Ligue1

နိစ်နဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး ဘလွန်ဒေါဆုကို အိုးမည်းသုတ်ခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့ညက နိစ်အသင်းကို ပီအက်စ်ဂျီအသင်းက အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့အတွက် မေ့ထားချင်စရာ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ တနင်္လာနေ့ညမှာ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အင်္ဂါနေ့က အသင်းလေ့ကျင့်ရေးကို ပါရီဒက်စ်နဲ့အတူ လွဲချော်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၁၆ ပွဲမှာ စုစုပေါင်း ၄၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ အပြတ်အသတ် ဦးဆောင်နေတာဖြစ်ပြီး ရင်းနေးက လိုင်လီအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် မာဆေးလ်အသင်းဟာ နွန့်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၂ နေရာကို ခုန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ပွဲလျော့နေတဲ့ မာဆေးလ်အသင်းက ရမှတ် ၂၉ မှတ်၊ ရင်းနေးက ၂၈ မှတ်၊ နိစ်က ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လွန်းစ်အသင်းဟာ တန်းတက် ကလဲဟာမွန့်ကို ၂-၂ နဲ့ သရေကျပြီးနောက် ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နိစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မတိုင်မီ လီယွန်နယ် မက်ဆီက ၎င်းရဲ့ ဘလွန်ဒေါဆု၊ ဒွန်နာရမ်းမားက ၎င်းရဲ့ ယာရှင်ဆုတို့ကို ပဲရစ်မှာ ရရှိခဲ့ကြတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကက်စ်ပါ ဒေါလ်ဘာ့ဂ်ရဲ့ခေါင်းတိုက်ချက်က တိုင်ထိသွားခဲ့တာကြောင့် နိစ်အသင်းကတောင် ကြီးမားတဲ့အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

ပဲရစ်က စိုစွတ်တဲ့ ညနေခင်းမှာ ပိုချက်တီနိုရဲ့အသင်းဟာ ဆက်လက် ရုန်းကန်နေခဲ့ရတာဖြစ်ပြီး မာဆေးလ်အသင်းဟာ နွန့်စ်ကို ပွဲစဉ်တစ်လျှောက်လုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် တစ်ပွဲလျော့နဲ့ ၁၂ မှတ်အကွာကနေ ဖိအားပေးနေပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နိစ်အသင်းနဲ့ပွဲစဉ်မှာ အမ်ဘာပေ၊ လီယွန်နယ် မက်ဆီတို့နဲ့ တိုက်စစ်ကို ပွဲထွက်လာခဲ့ပေမယ့်လည်း နိစ်အသင်းရဲ့ ခံစစ်ဟာ ချိုးဖျက်ဖို့ မဖြစ်နိုင်လုနီးပါးအထိ ကောင်းမွန်ခဲ့တာဖြစ်ပြီး အမ်ဘာပေနဲ့ ဒီ မာရီယာတို့ အပိုင်ဂိုးသွင်းခွင့်ကို အသုံးမချနိုင်ခဲ့တာကြောင့်လည်း အိမ်ရှင်အသင်း ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အင်္ဂါနေ့က လေ့ကျင့်ရေးအစီအစဉ်ကို အစာအိမ်ဝေဒနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိသူဖြစ်ပြီး နိစ်အသင်းနဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဂိုးပေါက်ကန်သွင်းမှု စုစုပေါင်း ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ရာမှာ ၄ ကြိမ်က ပိတ်ဆို့ခံခဲ့ရပြီး ၁ ကြိမ် ဂိုးပေါက်တည့်၊ ၁ ကြိမ်လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီဟာ ဘောလုံးပေးပို့မှု ၆၅ ကြိမ်အထိ ပြုလုပ်ခဲ့ရာမှာ ၈၆ ရာခိုင်နှုန်း ပေးပို့မှုအောင်မြင်ခဲ့ပြီး အမ်ဘာပေ လွဲချော်ခဲ့တဲ့ အပိုင်အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.