ္ကို လက္ခံကစားရမွာပါ။

ခရစၥတယ္လ္ပဲေလ့စ္အသင္းကေတာ့ အေဝးကြင္းမွာ ခ်န္ပီယံရွစ္က လန္ဒန္ကလပ္ မီးလ္ေဝါလ္နဲ႔ ေတြ႕ဆုံေနသလို နယူးကာဆယ္လ္ယူႏိုက္တက္တို႔ကေတာ့ အိမ္ကြင္းမွာ ကမ္းဘရစ္ခ်္ယူႏိုက္တက္နဲ႔ ကစားရမွာျဖစ္ၿပီး ေနာ့ဝစ္ခ်္ကေတာ့ ပထမတန္းက ခ်ာလ္တန္အသင္းကို အေဝးကြင္းမွာ ကစားရမယ့္အခ်ိန္မွာ ဘရန႔္ဖို႔ဒ္ကေတာ့ ဒုတိယတန္းက ပို႔ေဗးလ္အသင္းကို အေဝးကြင္းမွာပဲ ကစားရမွာျဖစ္ပါတယ္။

အက္ဖ္ေအဖလားတတိယအဆင့္ ပြဲစဥ္ေရးဆြဲမႈ အျပည့္အစုံ

1 ဘိုးဟမ္းဝုဒ္/စိန႔္အယ္လ္ဘန္စီးတီး Vs AFC ဝင္ဘယ္လ္ဒန္ 2 ယိုဗီးလ္ေတာင္း Vs AFC ဘုန္းေမာက္ 3 စတုတ္စီးတီး Vs ေလတန္အိုးရီးယင့္ 4 ဆြမ္ဆီးစီးတီး Vs ေဆာက္သမ္တန္ 5 ခ်ဲလ္ဆီး Vs ခ်က္စတာဖီးလ္ 6 လီဗာပူးလ္ Vs ရွ႐ူးဘာရီေတာင္း 7 ကာဒစ္ဖ္စီးတီး Vs ပရက္စ္တန္ေနာ့သ္အန္းဒ္ 8 ကိုဗင္ထရီစီးတီး Vs ဒါဘီေကာင္တီ

9 ဘန္ေလ Vs ဟတ္ဒါစ္ဖီးလ္ေတာင္း 10 ဝက္စ္ဘ႐ြန္းဝစ္ခ်္ အယ္လ္ဘီယန္ Vs ဘ႐ိုက္တန္&ဟုပ္ဗ္ အယ္လ္ဘီယန္ 11 ကစ္ဒါမင္စတာ ဟာရီရာစ္ Vs ရက္ဒင္း 12 လက္စတာစီးတီး Vs ဝတ္ဖို႔ဒ္ 13 မန္းစ္ဖီးလ္ဒ္ေတာင္း Vs မစ္ဒယ္ဘေရာ့ 14 ဟာတယ္လ္ပူးလ္ယူႏိုက္တက္ Vs ဘလက္ပူးလ္ 15 ဟားလ္စီးတီး Vs အဲဗာတန္ 16 ဘရစၥတိုလ္စီးတီး Vs ဖူလ္ဟမ္

17 ေတာ့တင္ဟမ္ေဟာ့စပါး Vs မိုးကမ့္ဘ္ 18 မီးလ္ေဝါလ္ Vs ခရစၥတယ္လ္ပဲေလ့စ္ 19 ပို႔ေဗးလ္ Vs ဘရန႔္ဖို႔ဒ္ 20 ဆြင္းဒန္ေတာင္း Vs မန္ခ်က္စတာစီးတီး 21 ဝီဂန္ အက္သလက္တစ္ Vs ဘလက္ဘန္း႐ိုဗာစ္ 22 လူတန္ေတာင္း Vs ဟာ႐ိုဂိတ္ေတာင္း 23 ဘာမင္ဂမ္စီးတီး Vs ပလိုင္းေမာက္အာဂိုင္းလ္ 24 မန္ခ်က္စတာယူႏိုက္တက္ Vs အက္စတန္ဗီလာ

25 ဝုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္ Vs ရွက္ဖီးလ္ဒ္ယူႏိုက္တက္ 26 နယူးကာဆယ္လ္ယူႏိုက္တက္ Vs ကမ္းဘရစ္ခ်္ယူႏိုက္တက္ 27 ဘန္စ္လီ Vs အစ္ပ္ဆြစ္ခ်္ေတာင္း/ဘား႐ိုး 28 ပီတာဘားရားယူႏိုက္တက္ Vs ဘရစၥတိုလ္႐ိုဗာစ္ 29 ဝက္စ္ဟမ္းယူႏိုက္တက္ Vs လိဒ္စ္ယူႏိုက္တက္ 30 QPR Vs ႐ိုသာဟမ္ယူႏိုက္တက္ 31 ခ်ာလ္တန္အက္သလက္တစ္ Vs ေနာ့ဝစ္ခ်္စီးတီး 32 ေနာ့တင္ဟမ္ေဖာရက္စ္ Vs အာဆင္နယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.