Match Report Premier League

နာရီပိုင်းလောက် ဇယားထိပ်ရောက်တဲ့ လီဗာပူးလ်ဆီက အဆင့် ၁ ကို သိမ်းတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲကို အကောင်းဆုံး အခွင့်အရေးယူနိုင်ဖို့ လုပ်ဆောင်လာခဲ့ပြီး ဦးဆောင်နေတဲ့ ချဲလ်ဆီးတို့ အမှားတွေနဲ့ ရှုံးပွဲတွေ့ခဲ့ချိန်မှာ သူတို့အတွက် အဝေးကွင်းနိုင်ပွဲကို ရယူဖို့ ဝေါ်လ်ကာ၊ ကန်ဆယ်လို၊ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ စတာလင်စတဲ့ ဦးစားပေး ကစားသမားအများစုကို ပွဲထုတ်ခဲ့ချိန်မှာ မာရက်ဇ်၊ ဂျေဆူးစ်၊ ဒီဘရိုင်းနားတို့ကတော့ အရန်ခုံမှာ ပါဝင်လာခဲ့ပါတယ်။

ရာနီရေးရီရဲ့ ဝတ်ဖို့ဒ်ကတော့ အိမ်ကွင်းမှာ ဘက်ခ်မန်း၊ အီကောင်၊ ကက်သ်ကတ်၊ ဖာမင်နီယာ၊ ဒန်နီရို့စ်၊ လူဇာ၊ ကလယ်ဗာလီ၊ ဆစ်ဆိုကို၊ ဂျာအို ပက်ဒရို၊ အီမန်ညူယယ် ဒင်းနစ်၊ ဂျိုရှူအာကင်းတို့နဲ့ လူစုံထုတ်ကစားလာခဲ့ပြီး မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကို ဒုက္ခပေးနိုင်ခဲ့သလိုမျိုး ဒီနေ့ပွဲမှာလည်း ထပ်ပြီး လုပ်ပြဖို့ ပြင်ဆင်လာခဲ့တာပါ။

စောစောစီးစီးမှာပဲ မန်စီးတီးတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒန်နီရို့စ် ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ ဘာနာဒို ဆေးလ်ဗားက ဘယ်ခြမ်းက ဖိုဒန်ဆီ ချပေးခဲ့ပြီး ဖိုဒန်က ချက်ချင်းမတင်ဘဲ ဝတ်ဖို့ဒ်နောက်တန်းရဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ ဖြတ်တင်ပေးရာမှာတော့ ဂရီးလစ်ရှ်နဲ့ လိုက်မျောပြီး ပါသွားခဲ့တဲ့ ခံစစ်ရဲ့ နောက်မှာ တစ်ယောက်တည်း လွတ်နေတဲ့ စတာလင်က မြေထောက်ခေါင်းတိုက်ချက်နဲ့ ပွဲချိန် ၄ မိနစ်မှာ ဦးဆောင်စေခဲ့ပါတယ်။

ဖိုဒန်က ဘယ်ခြမ်းကို အပိုင်စားယူထားတဲ့ ဒီနေ့ပွဲမှာ စတာလင်က ညာခြမ်းကနေ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်ခြေရော ညာခြေပါ အသုံးပြုနိုင်မှုက ဒန်နီရို့စ်အတွက်တော့ အိပ်မက်ဆိုးဖြစ်ခဲ့သလို ပွဲချိန် ၈ မိနစ်မှာလည်း သူ့ရဲ့ ဘယ်ခြေကန်ချက်ကို ဘက်ခ်မန်း ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၉ မိနစ်မှာတော့ ဒီကနေ ရတဲ့ ထောင့်ကန်ဘောကနေ ထပ်ဖြစ်တဲ့ ထောင့်ကန်ဘောကို ဂရီးလစ်ရှ်ရဲ့ ခေါင်းတိုက်ချက်က ဂိုးသမားတည့်တည့်ဖြစ်နေခဲ့လို့ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၁၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဖိုဒန်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဂရီးလစ်ရှ်က ဂိုးသမားနဲ့ပဲ ချစ်ကြည်ရေးလုပ်ခဲ့ပြန်သလို ပြန်ထွက်လာတဲ့ ဘောလုံးကိုလည်း စတာလင် မထိန်းနိုင်လိုက်တာကြောင့် အခွင့်အရေးတစ်ခု နစ်နာခဲ့ပြန်ပြီး ဒီနေ့ပွဲမှာ မန်စီးတီးတို့အနေနဲ့ ရာနီရေးရီရဲ့ လူတွေ ဒုက္ခမပေးနိုင်အောင် ဂိုးကန်ချက် ၂၆ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၃ ကြိမ်နဲ့ ဖြဲခြောက်ထားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဝတ်ဖို့ဒ်တို့ တန်ပြန်တိုက်စစ်ကနေ ဒင်းနစ်က အီဒါဆန်ကို ပြန်လည်ခြိမ်းခြောက်ခဲ့ပေမယ့် ကန်ချက်ပျော့လို့ ဖမ်းမိခဲ့သလို ဒီနေ့မှာ False 9 ကစားခဲ့တဲ့ ဂရီးလစ်ရှ်ကတော့ အိမ်ရှင်ရဲ့ ခံစစ်နဲ့ ကွင်းလယ်နှစ်တန်းကြားမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ ကန်သွင်းချက်တွေက အနည်းငယ် လိုအပ်နေသေးလို့သာ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ စီးတီးတို့ ဒုတိယဂိုးရခဲ့ပြန်ပြီး တန်ပြန်တိုက်စစ်ကနေ ဘာနာဒို ဆေးလ်ဗား ထိုးပေးတာကို ဂွန်ဒိုးဝမ်ရဲ့ အဆုံးသတ်မှုက မကောင်းခဲ့ဘဲ ဂိုးသမား ပုတ်ထုတ်ခံရပြီး ပြန်ထွက်လာတာကို ဘာနာဒိုကပဲ နောက်ခံလူတွေကြားက ထိန်းသိမ်းပြီး သိပ်မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းဘက်က ကန်သွင်းခဲ့ရာမှာ ဘက်ခ်မန်း အငိုက်မိသွားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီဂိုးအတွက် ထိုးဖောက်မှုမှာ ဂရီးလစ်ရှ်ကို အဖျက်ကြမ်းခဲ့တဲ့ ဒန်နီရို့စ် အဝါထိခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ညာခြမ်းက ဝေါ်လ်ကာရဲ့ ဖြတ်တင်မှု ဘယ်သူနဲ့မှ မထိဘဲ ကျလာခဲ့တာကို ဖိုဒန် ကန်ချက်က ဘေးထွက်သွားခဲ့လို့ ပထမပိုင်းမှာ မန်စီးတီးတို့ ဝတ်ဖို့ဒ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ သာသာယာယာ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစ ဝတ်ဖို့ဒ်တို့ လူဇာအစား ကူချို ဟာနန်ဒက်ဇ်နဲ့ ကလယ်ဗာလီအစား ကွတ်ကာတို့ကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ဖိုဒန်ရဲ့ ထောင့်ကန်ဘောက ဖန်တီးပေးမှုကို ရူဘင် ဒီယက်စ် အပြေးမတတ်လို့ လူကျွံနေခဲ့သလို နှစ်မိနစ်အကြာမှာတော့ စတာလင်ရဲ့ ဂိုးဝင်နိုင်တဲ့ ကန်ချက်ကို ကက်သ်ကတ် ပိတ်ဆို့သွားခဲ့ရပါတယ်။

စီးတီးတို့ရဲ့ တိုက်စစ်ပိုင်းကတော့ အသင်းငယ်တွေနဲ့ တွေ့ရင် ဖိကစားထားနိုင်ပြီး အခွင့်အရေး ရှာဖွေနိုင်မှုများလို့ စိတ်ပူစရာမလိုပေမယ့် ဒီနေ့ပွဲက အခွင့်အရေး အသုံးချ အဆုံးသတ်မှုပိုင်းကတော့ အားနည်းချက်တွေ မြင်ခဲ့ရသလို ဂွန်ဒိုးဝမ်၊ စတာလင်၊ ဖိုဒန်တို့အနေနဲ့ ဂိုးရနိုင်ခွင့်တွေကို အလောတကြီး ဖြုန်းတီးခဲ့တာကြောင့် အသင်းကြီးချင်း တွေ့ဆုံမှုတွေမှာ အားသာချက်ယူပေးနိုင်မယ့် တိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်လို့လည်း ဆိုရမှာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ စီးတီးတို့ တတိယဂိုး ထပ်ရခဲ့ပြီး ကွင်းလယ်ကနေ ဂရီးလစ်ရှ် ဆွဲပြေးလာပြီး နောက်ပြန်ချိုးပေးတာကို အလယ်ဝင် ကစားနေတဲ့ ဝေါ်လ်ကာက ညာခြမ်းကို ပြန်ဖြန့်ပေးရာမှာ ဘာနာဒို ဆေးလ်ဗားက အတွင်းကို တစ်ချက်ခေါက်ဝင်ပြီးမှ ကန်သွင်းခဲ့တဲ့ ဘောလုံးကို အဝေးတိုင် အပေါ်ထောင့်ဆီ တိကျသပ်ရပ်ခဲ့တာကြောင့် ဝတ်ဖို့ဒ်တို့ လက်မြှောက်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဂရီးလစ်ရှ်ရဲ့ ကန်ချက်က ဘားထိထွက်ခဲ့ပြန်ပြီး ဒီနေ့ ကံမကောင်းပါလားပဲဖြစ်ခဲ့ရသလို ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ လူစားလဲမှု ပြုလုပ်ခဲ့ပြီး ဂွန်ဒိုးဝမ်အစား ဒဏ်ရာက ပြန်လာတဲ့ ဒီဘရိုင်းနားနဲ့ ဂရီးလစ်ရှ်အစား မာရက်ဇ်တို့ကို ထည့်သွင်းခဲ့ပြီး ဘာနာဒို ဆေးလ်ဗားကတော့ အလယ်ပြန်ဝင်ကစားခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဝတ်ဖို့ဒ်ကွင်းလယ်လူ ကွတ်ကာရဲ့ ကန်ချက်ကို အီဒါဆန် ကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာတော့ ညာခြမ်းက ဖာမင်နီယာပေးတာကို ကူချို ဟာနန်ဒက်ဇ်က အဝေးတိုင်ဆီ အနိမ့်ဘောချိုးပြီး ကန်သွင်းခဲ့ရာမှာ တိုင်ထိထွက်ခဲ့တာက သူ့ဆီပဲ ပြန်ရောက်လာခဲ့လို့ အမြန်ထပ်ပြီး ကန်သွင်းခဲ့ရာမှာတော့ အိမ်ရှင်တွေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဒီဂိုးအတွက် အီဒါဆန်ကတော့ လာပေါ့တ်ကို အဆင်သင့်မရှိရကောင်းလားလို့ ပေါက်ကွဲခဲ့သလို ပြင်သစ်ကနေ စပိန်ကို ပြောင်းကစားခဲ့တဲ့ နောက်ခံလူအနေနဲ့ သိပ်မကြာခင်မှာလည်း ဂျိုရှူအာကင်းရဲ့ ကန်ချက်ကို မတားဆီးနိုင်ခဲ့သလို ခံစစ်အရည်အသွေး ဆိုးရွားခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ စတာလင်၊ ဒီဘရိုင်းနားတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ စီးတီးတို့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးအနေနဲ့ ရမှတ် ၃၅ မှတ် စုဆောင်းမိခဲ့ပြီး ချဲလ်ဆီးကို ကျော်တက်ပြီး နာရီပိုင်းလောက် ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့တဲ့ လီဗာပူးလ်တို့ဆီက အဆင့် ၁ နေရာကို လုယူနိုင်ခဲ့သလို ချန်ပီယံဆုအတွက် နဂါးမှန်းသိအောင် အမောက်ထောင်ပြနိုင်ခဲ့ပြီး ဝတ်ဖို့ဒ်တို့ကတော့ တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာ အဆင့် ၁၇ ဆီ ပြန်ဆင်းသွားခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲကို အေကာင္းဆုံး အခြင့္အေရးယူႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့ၿပီး ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးတို႔ အမွားေတြနဲ႔ ရႈံးပြဲေတြ႕ခဲ့ခ်ိန္မွာ သူတို႔အတြက္ အေဝးကြင္းႏိုင္ပြဲကို ရယူဖို႔ ေဝၚလ္ကာ၊ ကန္ဆယ္လို၊ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဂရီးလစ္ရွ္၊ စတာလင္စတဲ့ ဦးစားေပး ကစားသမားအမ်ားစုကို ပြဲထုတ္ခဲ့ခ်ိန္မွာ မာရက္ဇ္၊ ေဂ်ဆူးစ္၊ ဒီဘ႐ိုင္းနားတို႔ကေတာ့ အရန္ခုံမွာ ပါဝင္လာခဲ့ပါတယ္။

ရာနီေရးရီရဲ႕ ဝတ္ဖို႔ဒ္ကေတာ့ အိမ္ကြင္းမွာ ဘက္ခ္မန္း၊ အီေကာင္၊ ကက္သ္ကတ္၊ ဖာမင္နီယာ၊ ဒန္နီ႐ို႕စ္၊ လူဇာ၊ ကလယ္ဗာလီ၊ ဆစ္ဆိုကို၊ ဂ်ာအို ပက္ဒ႐ို၊ အီမန္ညဴယယ္ ဒင္းနစ္၊ ဂ်ိဳရႉအာကင္းတို႔နဲ႔ လူစုံထုတ္ကစားလာခဲ့ၿပီး မန္ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ကို ဒုကၡေပးႏိုင္ခဲ့သလိုမ်ိဳး ဒီေန႔ပြဲမွာလည္း ထပ္ၿပီး လုပ္ျပဖို႔ ျပင္ဆင္လာခဲ့တာပါ။

ေစာေစာစီးစီးမွာပဲ မန္စီးတီးတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒန္နီ႐ို႕စ္ ေဘာလုံးပ်က္ရာကေန ျပန္ရသြားတဲ့ ဘာနာဒို ေဆးလ္ဗားက ဘယ္ျခမ္းက ဖိုဒန္ဆီ ခ်ေပးခဲ့ၿပီး ဖိုဒန္က ခ်က္ခ်င္းမတင္ဘဲ ဝတ္ဖို႔ဒ္ေနာက္တန္းရဲ႕ အေျခအေနကို ေစာင့္ၾကည့္ၿပီးမွ ျဖတ္တင္ေပးရာမွာေတာ့ ဂရီးလစ္ရွ္နဲ႔ လိုက္ေမ်ာၿပီး ပါသြားခဲ့တဲ့ ခံစစ္ရဲ႕ ေနာက္မွာ တစ္ေယာက္တည္း လြတ္ေနတဲ့ စတာလင္က ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ ပြဲခ်ိန္ ၄ မိနစ္မွာ ဦးေဆာင္ေစခဲ့ပါတယ္။

ဖိုဒန္က ဘယ္ျခမ္းကို အပိုင္စားယူထားတဲ့ ဒီေန႔ပြဲမွာ စတာလင္က ညာျခမ္းကေန ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဘယ္ေျခေရာ ညာေျခပါ အသုံးျပဳႏိုင္မႈက ဒန္နီ႐ို႕စ္အတြက္ေတာ့ အိပ္မက္ဆိုးျဖစ္ခဲ့သလို ပြဲခ်ိန္ ၈ မိနစ္မွာလည္း သူ႔ရဲ႕ ဘယ္ေျခကန္ခ်က္ကို ဘက္ခ္မန္း ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကေန ထပ္ျဖစ္တဲ့ ေထာင့္ကန္ေဘာကို ဂရီးလစ္ရွ္ရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးသမားတည့္တည့္ျဖစ္ေနခဲ့လို႔ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဖိုဒန္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ဂရီးလစ္ရွ္က ဂိုးသမားနဲ႔ပဲ ခ်စ္ၾကည္ေရးလုပ္ခဲ့ျပန္သလို ျပန္ထြက္လာတဲ့ ေဘာလုံးကိုလည္း စတာလင္ မထိန္းႏိုင္လိုက္တာေၾကာင့္ အခြင့္အေရးတစ္ခု နစ္နာခဲ့ျပန္ၿပီး ဒီေန႔ပြဲမွာ မန္စီးတီးတို႔အေနနဲ႔ ရာနီေရးရီရဲ႕ လူေတြ ဒုကၡမေပးႏိုင္ေအာင္ ဂိုးကန္ခ်က္ ၂၆ ႀကိမ္၊ ဂိုးေပါက္တည့္မႈ ၁၃ ႀကိမ္နဲ႔ ၿဖဲေျခာက္ထားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ဝတ္ဖို႔ဒ္တို႔ တန္ျပန္တိုက္စစ္ကေန ဒင္းနစ္က အီဒါဆန္ကို ျပန္လည္ၿခိမ္းေျခာက္ခဲ့ေပမယ့္ ကန္ခ်က္ေပ်ာ့လို႔ ဖမ္းမိခဲ့သလို ဒီေန႔မွာ False 9 ကစားခဲ့တဲ့ ဂရီးလစ္ရွ္ကေတာ့ အိမ္ရွင္ရဲ႕ ခံစစ္နဲ႔ ကြင္းလယ္ႏွစ္တန္းၾကားမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ကန္သြင္းခ်က္ေတြက အနည္းငယ္ လိုအပ္ေနေသးလို႔သာ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ စီးတီးတို႔ ဒုတိယဂိုးရခဲ့ျပန္ၿပီး တန္ျပန္တိုက္စစ္ကေန ဘာနာဒို ေဆးလ္ဗား ထိုးေပးတာကို ဂြန္ဒိုးဝမ္ရဲ႕ အဆုံးသတ္မႈက မေကာင္းခဲ့ဘဲ ဂိုးသမား ပုတ္ထုတ္ခံရၿပီး ျပန္ထြက္လာတာကို ဘာနာဒိုကပဲ ေနာက္ခံလူေတြၾကားက ထိန္းသိမ္းၿပီး သိပ္မျဖစ္ႏိုင္တဲ့ ေထာင့္က်ဥ္းဘက္က ကန္သြင္းခဲ့ရာမွာ ဘက္ခ္မန္း အငိုက္မိသြားခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီဂိုးအတြက္ ထိုးေဖာက္မႈမွာ ဂရီးလစ္ရွ္ကို အဖ်က္ၾကမ္းခဲ့တဲ့ ဒန္နီ႐ို႕စ္ အဝါထိခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ညာျခမ္းက ေဝၚလ္ကာရဲ႕ ျဖတ္တင္မႈ ဘယ္သူနဲ႔မွ မထိဘဲ က်လာခဲ့တာကို ဖိုဒန္ ကန္ခ်က္က ေဘးထြက္သြားခဲ့လို႔ ပထမပိုင္းမွာ မန္စီးတီးတို႔ ဝတ္ဖို႔ဒ္ကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ သာသာယာယာ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစ ဝတ္ဖို႔ဒ္တို႔ လူဇာအစား ကူခ်ိဳ ဟာနန္ဒက္ဇ္နဲ႔ ကလယ္ဗာလီအစား ကြတ္ကာတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဖိုဒန္ရဲ႕ ေထာင့္ကန္ေဘာက ဖန္တီးေပးမႈကို ႐ူဘင္ ဒီယက္စ္ အေျပးမတတ္လို႔ လူကြၽံေနခဲ့သလို ႏွစ္မိနစ္အၾကာမွာေတာ့ စတာလင္ရဲ႕ ဂိုးဝင္ႏိုင္တဲ့ ကန္ခ်က္ကို ကက္သ္ကတ္ ပိတ္ဆို႔သြားခဲ့ရပါတယ္။

စီးတီးတို႔ရဲ႕ တိုက္စစ္ပိုင္းကေတာ့ အသင္းငယ္ေတြနဲ႔ ေတြ႕ရင္ ဖိကစားထားႏိုင္ၿပီး အခြင့္အေရး ရွာေဖြႏိုင္မႈမ်ားလို႔ စိတ္ပူစရာမလိုေပမယ့္ ဒီေန႔ပြဲက အခြင့္အေရး အသုံးခ် အဆုံးသတ္မႈပိုင္းကေတာ့ အားနည္းခ်က္ေတြ ျမင္ခဲ့ရသလို ဂြန္ဒိုးဝမ္၊ စတာလင္၊ ဖိုဒန္တို႔အေနနဲ႔ ဂိုးရႏိုင္ခြင့္ေတြကို အေလာတႀကီး ျဖဳန္းတီးခဲ့တာေၾကာင့္ အသင္းႀကီးခ်င္း ေတြ႕ဆုံမႈေတြမွာ အားသာခ်က္ယူေပးႏိုင္မယ့္ တိုက္စစ္မႉးတစ္ဦး လိုအပ္ေနတယ္လို႔လည္း ဆိုရမွာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ စီးတီးတို႔ တတိယဂိုး ထပ္ရခဲ့ၿပီး ကြင္းလယ္ကေန ဂရီးလစ္ရွ္ ဆြဲေျပးလာၿပီး ေနာက္ျပန္ခ်ိဳးေပးတာကို အလယ္ဝင္ ကစားေနတဲ့ ေဝၚလ္ကာက ညာျခမ္းကို ျပန္ျဖန႔္ေပးရာမွာ ဘာနာဒို ေဆးလ္ဗားက အတြင္းကို တစ္ခ်က္ေခါက္ဝင္ၿပီးမွ ကန္သြင္းခဲ့တဲ့ ေဘာလုံးကို အေဝးတိုင္ အေပၚေထာင့္ဆီ တိက်သပ္ရပ္ခဲ့တာေၾကာင့္ ဝတ္ဖို႔ဒ္တို႔ လက္ေျမႇာက္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဂရီးလစ္ရွ္ရဲ႕ ကန္ခ်က္က ဘားထိထြက္ခဲ့ျပန္ၿပီး ဒီေန႔ ကံမေကာင္းပါလားပဲျဖစ္ခဲ့ရသလို ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ လူစားလဲမႈ ျပဳလုပ္ခဲ့ၿပီး ဂြန္ဒိုးဝမ္အစား ဒဏ္ရာက ျပန္လာတဲ့ ဒီဘ႐ိုင္းနားနဲ႔ ဂရီးလစ္ရွ္အစား မာရက္ဇ္တို႔ကို ထည့္သြင္းခဲ့ၿပီး ဘာနာဒို ေဆးလ္ဗားကေတာ့ အလယ္ျပန္ဝင္ကစားခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဝတ္ဖို႔ဒ္ကြင္းလယ္လူ ကြတ္ကာရဲ႕ ကန္ခ်က္ကို အီဒါဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ညာျခမ္းက ဖာမင္နီယာေပးတာကို ကူခ်ိဳ ဟာနန္ဒက္ဇ္က အေဝးတိုင္ဆီ အနိမ့္ေဘာခ်ိဳးၿပီး ကန္သြင္းခဲ့ရာမွာ တိုင္ထိထြက္ခဲ့တာက သူ႔ဆီပဲ ျပန္ေရာက္လာခဲ့လို႔ အျမန္ထပ္ၿပီး ကန္သြင္းခဲ့ရာမွာေတာ့ အိမ္ရွင္ေတြ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဒီဂိုးအတြက္ အီဒါဆန္ကေတာ့ လာေပါ့တ္ကို အဆင္သင့္မရွိရေကာင္းလားလို႔ ေပါက္ကြဲခဲ့သလို ျပင္သစ္ကေန စပိန္ကို ေျပာင္းကစားခဲ့တဲ့ ေနာက္ခံလူအေနနဲ႔ သိပ္မၾကာခင္မွာလည္း ဂ်ိဳရႉအာကင္းရဲ႕ ကန္ခ်က္ကို မတားဆီးႏိုင္ခဲ့သလို ခံစစ္အရည္အေသြး ဆိုး႐ြားခဲ့တာျဖစ္ၿပီး ဒီေနာက္ပိုင္းမွာေတာ့ စတာလင္၊ ဒီဘ႐ိုင္းနားတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ စီးတီးတို႔ အႏိုင္ရရွိခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးအေနနဲ႔ ရမွတ္ ၃၅ မွတ္ စုေဆာင္းမိခဲ့ၿပီး ခ်ဲလ္ဆီးကို ေက်ာ္တက္ၿပီး နာရီပိုင္းေလာက္ ဇယားထိပ္မွာ ရပ္တည္ႏိုင္ခဲ့တဲ့ လီဗာပူးလ္တို႔ဆီက အဆင့္ ၁ ေနရာကို လုယူႏိုင္ခဲ့သလို ခ်န္ပီယံဆုအတြက္ နဂါးမွန္းသိေအာင္ အေမာက္ေထာင္ျပႏိုင္ခဲ့ၿပီး ဝတ္ဖို႔ဒ္တို႔ကေတာ့ တန္းဆင္းဇုန္နဲ႔ ၃ မွတ္အကြာ အဆင့္ ၁၇ ဆီ ျပန္ဆင္းသြားခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.