Analysis Article Premier League

EPL မှာ လိုတာထက် လခပိုပေးနေရတဲ့ ထိပ်တန်းကစားသမား ၅ ဦး

ပရီးမီးယားလိဂ်မှာတော့ အသင်းကြီးတွေအနေနဲ့ တစ်ရာသီထက် တစ်ရာသီ ငွေကြေးသုံးစွဲမှု ပိုမိုမြင့်တက်လာနေပြီး ဒါကလည်း ကစားသမားတွေရဲ့ လစာငွေပိုင်းမှာ ပိုမိုသုံးစွဲခဲ့ရမှုကြောင့်ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးတွေ အရင်ကထက်စာရင် လျော့ကျလာခဲ့ပေမယ့် ကစားသမားတွေ အတွက် ပေးရတဲ့ တစ်ပတ်လုပ်ခကတော့ အရင်ကထက် နှစ်ဆနဲ့ အထက်ကို မြင့်တက်လျက်ရှိပြီး ဒီထဲကမှ ဘယ်သူက ရသင့်တာထက် ပိုပေးနေရသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၅။ ဂျေဆန် ဆန်ချို (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသစ် ဂျေဆန် ဆန်ချိုကတော့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လူငယ်အသင်းဖော်နဲ့ သူ့ထက် ဦးစားပေးဖြစ်ခဲ့တဲ့ ဖီးလ် ဖိုဒန်တစ်ယောက် မန်ချက်စတာစီးတီးမှာ ပေါင် ၁၂,၀၀၀ သာ ရနေချိန်မှာ ဂျာမနီကို ထွက်ကစားပြီး ဒီမြို့ကိုပဲ ပြန်အလာမှာ ပရီးမီးယားလိဂ်ထိပ်တန်း လုပ်ခကို ရယူသွားနိုင်ခဲ့တာကတော့ ဆန်ချိုကို ဆရာကျလွန်းတယ်ပဲ ပြောရမှာပါ။

အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ စီနီယာတွေဖြစ်ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က ပေါင်နှစ်သိန်း၊ ဟာရီ မက်ဂွိုင်းယားက တစ်သိန်းကိုးသောင်း၊ လုခ်ရှောက ပေါင်တစ်သိန်းခွဲနဲ့ ကွင်းလယ်က စတားမန်း ဘရူနို ဖာနန်ဒက်စ်က တစ်သိန်းရှစ်သောင်းသာ ရရှိထားချိန်မှာတော့ အသက် ၂၁ နှစ်အရွယ် တောင်ပံသမားအတွက် အိုးလ်ထရက်ဖို့ဒ်ဘက်က ဘယ်လောက်ပိုသုံးထားခဲ့ရသလဲဆိုတာ သိသာနိုင်ပြီး ဒီအတွက် ခြေစွမ်းပြနိုင်ဖို့ ဖိအားတွေကတော့ စောင့်ကြိုနေတာလည်းဖြစ်ပါတယ်။

၄။ တီမို ဗာနာ (ချဲလ်ဆီး)
ခြေစွမ်းမပြနိုင်လို့ အသင်းကတောင် ထွက်ရမလိုဖြစ်နေခဲ့တဲ့ တီမို ဗာနာကို ပြီးခဲ့တဲ့ ရာသီတုန်းက အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပတ် လုပ်ခအဖြစ် ပေါင် ၂၇၂,၀၀၀ ပေးချေထားရပါတယ်။ ဂျာမန်တိုက်စစ်မှူးအနေနဲ့ ဒီပမာဏကို RB လိုက်ပ်ဇစ်မှာ ခြေစွမ်းပြခဲ့တဲ့ အရှိန်နဲ့ တောင်းကောင်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ချဲလ်ဆီးအသင်းအတွက် ကစားပြီးသမျှ ပရီးမီးယားလိဂ် ၄၃ ပွဲမှာ ၇ ဂိုးသာ ရယူနိုင်သေးတာလည်းဖြစ်သလို ပြိုင်ပွဲစုံ ၆၄ ပွဲမှာ ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့သေးတာပါ။

လက်ရှိအချိန်အထိ စတမ်းဖို့ဘရစ်ချ်ကို ရောက်ကတည်းက ပျမ်းမျှ တွက်ကြည့်ရင် ၁၇ လ (၇၄ ပတ်) အတွင်းမှာ သူ့အတွက် လစာငွေချည်း သီးသန့် ပေါင် ၂၀,၁၂၈,၀၀၀ (၂၀.၁ သန်း) ကုန်ကျထားတာလည်းဖြစ်ပြီး သွင်းဂိုး ၁၅ ဂိုးနဲ့ အချိုးချကြည့်ရင် တစ်ဂိုးကို ပေါင် ၁,၃၄၁,၈၆၆ (၁.၃ သန်းကျော်) ကျသင့်နေတာဖြစ်လို့ ဘယ်လောက်တောင် ကုန်ကျနေသလဲဆိုတာ သိနိုင်တာပါ။ အထူးသဖြင့်တော့ တူညီတဲ့ ကာလအတွင်းမှာ သုံးဦးပေါင်း ၁၃ ဂိုးအထိ သွင်းပေးထားတဲ့ ရီးစ်ဂျိမ်း၊ ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗားတို့ နောက်ခံလူသုံးဦးပေါင်းကို တစ်ပတ်လုပ်ခ ၂၆၃,၀၀၀ သာ ပေးထားရတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

၃။ အန်ထော်နီ မာစီယယ်လ် (မန်ချက်စတာယူနိုက်တက်)
မာစီယယ်ကတော့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲအထိ ရရှိနေပြီး အသင်းရဲ့ ထိပ်တန်းလစာရှင်စာရင်းမှာ နံပါတ် ၆ ကနေ ရပ်တည်နေတာပါ။ မေဆန် ဂရင်းဝုဒ်နဲ့ အက်ဒင်ဆန် ကာဗာနီတို့ ထွန်းတောက်လာခဲ့ချိန်မှာ နောက်ကို ရောက်သွားခဲ့တဲ့ ပြင်သစ်သားဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုပါ ဒီရာသီမှာ ရောက်ရှိလာအပြီးမှာတော့ သူ့ရဲ့ ကစားခွင့်က အရန်ခုံနဲ့ လေ့ကျင့်ရေးကွင်းပဲဖြစ်သွားပြီး သုံးထားသမျှ ငွေကြေးက အလဟဿဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပမာဏဟာ လီဗာပူးလ်နဲ့ စပါးစ်အသင်းတွေမှာ ခြေစွမ်းပြနိုင်သလို အရေးပါတဲ့ Key Player တွေဖြစ်ကြတဲ့ ဗာဂျီးလ် ဗန်ဒိုက်၊ မိုဟာမက် ဆာလားနဲ့ ဟာရီကိန်းတို့ထက် ပိုမိုများပြားတဲ့ အနည်းဆုံး ပေါင်သုံးသောင်း ပိုများနေတာဖြစ်သလို ၂၀၁၅ ခုနှစ်ရဲ့ Golden Boy ဆုရှင်အနေနဲ့ အနာဂတ် မှာလည်း ဒီထက်တော့ အသင်းကို အကျိုးပြုဖို့ မရှိတော့တာပါ။ ရယ်စရာအချက်တစ်ချက်ကို ဖော်ပြရရင်တော့ မိုနာကိုဟာ သူ့ကို ယူနိုက်တက်ဆီ ရောင်းချခဲ့တုန်းက ဘယ်လွန်ဒေါဆုရရင် နောက်ထပ် ပေါင် ၇.၂ သန်းပေးဖို့ ခံစားခွင့်ကို ထည့်သွင်းထားခဲ့ဖူးတာလည်းဖြစ်ပါတယ်။

၂။ ကီပါ အာရီဇာဘာလာဂါ (ချဲလ်ဆီး)
ချဲလ်ဆီးအသင်းရဲ့ အရန်နဲ့ ပင်နယ်တီဂိုးသမား ကီပါကတော့ တစ်ပတ်လုပ်ခ ပေါင် ၁၅၅,၀၀၀ ရရှိနေတာဖြစ်ပါတယ်။ အနောက်လန်ဒန်က ခြင်္သေ့ပြာတွေအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းကို အသုံးပြုခဲ့ရပြီး အသင်းကို အမှားများစွာနဲ့ ဆုံးရှုံးမှုတွေ များစေခဲ့အပြီးမှာတော့ သူ့ရဲ့ ဦးစားပေးအိပ်မက်က နာလန်မထူတော့ဘဲ နည်းပြဟောင်း လမ်းပတ်နဲ့အတူ ပျက်ပြယ်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးအသင်းရဲ့ ဦးစားပေးဂိုးသမားက တစ်ပတ်ကို ပေါင် ၅၂,၀၀၀ သာ ရနေတဲ့ အေဒူယာ မန်ဒီဆီ ရောက်သွားခဲ့ပြီး အရန်ခုံနဲ့ ပင်နယ်တီဖမ်းဖို့လောက် သုံးတဲ့သူအတွက် ပေါင် ၁၅၅,၀၀၀က ထိုက်တန်ရဲ့လားလို့ မေးခွန်းထုတ်ခံခဲ့ရသလို သူဟာ အသင်းရဲ့ အဓိက ကျောရိုး ကစားသမားတွေဖြစ်ကြတဲ့ သီယာဂို ဆေးလ်ဗားနဲ့ ဂျော်ဂျင်ညိုတို့လို ကစားသမားတွေထက်တောင် တစ်ပတ်ကို ပေါင်လေးသောင်းလောက် ပိုမိုရရှိနေတာလည်းဖြစ်ပါတယ်။

၁။ တွန်ဂီး အန်ဒွမ်ဘီလီ
လီယွန်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးရော လုပ်ခပါ ထိုက်တန်ရဲ့လားလို့ အားလုံးက မေးခွန်းထုတ်ခဲ့ကြပါတယ်။ သူ့အတွက် စပါးစ်အသင်းအနေနဲ့ ၂၀၁၉ နွေရာသီမှာ ပေါင် ၅၅ သန်း ပေးချေခဲ့ရပြီး တစ်ပတ်လုပ်ခကိုတော့ ပေါင်နှစ်သိန်းနဲ့ သဘောတူညီထားခဲ့တာဖြစ်သလို ဒါဟာ အသင်းရဲ့ ပုံရိပ်ကစားသမားနဲ့ ဂိုးသွင်းဘုရင် ဟာရီကိန်းနဲ့ တန်းတူပေးချေထားရတာလည်း ဖြစ်ပါတယ်။

လီယွန်အသင်းမှာ ကစားခဲ့စဉ်တုန်းက တစ်ပတ်ကို ယူရို ၃၃,၀၀၀ (ပေါင် ၂၈,၀၀၀) သာ ရရှိခဲ့တဲ့ ပြင်သစ်သားအတွက် သူ့ရဲ့ အေးဂျင့်ကတော့ တော်တော်လေးကို ဘော်ချက်ပေးနိုင်ခဲ့တာဖြစ်ပြီး ၆ ဆကျော် တိုးမြှင့်ရရှိခဲ့တာဖြစ်သလို ပေါင် ၁၄၀,၀၀ နဲ့ မရပ်မနား ရုန်းပေးနေတဲ့ ဆွန်ဟောင်မင်ကို အားနာစရာဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အန်ဒွမ်ဘီလီအနေနဲ့ လူငယ်ကစားသမား အိုလီဗာ စကစ်ပ်ကိုပါ နေရာအတွက် ရှုံးနိမ့်ခဲ့ပြီးဖြစ်လို့ စာချုပ်ကုန်မယ့် ၂၀၂၅ မတိုင်ခင် စပါးစ်တို့ ဆုံးရှုံးမှုကို ကာမိအောင် တစ်နည်းနည်းနဲ့ ကြိုးစားနိုင်မလားတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာေတာ့ အသင္းႀကီးေတြအေနနဲ႔ တစ္ရာသီထက္ တစ္ရာသီ ေငြေၾကးသုံးစြဲမႈ ပိုမိုျမင့္တက္လာေနၿပီး ဒါကလည္း ကစားသမားေတြရဲ႕ လစာေငြပိုင္းမွာ ပိုမိုသုံးစြဲခဲ့ရမႈေၾကာင့္ျဖစ္ပါတယ္။ ေျပာင္းေ႐ႊ႕ေၾကးေတြ အရင္ကထက္စာရင္ ေလ်ာ့က်လာခဲ့ေပမယ့္ ကစားသမားေတြ အတြက္ ေပးရတဲ့ တစ္ပတ္လုပ္ခကေတာ့ အရင္ကထက္ ႏွစ္ဆနဲ႔ အထက္ကို ျမင့္တက္လ်က္ရွိၿပီး ဒီထဲကမွ ဘယ္သူက ရသင့္တာထက္ ပိုေပးေနရသလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

၅။ ေဂ်ဆန္ ဆန္ခ်ိဳ (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားသမားသစ္ ေဂ်ဆန္ ဆန္ခ်ိဳကေတာ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲကို သိမ္းပိုက္သြားႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ လူငယ္အသင္းေဖာ္နဲ႔ သူ႔ထက္ ဦးစားေပးျဖစ္ခဲ့တဲ့ ဖီးလ္ ဖိုဒန္တစ္ေယာက္ မန္ခ်က္စတာစီးတီးမွာ ေပါင္ ၁၂,၀၀၀ သာ ရေနခ်ိန္မွာ ဂ်ာမနီကို ထြက္ကစားၿပီး ဒီၿမိဳ႕ကိုပဲ ျပန္အလာမွာ ပရီးမီးယားလိဂ္ထိပ္တန္း လုပ္ခကို ရယူသြားႏိုင္ခဲ့တာကေတာ့ ဆန္ခ်ိဳကို ဆရာက်လြန္းတယ္ပဲ ေျပာရမွာပါ။

အဂၤလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြမွာ စီနီယာေတြျဖစ္ၾကတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ေပါင္ႏွစ္သိန္း၊ ဟာရီ မက္ဂြိဳင္းယားက တစ္သိန္းကိုးေသာင္း၊ လုခ္ေရွာက ေပါင္တစ္သိန္းခြဲနဲ႔ ကြင္းလယ္က စတားမန္း ဘ႐ူႏို ဖာနန္ဒက္စ္က တစ္သိန္းရွစ္ေသာင္းသာ ရရွိထားခ်ိန္မွာေတာ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံသမားအတြက္ အိုးလ္ထရက္ဖို႔ဒ္ဘက္က ဘယ္ေလာက္ပိုသုံးထားခဲ့ရသလဲဆိုတာ သိသာႏိုင္ၿပီး ဒီအတြက္ ေျခစြမ္းျပႏိုင္ဖို႔ ဖိအားေတြကေတာ့ ေစာင့္ႀကိဳေနတာလည္းျဖစ္ပါတယ္။

၄။ တီမို ဗာနာ (ခ်ဲလ္ဆီး)
ေျခစြမ္းမျပႏိုင္လို႔ အသင္းကေတာင္ ထြက္ရမလိုျဖစ္ေနခဲ့တဲ့ တီမို ဗာနာကို ၿပီးခဲ့တဲ့ ရာသီတုန္းက အားကိုးတႀကီးနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး တစ္ပတ္ လုပ္ခအျဖစ္ ေပါင္ ၂၇၂,၀၀၀ ေပးေခ်ထားရပါတယ္။ ဂ်ာမန္တိုက္စစ္မႉးအေနနဲ႔ ဒီပမာဏကို RB လိုက္ပ္ဇစ္မွာ ေျခစြမ္းျပခဲ့တဲ့ အရွိန္နဲ႔ ေတာင္းေကာင္းခဲ့တာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ ကစားၿပီးသမွ် ပရီးမီးယားလိဂ္ ၄၃ ပြဲမွာ ၇ ဂိုးသာ ရယူႏိုင္ေသးတာလည္းျဖစ္သလို ၿပိဳင္ပြဲစုံ ၆၄ ပြဲမွာ ၁၅ ဂိုးသာ သြင္းယူႏိုင္ခဲ့ေသးတာပါ။

လက္ရွိအခ်ိန္အထိ စတမ္းဖို႔ဘရစ္ခ်္ကို ေရာက္ကတည္းက ပ်မ္းမွ် တြက္ၾကည့္ရင္ ၁၇ လ (၇၄ ပတ္) အတြင္းမွာ သူ႔အတြက္ လစာေငြခ်ည္း သီးသန႔္ ေပါင္ ၂၀,၁၂၈,၀၀၀ (၂၀.၁ သန္း) ကုန္က်ထားတာလည္းျဖစ္ၿပီး သြင္းဂိုး ၁၅ ဂိုးနဲ႔ အခ်ိဳးခ်ၾကည့္ရင္ တစ္ဂိုးကို ေပါင္ ၁,၃၄၁,၈၆၆ (၁.၃ သန္းေက်ာ္) က်သင့္ေနတာျဖစ္လို႔ ဘယ္ေလာက္ေတာင္ ကုန္က်ေနသလဲဆိုတာ သိႏိုင္တာပါ။ အထူးသျဖင့္ေတာ့ တူညီတဲ့ ကာလအတြင္းမွာ သုံးဦးေပါင္း ၁၃ ဂိုးအထိ သြင္းေပးထားတဲ့ ရီးစ္ဂ်ိမ္း၊ ႐ူဒီဂါနဲ႔ သီယာဂို ေဆးလ္ဗားတို႔ ေနာက္ခံလူသုံးဦးေပါင္းကို တစ္ပတ္လုပ္ခ ၂၆၃,၀၀၀ သာ ေပးထားရတာနဲ႔ ႏႈိင္းယွဥ္ႏိုင္ပါတယ္။

၃။ အန္ေထာ္နီ မာစီယယ္လ္ (မန္ခ်က္စတာယူႏိုက္တက္)
မာစီယယ္ကေတာ့ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းခြဲအထိ ရရွိေနၿပီး အသင္းရဲ႕ ထိပ္တန္းလစာရွင္စာရင္းမွာ နံပါတ္ ၆ ကေန ရပ္တည္ေနတာပါ။ ေမဆန္ ဂရင္းဝုဒ္နဲ႔ အက္ဒင္ဆန္ ကာဗာနီတို႔ ထြန္းေတာက္လာခဲ့ခ်ိန္မွာ ေနာက္ကို ေရာက္သြားခဲ့တဲ့ ျပင္သစ္သားဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုပါ ဒီရာသီမွာ ေရာက္ရွိလာအၿပီးမွာေတာ့ သူ႔ရဲ႕ ကစားခြင့္က အရန္ခုံနဲ႔ ေလ့က်င့္ေရးကြင္းပဲျဖစ္သြားၿပီး သုံးထားသမွ် ေငြေၾကးက အလဟႆျဖစ္ခဲ့ရတာ ျဖစ္ပါတယ္။

ဒီပမာဏဟာ လီဗာပူးလ္နဲ႔ စပါးစ္အသင္းေတြမွာ ေျခစြမ္းျပႏိုင္သလို အေရးပါတဲ့ Key Player ေတြျဖစ္ၾကတဲ့ ဗာဂ်ီးလ္ ဗန္ဒိုက္၊ မိုဟာမက္ ဆာလားနဲ႔ ဟာရီကိန္းတို႔ထက္ ပိုမိုမ်ားျပားတဲ့ အနည္းဆုံး ေပါင္သုံးေသာင္း ပိုမ်ားေနတာျဖစ္သလို ၂၀၁၅ ခုႏွစ္ရဲ႕ Golden Boy ဆုရွင္အေနနဲ႔ အနာဂတ္ မွာလည္း ဒီထက္ေတာ့ အသင္းကို အက်ိဳးျပဳဖို႔ မရွိေတာ့တာပါ။ ရယ္စရာအခ်က္တစ္ခ်က္ကို ေဖာ္ျပရရင္ေတာ့ မိုနာကိုဟာ သူ႔ကို ယူႏိုက္တက္ဆီ ေရာင္းခ်ခဲ့တုန္းက ဘယ္လြန္ေဒါဆုရရင္ ေနာက္ထပ္ ေပါင္ ၇.၂ သန္းေပးဖို႔ ခံစားခြင့္ကို ထည့္သြင္းထားခဲ့ဖူးတာလည္းျဖစ္ပါတယ္။

၂။ ကီပါ အာရီဇာဘာလာဂါ (ခ်ဲလ္ဆီး)
ခ်ဲလ္ဆီးအသင္းရဲ႕ အရန္နဲ႔ ပင္နယ္တီဂိုးသမား ကီပါကေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၁၅၅,၀၀၀ ရရွိေနတာျဖစ္ပါတယ္။ အေနာက္လန္ဒန္က ျခေသၤ့ျပာေတြအေနနဲ႔ သူ႔ကို ေခၚယူဖို႔ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းကို အသုံးျပဳခဲ့ရၿပီး အသင္းကို အမွားမ်ားစြာနဲ႔ ဆုံးရႈံးမႈေတြ မ်ားေစခဲ့အၿပီးမွာေတာ့ သူ႔ရဲ႕ ဦးစားေပးအိပ္မက္က နာလန္မထူေတာ့ဘဲ နည္းျပေဟာင္း လမ္းပတ္နဲ႔အတူ ပ်က္ျပယ္သြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ ဦးစားေပးဂိုးသမားက တစ္ပတ္ကို ေပါင္ ၅၂,၀၀၀ သာ ရေနတဲ့ ေအဒူယာ မန္ဒီဆီ ေရာက္သြားခဲ့ၿပီး အရန္ခုံနဲ႔ ပင္နယ္တီဖမ္းဖို႔ေလာက္ သုံးတဲ့သူအတြက္ ေပါင္ ၁၅၅,၀၀၀က ထိုက္တန္ရဲ႕လားလို႔ ေမးခြန္းထုတ္ခံခဲ့ရသလို သူဟာ အသင္းရဲ႕ အဓိက ေက်ာ႐ိုး ကစားသမားေတြျဖစ္ၾကတဲ့ သီယာဂို ေဆးလ္ဗားနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔လို ကစားသမားေတြထက္ေတာင္ တစ္ပတ္ကို ေပါင္ေလးေသာင္းေလာက္ ပိုမိုရရွိေနတာလည္းျဖစ္ပါတယ္။

၁။ တြန္ဂီး အန္ဒြမ္ဘီလီ
လီယြန္ကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာတဲ့ ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးေရာ လုပ္ခပါ ထိုက္တန္ရဲ႕လားလို႔ အားလုံးက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ သူ႔အတြက္ စပါးစ္အသင္းအေနနဲ႔ ၂၀၁၉ ေႏြရာသီမွာ ေပါင္ ၅၅ သန္း ေပးေခ်ခဲ့ရၿပီး တစ္ပတ္လုပ္ခကိုေတာ့ ေပါင္ႏွစ္သိန္းနဲ႔ သေဘာတူညီထားခဲ့တာျဖစ္သလို ဒါဟာ အသင္းရဲ႕ ပုံရိပ္ကစားသမားနဲ႔ ဂိုးသြင္းဘုရင္ ဟာရီကိန္းနဲ႔ တန္းတူေပးေခ်ထားရတာလည္း ျဖစ္ပါတယ္။

လီယြန္အသင္းမွာ ကစားခဲ့စဥ္တုန္းက တစ္ပတ္ကို ယူ႐ို ၃၃,၀၀၀ (ေပါင္ ၂၈,၀၀၀) သာ ရရွိခဲ့တဲ့ ျပင္သစ္သားအတြက္ သူ႔ရဲ႕ ေအးဂ်င့္ကေတာ့ ေတာ္ေတာ္ေလးကို ေဘာ္ခ်က္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ၆ ဆေက်ာ္ တိုးျမႇင့္ရရွိခဲ့တာျဖစ္သလို ေပါင္ ၁၄၀,၀၀ နဲ႔ မရပ္မနား ႐ုန္းေပးေနတဲ့ ဆြန္ေဟာင္မင္ကို အားနာစရာျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ အန္ဒြမ္ဘီလီအေနနဲ႔ လူငယ္ကစားသမား အိုလီဗာ စကစ္ပ္ကိုပါ ေနရာအတြက္ ရႈံးနိမ့္ခဲ့ၿပီးျဖစ္လို႔ စာခ်ဳပ္ကုန္မယ့္ ၂၀၂၅ မတိုင္ခင္ စပါးစ္တို႔ ဆုံးရႈံးမႈကို ကာမိေအာင္ တစ္နည္းနည္းနဲ႔ ႀကိဳးစားႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.