Premier League Serie A Transfer News

အြန္ဒါကို ေခၚယူဖို႔ အာဆင္နယ္အၿပဳိင္ လွဳပ္ရွားႏုိင္တဲ့ မန္ခ်က္စတာယူႏုိက္တက္

ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို လက္လႊတ္ခဲ့ရအၿပီးမွာ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ အီတလီစီးရီးေအကလပ္ ႐ိုးမားအသင္းရဲ႕ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဂ်န္ဂစ္ အြန္ဒါကုိ အာဆင္နယ္အသင္းနဲ႔အၿပဳိင္ ေခၚယူဖို႔ ႀကဳိးစားသြားဖြယ္ရွိေနပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ တူရကီေတာင္ပံကစားသမားဟာ ႐ိုးမားအသင္းကို၂၀၁၇ ေႏြရာသီမွာ အစၥတန္ဘူလ္ ဘာရွက္ရွီဟာအသင္းကေန ေျပာင္းေရႊ႕ေၾကး ယူ႐ို ၁၃.၄ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ညာေတာင္ပံကစားသမားအျဖစ္ အဓိက ကစားသလို ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏုိင္သူလည္းျဖစ္ပါတယ္။

႐ိုးမားအသင္းနဲ႔ စီးရီးေအမွာ သုံးရာသီ ျဖတ္သန္းၿပီးခဲ့တဲ့ အြန္ဒါဟာ အသင္းနဲ႔အတူ ၿပဳိင္ပြဲစုံ ၈၅ ပြဲမွာ ၁၇ ဂိုးသြင္း ၁၂ ဂိုး ဖန္တီးေပးထားၿပီး ဒီအက်ဳိးျပဳမွဳႏွဳန္း အခ်ဳိးက ျမင့္မားလွတယ္မဟုတ္ေပမယ့္ စီးရီးေအထက္ တိုက္စစ္ပုိမိုကစားမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ပိုၿပီး ေျခစြမ္းျပႏုိင္မယ္လို႔ ေစာင့္ၾကည့္သူေတြက ယူဆေနၾကပါတယ္။

ဘဏၰာေရးၾကပ္တည္းမွဳေတြ ရွိေနတဲ့ ႐ိုးမားအသင္းအေနနဲ႔ အြန္ဒါကို ေရာင္းခ်ခဲ့မယ္ဆုိရင္ေတာ့ အနည္းဆုံး ေပါင္ ၂၇ သန္းကေန စတင္သတ္မွတ္ေဆြးေႏြးသြားဖြယ္ရွိေနၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအတြက္ မမ်ားလွတဲ့ ေဈးႏွဳန္းျဖစ္ေနသလို ၿပဳိင္ဘက္နည္းျပ မီခယ္လ္ အာတီတာရဲ႕ ယွဥ္ၿပဳိင္မွဳကိုေတာ့ ႀကဳံေတြ႕ရႏုိင္တာလည္းျဖစ္ပါတယ္။

ဒဏ္ရာေၾကာင့္ ဒီရာသီပြဲစဥ္အခ်ဳိ႕ကို လြဲေခ်ာ္ထားခဲ့တဲ့ တူရကီလက္ေရြးစင္ အြန္ဒါဟာ တူရကီကစားသမားေတြထဲက ခ်န္ပီယံလိဂ္မွာ အသက္အငယ္ဆုံး ဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ထားသူလည္းျဖစ္ၿပီး သူ႕ရဲ႕ လ်င္ျမန္မွဳနဲ႔ ျဖတ္တင္ေဘာေတြက ဆန္ခ်ဳိကို မေခၚယူႏုိင္ခင္ အခ်ိန္ အတြင္းမွာ အတုိင္းအတာတစ္ခုအထိ အသင္းကို အက်ဳိးျပဳႏုိင္လိမ့္မယ္လို႔ ယူႏုိက္တက္ဘက္က ယူဆထားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို လက်လွှတ်ခဲ့ရအပြီးမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဂျန်ဂစ် အွန်ဒါကို အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ် တူရကီတောင်ပံကစားသမားဟာ ရိုးမားအသင်းကို၂၀၁၇ နွေရာသီမှာ အစ္စတန်ဘူလ် ဘာရှက်ရှီဟာအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၁၃.၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ညာတောင်ပံကစားသမားအဖြစ် အဓိက ကစားသလို တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူလည်းဖြစ်ပါတယ်။

ရိုးမားအသင်းနဲ့ စီးရီးအေမှာ သုံးရာသီ ဖြတ်သန်းပြီးခဲ့တဲ့ အွန်ဒါဟာ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၈၅ ပွဲမှာ ၁၇ ဂိုးသွင်း ၁၂ ဂိုး ဖန်တီးပေးထားပြီး ဒီအကျိုးပြုမှုနှုန်း အချိုးက မြင့်မားလှတယ်မဟုတ်ပေမယ့် စီးရီးအေထက် တိုက်စစ်ပိုမိုကစားမယ့် ပရီးမီးယားလိဂ်မှာတော့ ပိုပြီး ခြေစွမ်းပြနိုင်မယ်လို့ စောင့်ကြည့်သူတွေက ယူဆနေကြပါတယ်။

ဘဏ္ဏာရေးကြပ်တည်းမှုတွေ ရှိနေတဲ့ ရိုးမားအသင်းအနေနဲ့ အွန်ဒါကို ရောင်းချခဲ့မယ်ဆိုရင်တော့ အနည်းဆုံး ပေါင် ၂၇ သန်းကနေ စတင်သတ်မှတ်ဆွေးနွေးသွားဖွယ်ရှိနေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် မများလှတဲ့ ဈေးနှုန်းဖြစ်နေသလို ပြိုင်ဘက်နည်းပြ မီခယ်လ် အာတီတာရဲ့ ယှဉ်ပြိုင်မှုကိုတော့ ကြုံတွေ့ရနိုင်တာလည်းဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ဒီရာသီပွဲစဉ်အချို့ကို လွဲချော်ထားခဲ့တဲ့ တူရကီလက်ရွေးစင် အွန်ဒါဟာ တူရကီကစားသမားတွေထဲက ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ထားသူလည်းဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှုနဲ့ ဖြတ်တင်ဘောတွေက ဆန်ချိုကို မခေါ်ယူနိုင်ခင် အချိန် အတွင်းမှာ အတိုင်းအတာတစ်ခုအထိ အသင်းကို အကျိုးပြုနိုင်လိမ့်မယ်လို့ ယူနိုက်တက်ဘက်က ယူဆထားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.