Analysis Premier League

အာတီတာရဲ့ အပြောနဲ့ လုပ်ရပ်ကြာင့် အမ်းမရိတ်စ် ပြန်လာဖို့ မသေချာတော့တဲ့ ကာဇိုလာ

အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော် ဆန်တီ ကာဇိုလာဟာ အမ်းမရိတ်စ်ကို ပြန်လာနိုင်ခြေရှိသူအဖြစ် သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့ပေမယ့် နည်းပြ အာတီတာက အသင်းဖော်ဟောင်းအစား နောက်ထပ် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတစ်ဦးအတွက် တံခါးဖွင့်ထားတာဖြစ်ပါတယ်။

အာဆင်နယ်ပထမအသင်းဟာ အထူးသဖြင့် တိုက်စစ်မှာ ဖန်တီးနိုင်စွမ်းနဲ့ လမ်းသစ်ဖောက်နိုင်စွမ်းတွေ သွတ်သွင်းဖို့ လိုအပ်နေပုံ ပေါ်နေပြီး နည်းပြ အာတီတာက အာစင်ဝင်းဂါးခေတ်လွန် အမ်မရီလက်ထက်မှာ ဆိုးရွားခဲ့တဲ့ ခံစစ်ပြဿနာကို တိုးတက်အောင် အံ့အားသင့်ဖွယ် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ကို ခံစစ်နည်းတူ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် လိုအပ်နေသေးတာဖြစ်ပြီး အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးနဲ့ အမှတ်ပေးဇယားထိပ်ဆုံး ၇ သင်းထဲမှာ သွင်းဂိုး ဒုတိယအနည်းဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

အာတီတာအနေနဲ့ တိုက်စစ်အားနည်းနေမှုကို ဘယ်လို တိုးတက်အောင် ပြောင်းလဲနိုင်မလဲဆိုတာကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီး အကြံပြုချက်တွေလည်း ရှိနေခဲ့ပါတယ်။ အဲဒါကတော့ တိုက်စစ်မှူးအသစ်လည်းမဟုတ်၊ ကစားကွက်အပြောင်းအလဲလည်း မဟုတ်ဘဲ အဖြေက နည်းပြအဖွဲ့ဝင်ထဲကို အင်အားထပ်မံဖြည့်တင်းဖို့အပေါ်မှာ မူတည်နေတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ယခုအပတ်မှာ အာတီတာရဲ့ မန်စီးတီးအသင်းဖော်ဟောင်းဖြစ်တဲ့ ယာယာ တိုရေးဟာ အသင်းအတွက် အကျိုးပြုပေးနိုင်မယ့် တစ်စုံတစ်ယောက်အဖြစ် ဖော်ပြခြင်း ခံခဲ့ရပြီး လက်ရှိမှာတော့ အာတီတာက အာဆင်နယ်နည်းပြအဖွဲ့ထဲကို ယာယာာ တိုရေးရောက်လာမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ နှစ်အချို့ကို အတူတူကုန်ဆုံးခဲ့တဲ့အတွက် သူ့မှာ ကျွန်တော့် ဖုန်းနံပါတ်ရှိပါတယ်။ သူက ကျွန်တော် အရမ်းချီးကျူးရတဲ့ ကစားသမားဖြစ်တာကြောင့် သူ ကျွန်တော့်ကို ဖုန်းခေါ်ပြီး မေးလို့ ရပါတယ်။ သူက ကျိန်းသေပေါက် အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိပြီး ပြိုင်ပွဲမှာ အနိုင်ရဖို့ သေချာတဲ့ တန်ဖိုးတွေ ထပ်ပေါင်းပေးနိုင်တဲ့ နိုင်ပွဲတွေအများကြီး ရရှိခဲ့တဲ့သူပါ”

တိုရေးဟာ မန်စီးတီး တန်ခိုးထွားလာမှုမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်။ ယာယာ တိုရေးရောက်ရှိလာမှုက အထူးသဖြင့် ကွင်းလယ်ကနေ ဘောလုံးနဲ့အတူ တိုက်စစ်လိုက်ပါချင်တဲ့ သောမတ်စ် ပါတေးနဲ့ လိုကွန်ဂါတို့အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်ဖြစ်လာမှာ သေချာပါတယ်။

ဒါပေမယ့်လည်း အဲဒါက အာဆင်နယ်ကို နည်းပြတစ်ဦးအဖြစ်နဲ့ ဆန်တီ ကာဇိုလာ ပြန်လာနိုင်မယ့်အခွင့်အရေးအတွက်တော့ သတင်းဆိုးဖြစ်လာနိုင်တဲ့ အချက်ပြမှု ဖြစ်နေတာဖြစ်ပါတယ်။ ကာဇိုလာက အနာဂတ်မှာ အာဆင်နယ်ရဲ့ နည်းပြအဖွဲ့ထဲမှာ ပါနိုင်ဖို့ အသင်းကို ပြန်လာခွင့်ရမယ့် အခွင့်အရေးကို တန်ဖိုးထားသွားမှာဖြစ်တယ်လို့ စပိန်သတင်းဌာန AS ကို ပြောကြားခဲ့သူဖြစ်ပါတယ်။

“အဲဒါက ကျွန်တော် မနက်ဖြန်ကို တန်ဖိုးထားစေမယ့် တစ်စုံတရာပါ။ အခု ကျွန်တော် အဲဒီအခွင့်အရေးအတွက် ထည့်သွင်းစဉ်းစားခြင်း မခံရပါဘူး။ တကယ်လို့သာ သူက(အာတီတာ) ကျွန်တော် သူ့ကို ကူညီနိုင်မယ်လို့ ယုံကြည်ပြီး အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကျွန်တော် အဲဒီအတွေ့အကြုံကို သူနဲ့အတူ ခံစားနိုင်ဖို့အတွက် အပြေးလာမှာပါ။ ဒါပေမယ့် ဒီနေ့အတွက်တော့ ဘာမှ ပြောလာတာမရှိသေးပါဘူး။ အဲဒါကို စောင့်မျှော်နေမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာတီတာအနေနဲ့ အသင်းကို အသင်းဖော်ဟောင်း ၂ ဦးစလုံး ခေါ်မှာလားဆိုတာကို မသိရပေမယ့် နည်းပြအဖွဲ့ဟာ လူငယ်နည်းပြတွေနဲ့ ဖွဲ့စည်းထားပြီးဖြစ်လို့ မကြာသေးမီကမှ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ယာယာ တိုရေးနဲ့ ကစားသမားဘဝကနေ မကြာခင် အနားယူမယ့် ကာဇိုလာလို အတွေ့အကြုံမရှိသေးတဲ့ နောက်ထပ်နည်းပြတွေကို ထပ်ခေါ်တာတော့ အကောင်းဆုံးဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။

အခုလို ပွဲကြပ်ကာလအပေါ်မှာ အာတီတာအနေနဲ့ အာရုံစိုက်ထားရမှာဖြစ်ပြီး နည်းပြအဖွဲ့အပြောင်းအလဲကို နှစ်သစ်ကျမှ ပြုလုပ်သွားဖို့ လိုအပ်နေတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အာတီတာအနေနဲ့ ယာယာ တိုရေး လာရောက်ပူးပေါင်းနိုင်ခြေနဲ့ပတ်သက်ပြီး ဖွင့်ပြောသွားတာကို ကြားရတာကတော့ တစ်ခုခုတော့ တစ်ခုခုပဲလို့ စဉ်းစားနေရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ ဆန္တီ ကာဇိုလာဟာ အမ္းမရိတ္စ္ကို ျပန္လာနိုင္ေျခရွိသူအျဖစ္ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့ေပမယ့္ နည္းၿပ အာတီတာက အသင္းေဖာ္ေဟာင္းအစား ေနာက္ထပ္ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေဟာင္းတစ္ဦးအတြက္ တံခါးဖြင့္ထားတာျဖစ္ပါတယ္။

အာဆင္နယ္ပထမအသင္းဟာ အထူးသျဖင့္ တိုက္စစ္မွာ ဖန္တီးနိုင္စြမ္းနဲ႔ လမ္းသစ္ေဖာက္နိုင္စြမ္းေတြ သြတ္သြင္းဖို႔ လိုအပ္ေနပုံ ေပၚေနၿပီး နည္းၿပ အာတီတာက အာစင္ဝင္းဂါးေခတ္လြန္ အမ္မရီလက္ထက္မွာ ဆိုးရြားခဲ့တဲ့ ခံစစ္ျပႆနာကို တိုးတက္ေအာင္ အံ့အားသင့္ဖြယ္ လုပ္ေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တိုက္စစ္ကို ခံစစ္နည္းတူ တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ လိုအပ္ေနေသးတာျဖစ္ၿပီး အာဆင္နယ္ဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၇ ဂိုးနဲ႔ အမွတ္ေပးဇယားထိပ္ဆုံး ၇ သင္းထဲမွာ သြင္းဂိုး ဒုတိယအနည္းဆုံးအသင္းျဖစ္ေနတာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ တိုက္စစ္အားနည္းေနမႈကို ဘယ္လို တိုးတက္ေအာင္ ေျပာင္းလဲနိုင္မလဲဆိုတာကို အခ်ိန္အေတာ္ၾကာ ေဆြးေႏြးခဲ့ၿပီး အႀကံျပဳခ်က္ေတြလည္း ရွိေနခဲ့ပါတယ္။ အဲဒါကေတာ့ တိုက္စစ္မႉးအသစ္လည္းမဟုတ္၊ ကစားကြက္အေျပာင္းအလဲလည္း မဟုတ္ဘဲ အေျဖက နည္းျပအဖြဲ႕ဝင္ထဲကို အင္အားထပ္မံျဖည့္တင္းဖို႔အေပၚမွာ မူတည္ေနတာျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

ယခုအပတ္မွာ အာတီတာရဲ့ မန္စီးတီးအသင္းေဖာ္ေဟာင္းျဖစ္တဲ့ ယာယာ တိုေရးဟာ အသင္းအတြက္ အက်ိဳးျပဳေပးနိုင္မယ့္ တစ္စုံတစ္ေယာက္အျဖစ္ ေဖာ္ျပျခင္း ခံခဲ့ရၿပီး လက္ရွိမွာေတာ့ အာတီတာက အာဆင္နယ္နည္းျပအဖြဲ႕ထဲကို ယာယာာ တိုေရးေရာက္လာမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ပြင့္ပြင့္လင္းလင္း ေျပာၾကားသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ႏွစ္အခ်ိဳ႕ကို အတူတူကုန္ဆုံးခဲ့တဲ့အတြက္ သူ႔မွာ ကၽြန္ေတာ့္ ဖုန္းနံပါတ္ရွိပါတယ္။ သူက ကၽြန္ေတာ္ အရမ္းခ်ီးက်ဴးရတဲ့ ကစားသမားျဖစ္တာေၾကာင့္ သူ ကၽြန္ေတာ့္ကို ဖုန္းေခၚၿပီး ေမးလို႔ ရပါတယ္။ သူက က်ိန္းေသေပါက္ အေတြ႕အၾကဳံနဲ႔ ကၽြမ္းက်င္မႈေတြရွိၿပီး ၿပိဳင္ပြဲမွာ အနိုင္ရဖို႔ ေသခ်ာတဲ့ တန္ဖိုးေတြ ထပ္ေပါင္းေပးနိုင္တဲ့ နိုင္ပြဲေတြအမ်ားႀကီး ရရွိခဲ့တဲ့သူပါ”

တိုေရးဟာ မန္စီးတီး တန္ခိုးထြားလာမႈမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ခဲ့ၿပီး အသင္းရဲ့ ဂႏၲဝင္ကစားသမားအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရတဲ့ကစားသမားျဖစ္ပါတယ္။ ယာယာ တိုေရးေရာက္ရွိလာမႈက အထူးသျဖင့္ ကြင္းလယ္ကေန ေဘာလုံးနဲ႔အတူ တိုက္စစ္လိုက္ပါခ်င္တဲ့ ေသာမတ္စ္ ပါေတးနဲ႔ လိုကြန္ဂါတို႔အတြက္ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္ျဖစ္လာမွာ ေသခ်ာပါတယ္။

ဒါေပမယ့္လည္း အဲဒါက အာဆင္နယ္ကို နည္းျပတစ္ဦးအျဖစ္နဲ႔ ဆန္တီ ကာဇိုလာ ျပန္လာနိုင္မယ့္အခြင့္အေရးအတြက္ေတာ့ သတင္းဆိုးျဖစ္လာနိုင္တဲ့ အခ်က္ျပမႈ ျဖစ္ေနတာျဖစ္ပါတယ္။ ကာဇိုလာက အနာဂတ္မွာ အာဆင္နယ္ရဲ့ နည္းျပအဖြဲ႕ထဲမွာ ပါနိုင္ဖို႔ အသင္းကို ျပန္လာခြင့္ရမယ့္ အခြင့္အေရးကို တန္ဖိုးထားသြားမွာျဖစ္တယ္လို႔ စပိန္သတင္းဌာန AS ကို ေျပာၾကားခဲ့သူျဖစ္ပါတယ္။

“အဲဒါက ကၽြန္ေတာ္ မနက္ျဖန္ကို တန္ဖိုးထားေစမယ့္ တစ္စုံတရာပါ။ အခု ကၽြန္ေတာ္ အဲဒီအခြင့္အေရးအတြက္ ထည့္သြင္းစဥ္းစားျခင္း မခံရပါဘူး။ တကယ္လို႔သာ သူက(အာတီတာ) ကၽြန္ေတာ္ သူ႔ကို ကူညီနိုင္မယ္လို႔ ယုံၾကည္ၿပီး အခြင့္အေရးေပးခဲ့မယ္ဆိုရင္ ကၽြန္ေတာ္ အဲဒီအေတြ႕အၾကဳံကို သူနဲ႔အတူ ခံစားနိုင္ဖို႔အတြက္ အေျပးလာမွာပါ။ ဒါေပမယ့္ ဒီေန႔အတြက္ေတာ့ ဘာမွ ေျပာလာတာမရွိေသးပါဘူး။ အဲဒါကို ေစာင့္ေမၽွာ္ေနမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ အသင္းကို အသင္းေဖာ္ေဟာင္း ၂ ဦးစလုံး ေခၚမွာလားဆိုတာကို မသိရေပမယ့္ နည္းျပအဖြဲ႕ဟာ လူငယ္နည္းျပေတြနဲ႔ ဖြဲ႕စည္းထားၿပီးျဖစ္လို႔ မၾကာေသးမီကမွ ကစားသမားဘဝကေန အနားယူခဲ့တဲ့ တိုေရးနဲ႔ ကစားသမားဘဝကေန မၾကာခင္ အနားယူမယ့္ ကာဇိုလာလို အေတြ႕အၾကဳံမရွိေသးတဲ့ ေနာက္ထပ္နည္းျပေတြကို ထပ္ေခၚတာေတာ့ အေကာင္းဆုံးျဖစ္ခ်င္မွ ျဖစ္နိုင္မွာပါ။

အခုလို ပြဲၾကပ္ကာလအေပၚမွာ အာတီတာအေနနဲ႔ အာ႐ုံစိုက္ထားရမွာျဖစ္ၿပီး နည္းျပအဖြဲ႕အေျပာင္းအလဲကို ႏွစ္သစ္က်မွ ျပဳလုပ္သြားဖို႔ လိုအပ္ေနတာျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္လည္း အာတီတာအေနနဲ႔ တိုေရး လာေရာက္ပူးေပါင္းနိုင္ေျခနဲ႔ပတ္သက္ၿပီး ဖြင့္ေျပာသြားတာကို ၾကားရတာကေတာ့ တစ္ခုခုေတာ့ တစ္ခုခုပဲလို႔ စဥ္းစားေနရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.