Premier League Transfer News

အာဆင်နယ်တို့ ဇန်နဝါရီက စမယ့် အပြောင်းအရွှေ့အတွက် ဘာတွေ လုပ်နေသလဲ

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိကစားသမား အင်အားမှာ အထူးသဖြင့် တိုက်စစ်ပိုင်းအနေနဲ့ အသင်းကြီးတွေကို မပြောနဲ့ အသင်းလတ်တွေ ကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို ပြီးခဲ့တဲ့ ၅ ပွဲလောက်မှာ တွေ့မြင်ထားရပြီး လူငယ်တွေ သီးသန့် ကစားနေရတဲ့ ဂန်းနားတွေအနေနဲ့ ဇန်နဝါရီမှာ ဘာတွေ လုပ်နိုင်လဲဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ဇာကာရီးယားအတွက် ဆွေးနွေးမယ်
အသင်းရဲ့ ကွင်းလယ်မှာ အားနာနာနဲ့ ပြောရရင် ကလေးအဆင့် ပြန်ဖြစ်နေပြီး သူကိုယ်တိုင်ကပါ ဆယ်မှတ်ပေးရင် လေးမှတ်ပဲ ယူပါ့မယ်လို့ ဝန်ခံထားတဲ့ သောမတ်စ် ပါတေးတစ်ယောက်ကို ပွဲတိုင်း ယုံလို့ မရဘူးဆိုတာ အထူးသဖြင့် အသင်းကြီးတွေနဲ့ ရင်ဆိုင်တဲ့ ပွဲတွေမှာ တွေ့ရှိပြီးခဲ့တဲ့နောက် အာဆင်နယ်တို့အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ရင်တောင် အားကိုးရမယ့်သူမျိုး လိုအပ်နေတာဖြစ်ပါတယ်။

ဂရာနစ် ချာကာကို နှစ်ရှည်စာချုပ်နဲ့ စည်းရုံးထားနိုင်ချိန်မှာ ဩဇာပေးကြမ်းတဲ့ ဆွစ်ဇာလန်ကပ္ပတိန်တစ်ယောက် စိတ်ပျော်စေဖို့ နိုင်ငံအသင်းမှာ သူခိုင်းနေကျ ကောင်လေးတစ်ယောက်ကို ခေါ်ယူပေးဖို့က လူကြောနပ်လွန်းတဲ့ နည်းပြ မီခယ်လ် အာတီတာအတွက်တော့ ဦးစားပေးလုပ်ဆောင်မယ့် အရာလည်းဖြစ်ပါတယ်။ ဒင်းနစ် ဇာကာရီးယားကို တခြားအသင်းတွေထက်စာရင် အာဆင်နယ်ကို ပိုမိုရွေးချယ်စေဖို့က ချာကာရဲ့ တာဝန်လည်းဖြစ်မှာပါ။

ပြီးခဲ့တဲ့ ရာသီတွေက ပေါင် ၃၅ သန်းလို့ မွန်ချန်ဂလာဘက်ချ်တို့ ဈေးအော်ထားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို အာဆင်နယ်တို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဆမ်ဘီ လိုကွန်ဂါကို အားမကိုးနိုင်သေးတဲ့ အချိန်မှာ အယ်လ်နန်နီနဲ့ မိတ်လန်းနိုင်းလ်စ်တို့ကို ရောင်းချပြီး လစာငွေလျှော့ဖို့နဲ့ ဘတ်ဂျက် ထိန်းညှိဖို့ဆိုရင် သူ့ကို ရရှိဖို့က အရေးပါနေပါတယ်။

၂။ ဇန်နဝါရီမှာ ကူလူရှက်ဗ်စကီးနဲ့ အားဖြည့်မယ်
ခီယေဆာ၊ ဘာနာဒက်စ်ချီနဲ့ ဒီဘားလားတို့ နောက်မှာ ရုန်းကန်နေခဲ့ရတဲ့ ဆွီဒင်လူငယ်တိုက်စစ်သမားဟာ တိုက်စစ်မှာ ဗဟိုဘယ်ညာမရွေး နေရာစုံ ကစားနိုင်သူဖြစ်ပြီး အထောင်မှာပါ အသုံးတော်ခံနိုင်တာက အာတီတာကို သွားရည်တမြားမြားဖြစ်စေတာပါ။ တူရင်မှာ ကစားခွင့် နည်းပါးနေတဲ့ ကူလူရှက်ဗ်စကီးဟာ သူ့ရဲ့ ပွဲထွက်ခွင့်အတွက် စိတ်ပျက်နေသလို ဒီလိုပုံစံနဲ့ ခြေပျက်သွားရမှာကို စိုးရိမ်နေတယ်လို့ အီတလီ သတင်းရပ်ဝန်းကလည်း ဖော်ပြထားပါတယ်။

လက်ရှိနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီနဲ့ အဆင်မပြေတဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်နေတဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ရရှိရင် အီတလီအင်အားကြီးတွေဆီကနေ အသင်းပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီး ဇန်နဝါရီမှာတော့ သူ့ကို အာတီတာအနေနဲ့ အငှားခေါ်ယူချင်နေသလို အာဆင်နယ်ဆီ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆိုရင်တော့ ယူရို ၃၅ သန်းဝန်းကျင် ကျသင့်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

၃။ လူသစ်ခေါ်ဖို့ ဗလာဟိုဗစ်ချ်ကို အရင်ဝင်ညှော်မယ်
ဥရောပအသင်းကြီးတွေနဲ့ ပရီးမီးယားလိဂ်အသင်းတွေ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို အာတီတာအနေနဲ့ ဦးစားပေး အစီအစဉ်အဖြစ် အပြိုင်လုဖို့ ရှိနေပြီး သတင်းသန့်သန့်ကြားထားတဲ့ ပြောင်းရွှေ့ကြေးသီးသန့်ချည်း ပေါင်သန်း ၆၀ ဆိုတာက ဆားဘီးယားရဲ့ အေးဂျင့် စကားများမှုကို နှုတ်သီးဖြတ်ရိုက်ထားတဲ့ ဖီအိုရင်တီးနားအသင်းကို စည်းရုံးနိုင်ဖို့ အခက်အခဲ မရှိနိုင်သလို တခြားပစ်မှတ်တွေကိုလည်း ခေါင်းခေါက်နိုင်မှာပါ။

အာတီတာအနေနဲ့ စီးရီးအေမှာ ၁၆ ပွဲ ၁၃ ဂိုးသွင်းပြီး အသက်အငယ်ဆုံးနဲ့ ခြေစွမ်းအပြနိုင်ဆုံး ဗလာဟိုဗစ်ချ်အတွက် မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ ယှဉ်ပြိုင်မှုကို ကြုံတွေ့ရဖွယ်ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကတော့ အသံထွက်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့အပြိုင် အာလင်း ဟားလန်းကို လုမှာဖြစ်လို့ သူတို့တွေကတော့ ပြိုင်ပွဲထဲ ဝင်လာဖို့ မရှိဘူးလို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဖီအိုတိုက်စစ်မှူးကို မရနိုင်ခဲ့ရင်တော့ နီးနီးနားနားက အင်္ဂလန်သား ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို အဲဗာတန်ဆီကနေ ခေါ်ယူဖို့ လုပ်ဆောင်သွားနိုင်ပြီး အရန်အစီအစဉ်တွေအဖြစ်တော့ အသူတို့ကို ဂျင်းထည့်နေကျ လီလ်ရဲ့ ဂျိုနသန် ဒေးဗစ်နဲ့ ရီးရဲလ်ဆိုစီဒက်ရဲ့ အလက်ဇန်းဒါး အီဆက်ခ်တို့ကို အာဆင်နယ်တို့အနေနဲ့ စောင့်ကြည့်နေကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိကစားသမား အင္အားမွာ အထူးသျဖင့္ တိုက္စစ္ပိုင္းအေနနဲ႔ အသင္းႀကီးေတြကို မေျပာနဲ႔ အသင္းလတ္ေတြ ကိုေတာင္ ယွဥ္ၿပိဳင္ႏိုင္စြမ္း မရွိေတာ့ဘူးဆိုတာကို ၿပီးခဲ့တဲ့ ၅ ပြဲေလာက္မွာ ေတြ႕ျမင္ထားရၿပီး လူငယ္ေတြ သီးသန႔္ ကစားေနရတဲ့ ဂန္းနားေတြအေနနဲ႔ ဇန္နဝါရီမွာ ဘာေတြ လုပ္ႏိုင္လဲဆိုတာကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ဇာကာရီးယားအတြက္ ေဆြးေႏြးမယ္
အသင္းရဲ႕ ကြင္းလယ္မွာ အားနာနာနဲ႔ ေျပာရရင္ ကေလးအဆင့္ ျပန္ျဖစ္ေနၿပီး သူကိုယ္တိုင္ကပါ ဆယ္မွတ္ေပးရင္ ေလးမွတ္ပဲ ယူပါ့မယ္လို႔ ဝန္ခံထားတဲ့ ေသာမတ္စ္ ပါေတးတစ္ေယာက္ကို ပြဲတိုင္း ယုံလို႔ မရဘူးဆိုတာ အထူးသျဖင့္ အသင္းႀကီးေတြနဲ႔ ရင္ဆိုင္တဲ့ ပြဲေတြမွာ ေတြ႕ရွိၿပီးခဲ့တဲ့ေနာက္ အာဆင္နယ္တို႔အေနနဲ႔ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ရင္ေတာင္ အားကိုးရမယ့္သူမ်ိဳး လိုအပ္ေနတာျဖစ္ပါတယ္။

ဂရာနစ္ ခ်ာကာကို ႏွစ္ရွည္စာခ်ဳပ္နဲ႔ စည္း႐ုံးထားႏိုင္ခ်ိန္မွာ ဩဇာေပးၾကမ္းတဲ့ ဆြစ္ဇာလန္ကပၸတိန္တစ္ေယာက္ စိတ္ေပ်ာ္ေစဖို႔ ႏိုင္ငံအသင္းမွာ သူခိုင္းေနက် ေကာင္ေလးတစ္ေယာက္ကို ေခၚယူေပးဖို႔က လူေၾကာနပ္လြန္းတဲ့ နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ ဦးစားေပးလုပ္ေဆာင္မယ့္ အရာလည္းျဖစ္ပါတယ္။ ဒင္းနစ္ ဇာကာရီးယားကို တျခားအသင္းေတြထက္စာရင္ အာဆင္နယ္ကို ပိုမိုေ႐ြးခ်ယ္ေစဖို႔က ခ်ာကာရဲ႕ တာဝန္လည္းျဖစ္မွာပါ။

ၿပီးခဲ့တဲ့ ရာသီေတြက ေပါင္ ၃၅ သန္းလို႔ မြန္ခ်န္ဂလာဘက္ခ်္တို႔ ေဈးေအာ္ထားခဲ့တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္လူကို အာဆင္နယ္တို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္မွာျဖစ္ၿပီး ဆမ္ဘီ လိုကြန္ဂါကို အားမကိုးႏိုင္ေသးတဲ့ အခ်ိန္မွာ အယ္လ္နန္နီနဲ႔ မိတ္လန္းႏိုင္းလ္စ္တို႔ကို ေရာင္းခ်ၿပီး လစာေငြေလွ်ာ့ဖို႔နဲ႔ ဘတ္ဂ်က္ ထိန္းညႇိဖို႔ဆိုရင္ သူ႔ကို ရရွိဖို႔က အေရးပါေနပါတယ္။

၂။ ဇန္နဝါရီမွာ ကူလူရွက္ဗ္စကီးနဲ႔ အားျဖည့္မယ္
ခီေယဆာ၊ ဘာနာဒက္စ္ခ်ီနဲ႔ ဒီဘားလားတို႔ ေနာက္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ ဆြီဒင္လူငယ္တိုက္စစ္သမားဟာ တိုက္စစ္မွာ ဗဟိုဘယ္ညာမေ႐ြး ေနရာစုံ ကစားႏိုင္သူျဖစ္ၿပီး အေထာင္မွာပါ အသုံးေတာ္ခံႏိုင္တာက အာတီတာကို သြားရည္တျမားျမားျဖစ္ေစတာပါ။ တူရင္မွာ ကစားခြင့္ နည္းပါးေနတဲ့ ကူလူရွက္ဗ္စကီးဟာ သူ႔ရဲ႕ ပြဲထြက္ခြင့္အတြက္ စိတ္ပ်က္ေနသလို ဒီလိုပုံစံနဲ႔ ေျခပ်က္သြားရမွာကို စိုးရိမ္ေနတယ္လို႔ အီတလီ သတင္းရပ္ဝန္းကလည္း ေဖာ္ျပထားပါတယ္။

လက္ရွိနည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီနဲ႔ အဆင္မေျပတဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္လည္းျဖစ္ေနတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားဟာ ေကာင္းမြန္တဲ့ ကမ္းလွမ္းခ်က္ရရွိရင္ အီတလီအင္အားႀကီးေတြဆီကေန အသင္းေျပာင္းဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဇန္နဝါရီမွာေတာ့ သူ႔ကို အာတီတာအေနနဲ႔ အငွားေခၚယူခ်င္ေနသလို အာဆင္နယ္ဆီ အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ ဆိုရင္ေတာ့ ယူ႐ို ၃၅ သန္းဝန္းက်င္ က်သင့္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

၃။ လူသစ္ေခၚဖို႔ ဗလာဟိုဗစ္ခ်္ကို အရင္ဝင္ေညႇာ္မယ္
ဥေရာပအသင္းႀကီးေတြနဲ႔ ပရီးမီးယားလိဂ္အသင္းေတြ စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကို အာတီတာအေနနဲ႔ ဦးစားေပး အစီအစဥ္အျဖစ္ အၿပိဳင္လုဖို႔ ရွိေနၿပီး သတင္းသန႔္သန႔္ၾကားထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္ခ်ည္း ေပါင္သန္း ၆၀ ဆိုတာက ဆားဘီးယားရဲ႕ ေအးဂ်င့္ စကားမ်ားမႈကို ႏႈတ္သီးျဖတ္႐ိုက္ထားတဲ့ ဖီအိုရင္တီးနားအသင္းကို စည္း႐ုံးႏိုင္ဖို႔ အခက္အခဲ မရွိႏိုင္သလို တျခားပစ္မွတ္ေတြကိုလည္း ေခါင္းေခါက္ႏိုင္မွာပါ။

အာတီတာအေနနဲ႔ စီးရီးေအမွာ ၁၆ ပြဲ ၁၃ ဂိုးသြင္းၿပီး အသက္အငယ္ဆုံးနဲ႔ ေျခစြမ္းအျပႏိုင္ဆုံး ဗလာဟိုဗစ္ခ်္အတြက္ မန္ခ်က္စတာစီးတီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ ယွဥ္ၿပိဳင္မႈကို ႀကဳံေတြ႕ရဖြယ္ရွိေနၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ အသံထြက္ခဲ့ေပမယ့္ ခ်ဲလ္ဆီးနဲ႔အၿပိဳင္ အာလင္း ဟားလန္းကို လုမွာျဖစ္လို႔ သူတို႔ေတြကေတာ့ ၿပိဳင္ပြဲထဲ ဝင္လာဖို႔ မရွိဘူးလို႔ ခန႔္မွန္းထားၾကတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဖီအိုတိုက္စစ္မႉးကို မရႏိုင္ခဲ့ရင္ေတာ့ နီးနီးနားနားက အဂၤလန္သား ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို အဲဗာတန္ဆီကေန ေခၚယူဖို႔ လုပ္ေဆာင္သြားႏိုင္ၿပီး အရန္အစီအစဥ္ေတြအျဖစ္ေတာ့ အသူတို႔ကို ဂ်င္းထည့္ေနက် လီလ္ရဲ႕ ဂ်ိဳနသန္ ေဒးဗစ္နဲ႔ ရီးရဲလ္ဆိုစီဒက္ရဲ႕ အလက္ဇန္းဒါး အီဆက္ခ္တို႔ကို အာဆင္နယ္တို႔အေနနဲ႔ ေစာင့္ၾကည့္ေနေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.