Premier League

လာမယ့်လ အာဖရိကဖလားကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မယ့်ကစားသမား ၁၁ ဦး

ပရီးမီးယားလိဂ်နည်းပြတွေဟာ လက်ရှိမှာ ပွဲဆက်တွေများတဲ့ ဒီဇင်ဘာလကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာတစ်ခုတည်းကို စီမံခန့်ခွဲနေရတာမဟုတ်ဘဲ လာမယ့်နှစ်အစ ဇန်နဝါရီ ၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ပြုလုပ်မယ့် အာဖရိကဖလားပြိုင်ပွဲအတွက် အနည်းဆုံး ၎င်းတို့ရဲ့ အာဖရိကကြယ်ပွင့်တွေကို လက်လွှတ်ဆုံးရှုံးရမယ့်အရေးကိုလည်း ဖြေရှင်းနေရပါတယ်။

ဘယ်သူမှ မမျှော်မှန်းထားပေမယ့် အာဖရိကဖလားပြိုင်ပွဲကို သွားကစားမယ့် အဓိကကစားသမားတွေ မပါဝင်မှုကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး လာမယ့် နှစ်အစမှာ အာဖရိကပြိုင်ပွဲကြောင့် အသင်းရဲ့ပွဲစဉ်တွေကို ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့မယ့် ထိပ်တန်းကစားသမား ၁၁ ဦးအထိ ရှိနေပါတယ်။

ဂိုး- အေဒူယာ မန်ဒီ(ချဲလ်ဆီး၊ ဆီနီဂေါ)

သောမတ်စ် တူဟယ် ကံကောင်းသွားတာက အားထားရတဲ့ ရေဘဝဲ မန်ဒီ မပါဝင်နိုင်တဲ့အချိန်မှာ ပုံမှန်လက်စွမ်းပြန်ရနေတဲ့ ကီပါကို အစားထိုးအသုံးပြုလို့ ရနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ အလွန်ကောင်းမွန်တဲ့လက်စွမ်းပြသနေတဲ့ မန်ဒီ မပါဝင်နိုင်မှုက ချဲလ်ဆီးတို့အတွက် အားငယ်စရာတော့ ဖြစ်နေဆဲဖြစ်ပါတယ်။

ဗဟိုခံစစ်- အဲရစ် ဘိုင်လီ(မန်ချက်စတာယူနိုက်တက်၊ အိုင်ဗရီကို့စ်)

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဗာရိန်းနဲ့ မက်ဂွိုင်းယားတို့နေရာမှာ အစားထိုး အသုံးပြုခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် အာမခံချက်ရရှိဖို့ ခက်ခဲခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယာယီနည်းပြ ရန်းနစ်ခ်ရဲ့လက်အောက်မှာ ခေတ်သစ်ကို စတင်ဝင်ရောက်နေပြီဖြစ်ပြီး အိုင်ဗရီကို့စ်နောက်ခံလူအနေနဲ့ နိုင်ငံတကာပွဲစဉ်ကစားဖို့ ကာရင်တန်ရဲ့အဝေးမှာ ရောက်ရှိနေတာက ဂျာမန်လူမျိုးနည်းပြအတွက် ခံစစ် အရန်သင့်အစားထိုးစရာကို လက်လွှတ်ဆုံးရှုံးမှု ဖြစ်လာမှာဖြစ်ပါတယ်။

ဗဟိုခံစစ်- ဒန်နီရယ် အမာတေ(လက်စတာစီးတီး၊ ဂါနာ)

ဝက်စ်လေ ဖိုဖာနာ ကံဆိုးစွာနဲ့ ရာသီကြိုလေ့ကျင့်ရေးမှာ ဒဏ်ရာရရှိသွားပြီးနောက် ယခုရာသီ လက်စတာအတွက် ခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ အမာတေ မပါဝင်နိုင်မှုက ပရီးမီးယားလိဂ်က ဥရောပဝင်ခွင့်အတွက် ယှဉ်ပြိုင်ချင်တဲ့ ဘရန်ဒန် ရော်ဂျာအတွက် အခက်တွေ့စေမှာ ဖြစ်ပါတယ်။

ဗဟိုခံစစ်- ရိုမိန်း ဆိုင်းအိစ်(ဝုလ်ဗ်စ်၊ မော်ရိုကို)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ ခံစစ် ၃ ဦးနဲ့ ကစားတဲ့ပွဲစဉ်တွေမှာ အမြဲတမ်း အားထားရတဲ့ ဆိုင်းအိစ်ဟာ ချဲလ်ဆီးက ဟာကင်း ဇီယက်ရှ်၊ ပီအက်စ်ဂျီက ဟာကီမီတို့နဲ့ တွဲဖက်ကစားပြီး မော်ရိုကိုနဲ့အတူ အာဖရိကဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့အတွက် မျှော်လင့်ထားမှာဖြစ်ပါတယ်။

ကွင်းလယ်ညာတောင်ပံ- မာရက်ဇ်(မန်စီးတီး၊ အယ်လ်ဂျီးရီးယား)

ပရီးမီးယားလိဂ်မှာ အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးကို တစ်လလောက် ဆုံးရှုံးရလည်း သိပ်ရုပ်မပျက်တာဆိုလို့ မန်စီးတီးတစ်သင်းလောက်ပဲ ရှိမှာပါ။ မာရက်ဇ်ဟာ အယ်လ်ဂျီးရီးယားနဲ့အတူ ၂ ကြိမ်ဆက်တိုက် ဗိုလ်စွဲဖို့ ရည်မှန်းထားတာကြောင့် မန်စီးတီးအတွက် ၁ လလောက် ပါဝင်ကစားပေးနိုင်တော့မှာမဟုတ်ပေမယ့် ဂွါဒီယိုလာအနေနဲ့ ၎င်းရဲ့နေရာမှာ ကွာဟချက်မဖြစ်အောင် ထိန်းသိမ်ထားနိုင်မယ်လို့ တွက်ဆထားနိုင်ပါတယ်။

ကွင်းလယ်ဗဟို-နာဘီ ကီးတား

ယာဂန် ကလော့ပ်ရဲ့လီဗာပူးလ်အသင်း ပွဲစဉ်တွေကို လာမယ့်လမှာ လွဲချော်မယ့်ကစားသမား ၃ ဦးထဲက ပထမဆုံးကစားသမားဖြစ်တဲ့ ကီးတားမပါဝင်ဘဲ လီဗာပူးလ်အသင်းက အကောင်းဆုံး ကိုင်တွယ်သွားနိုင်ပါတယ်။

ကွင်းလယ်ဗဟို-ဘစ်ဆူးမား(ဘရိုက်တန်၊ မာလီ)

ဂရေဟမ် ပေါ်တာရဲ့ အဓိကအသက်ဖြစ်တဲ့ ဘစ်ဆူးမားမပါဝင်ဘဲ ဘရိုက်တန်အသင်းဟာ ကွင်းလယ်မှာ တော်တော်လေး ရုန်းကန်ရဖွယ် ရှိနေပါတယ်။

ကွင်းလယ်ဘယ်တောင်ပံ-အစ္စမိုင်လာ ဆား(ဝက်ဖို့ဒ်၊ ဆီနီဂေါ)

အာဖရိကဖလားပြိုင်ပွဲဟာ ရာနီယေးရီရဲ့ ဝက်ဖို့ဒ်အသင်းအတွက် အဓိကပြဿနာကြီးဖြစ်တယ်ဆိုတာ အသင်းရဲ့ ပထမအသင်းကစားသမား ၅ ဦးထိ ဆွဲနုတ်ယူပြီး သက်သေပြသတော့မှာဖြစ်ပါတယ်။ အီမန်နျူရယ် ဒန်းနစ်၊ ဝီလီယံ ထရို့စ်-အေကွန်း၊ အဒမ် မာစီနာ၊ ပီတာ အီတီဘိုတို့ဟာ ဆားနဲ့အတူ အာဖရိကပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး လက်ရှိမှာ ဒူးဒဏ်ရာကို ဂရုစိုက်နေရတဲ့ တောင်ပံကစားသမားကို ဝက်ဖို့ဒ်အနေနဲ့ ဆီနီဂေါနဲ့ ပူးပေါင်းတဲ့အချိန်အထိ လက်လွှတ်ထားရတော့မှာဖြစ်ပါတယ်။

တိုက်စစ်ညာတောင်ပံ- မိုဟာမက် ဆာလား(လီဗာပူးလ်၊ အီဂျစ်)

အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ယခုရာသီ ဂိုးသွင်းစွမ်းရည်ကြောင့် လီဗာပူးလ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်လာတော့မှာဖြစ်ပြီး ဆုတောင်းလို့မကောင်းပေမယ့် အီဂျစ် မြန်မြန် ပြုတ်ဖို့သာ မာဆေးဆိုဒ်အသင်းအနေနဲ့ ဆုတောင်းနေရတော့မှာဖြစ်ပါတယ်။

တိုက်စစ်ဘယ်တောင်ပံ-ဆာဒီယို မာနေး(လီဗာပူးလ်၊ ဆီနီဂေါ)

လီဗာပူးလ်အနေနဲ့ မိုဟာမက် ဆာလားကို ဆုံးရှုံးရတာနဲ့တင် ကံဆိုးတာက မပြီးသေးဘဲ နောက်ထပ် တိုက်စစ်မှာ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မာနေးကိုလည်း လက်လွှတ်ရဦးမှာဖြစ်ပါတယ်။ ဆီနီဂေါဟာ အာဖရိကပြိုင်ပွဲမှာ အခြေအနေကောင်းလိမ့်မယ်လို့ တစ်ကြိုပေးခံထားရတာကြောင့် လီဗာပူးလ်အနေနဲ့ မာနေးမပါဝင်ဘဲ ဖေဖော်ဝါရီလလယ်လောက်အထိ ပွဲကစားသွားရဖို့ များနေတာဖြစ်ပါတယ်။ ဂျိုတာ၊ ဖာမီနိုနဲ့ အိုရီဂီတို့က ၂၀၂၂ ခုနှစ်အစောပိုင်းအတွက် တိုက်စစ်မှာ ကြီးမားတဲ့ဟာကွက်ကို ဖြည့်ဆည်းပေးဖို့တော့ ရှိနေပါတယ်။

တိုက်စစ်မှူး-အူဘာမီယန်း(အာဆင်နယ်၊ ဂါဘွန်)

အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဖရိကပြိုင်ပွဲမှာ ဂါဘွန်ကို ဦးဆောင်သွားမှာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ယခုရာသီမှာ အာဆင်နယ်အတွက် ပုံမှန်ခြေစွမ်းမှာမရှိပေမယ့် အာတီတာရဲ့အသင်းအတွက်ကတော့ ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်မှာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပရီးမီးယားလိဂ္နည္းျပေတြဟာ လက္ရွိမွာ ပြဲဆက္ေတြမ်ားတဲ့ ဒီဇင္ဘာလကို ဘယ္လို ေက်ာ္ျဖတ္ရမလဲဆုိတာတစ္ခုတည္းကို စီမံခန္႔ခြဲေနရတာမဟုတ္ဘဲ လာမယ့္ႏွစ္အစ ဇန္နဝါရီ ၉ ရက္ေန႔ကေန ေဖေဖာ္ဝါရီ ၆ ရက္ေန႔အထိ ျပဳလုပ္မယ့္ အာဖရိကဖလားၿပိဳင္ပြဲအတြက္ အနည္းဆံုး ၎တုိ႔ရဲ႕ အာဖရိကၾကယ္ပြင့္ေတြကို လက္လႊတ္ဆံုးရံႈးရမယ့္အေရးကိုလည္း ေျဖရွင္းေနရပါတယ္။

ဘယ္သူမွ မေမွ်ာ္မွန္းထားေပမယ့္ အာဖရိကဖလားၿပိဳင္ပြဲကို သြားကစားမယ့္ အဓိကကစားသမားေတြ မပါဝင္မႈေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဟာ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ၿပီး လာမယ့္ ႏွစ္အစမွာ အာဖရိကၿပိဳင္ပြဲေၾကာင့္ အသင္းရဲ႕ပြဲစဥ္ေတြကို ပါဝင္ကစားေပးႏုိင္ျခင္းမရွိေတာ့မယ့္ ထိပ္တန္းကစားသမား ၁၁ ဦးအထိ ရွိေနပါတယ္။

ဂိုး- ေအဒူယာ မန္ဒီ(ခ်ဲလ္ဆီး၊ ဆီနီေဂါ)

ေသာမတ္စ္ တူဟယ္ ကံေကာင္းသြားတာက အားထားရတဲ့ ေရဘဝဲ မန္ဒီ မပါဝင္ႏုိင္တဲ့အခ်ိန္မွာ ပံုမွန္လက္စြမ္းျပန္ရေနတဲ့ ကီပါကို အစားထိုးအသံုးျပဳလုိ႔ ရေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီရာသီမွာ အလြန္ေကာင္းမြန္တဲ့လက္စြမ္းျပသေနတဲ့ မန္ဒီ မပါဝင္ႏုိင္မႈက ခ်ဲလ္ဆီးတို႔အတြက္ အားငယ္စရာေတာ့ ျဖစ္ေနဆဲျဖစ္ပါတယ္။

ဗဟုိခံစစ္- အဲရစ္ ဘုိင္လီ(မန္ခ်က္စတာယူႏုိက္တက္၊ အိုင္ဗရီကို႔စ္)

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ဗာရိန္းနဲ႔ မက္ဂြိဳင္းယားတို႔ေနရာမွာ အစားထိုး အသံုးျပဳခံခဲ့ရတဲ့ အသက္ ၂၇ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ အုိးထရက္ဖို႔ဒ္မွာ ပံုမွန္ပြဲထြက္ကစားသမားအျဖစ္ အာမခံခ်က္ရရွိဖို႔ ခက္ခဲခဲ့သူျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ယာယီနည္းျပ ရန္းနစ္ခ္ရဲ႕လက္ေအာက္မွာ ေခတ္သစ္ကို စတင္ဝင္ေရာက္ေနၿပီျဖစ္ၿပီး အိုင္ဗရီကို႔စ္ေနာက္ခံလူအေနနဲ႔ ႏုိင္ငံတကာပြဲစဥ္ကစားဖို႔ ကာရင္တန္ရဲ႕အေဝးမွာ ေရာက္ရွိေနတာက ဂ်ာမန္လူမ်ိဳးနည္းျပအတြက္ ခံစစ္ အရန္သင့္အစားထိုးစရာကို လက္လႊတ္ဆံုးရံႈးမႈ ျဖစ္လာမွာျဖစ္ပါတယ္။

ဗဟိုခံစစ္- ဒန္နီရယ္ အမာေတ(လက္စတာစီးတီး၊ ဂါနာ)

ဝက္စ္ေလ ဖိုဖာနာ ကံဆုိးစြာနဲ႔ ရာသီႀကိဳေလ့က်င့္ေရးမွာ ဒဏ္ရာရရွိသြားၿပီးေနာက္ ယခုရာသီ လက္စတာအတြက္ ခံစစ္မွာ ပံုမွန္ပြဲထြက္ခြင့္ရေနတဲ့ အမာေတ မပါဝင္ႏုိင္မႈက ပရီးမီးယားလိဂ္က ဥေရာပဝင္ခြင့္အတြက္ ယွဥ္ၿပိဳင္ခ်င္တဲ့ ဘရန္ဒန္ ေရာ္ဂ်ာအတြက္ အခက္ေတြ႕ေစမွာ ျဖစ္ပါတယ္။

ဗဟိုခံစစ္- ရိုမိန္း ဆုိင္းအိစ္(ဝုလ္ဗ္စ္၊ ေမာ္ရုိကို)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ ခံစစ္ ၃ ဦးနဲ႔ ကစားတဲ့ပြဲစဥ္ေတြမွာ အၿမဲတမ္း အားထားရတဲ့ ဆုိင္းအိစ္ဟာ ခ်ဲလ္ဆီးက ဟာကင္း ဇီယက္ရွ္၊ ပီအက္စ္ဂ်ီက ဟာကီမီတို႔နဲ႔ တြဲဖက္ကစားၿပီး ေမာ္ရိုကိုနဲ႔အတူ အာဖရိကဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရရွိဖို႔အတြက္ ေမွ်ာ္လင့္ထားမွာျဖစ္ပါတယ္။

ကြင္းလယ္ညာေတာင္ပံ- မာရက္ဇ္(မန္စီးတီး၊ အယ္လ္ဂ်ီးရီးယား)

ပရီးမီးယားလိဂ္မွာ အရည္အေသြးရွိတဲ့ ကစားသမားတစ္ဦးကို တစ္လေလာက္ ဆံုးရံႈးရလည္း သိပ္ရုပ္မပ်က္တာဆုိလို႔ မန္စီးတီးတစ္သင္းေလာက္ပဲ ရွိမွာပါ။ မာရက္ဇ္ဟာ အယ္လ္ဂ်ီးရီးယားနဲ႔အတူ ၂ ႀကိမ္ဆက္တုိက္ ဗိုလ္စြဲဖို႔ ရည္မွန္းထားတာေၾကာင့္ မန္စီးတီးအတြက္ ၁ လေလာက္ ပါဝင္ကစားေပးႏုိင္ေတာ့မွာမဟုတ္ေပမယ့္ ဂြါဒီယိုလာအေနနဲ႔ ၎ရဲ႕ေနရာမွာ ကြာဟခ်က္မျဖစ္ေအာင္ ထိန္းသိမ္ထားႏုိင္မယ္လုိ႔ တြက္ဆထားႏုိင္ပါတယ္။

ကြင္းလယ္ဗဟို-နာဘီ ကီးတား

ယာဂန္ ကေလာ့ပ္ရဲ႕လီဗာပူးလ္အသင္း ပြဲစဥ္ေတြကို လာမယ့္လမွာ လြဲေခ်ာ္မယ့္ကစားသမား ၃ ဦးထဲက ပထမဆံုးကစားသမားျဖစ္တဲ့ ကီးတားမပါဝင္ဘဲ လီဗာပူးလ္အသင္းက အေကာင္းဆံုး ကိုင္တြယ္သြားႏုိင္ပါတယ္။

ကြင္းလယ္ဗဟို-ဘစ္ဆူးမား(ဘရိုက္တန္၊ မာလီ)

ဂေရဟမ္ ေပၚတာရဲ႕ အဓိကအသက္ျဖစ္တဲ့ ဘစ္ဆူးမားမပါဝင္ဘဲ ဘရိုက္တန္အသင္းဟာ ကြင္းလယ္မွာ ေတာ္ေတာ္ေလး ရုန္းကန္ရဖြယ္ ရွိေနပါတယ္။

ကြင္းလယ္ဘယ္ေတာင္ပံ-အစၥမုိင္လာ ဆား(ဝက္ဖို႔ဒ္၊ ဆီနီေဂါ)

အာဖရိကဖလားၿပိဳင္ပြဲဟာ ရာနီေယးရီရဲ႕ ဝက္ဖို႔ဒ္အသင္းအတြက္ အဓိကျပႆနာႀကီးျဖစ္တယ္ဆုိတာ အသင္းရဲ႕ ပထမအသင္းကစားသမား ၅ ဦးထိ ဆြဲႏုတ္ယူၿပီး သက္ေသျပသေတာ့မွာျဖစ္ပါတယ္။ အီမန္ႏ်ဴရယ္ ဒန္းနစ္၊ ဝီလီယံ ထရုိ႕စ္-ေအကြန္း၊ အဒမ္ မာစီနာ၊ ပီတာ အီတီဘိုတုိ႔ဟာ ဆားနဲ႔အတူ အာဖရိကၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး လက္ရွိမွာ ဒူးဒဏ္ရာကို ဂရုစိုက္ေနရတဲ့ ေတာင္ပံကစားသမားကို ဝက္ဖို႔ဒ္အေနနဲ႔ ဆီနီေဂါနဲ႔ ပူးေပါင္းတဲ့အခ်ိန္အထိ လက္လႊတ္ထားရေတာ့မွာျဖစ္ပါတယ္။

တုိက္စစ္ညာေတာင္ပံ- မုိဟာမက္ ဆာလား(လီဗာပူးလ္၊ အီဂ်စ္)

အသက္ ၂၉ ႏွစ္အရြယ္တုိက္စစ္မွဴးရဲ႕ ယခုရာသီ ဂိုးသြင္းစြမ္းရည္ေၾကာင့္ လီဗာပူးလ္အတြက္ ႀကီးမားတဲ့ဆံုးရံႈးမႈ ျဖစ္လာေတာ့မွာျဖစ္ၿပီး ဆုေတာင္းလုိ႔မေကာင္းေပမယ့္ အီဂ်စ္ ျမန္ျမန္ ျပဳတ္ဖို႔သာ မာေဆးဆုိဒ္အသင္းအေနနဲ႔ ဆုေတာင္းေနရေတာ့မွာျဖစ္ပါတယ္။

တုိက္စစ္ဘယ္ေတာင္ပံ-ဆာဒီယို မာေနး(လီဗာပူးလ္၊ ဆီနီေဂါ)

လီဗာပူးလ္အေနနဲ႔ မုိဟာမက္ ဆာလားကို ဆံုးရံႈးရတာနဲ႔တင္ ကံဆိုးတာက မၿပီးေသးဘဲ ေနာက္ထပ္ တုိက္စစ္မွာ အဓိကကစားသမားတစ္ဦးျဖစ္တဲ့ မာေနးကိုလည္း လက္လႊတ္ရဦးမွာျဖစ္ပါတယ္။ ဆီနီေဂါဟာ အာဖရိကၿပိဳင္ပြဲမွာ အေျခအေနေကာင္းလိမ့္မယ္လုိ႔ တစ္ႀကိဳေပးခံထားရတာေၾကာင့္ လီဗာပူးလ္အေနနဲ႔ မာေနးမပါဝင္ဘဲ ေဖေဖာ္ဝါရီလလယ္ေလာက္အထိ ပြဲကစားသြားရဖို႔ မ်ားေနတာျဖစ္ပါတယ္။ ဂ်ိဳတာ၊ ဖာမီႏုိနဲ႔ အိုရီဂီတို႔က ၂၀၂၂ ခုႏွစ္အေစာပိုင္းအတြက္ တုိက္စစ္မွာ ႀကီးမားတဲ့ဟာကြက္ကို ျဖည့္ဆည္းေပးဖို႔ေတာ့ ရွိေနပါတယ္။

တုိက္စစ္မွဴး-အူဘာမီယန္း(အာဆင္နယ္၊ ဂါဘြန္)

အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္ အာဖရိကၿပိဳင္ပြဲမွာ ဂါဘြန္ကို ဦးေဆာင္သြားမွာျဖစ္ၿပီး အသက္ ၃၂ ႏွစ္အရြယ္တုိက္စစ္မွဴးဟာ ယခုရာသီမွာ အာဆင္နယ္အတြက္ ပံုမွန္ေျခစြမ္းမွာမရွိေပမယ့္ အာတီတာရဲ႕အသင္းအတြက္ကေတာ့ ႀကီးမားတဲ့ဆံုးရံႈးမႈ ျဖစ္မွာျဖစ္ပါတယ္။