Bundesliga Premier League Transfer News

Club Statement: တီမို ဗာနာကို သေဘာတူညီၿပီလို႔ ခ်ဲလ္ဆီးတရားဝင္ဝက္ဘ္ဆုိက္ေၾကျငာ

ခ်ဲလ္ဆီးအသင္းရဲ႕ ပရိသတ္ေတြအတြက္ေတာ့ စိတ္ဒုံးဒုံးခ်ႏုိင္မယ့္ သတင္းေကာင္းအျဖစ္ သတင္းေတြ ကြဲလြဲမွဳအမ်ဳိးမ်ဳိးရွိေနခဲ့တဲ့ တိုက္စစ္မွဴး တီမို ဗာနာအတြက္ သေဘာတူညီမွဳ ရရွိခဲ့ၿပီလုိ႔ အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆုိက္က ဒီေန႔မွာ ထုတ္ျပန္ေၾကျငာလုိက္ၿပီျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ RB လုိက္ပ္ဇစ္မွာပဲ ရာသီကုန္အထိ ဆက္လက္ရွိေနမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို ဇူလုိင္လမွာ ပူးေပါင္းႏုိင္ဖို႔ စီစဥ္ထားသလို သူ႕ရဲ႕ က်န္ရွိေနတဲ့ ေဆးစစ္ဖို႔ ကိစၥရပ္ေတြ ေအာင္ျမင္တာနဲ႔ တစ္ၿပဳိင္နက္ ကစားသမားသစ္အျဖစ္ ေၾကျငာႏုိင္မွာလည္း ျဖစ္ပါတယ္။

RB လိုက္ပ္ဇစ္အသင္းမွာ ကစားရင္း ဥေရာပရဲ႕ အႏၲရာယ္အမ်ားဆုံးတုိက္စစ္မွဴးတစ္ဦးျဖစ္လာခဲ့တဲ့ ဗာနာဟာ တိုက္စစ္မွဴး ႏွစ္ဦးထားၿပီး ကစားတဲ့ ဂ်ာမန္အသင္းမွာ ဘယ္ျခမ္းက တာဝန္ယူကစားသူျဖစ္ၿပီး သုံးေယာက္တုိက္စစ္ ကစားတဲ့ ခ်ဲလ္ဆီးအသင္းမွာေတာ့ အေထာင္တုိက္စစ္မွဴး၊ ဒါမွမဟုတ္ ဘယ္ျခမ္းမွာ ကစားႏုိင္မယ္လုိ႔လည္း အသင္းဝက္ဘ္ဆုိက္က ဆုိပါတယ္။

တီမို ဗာနာက “ခ်ဲလ္ဆီးအသင္းနဲ႔ လက္မွတ္ထိုးႏုိင္ခဲ့လို႔ ေပ်ာ္ရႊင္ဝမ္းေျမာက္မိပါတယ္။ တကယ့္အသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕ရမွာက ဂုဏ္ယူရတဲ့ အခုိက္အတန္႔ပါပဲ။ ေလးႏွစ္ၾကာကစားခဲ့တဲ့ RB လုိက္ပ္ဇစ္အသင္းနဲ႔အတူ ျဖတ္သန္းခဲ့တဲ့ ေကာင္းမြန္တဲ့ အခ်ိန္ေတြနဲ႔ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။ သူတုိ႔ဟာ ကၽြန္ေတာ့္ ႏွလုံးသားထဲမွာ အျမဲရွိေနေတာ့မွာပါ။ လာမယ့္ရာသီမွာေတာ့ အသင္းေဖာ္သစ္ေတြ၊ နည္းျပသစ္နဲ႔ ပရိသတ္အသစ္ေတြနဲ႔ ပူးေပါင္းဖို႔ ေမွ်ာ္ၾကည့္ေနပါတယ္။ ကၽြန္ေတာ္တုိ႔အတူတူ ေအာင္ျမင္တဲ့ အနာဂတ္ကို သိမ္းပုိက္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာပါတယ္။

အသင္းရဲ႕ အေျပာင္းအေရႊ႕တာဝန္ခံ မာရီနာ ဂရာေနာ့ဗ္စကားယာကေတာ့ “တီမို ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ေရြးခ်ယ္ဖို႔ ဆုံးျဖတ္ခဲ့လို႔ ကၽြန္မတုိ႔ အရမ္းစိတ္လွဳပ္ရွားရပါတယ္။ သူဟာ ဥေရာပရဲ႕ ထိပ္တန္းအဆင့္ရွိတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ငယ္ရြယ္ေသးေပမယ့္ စိတ္လွဳပ္ရွားစရာ အရည္အေသြးေတြကို ျပသခဲ့ၿပီးပါၿပီ။ အသင္းကို တီမို ဗာနာေရာက္လာဖို႔ သိပ္ေတာင္ စိတ္မရွည္ခ်င္ေတာ့ပါဘူး။ လက္က်န္ကာလမွာေတာ့ သူ႕အေနနဲ႔ RB လုိက္ပ္ဇစ္နဲ႔အတူ ေျခစြမ္းျပႏုိင္ဦးမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားသြားခဲ့ေၾကာင္း ခ်ဲလ္ဆီးတရားဝင္ဝက္ဘ္ဆုိက္က ေဖာ္ျပသြားခဲ့ပါတယ္။

REF: CHELSEA FC OFFICIAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တွေအတွက်တော့ စိတ်ဒုံးဒုံးချနိုင်မယ့် သတင်းကောင်းအဖြစ် သတင်းတွေ ကွဲလွဲမှုအမျိုးမျိုးရှိနေခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာအတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဒီနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ RB လိုက်ပ်ဇစ်မှာပဲ ရာသီကုန်အထိ ဆက်လက်ရှိနေမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကို ဇူလိုင်လမှာ ပူးပေါင်းနိုင်ဖို့ စီစဉ်ထားသလို သူ့ရဲ့ ကျန်ရှိနေတဲ့ ဆေးစစ်ဖို့ ကိစ္စရပ်တွေ အောင်မြင်တာနဲ့ တစ်ပြိုင်နက် ကစားသမားသစ်အဖြစ် ကြေငြာနိုင်မှာလည်း ဖြစ်ပါတယ်။

RB လိုက်ပ်ဇစ်အသင်းမှာ ကစားရင်း ဥရောပရဲ့ အန္တရာယ်အများဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့တဲ့ ဗာနာဟာ တိုက်စစ်မှူး နှစ်ဦးထားပြီး ကစားတဲ့ ဂျာမန်အသင်းမှာ ဘယ်ခြမ်းက တာဝန်ယူကစားသူဖြစ်ပြီး သုံးယောက်တိုက်စစ် ကစားတဲ့ ချဲလ်ဆီးအသင်းမှာတော့ အထောင်တိုက်စစ်မှူး၊ ဒါမှမဟုတ် ဘယ်ခြမ်းမှာ ကစားနိုင်မယ်လို့လည်း အသင်းဝက်ဘ်ဆိုက်က ဆိုပါတယ်။

တီမို ဗာနာက “ချဲလ်ဆီးအသင်းနဲ့ လက်မှတ်ထိုးနိုင်ခဲ့လို့ ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ တကယ့်အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ရမှာက ဂုဏ်ယူရတဲ့ အခိုက်အတန့်ပါပဲ။ လေးနှစ်ကြာကစားခဲ့တဲ့ RB လိုက်ပ်ဇစ်အသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ကောင်းမွန်တဲ့ အချိန်တွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေတော့မှာပါ။ လာမယ့်ရာသီမှာတော့ အသင်းဖော်သစ်တွေ၊ နည်းပြသစ်နဲ့ ပရိသတ် အသစ်တွေနဲ့ ပူးပေါင်းဖို့ မျှော်ကြည့်နေပါတယ်။ ကျွန်တော်တို့အတူတူ အောင်မြင်တဲ့ အနာဂတ်ကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

အသင်းရဲ့ အပြောင်းအရွှေ့တာဝန်ခံ မာရီနာ ဂရာနော့ဗ်စကားယာကတော့ “တီမို ဗာနာအနေနဲ့ ချဲလ်ဆီးအသင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့လို့ ကျွန်မတို့ အရမ်းစိတ်လှုပ်ရှားရပါတယ်။ သူဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ငယ်ရွယ်သေးပေမယ့် စိတ်လှုပ်ရှားစရာ အရည်အသွေးတွေကို ပြသခဲ့ပြီးပါပြီ။ အသင်းကို တီမို ဗာနာရောက်လာဖို့ သိပ်တောင် စိတ်မရှည်ချင်တော့ပါဘူး။ လက်ကျန် ကာလမှာတော့ သူ့အနေနဲ့ RB လိုက်ပ်ဇစ်နဲ့အတူ ခြေစွမ်းပြနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားသွားခဲ့ကြောင်း ချဲလ်ဆီးတရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြသွားခဲ့ပါတယ်။

REF: CHELSEA FC OFFICIAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.