Premier League

ယူနိုက်တက်မှာ ရန်းနစ်ခ် ဘာတွေလုပ်ပြနိုင်မလဲ စောင့်ကြည့်ဦးမယ်လို့ စိန်ခေါ်ခဲ့တဲ့ ဗီအဲရာ

ခရစ္စတယ် ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီအဲရာက မန်ချက်စတာယူနိုက်တက်အသင်းက ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

ရန်းနစ်ခ်ဟာ ၂၀၂၁-၂၀၂၂ ရာသီကုန်အထိ မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နောက်ထပ် ၂ နှစ် အသင်းရဲ့ အကြံပေးရာထူးနဲ့ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

ဗီအဲရာက ရာ့လ်ဖ် ရန်းနစ်ခ်နဲ့ပတ်သက်ပြီး အများကြိးမသိဘူးလို့ ဝန်ခံပြောကြားခဲ့ပေမယ့် ဂျာမန်လူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ကို ဘာတွေ ယူဆောင်လာနိုင်လဲဆိုတာ ကြည့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“နာမည်ကို ကျွန်တော် သိတယ်ဆိုတာ အသိသာကြီးပါ။ သူ ဂျာမနီမှာရှိခဲ့တဲ့အချိန်တုန်းက အောင်မြင်မှုတွေ ရရှိခဲ့တာ ကျွန်တော် သိပါတယ်။ သူက ဘောလုံးလောကမှာ လေးစားမှုခံခဲ့ရတဲ့ တစ်စုံတယောက်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ကျန်တဲ့လူတွေအားလုံးလိုပဲ သူ မန်ချက်စတာယူနိုက်တက်မှာ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်မှာပါ”

“ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ဒီလို အတွေ့အကြုံရှိတဲ့ တစ်စုံတယောက် ရှိနေတာက ကောင်းမွန်တဲ့အရာလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ထိပ်ဆုံးလေးနေရာနဲ့ ၅ မှတ် ကွာဟနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့မှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့်လည်း အသင်းနဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခင် ကွာရန်တင်းဝင်ရဦးမယ့် ရန်းနစ်ခ်အတွက် စောစီးစွာ ရောက်လာခဲ့တဲ့ပွဲစဉ် ဖြစ်လာမှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာတော့ ဂျာမန်လူမျိုးနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်အနေနဲ့ တာဝန်ယူကိုင်တွယ်သွားဖို့ ခွင့်ပြုချက်ရရှိလိမ့်မယ်လို့ ယူနိုက်တက်က မျှော်လင့်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတယ္ ပဲေလ့စ္နည္းၿပ ပက္ထရစ္ ဗီအဲရာက မန္ခ်က္စတာယူနိုက္တက္အသင္းက ယာယီနည္းျပအျဖစ္ ခန႔္အပ္ခဲ့တဲ့ ဂ်ာမန္လူမ်ိဳးနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္နဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။

ရန္းနစ္ခ္ဟာ ၂၀၂၁-၂၀၂၂ ရာသီကုန္အထိ မန္ခ်က္စတာယူနိုက္တက္ရဲ့ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ေနာက္ထပ္ ၂ ႏွစ္ အသင္းရဲ့ အႀကံေပးရာထူးနဲ႔ အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။

ဗီအဲရာက ရာ့လ္ဖ္ ရန္းနစ္ခ္နဲ႔ပတ္သက္ၿပီး အမ်ားႀကိးမသိဘူးလို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ ဂ်ာမန္လူမ်ိဳးနည္းျပက မန္ခ်က္စတာယူနိုက္တက္နဲ႔ ပရီးမီးယားလိဂ္ကို ဘာေတြ ယူေဆာင္လာနိုင္လဲဆိုတာ ၾကည့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“နာမည္ကို ကၽြန္ေတာ္ သိတယ္ဆိုတာ အသိသာႀကီးပါ။ သူ ဂ်ာမနီမွာရွိခဲ့တဲ့အခ်ိန္တုန္းက ေအာင္ျမင္မႈေတြ ရရွိခဲ့တာ ကၽြန္ေတာ္ သိပါတယ္။ သူက ေဘာလုံးေလာကမွာ ေလးစားမႈခံခဲ့ရတဲ့ တစ္စုံတေယာက္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က က်န္တဲ့လူေတြအားလုံးလိုပဲ သူ မန္ခ်က္စတာယူနိုက္တက္မွာ ဘာေတြလုပ္နိုင္မလဲဆိုတာ ေစာင့္ၾကည့္မွာပါ”

“ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ ဒီလို အေတြ႕အၾကဳံရွိတဲ့ တစ္စုံတေယာက္ ရွိေနတာက ေကာင္းမြန္တဲ့အရာလို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၈ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ထိပ္ဆုံးေလးေနရာနဲ႔ ၅ မွတ္ ကြာဟေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၾကာသပေတးေန႔မွာ အာဆင္နယ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္လည္း အသင္းနဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြ မလုပ္ခင္ ကြာရန္တင္းဝင္ရဦးမယ့္ ရန္းနစ္ခ္အတြက္ ေစာစီးစြာ ေရာက္လာခဲ့တဲ့ပြဲစဥ္ ျဖစ္လာမွာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲစဥ္အၿပီးမွာေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တနဂၤေႏြေန႔မွာ ပဲေလ့စ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္မွာေတာ့ ဂ်ာမန္လူမ်ိဳးနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္အေနနဲ႔ တာဝန္ယူကိုင္တြယ္သြားဖို႔ ခြင့္ျပဳခ်က္ရရွိလိမ့္မယ္လို႔ ယူနိုက္တက္က ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.