တူညီတဲ့ လူစာရင်းကို ရိုးရိုးလေးပဲ သုံးသွားတဲ့ ရန်းနစ်ခ်
မန်ချက်စတာယူနိုက်တက်အသင်းကို ဒီနေ့မှာ စတင်ကိုင်တွယ်တဲ့ နည်းပြသစ် ရာ့ဖ်လ် ရန်းနစ်ခ်အနေနဲ့ ပဲလေ့စ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကို အာဆင်နယ်နဲ့ပွဲက မိုက်ကယ် ကာရစ်ရဲ့ လူ ၁၁ ယောက်ကို အပြောင်းအလဲမရှိ သုံးစွဲသွားခဲ့ပြီး သူ့အနေနဲ့ တည်ငြိမ်မှုကို အလေးထားကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ လူစာရင်းဟာ သူ့ရဲ့ ကြိုတင်ညွှန်ကြားမှုဖြစ်ကြောင်းလည်း ကောက်ချက်ချလို့ ရစေပြီး ဖရက်ဒ်ကို ခြေစွမ်းပြနိုင်မယ့် လူစာရင်းဖြစ်လာတာနဲ့ တောင်ပံတွေကနေ တိုက်စစ်ဆင်မှု အားကောင်းစေမယ့် နောက်ခံလူတွေကို အသုံးပြုခဲ့တာကတော့ အောင်မြင်တဲ့ ပြောင်းလဲမှုတွေပဲလို့ ဆိုရမှာပါ။
Ralf Rangnick wins his first game as coach of Manchester United ✅ pic.twitter.com/GrPTTC9dYV
— B/R Football (@brfootball) December 5, 2021
ကောင်းမွန်တဲ့ Pressing ကစားဟန်
ဂျာမန်သားနည်းပြတွေဆီက ဘာတွေ မျှော်လင့်လို့ရသလဲဆိုတာ ပရိသတ်တွေ သိပြီးပြီဖြစ်ပြီး ဒီနေ့မှာလည်း ကောင်းမွန်တိုးတက်လာတဲ့ Pressing System ကို မြင်တွေ့ခဲ့ရတာပါ။ ရန်းနစ်ခ်အနေနဲ့ သူ့ရဲ့ ဘောလုံးအတွေးအခေါ်ကို ကစားသမားတွေဆီ ပို့ဆောင်ဖို့ အချိန်စောင့်ဆိုင်းမနေဘဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပုံစံပြောင်းကစားရမယ်လို့ ကြိုတင်အသိပေးခဲ့တဲ့အပြင် ဒီနေ့ပွဲမှာလည်း အဖွင့် ၅ မိနစ်မှာ ထောင့်ကန်ဘောနှစ်ကြိမ်ရခဲ့တဲ့ အထိ သူ့ရဲ့ ဖီလော်ဆော်ဖီသစ်ကို ရိုက်ထည့်သွားခဲ့တာပါ။ ပဲလေ့စ်နည်းပြ ဗီယာရာအတွက်တော့ သူ့ကစားကွက်ကို ပုံဖော်လို့မရအောင်ဖြစ်စေခဲ့ပြီး ယူနိုက်တက်တို့အနေနဲ့ ဘောလုံးဆုံးရှုံးတိုင်းမှာ ပြန်လုဖို့နဲ့ ကောင်တာအဝင်မခံရအောင် Technical Foul တွေ လုပ်ပစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာဖြစ်ပါတယ်။
နတ်ရေကန်ထဲက ဒါလော့နဲ့ ဖရက်ဒ်
ဆိုးလ်ရှားခေတ်အလွန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအလဲကတော့ နောက်ခံလူ ဒီယိုဂို ဒါလော့နဲ့ ကွင်းလယ်လူ ဖရက်ဒ်တို့ရဲ့ နတ်ရေကန်ထဲ ချလိုက်သလား အောက်မေ့ရအောင် တိုးတက်ပြောင်းလဲမှုတွေပါ။ ပေါ်တူဂီသားဟာ ခံစစ်ထက် တိုက်စစ်ကို ပိုမိုလိုက်ပါခဲ့ပြီး ညာခြမ်းကနေ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့သလို တစ်လမ်းသွားမဟုတ်ဘဲ ဘယ်ခြေနဲ့ ကောင်းကောင်းပေးပို့နိုင်သူဖြစ်နေတာက အလုပ်ပိုဖြစ်စေခဲ့သလို တိုက်စစ်က ဆန်ချိုကိုတောင် အရောင်မှိန်သွားစေတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဖရက်ဒ်ကတော့ တစ်ကွင်းလုံး သူပဲလို့ ပြောရအောင် ပဲလေ့စ်တို့ တိုက်စစ်ဆင်မှုတိုင်း သူ့ရဲ့ လိုက်ပါဖိအားပေးမှုနဲ့ မကင်းခဲ့ဘဲ အနိုင်ဂိုးကိုလည်း နောက်ကနေ အလိုက်သင့် လိုက်ပါကန်သွင်းပြသွားခဲ့တာပါ။
ခံစစ်ဆိုတာ ဗဟို၊ တောင်ပံဆိုတာ တိုက်စစ်
ဆိုးလ်ရှားလက်ထက်တုန်းကတော့ ဗဟိုကစားသမားတွေက တိုက်စစ်စတင်ရာနဲ့ ဘောလုံးဖြန်ဖို့ လုပ်ဆောင်ရာနေရာဖြစ်ပြီး ကာရစ်နဲ့ ရန်းနစ်ခ် လက်ထက်မှာတော့ ဒါက ပြောင်းလဲသွားခဲ့ပါတယ်။ ဗဟိုကစားသမားတွေဟာ ခံစစ်ကစားဖို့အတွက် တာဝန်အရှိဆုံးလူတွေဖြစ်ပြီး ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ကို အဖျက်သေချာကစားစေချိန်မှာ နောက်ခံအစွန်လူနှစ်ယောက်ကိုတော့ တိုက်စစ်အားသန်ပေ့ဆိုတဲ့ အဲလက်စ် တဲလက်စ်နဲ့ ဒါလော့တို့ကို ပွဲထုတ်ပြီး ရှေ့ရောက်ရင် သုံးစားမရတဲ့ ဝန်ဘစ်ဆာကာကို အရန်ခုံမှာပဲ ထားခဲ့တာပါ။ ညာခြမ်းတိုက်စစ်ရဲ့ တွဲလုံးတွေမှာ ပေါ်တူဂီသားက အရေးပါခဲ့သလို ဘယ်ခြမ်းက ဖြတ်တင်ဘောတွေနဲ့ တည်ကန်ဘောတွေမှာ ဘရာဇီးလ်သားက အခရာဖြစ်ခဲ့ပြီး ပိုမိုတိုက်စစ်သန်တဲ့ ယူနိုက်တက်အသင်းကို အနာဂတ်မှာ မြင်ရတော့မှာဖြစ်ပါတယ်။
မျိုးချစ် Chemistry ကို တည်ဆောက်နေတာလား
ဒီနေ့ပွဲမှာ မြင်ရသလောက်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆီကို ဘောလုံးပေးပို့တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ဒီယိုဂို ဒါလော့တို့ရဲ့ Feeding တွေက တော်တော်လေး စေတနာပါပါနဲ့ အချိတ်အဆက်မိခဲ့သလို ပေါ်တူဂီကပ္ပတိန် GOAT ကြီးအနေနဲ့ သူ့လူတွေဆီက စိတ်ကြိုက်ဘောလုံးတွေ ရရှိခဲ့ချိန်မှာ ပဲလေ့စ်ခံစစ်က အလစ်မပေးလွန်းလို့သာ ဂိုးမရဘဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတူအသင်းဖော်ချင်း အထာသိမှုက Chemistry လို့ ခေါ်ကြတဲ့ နားလည်မှုနဲ့ အတွဲအဖက်မိမှုကို တိုးတက်စေမှာဖြစ်ပြီး ဒါကလည်း လာမယ့်ပွဲတွေမှာ စောင့်ကြည့်ရမယ့် တိုက်စစ်ပိုင်း တိုးတက်မှုကို ဒီနေ့ပွဲက ရန်းနစ်ခ်က အမြည်းပေးခဲ့တာဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
ညာတောင်ပံမှာ ရွေးချယ်ရခက်တော့မယ့် အင်္ဂလန်သားတွေ
ဂျေဒန် ဆန်ချိုအနေနဲ့ နောက်ပိုင်းပွဲတွေမှာ သူ့ရဲ့ ယုံကြည်မှုကို ပြန်ရှာတွေ့ခဲ့သလို ဒီနေ့ပွဲမှာလည်း ပဲလေ့စ်ခံစစ်သမားတွေဆီ ရဲရဲရင့်ရင့်နဲ့ ပြေးလွှားထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာပါ။ အသင်းအတွက် ပိုမိုဦးစားပေးကစားပြီး တစ်ကိုယ်ကောင်းမဆန်ဘဲ ဘောလုံးပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ပေါင် ၇၃ သန်းဆိုတဲ့ ဈေးနှုန်းကို လိုက်မီဖို့ တဖြည်းဖြည်းနဲ့ တိုးတက်လာနေတာဖြစ်ပြီး ဖြတ်တင်ဘောနဲ့ ပေးပို့မှုအပိုင်းမှာ တိုးတက်လာဖို့တော့ လိုအပ်နေပါတယ်။ သူ့နေရာကို ဒုတိယပိုင်းမှာ ဝင်ကစားတဲ့ ဂရင်းဝုဒ်ကလည်း သူ့ရဲ့ ဖိအားပေးနိုင်မှုကို ပြသနိုင်ခဲ့လို့ လာမယ့်ပွဲတွေမှာ ဘယ်ခြမ်းမှာလည်း ရော်နယ်လ်ဒိုနဲ့ စမ်းသပ်တွဲဖက်ပြီးဖြစ်တဲ့ ဆန်ချိုက နေရာပြောင်းကစားလည်း အံ့ဩစရာမရှိနိုင်တာဖြစ်ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ Clean Sheet စရတဲ့ပွဲ
ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်တို့ ဘယ်လောက်ကောင်းကောင်း အိမ်ကွင်းမှာ ဂိုးပေးရတာက အစဉ်အလာကြီးလိုဖြစ်နေတာကြာပါပြီ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ပဲလေ့စ်တို့ ကစားကွက်တည်မရအောင်နဲ့ သူတို့ရဲ့ Backup Plan B ဖြစ်တဲ့ ကောင်တာတွေ အလုပ်မဖြစ်အောင် ရန်းနစ်ခ်ရဲ့ ကစားဟန် အသစ်က စနစ်တကျ ကိုင်တွယ်သွားခဲ့သလို အိုးလ်ထရက်ဖို့ဒ်မှာ အမြဲတမ်း ဒုက္ခပေးနေကျဖြစ်တဲ့ ဇာဟာကို Silent Mode နဲ့ Vibrate တုန်ရုံပဲ တတ်နိုင်စေခဲ့တာဖြစ်ပါတယ်။ ဂိုးသမား ဒဟေးယားအနေနဲ့လည်း ပဲလေ့စ်တို့ရဲ့ နှစ်ကြိမ် ဂိုးပေါက်တည့်မှုကိုသာ ဖမ်းယူခဲ့ရသလို ထောင့်ကန်ဘောကနေ ရခဲ့တဲ့ အာယူးရဲ့ ၇၅ မိနစ် ကန်ချက်တစ်ခုကလွဲလို့ ရင်ခုန်စရာမရှိခဲ့ဘဲ အိမ်ကွင်း Clean Sheet နဲ့ ပျော်ရွှင်နိုင်ခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
တူညီတဲ့ လူစာရင္းကို ႐ိုး႐ိုးေလးပဲ သုံးသြားတဲ့ ရန္းနစ္ခ္
မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဒီေန႔မွာ စတင္ကိုင္တြယ္တဲ့ နည္းျပသစ္ ရာ့ဖ္လ္ ရန္းနစ္ခ္အေနနဲ႔ ပဲေလ့စ္နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းကို အာဆင္နယ္နဲ႔ပြဲက မိုက္ကယ္ ကာရစ္ရဲ႕ လူ ၁၁ ေယာက္ကို အေျပာင္းအလဲမရွိ သုံးစြဲသြားခဲ့ၿပီး သူ႔အေနနဲ႔ တည္ၿငိမ္မႈကို အေလးထားေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ေတာ့ အာဆင္နယ္ကို အႏိုင္ယူခဲ့တဲ့ လူစာရင္းဟာ သူ႔ရဲ႕ ႀကိဳတင္ၫႊန္ၾကားမႈျဖစ္ေၾကာင္းလည္း ေကာက္ခ်က္ခ်လို႔ ရေစၿပီး ဖရက္ဒ္ကို ေျခစြမ္းျပႏိုင္မယ့္ လူစာရင္းျဖစ္လာတာနဲ႔ ေတာင္ပံေတြကေန တိုက္စစ္ဆင္မႈ အားေကာင္းေစမယ့္ ေနာက္ခံလူေတြကို အသုံးျပဳခဲ့တာကေတာ့ ေအာင္ျမင္တဲ့ ေျပာင္းလဲမႈေတြပဲလို႔ ဆိုရမွာပါ။
Ralf Rangnick wins his first game as coach of Manchester United ✅ pic.twitter.com/GrPTTC9dYV
— B/R Football (@brfootball) December 5, 2021
ေကာင္းမြန္တဲ့ Pressing ကစားဟန္
ဂ်ာမန္သားနည္းျပေတြဆီက ဘာေတြ ေမွ်ာ္လင့္လို႔ရသလဲဆိုတာ ပရိသတ္ေတြ သိၿပီးၿပီျဖစ္ၿပီး ဒီေန႔မွာလည္း ေကာင္းမြန္တိုးတက္လာတဲ့ Pressing System ကို ျမင္ေတြ႕ခဲ့ရတာပါ။ ရန္းနစ္ခ္အေနနဲ႔ သူ႔ရဲ႕ ေဘာလုံးအေတြးအေခၚကို ကစားသမားေတြဆီ ပို႔ေဆာင္ဖို႔ အခ်ိန္ေစာင့္ဆိုင္းမေနဘဲ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ပုံစံေျပာင္းကစားရမယ္လို႔ ႀကိဳတင္အသိေပးခဲ့တဲ့အျပင္ ဒီေန႔ပြဲမွာလည္း အဖြင့္ ၅ မိနစ္မွာ ေထာင့္ကန္ေဘာႏွစ္ႀကိမ္ရခဲ့တဲ့ အထိ သူ႔ရဲ႕ ဖီေလာ္ေဆာ္ဖီသစ္ကို ႐ိုက္ထည့္သြားခဲ့တာပါ။ ပဲေလ့စ္နည္းျပ ဗီယာရာအတြက္ေတာ့ သူ႔ကစားကြက္ကို ပုံေဖာ္လို႔မရေအာင္ျဖစ္ေစခဲ့ၿပီး ယူႏိုက္တက္တို႔အေနနဲ႔ ေဘာလုံးဆုံးရႈံးတိုင္းမွာ ျပန္လုဖို႔နဲ႔ ေကာင္တာအဝင္မခံရေအာင္ Technical Foul ေတြ လုပ္ပစ္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။
နတ္ေရကန္ထဲက ဒါေလာ့နဲ႔ ဖရက္ဒ္
ဆိုးလ္ရွားေခတ္အလြန္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေျပာင္းအလဲကေတာ့ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့နဲ႔ ကြင္းလယ္လူ ဖရက္ဒ္တို႔ရဲ႕ နတ္ေရကန္ထဲ ခ်လိုက္သလား ေအာက္ေမ့ရေအာင္ တိုးတက္ေျပာင္းလဲမႈေတြပါ။ ေပၚတူဂီသားဟာ ခံစစ္ထက္ တိုက္စစ္ကို ပိုမိုလိုက္ပါခဲ့ၿပီး ညာျခမ္းကေန အေကာင္းဆုံး ဖိအားေပးႏိုင္ခဲ့သလို တစ္လမ္းသြားမဟုတ္ဘဲ ဘယ္ေျခနဲ႔ ေကာင္းေကာင္းေပးပို႔ႏိုင္သူျဖစ္ေနတာက အလုပ္ပိုျဖစ္ေစခဲ့သလို တိုက္စစ္က ဆန္ခ်ိဳကိုေတာင္ အေရာင္မွိန္သြားေစတဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဖရက္ဒ္ကေတာ့ တစ္ကြင္းလုံး သူပဲလို႔ ေျပာရေအာင္ ပဲေလ့စ္တို႔ တိုက္စစ္ဆင္မႈတိုင္း သူ႔ရဲ႕ လိုက္ပါဖိအားေပးမႈနဲ႔ မကင္းခဲ့ဘဲ အႏိုင္ဂိုးကိုလည္း ေနာက္ကေန အလိုက္သင့္ လိုက္ပါကန္သြင္းျပသြားခဲ့တာပါ။
ခံစစ္ဆိုတာ ဗဟို၊ ေတာင္ပံဆိုတာ တိုက္စစ္
ဆိုးလ္ရွားလက္ထက္တုန္းကေတာ့ ဗဟိုကစားသမားေတြက တိုက္စစ္စတင္ရာနဲ႔ ေဘာလုံးျဖန္ဖို႔ လုပ္ေဆာင္ရာေနရာျဖစ္ၿပီး ကာရစ္နဲ႔ ရန္းနစ္ခ္ လက္ထက္မွာေတာ့ ဒါက ေျပာင္းလဲသြားခဲ့ပါတယ္။ ဗဟိုကစားသမားေတြဟာ ခံစစ္ကစားဖို႔အတြက္ တာဝန္အရွိဆုံးလူေတြျဖစ္ၿပီး ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ကို အဖ်က္ေသခ်ာကစားေစခ်ိန္မွာ ေနာက္ခံအစြန္လူႏွစ္ေယာက္ကိုေတာ့ တိုက္စစ္အားသန္ေပ့ဆိုတဲ့ အဲလက္စ္ တဲလက္စ္နဲ႔ ဒါေလာ့တို႔ကို ပြဲထုတ္ၿပီး ေရွ႕ေရာက္ရင္ သုံးစားမရတဲ့ ဝန္ဘစ္ဆာကာကို အရန္ခုံမွာပဲ ထားခဲ့တာပါ။ ညာျခမ္းတိုက္စစ္ရဲ႕ တြဲလုံးေတြမွာ ေပၚတူဂီသားက အေရးပါခဲ့သလို ဘယ္ျခမ္းက ျဖတ္တင္ေဘာေတြနဲ႔ တည္ကန္ေဘာေတြမွာ ဘရာဇီးလ္သားက အခရာျဖစ္ခဲ့ၿပီး ပိုမိုတိုက္စစ္သန္တဲ့ ယူႏိုက္တက္အသင္းကို အနာဂတ္မွာ ျမင္ရေတာ့မွာျဖစ္ပါတယ္။
မ်ိဳးခ်စ္ Chemistry ကို တည္ေဆာက္ေနတာလား
ဒီေန႔ပြဲမွာ ျမင္ရသေလာက္ေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆီကို ေဘာလုံးေပးပို႔တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဒီယိုဂို ဒါေလာ့တို႔ရဲ႕ Feeding ေတြက ေတာ္ေတာ္ေလး ေစတနာပါပါနဲ႔ အခ်ိတ္အဆက္မိခဲ့သလို ေပၚတူဂီကပၸတိန္ GOAT ႀကီးအေနနဲ႔ သူ႔လူေတြဆီက စိတ္ႀကိဳက္ေဘာလုံးေတြ ရရွိခဲ့ခ်ိန္မွာ ပဲေလ့စ္ခံစစ္က အလစ္မေပးလြန္းလို႔သာ ဂိုးမရဘဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ႏိုင္ငံတူအသင္းေဖာ္ခ်င္း အထာသိမႈက Chemistry လို႔ ေခၚၾကတဲ့ နားလည္မႈနဲ႔ အတြဲအဖက္မိမႈကို တိုးတက္ေစမွာျဖစ္ၿပီး ဒါကလည္း လာမယ့္ပြဲေတြမွာ ေစာင့္ၾကည့္ရမယ့္ တိုက္စစ္ပိုင္း တိုးတက္မႈကို ဒီေန႔ပြဲက ရန္းနစ္ခ္က အျမည္းေပးခဲ့တာျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ညာေတာင္ပံမွာ ေ႐ြးခ်ယ္ရခက္ေတာ့မယ့္ အဂၤလန္သားေတြ
ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ ေနာက္ပိုင္းပြဲေတြမွာ သူ႔ရဲ႕ ယုံၾကည္မႈကို ျပန္ရွာေတြ႕ခဲ့သလို ဒီေန႔ပြဲမွာလည္း ပဲေလ့စ္ခံစစ္သမားေတြဆီ ရဲရဲရင့္ရင့္နဲ႔ ေျပးလႊားထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တာပါ။ အသင္းအတြက္ ပိုမိုဦးစားေပးကစားၿပီး တစ္ကိုယ္ေကာင္းမဆန္ဘဲ ေဘာလုံးေပးဖို႔ အဆင္သင့္ျဖစ္ေနတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ေပါင္ ၇၃ သန္းဆိုတဲ့ ေဈးႏႈန္းကို လိုက္မီဖို႔ တျဖည္းျဖည္းနဲ႔ တိုးတက္လာေနတာျဖစ္ၿပီး ျဖတ္တင္ေဘာနဲ႔ ေပးပို႔မႈအပိုင္းမွာ တိုးတက္လာဖို႔ေတာ့ လိုအပ္ေနပါတယ္။ သူ႔ေနရာကို ဒုတိယပိုင္းမွာ ဝင္ကစားတဲ့ ဂရင္းဝုဒ္ကလည္း သူ႔ရဲ႕ ဖိအားေပးႏိုင္မႈကို ျပသႏိုင္ခဲ့လို႔ လာမယ့္ပြဲေတြမွာ ဘယ္ျခမ္းမွာလည္း ေရာ္နယ္လ္ဒိုနဲ႔ စမ္းသပ္တြဲဖက္ၿပီးျဖစ္တဲ့ ဆန္ခ်ိဳက ေနရာေျပာင္းကစားလည္း အံ့ဩစရာမရွိႏိုင္တာျဖစ္ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္မွာ Clean Sheet စရတဲ့ပြဲ
ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္တို႔ ဘယ္ေလာက္ေကာင္းေကာင္း အိမ္ကြင္းမွာ ဂိုးေပးရတာက အစဥ္အလာႀကီးလိုျဖစ္ေနတာၾကာပါၿပီ။ ဒါေပမယ့္ ဒီေန႔ပြဲမွာ ပဲေလ့စ္တို႔ ကစားကြက္တည္မရေအာင္နဲ႔ သူတို႔ရဲ႕ Backup Plan B ျဖစ္တဲ့ ေကာင္တာေတြ အလုပ္မျဖစ္ေအာင္ ရန္းနစ္ခ္ရဲ႕ ကစားဟန္ အသစ္က စနစ္တက် ကိုင္တြယ္သြားခဲ့သလို အိုးလ္ထရက္ဖို႔ဒ္မွာ အၿမဲတမ္း ဒုကၡေပးေနက်ျဖစ္တဲ့ ဇာဟာကို Silent Mode နဲ႔ Vibrate တုန္႐ုံပဲ တတ္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။ ဂိုးသမား ဒေဟးယားအေနနဲ႔လည္း ပဲေလ့စ္တို႔ရဲ႕ ႏွစ္ႀကိမ္ ဂိုးေပါက္တည့္မႈကိုသာ ဖမ္းယူခဲ့ရသလို ေထာင့္ကန္ေဘာကေန ရခဲ့တဲ့ အာယူးရဲ႕ ၇၅ မိနစ္ ကန္ခ်က္တစ္ခုကလြဲလို႔ ရင္ခုန္စရာမရွိခဲ့ဘဲ အိမ္ကြင္း Clean Sheet နဲ႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.